Skip to main content

ကရိုးနာဗိုင်းရတ်စ် နောက်ဆုံးသတင်းနှင့် အကြံဉာဏ်

03 Feb 2020

ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး ဗဟိုချက်တစ်ခုဖြစ်သည့် ဝူဟန်မြို့၌ အစပြုခဲ့သော လက်ရှိ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ITF သည်  advice from the World Health Organisation (WHO) ထံမှ အကြံဉာဏ် အားလုံးကို နီးနီးကပ်ကပ် လိုက်နာနေပါသည်။

ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး အလုပ်သမားများအား သေစေလောက်သော ကရိုးနာဗိုင်းရတ်စ် ကူးစက်မှု အန္တရာယ်ကို ကန့်သတ်ပေးရန် ကျွန်ုပ်တို့သည် အစိုးရများနှင့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများအား သူတို့ရနိုင်သည့် အရေးယူဆောင်ရွက်မှုများကို အကောင်အထည်ဖော်လုပ်ပေးရန် ဖိတ်ခေါ်ပါသည်။ ဤကိစ္စသည် အထူးသဖြင့် ရောဂါဖြစ်ပွားမှု၏ ရှေ့တန်း၌ရှိသည့် လေယာဥ်လေကြောင်း၊ နယ်စပ်၊ အပျော်စီးကမ္ဘာလှည့်သင်္ဘော အလုပ်သမားများ၊ ပင်လယ်ရေကြောင်း သင်္ဘောသားများနှင့် ဆိပ်ကမ်း အလုပ်သမားများတို့အတွက် အရေးကြီး ပါသည်။

WHO သည် အစိုးရများအား ရောဂါကို ထိန်းချုပ်ထားရန်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ပေးရန် ပန်ကြားထားသည်၊ သွက်သွက်လက်လက် စောင့်ကြပ်ကြည့်ရှုခြင်း၊ စောစောစီးစီး ရှာဖွေတွေ့ရှိခြင်း၊ သီးသန့် အထိအတွေ့ ကင်းမဲ့စွာနေစေခြင်း၊ စီမံကွတ်ကဲပေးခြင်း၊ ကူးစက်မှုအထိအတွေ့ကို စုံစမ်းပေးခြင်းနှင့် ဆက်လက်ပျံ့နှံ့မည့် ကူးစက်မှုကိုတားဆီးပေးခြင်းတို့ အပါအဝင်ဖြစ်ပါသည်။

ကမ္ဘာတစ်ဝန်း အစိုးရများအနေဖြင့် ရောဂါဖြစ်ပွားရာနေရာများမှ ကူးစက်ခံရမည့် အလားအလာရှိသော ခရီးသည်များ၊ လေယာဥ်ဝန်ထမ်းများနှင့် ပင်လယ်ရေကြောင်း သင်္ဘောသားများအား ဖော်ထုတ်ပေးရန် အတွက် လုပ်ထုံးလုပ်နည်းအပါအဝင် တိကျသည့် ဇီဝပိုးမွှားလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရောဂါပျံ့ ပွားမှုအား ထိန်းချုပ်ပေးစေရန်နှင့် အထိအတွေ့ဖြစ်မည့် မည်သည့်အခွင့်အလမ်းကိုမဆို အနည်းဆုံးဖြစ်အောင်လုပ်ပေးရန်တို့ အပြင် သေစေလောက်သည့် ရောဂါဖြစ်ပွားမှုမှ အလုပ်သမားများအား ကာကွယ်ပေးရန်အတွက် လေယာဥ်ပျံကွင်းများနှင့် သင်္ဘောဆိပ်ကမ်းများတွင် ချက်ချင်း လုပ်ဆောင်သင့်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။

လေယာဥ်လေကြောင်းလိုင်းများ၊ လေယာဥ်ကွင်းများ၊ အပျော်စီးသင်္ဘောလုပ်ငန်းလုပ်ကိုင်သူများ၊ သင်္ဘောလုပ်ငန်းကုမ္ပဏီများနှင့် ဆိပ်ကမ်းလုပ်ငန်းလုပ်ကိုင်သူများသည် အလုပ်သမားများအား ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် နောက်ဆုံးသတင်းအချက်အလက်များကို ပေးအပ်ရမည်၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်သည့် အကောင်းဆုံး လုပ်ကိုင်ပုံကို လိုက်နာရမည့်အပြင် ကိုယ်ရေးကိုယ်တာ အကာအကွယ်ပေး ကိရိယာပစ္စည်းများ ဖြန့်ချီပေးရမည်၊ ရောဂါလက္ခဏာ ပြသလျက်ရှိသော ခရီးသည်များ၊ လေယာဥ်ဝန်ထမ်းများ နှင့်/သို့မဟုတ် အလုပ်သမားများအား ဖော်ထုတ်ပေးရန်အတွက် ထိရောက်သော လုပ်ထုံးလုပ်နည်းများကို သွတ်သွင်းထားရမည်၊ ထို့ပြင် သံသယရှိသော ကူးစက်မှုကိစ္စများကို ကိုင်တွယ်စီမံရာ၌ အလုပ်သမားများအတွက် ရှင်းရှင်းလင်းလင်း လမ်းညွှန်များကို ချမှတ်ထားရမည်ဖြစ်သည်။

