Skip to main content

Inspectorate အကြောင်း

ITF အဖွဲ့တွင် ကမ္ဘာတစ်ဝန်ရှိဆိပ်ကမ်းများတွင်အခြေစိုက်ရုံးထိုင်သည့် Inspector အယောက် ၁၃၀ နီးပါးဖြင့်ဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့ရှိသည်။

ITF Inspector များသည် ITF FOC Campaign ကိစ္စများနှင့်ပတ်သက်လျှင် အချိန်ပိုင်းဖြစ်စေ အချိန်ပြည့်ဖြစ်စေတာဝန်ထမ်းဆောင် ကြသည့် သမဂ္ဂဘက်မှတာဝန်ရှိသူများဖြစ်သည်။ ယင်းပုဂ္ဂိုလ်အတော်များများသည် သင်္ဘောသားဟောင်း သို့မဟုတ် ဆိပ်ကမ်းလုပ်သားဟောင်းများ ဖြစ်ကြသည်။

၎င်းတို့၏အလုပ်မှာ ၎င်းတို့၏ဆိပ်ကမ်းများမှခေါ်ဆိုပါက သင်္ဘောပေါ်တက်ရောက်ပြီး သင်္ဘောသားများ သင့်လျော်သည့်လစာရမရ ၊ လုပ်ငန်းခွင်အခြေအနေနှင့် နေထိုင်စားသောက်ရသည့်အခြေအနေတို့ ကောင်းမွန်မှုရှိမရှိစစ်ဆေးသည်။ အခါအားလျော်စွား သင်္ဘောသားက တောင်းဆိုလျှင်လည်းသင်္ဘောပေါ်သို့တက်ရောက်စစ်ဆေးရသည့်အခါလည်းရှိသည်။ လိုအပ်ပါက ဥပဒေအရရသင့်သည့် သင်္ဘောသားအခွင့်အရေးများရရှိရန် ကူညီဆောင်ရွက်ပေးရသည်များလည်းရှိသည်။

ITF Inspector များအားလုံးသည် ၎င်းတို့၏မိခင်ဘာသာစကားအပြင် အင်္ဂလိပ်စကားကိုပါပြောဆိုနိုင်ပြီး အချို့သောကိစ္စများတွင် အခြားဘာသာစကားများဖြင့် ပြောဆိုရသည်များလည်းရှိသည်။