Skip to main content

သမိုင်းဝင် Biden-Harris အောင်မြင်မှုသည် အလုပ်သမားများ၏ အင်အားကို သက်သေခံချက် တစ်ရပ်ဖြစ်- ITF

16 Nov 2020

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers' Federation (ITF)) သည် ၄၆ ကြိမ်မြောက် အရွေးခံ-သမ္မတ နှင့် အရွေးခံ-ဒုတိယ သမ္မတအဖြစ် Joe Biden နှင့် Kamala Harris တို့၏ သမိုင်းဝင် ရွေးကောက်ပွဲ အောင်မြင်မှုကို ကြိုဆိုနေလျက်ရှိသည်၊ သန်းပေါင်းများစွာသော အမေရိကန် အလုပ်သမားများအတွက် မျှော်လင့်ချက်ကို ဆောင်ကျဉ််းပေးမည့် အောင်မြင်မှုဖြစ်သောကြောင့်ဖြစ်ပါသည်။

အရွေးခံ-သမ္မတ Biden နှင့် အရွေးခံ- ဒုတိယ သမ္မတ Harris တို့သည် သမဂ္ဂများနှင့် အလုပ်သမား လှုပ်ရှားမှုတို့နှင့်အတူ ၎င်းတို့၏ ရွေးကောက်ပွဲ ကတိကဝတ်များကို ဆောင်ကျဉ်းပေးရန်နှင့် US ၌ တိုးပွားလာနေသည့် စီးပွားရေးဆိုင်ရာနှင့် လူမျိုးရေးဆိုင်ရာ ကွာဟမှုများကို ကျဉ်းသွားစေရန် လုပ်ကိုင်ပေးခြင်းကို ITF အနေဖြင့် မျှော်လင့်ပါသည်။

"အလုပ်သမားများသည် Biden နှင့် Harris တို့အား အရွေးခံရရန် ဆောင်ရွက်ပေးခဲ့သည်၊ အလုပ်သမားများအား ၎င်းတို့၏ ယုံကြည်အားကိုးမှုအတွက် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သိက္ခာရှိပြီး လုံခြုံသော အလုပ်များ ပြန်လည်ရရှိရန်၊ အလုပ်အကိုင်လုပ်ခ ညှိနှိုင်းရေးနှင့် ဆန္ဒပြရန်အခွင့်အရေးအား ပိုမိုခိုင်မာပေးစေရန်၊ သမဂ္ဂ-ဆန့်ကျင်သော အပြုအမူနှင့် လုပ်ခ ခိုးယူမှုအတွက် ကုမ္ပဏီများအပေါ် တာဝန်ရှိစေရန်၊ နှင့် အငြိမ်းစားယူခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ရရှိစေရန်တို့အတွက် အဓိကကျသော ကတိကဝတ်များအတိုင်း ၎င်းတို့၏ စွမ်းဆောင်ပေးမှုကို မျှော်လင့်ပြီး အလေးအနက် ကြိုဆိုပါသည်၊" ဟု ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton က ပြောကြားခဲ့သည်။

"သူတို့အနေဖြင့် ဝင်ငွေ မညီမျှမှုကို အမြန်ဆုံး ဖြေရှင်းပေးရန် အခရာကျပါသည်၊ ဥပမာ၊ အလုပ်သမားများ၏ ဂုဏ်သိက္ခာထက် အမြတ်အစွန်းကို ဉီးစားပေးသည့် စီပွားမျှဝေလုပ်ကိုင်သည့် အလုပ်ရှင်များ (gig economy employers) နှင့် အခြားသော ကော်ပိုရေးရှင်းများတို့၏ အလုပ်သမား မှားယွင်းအတန်းအစားခွဲခြားမှုနှင့် အလုပ်သမား အခွင့်အရေးများအပေါ် ယိုယွင်းပျက်သုဉ်းမှုတို့ကို တွန်းလှန်ခြင်းဖြစ်သည်၊" ဟု Cotton က ပြောကြားခဲ့သည်။

ITF ဥက္ကဌဖြစ်သူ Paddy Crumlin က ပြောကြားခဲ့သည်မှာ ITF သည် အမေရိကန် အလုပ်သမားများအား အကာအကွယ်ပေးရန်အတွက် ကိုရိုနာဗိုင်းရပ်စ် ရောဂါကပ်ဘေးကြီးကို ပိုမို ထိရောက်စွာဖြင့် ကိုင်တွယ်ဖြေရှင်းပေးရန် Biden-Harris အပေါ် မျှော်လင့်နေလျှက်ရှိသည်။

"အမေရိကန် လူမှုအသိုင်းအဝိုင်းအား ဘေးကင်းလုံခြုံနေစေရန် Covid-19 ရောဂါကပ်ဘေးကြီးအား သူတို့၏ စီစဉ်ထားသည့် တုံ့ပြန်မှုသည် အခရာကျပါလိမ့်မည်၊ အထူးသဖြင့် ရှေ့တန်းမှလုပ်ကိုင်နေသည့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများအတွက် ဘေးကင်းလုံခြုံနေစေရန်ဖြစ်သည်။ မူဝါဒများကို အလျင်အမြန် ပြတ်သားသည့် လုပ်ဆောင်ချက်များအဖြစ် ကူးပြောင်းပေးရမည်၊ မိသားစုများအတွက် ဆင်းရဲနွှမ်းပါးမှု၊ အစာရေစာ ခေါင်းပါးမှုနှင့် နေထိုင်စရာကင်းမဲ့မှုတို့မှ လွတ်ကင်းစေမည့် စီးပွားရေး နာလန်ထူထောင်ရေးကို ဆောင်ကျဉ်းပေးမည့် လုပ်ဆောင်ချက်များအဖြစ် ကူးပြောင်းပေးရမည်။ ရောဂါကပ်ဘေးကြီးက ထပ်ဆင့်ဖိအား ပေးခဲ့သည်မှာ US သည် မိမိ၏ပြည်သူများအတွက် တန်းတူရှိမှုကို အခြေခံသော-အရည်အသွေးရှိသော ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေး ရရှိမှုကို ရင်ဆိုင်ရန် လိုအပ်နေသေးပါသည်၊" ဟု Crumlin က ပြောကြားခဲ့သည်။

