Skip to main content

အမျိုးသမီး ရေယာဉ်မှူးအတွက် သမဂ္ဂ လျော်ကြေး တောင်းခံ

31 Oct 2019

ဥရောပ ရေကြောင်း သမဂ္ဂဖြစ်သည့် နောတီးလပ်စ် (Nautilus) သည် အမျိုးသမီး ရေယာဉ်မှူးတစ်ဦးဖြစ်သူအတွက် သူမ၏ မီးဖွားခွင့်များကို ငြင်းပယ်ခံရသောကြောင့် လျော်ကြေး တောင်းခံလျက်ရှိသည်။

အမှုမှာ ယူနိုက်တစ်ကင်ဒန်-အလံ ထူထားသည့် အပျော်စီးသင်္ဘောကြီးပေါ်၌ ဖြစ်ပွားသည်၊ အလုပ်ရှင်ဖြစ်သူက ရေယာဉ်မှူးဖြစ်သူအား သူမ၏ မီးဖွားခွင့် ခံစားပိုင်ခွင့်အပြည့်အဝကို ပေးရန်ငြင်းဆိုပြီးနောက် အဆိုပါသင်္ဘောသည်  ပြင်သစ်နိုင်ငံ၌ ဖမ်းဆီးခံခဲ့ရသည်။

နော်တီးလပ်စ် (Nautilus) က မီးဖွားခွင့် ခံစားပိုင်ခွင့် မပေးသည့်အတွက် အဖွဲ့ဝင်၏အမှုကို တင်သွင်းပြီးနောက် သူမ၏ ရှေ့နေဖြစ်သူသည် ရေယာဉ်ပေါ်၌ အခြားသော မူမမှန်မှုများကို ထပ်မံတွေ့ရှိခဲ့သည်။  သမဂ္ဂက ပြောဆိုသည်မှာ အဖွဲ့ဝင်ဖြစ်သူ ယူကေ နိုင်ငံသား ပြင်သစ်၌နေထိုင်သူ သည် ယခုအခါ အလုပ်ရှင်မှ သူမ၏ မီးဖွားခွင့် အခွင့်အရေးများကို ပြင်သစ်နိုင်ငံ ဥပဒေနှင့်အညီ ပေးရန်ငြင်းဆိုမှုအပြင် သူမ၏ အလုပ်အကိုင်ကို ထိုက်သင့်သော အာဏာပိုင်များထံ ကြေညာပေးရန် ၎င်း၏ပျက်ကွက်မှုနှင့် သင်္ဘောသားများ အလုပ်အကိုင် သဘောတူစာချုပ်(SEA) ဖောက်ဖျက်မှုအတွက် ထိခိုက်မှုများအပါအဝင်လည်းဖြစ်သောကြောင့် အလွန်ကြီးမားသော လျော်ကြေးရရှိရန် ဖြစ်နိုင်ဖွယ်ရှိသည်။

ရေယာဉ်မှူးသည် အဆိုပါ ရေယာဉ်ပေါ်၌ 2015 ခုနှစ်ကတည်းကစ၍ ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သဘောတူ ပဋိညာဉ်စာချုပ် ဖောက်ဖျက်မှု စွပ်စွဲချက်နှင့်တကွ သူမ၏ အလုပ်အကိုင်စာချုပ်ကို အဆုံးသတ်ပြီးနောက် သူမ၏ ရှေ့နေသည် ကြိုတင်ကာကွယ်သည့် အရေးယူမှုအဖြစ် ရေယာဉ်အား ဖမ်းဆီးဝရမ်းထုတ်ပေးရန်အတွက် အာဏာပိုင်ထံမှ တောင်းခံခဲ့သည်။

အမှုမှာ ရေကြောင်း အလုပ်အကိုင် စာချုပ် 2006 ခုနှစ် (Maritime Labour Convention 2006) အရ ဖြစ်နိုင်ခဲ့သည်၊ အဆိုပါ စာချုပ်သည် ပြင်သစ်နိုင်ငံ၌ မီးဖွားခွင့် အခွင့်အရေးများအပြင် အခြားသော အလုပ်သမား အကာအကွယ်ပေးရေးတို့အပေါ်လည်း အကျုံးဝင်ပါသည်။

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.