Skip to main content

မိုဇင်းဘစ်နိုင်ငံ (Mozambique) မှ ကင်ညာနိုင်ငံသား (Kenyan) သင်္ဘောသားများကို ITF ကယ်ဆယ်

13 Jan 2020

မိုဇင်းဘစ်နိုင်ငံ (Mozambique) ပင်ဘာမြို့ (Pemba) သို့ တင်ဇင်နီးယားနိုင်ငံ (Tanzannia) မှတစ်ဆင့် 2019 ခုနှစ် သြဂုတ်လတွင် ဥရောပ-သို့ ဦးတည် ထွက်ခွာမည့် သင်္ဘောဖြစ်သည့် MV Nina ပေါ်အလုပ်လုပ်ရန်အတွက် ခရီးထွက်ခဲ့သည့် ကင်ညာနိုင်ငံသား (Kenyan) သင်္ဘောသား 10 ဦးကို ITF ကယ်ဆယ်ခဲ့ရသည်။

သင်္ဘောသားများကို နည်းပညာဆိုင်ရာ ပြဿနာဖြစ်နေသည့် သင်္ဘောပေါ်၌ လေးလ ကန်ထရိုက်စာချုပ် မရှိဘဲ (သို့) လုံလောက်သော အစာရေစာ မရှိဘဲ ထီးထီးကျန်ကျန် ပစ်ထားခဲ့သည်။ အီရန်နိုင်ငံသား သင်္ဘောပိုင်ရှင်အား ဆက်သွယ်ရန် သူတို့၏ အားထုတ်မှုမှာ ခြိမ်းခြောက်မှုနှင့်တကွ အသတ်ခံရရန် ကြိမ်းမောင်းမှုတို့ဖြင့် ကြုံတွေ့ခဲ့ရသည်။
 
သူတို့သည် အဆိုပါကိစ္စကို ပင်ဘာမြို့ ရေကြောင်း အာဏာပိုင်နှင့် ITF အာဖရိက ဒေသဆိုင်ရာရုံးကို သတင်းပို့ခဲ့သည်၊ ယင်းသည် Kenya နိုင်ငံ၊  Mombasa မြို့ ITF စိစစ်ရေးမှူး၏ အကူအညီနှင့် မိုဇင်းဘစ်နိုင်ငံရှိ SINPOCAF – ITF အဖွဲ့ဝင်တို့၏ အကူအညီကို ဆောင်ကြဉ်းပေးခဲ့သည်။
 
သင်္ဘောကို မိုဇင်းဘစ်နိုင်ငံ အာဏာပိုင်တို့က စစ်ဆေးခဲ့ကြပြီး သင်္ဘောမှာ ပင်လယ်လှိုင်းဒဏ်ခံနိုင်သော သင်္ဘော မဟုတ်ကြောင်း တွေ့ရှိခဲ့သည်။ SINPOCAF ၏ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်၊  ITF အာဖရိက ဒေသဆိုင်ရာ ကော်မတီဝင်လည်းဖြစ်သူ Raul Sengo သည် သင်္ဘောသားများအား နေရပ်ပြန်လည် ပို့ဆောင်ရေးကို ဆောင်ရွက်ပေးရန် ပင်ဘာမြို့သို့ ခရီးထွက်ခဲ့သည်။

ITF စိစစ်ရေးမှူးဖြစ်သူ Betty Makena က ပြောကြားခဲ့သည်မှာ- “အာဖရိက သင်္ဘောသားများသည် နိမ့်ကျသော လုပ်ခများကို ရသည်၊ အလုပ်ရှင်များ၏ နိမ့်ချဆက်ဆံမှုကိုခံရသည်၊ အလုပ်အကိုင် နည်းပါးမှုကို ကြုံတွေ့ရသည်။ သင်္ဘောသားများအား ပံ့ပိုးထောက်ကူပြုပေးမည့် အစီအစဉ်များကို ထူထောင်ပေးရန်အတွက် အဆိုပါဒေသရှိ အစိုးရများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂများနှင့်အတူ လက်တွဲလုပ်ကိုင်ပေးရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။”

ITF အာဖရိက ဒေသဆိုင်ရာ အတွင်းရေးမှူး Mohammed Safiyanu က ဖြည့်စွက်ပြောဆိုခဲ့သည်မှာ- “ITF သည် မိမိ၏ စွမ်းဆောင်ရည်နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်ကွန်ခြာများကို သယ်ယူပို့ဆောင်ရေး အလုပ်သမားများအား ပံ့ပိုးပေးရန် အမြဲ အသုံးပြုလျက်ရှိပါသည်။ သင်္ဘောသားများ၏ ဘဝများကို ပိုမို၍ပင် ကောင်းမွန်အောင် လုပ်ပေးရန်အတွက် ကျွန်ုပ်တို့နှင့်အတူ လက်တွဲလုပ်ကိုင်ရန် သက်ဆိုင်ရာ လုပ်ငန်းဆိုင်ရာပါဝင်ပတ်သက်သူများ အားလုံးကို ကျွန်ုပ်တို့ တောင်းဆိုပါသည်။”

သင်္ဘောသားများသည် အင်္ဂါနေ့၊ ဇန်နဝါရီလ 7 ရက်နေ့တွင် ကင်ညာနိုင်ငံ၊ နိုင်ရိုးဘီမြို့သို့ မွန်ဘာဆာမြို့ရှိ အိမ်သို့ ခရီးမထွက်ခွါမီ ရောက်ရှိခဲ့ပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.