Skip to main content

FOC Campaign အကြောင်း

ITF ကစတင်ခဲ့သည့် FOC Campaign ကို ၁၉၄၈ ခုနှစ်တွင်စတင်လှုပ်ရှားခဲ့သည်။

FOC Campaign တွင် Political Campaign နှင့် Industrial Campaign ဟူ၍အချက်နှစ်ချက်ပါဝင်သည်။

  • Political Campaign ဆိုသည်မှာ အလံအငှားတင်သည့်စနစ်ကိုအမြစ်ဖြုတ်သုတ်သင်ရန်ဖြစ်ပြီး သင်္ဘောပေါ်တွင် တင်ထားသည့် အလံ၏ နိုင်ငံနှင့် ပိုင်ရှင်၊မန်နေဂျာနှင့်သင်္ဘောသားအစရှိသည်တို့၏နိုင်ငံ တူညီမှုရှိမှသာ ယင်းသင်္ဘောကို နိုင်ငံတကာကတရားဝင်အသိအမှတ်ပြုရေးပင်ဖြစ်သည်။
  • Industrial Campaign ဆိုသည်မှာ အလံအငှားတင်ထားသည့်သင်္ဘောတွင်လုပ်ကိုင်နေသူသင်္ဘောသား မည်သည့် နိုင်ငံသားမဆို သင်္ဘောပိုင်ရှင်များ၏ မတရားခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းမှကာကွယ်မှုရရှိရေးဖြစ်သည်။

ITF အဖွဲ့ချုပ်လက်အောက်ရှိ ရေကြောင်းသမဂ္ဂများသည် အလံအငှားတင်သည့်သင်္ဘောများတွင် လုပ်ကိုင်နေသည့် သင်္ဘောသားများ အတွက် လက်ခံနိုင်လောက်သည့်အနိမ့်ဆုံးသတ်မှတ်ချက်ရရှိရန်ဆိုသည့် မူဝါဒများချမှတ်ရာတွင် နှစ်အတန်ကြာ အောင်မြင်မှုရရှိနေ သည့် အဖွဲ့များဖြစ်သည်။

အလံအငှားတင်သည့်သင်္ဘောများတွင် လုပ်ကိုင်နေသည့် သက်ဆိုင်ရာသင်္ဘောသားများ၏လစာနှင့်လုပ်ငန်းခွင်အခြေအနေများကို သတ်မှတ်ရာတွင် ITF ၏စုပေါင်းညှိနှိုင်းသဘောတူညီချက်မှသဘောတူထားသော အခြေခံသတ်မှတ်ချက်များအရထားရှိရမည်ဖြစ်သည်။

အဆိုပါသတ်မှတ်ချက်များ ITF သဘောတူညီချက်များနှင့်ကိုက်ညီမှုရှိမရှိကို ကမ္ဘာတစ်ဝန်းရှိဆိပ်ကမ်းများမှ ITF Inspectors ၁၃၀ ကျော်ဖြင့်ဖွဲ့စည်းထားသည့် အဖွဲ့ကစောင့်ကြည့်မည်ဖြစ်သည်။

FOC Campaign ကို ITF မှသင်္ဘောသားများသမဂ္ဂနှင့်ဆိပ်ကမ်းလုပ်သားများသမဂ္ဂတို့ပူးပေါင်းပြီးလုပ်ဆောင်ခြင်းဖြစ်သည်။ အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် Campaign အတွက်ဆုံးဖြတ်ချက်ချမှတ်ရေးကိုယ်စားပြုသည့်အဖွဲ့ဖြစ်ပြီး Fair Practices Committee (FPC) ဟုခေါ် သည်။

ဆိပ်ကမ်းလုပ်သားများသမဂ္ဂ၏ပါဝင်လှုပ်ရှားမှုသည် တိုက်ရိုက်လှုပ်ရှားမှုဖြစ်စေ သင်္ဘောသားသမဂ္ဂများနှင့် ပူးပေါင်းဆောင်ရွက်မှုဖြစ်စေ campaign အောင်မြင်မှုရရှိရေးကိုသာ အလေးထားပြီးဆက်လက်လှုပ်ရှားသွားမည်ဖြစ်သည်။

Political Campaignသည် FOC မှတ်ပုံတင်အလံကိုအသုံးပြုထားသည့်သင်္ဘောများကြီးထွားလာမှုကိုကာကွယ်ရာတွင် ယခုအခါ အောင်မြင်မှုမရရှိသေးသော်လည်းထောင်သောင်းချီသည့် FOC သင်္ဘောများပေါ်တွင် သင့်တင့်သည့် လစာနှုန်းထားများနှင့်လုပ်ငန်းခွင် အခြေအနေများရရှိရေးဆောင်ရွက်နေသည့် Industrial Campaign မှာအောင်မြင်မှုများရရှိနေပြီဖြစ်သည်။

ထပ်လောင်းပြောရမည်ဆိုပါက ကမ္ဘာတစ်ဝန်းရှိသင်္ဘောသားများအား မတရားအမြတ်ထုတ် ခေါင်းပုံဖြတ်မှုများအား ကာကွယ်ရေးတွင် ITF သည် စံနှုန်းသတ်မှတ်သည့်အဖွဲ့အစည်းဖြစ်လာပြီဖြစ်သည်။

ITF နှင့် ITF အဖွဲ့ဝင် သမဂ္ဂအဖွဲ့အစည်းများသည် ပြန်လည်ရရှိရန်မလွယ်ကူသည့် သင်္ဘောသားတို့၏ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုလျော်ကြေးနှင့် Backpay လစာများအတွက် သင်္ဘောသားများဘက်မှကိုယ်စားကူညီဆောင်ရွက်ပေးခဲ့သည့်ငွေပမာဏမှာအမေရိကန်ဒေါ်လာ သန်းနှင့်ချီနေပြီဖြစ်သည်။