Crumlin က ပြောကြားခဲ့သည်မှာ ITF သည် Biden-Harris စီမံအုပ်ချုပ်ရေးထံမှ အလုပ်လုပ်သူလူတန်းစား အများစုအတွက် အရေးပါသည့် ပြဿနာများနှင့်ပတ်သက်၍ ဘက်ပေါင်းစုံပါဝင်ရေးစနစ်ကို မြှင့်တင်ပေးရန်နှင့် US အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြန်လည်လုပ်ဆောင်မှုအတွက် ကတိကဝတ်များကိုလည်း ကြိုဆိုလိုက်ပါသည်ဟု ဆိုသည်။

"Biden-Harris စီမံအုပ်ချုပ်ရေးသည် ဘက်ပေါင်းစုံပါဝင်ရေးစနစ်နှင့် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးနှင့် ဆောင်ရွက်လုပ်ကိုင်မှုတို့ကို ၎င်းတို့အား အလိုအပ်ဆုံးအချိန်၌ ကူညီမြှင့်တင်ပေးပါလိမ့်မည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းသို့ ပြန်လည်ပူးပေါင်းရန် အရွေးခံ-သမ္မတ Biden ၏တာဝန်ခံမှုသည် Covid-19 အပေါ် တွန်းလှန်တိုက်ထုတ်ရာ၌ US ၏ ဦးဆောင်မှုကို နဂိုအတိုင်းပြန်ဖြစ်စေမည့်အပြင် ပါရီ စာချုပ် (Paris Agreement) သို့ ပြန်လည်ပူးပေါင်းရန် သူ၏ကတိကဝတ်သည် သမိုင်းဝင် အရေးကြီးသော ပြောင်းလဲမှုကြီးတစ်ရပ် ဖြစ်လာလိမ့်မည်ဖြစ်ပြီး အခြားသော ဆိုးဝါးစွာ ပျက်သုဉ်းသွားခဲ့သည့် လုပ်ဆောင်ချက်များအနက် ရာသီဉတု အပြောင်းအလဲနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ လုပ်ရပ်ကို မြှင့်တင်ပေးပါလိမ့်မည်။ ဤဦးဆောင်မှုကို အများအပြားသော အပြည်ပြည်ဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုများနှင့် အကျပ်အတည်းများတွင် နောက်ထပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအတွက် အရေးပေါ် လိုအပ်ပါသည်" ဟု Crumlin က ပြောကြားခဲ့သည်။

ကျွန်ုပ်တို့၏ မိသားစုရှိ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အယောက် သန်း ၂၀ ကိုယ်စား ITF သည် အရွေးခံ-ဒုတိယ သမ္မတ Harris အား ပထမဉီးဆုံး လူမည်းနှင့် တောင် အာရှ အမျိုးသမီး- ဒုတိယ သမ္မတအဖြစ် US နှင့် အပြည်ပြည်ဆိုင်ရာအားဖြင့် ဦးဆောင်မှုကဏ္ဍ၌ ကွဲပြားခြားနားကျယ်ပြန့်မှုတွင် အမျိုးသမီးနှင့် မိန်းကလေး အားလုံးအတွက် ထပ်ဆင့် လမ်းခင်းပေးရန် ကူညီပေးသည့်အတွက် ဝမ်းမြောက်ကြောင်း ချီးမွှမ်းဂုဏ်ပြုပြီး အောင်ပွဲခံပါသည်။

"အလုပ်သမားများနှင့် အလုပ်သမား သမဂ္ဂထောက်ခံသူများအဖြစ် ကျွန်ုပ်တို့သည် တရားမျှတရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် နိုင်ငံရေး တည်ငြိမ်မှု နှင့် လူမှုရေးရာနှင့် လူမျိုးခွဲခြားရေးဆိုင်ရာ တရားမျှတမှုတို့ကို အောင်နိုင်ရန် အစဉ်တစ်ဆက် တိုက်ပွဲဝင်ရာ၌ ကျွန်ုပ်တို့၏ လူသားလောက၊ အဖွဲ့အစည်း၊ ရဲစွမ်းသတ္တိနှင့် သန္နိဌာန် အလုံးစုံတို့ဖြင့် ဆက်လက်၍ စည်းရုံး၍ ကြိုးပမ်းပါမည်။ ကျွန်ုပ်တို့သည် အားလုံးသော အလုပ်လုပ်သည့် အမျိုးသမီးများ၊ အမျိုးသားများနှင့် မိသားစုများနှင့် အပြည်ပြည်ဆိုင်ရာအားဖြင့် ကျွန်ုပ်တို့ ကိုယ်စားပြုသည့် လူမှုအသိုင်းအဝိုင်းတို့ကိုယ်စား အရွေးခံ-သမ္မတ အသစ်နှင့် အရွေးခံ-ဒုတိယ သမ္မတ အသစ်တို့ထံမှ ဦးဆောင်မှုကို ကြိုဆိုပါသည်၊" ဟု Crumlin က ပြောကြားခဲ့သည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.