လုံခြုံသော အမှုထမ်းတာဝန်ချထားရေးနှင့် လုပ်ကိုင်ရေး အဆင့်များကို နိုင်ငံလုံးဆိုင်ရာ ဥပဒေပြဌာန်းချက်နှင့်အညီ အမှုထမ်းများ အလုံအလောက် အနားရစေရန် သေချာအောင် အသုံးချရမည်။

ပိုမိုတိကျ အသေးစိတ် အကြံဉာဏ်ကို လေကြောင်းအလုပ်သမားများနှင့် လေယာဥ်အလုပ်သမားများနှင့် ပင်လယ်ရေကြောင်း သင်္ဘောသားများ၊ ဆိပ်ကမ်းအလုပ်သမားများနှင့် ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍတို့အတွက် အောက်တွင် ဖြန့်ချီပေးထားသည်။  ဤအကြံဉာဏ်အားလုံးမှာ အားလုံးသော သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းကဏ္ဍများ တစ်လျှောက်ရှိ အားလုံးသော အလုပ်သမားများနှင့်ကုမ္ပဏီများတို့နှင့် သက်ဆိုင်သည်။

လေယာဥ်လိုင်းများနှင့် လေကြောင်း အလုပ်သမားများအတွက် အကြံဉာဏ်

တစ်နည်းနည်းဖြင့် ရောဂါနှင့်ထိတွေ့မှုမှ မိမိတို့ကိုယ်တိုင် အကာအကွယ်ယူရန် အလုပ်သမားများ၏ စွမ်းဆောင်ရည်ကို လေယာဥ်လိုင်းများသည် မတားမြစ် မကန့်သတ်သင့်ပါ၊ အောက်ပါတို့အပါအဝင်ဖြစ်သည်-

  • လေယာဥ်လိုင်း အမှုထမ်းများနှင့် လေယာဥ်ကွင်း အမှုထမ်းများအား ကြိုက်နှစ်သက်သလို အကာကွယ်ပေး ကိရိယာများ ဝတ်ဆင်ရန် ခွင့်ပြုခြင်း - ရော်ဘာလက်အိတ်များနှင့် မျက်နှာဖုံးများ အပါအဝင်ဖြစ်သည်။
  • လေယာဥ်လိုင်း အမှုထမ်းများနှင့် လေယာဥ်ကွင်း အမှုထမ်းများတို့အား ရောဂါနှင့်ထိတွေ့မှုမှ မိမိတို့ကိုယ်တိုင် အကာအကွယ်ယူရန် လိုအပ်သည့် အားလုံးသော ကြိုတင်ကာကွယ်မှုများလုပ်ရန် အချိန်နှင့် လုံလောက်သော အနားပေးချိန်တို့ကို ခွင့်ပြုခြင်း။
  • အကယ်၍ လေကြောင်း အလုပ်သမား တစ်ဦး ကူးစက်ခံလာရပါက၊ အိမ်၌ သီးသန့်အထိအတွေ့ ကင်းမဲ့စွာနေစေခြင်းကို ဦးစားပေးရလိမ့်မည်ဖြစ်ပြီး အဆိုပါအလုပ်သမားကို ထိုက်သင့်သလို လုပ်ခ ဆက်လက်ပေးရမည်။

လေယာဥ် သင်္ဘော အမှုထမ်းသူများအတွက် အကြံဉာဏ်-

  • ယာဥ်ပေါ်ရှိ လူအားလုံးအား လက်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အထူးသဖြင့် ချောင်းဆိုးသည့်အခါ သို့မဟုတ် နှာချေသည့်အခါ ပိုးသတ်သန့်စင်ရေး လုပ်နည်းကိုင်နည်းအတိုင်းလုပ်ရန် တိုက်တွန်းပါ။
  • အမှုထမ်းများသည် ခရီးသည်တစ်ဦးဦး သို့မဟုတ် အခြား အမှုထမ်းတစ်ဦးနှင့် အထိအတွေ့ရှိပြီးနောက် လက်များကို ပိုးသတ်သန့်စင်ခြင်း/ဆေးကြောခြင်း လုပ်ရလိမ့်မည်။
  • ကရိုးနာဗိုင်းရတ်စ် ရောဂါဖြစ်ပွားနေကြောင်း သိရှိပြီးဖြစ်သည့် နိုင်ငံတစ်နိုင်ငံတွင် လေယာဥ်ခေတ္တ နားနေစဥ် အမှုထမ်းများအနေဖြင့် ဟိုတယ်နေထိုင်စရာ၌ ဖြစ်နိုင်သမျှ ဆက်လက်နေပေးရန်နှင့် လက်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးသတ်သန့်စင်ရေးလုပ်နည်းကိုင်နည်းနှင့် အစားအစာ ဘေးကင်းရေး လုပ်နည်းကိုင်နည်းများကို လုပ်ကိုင်ပေးရန် အကြံပြုပါသည် (ပိုမိုသိရှိရန် အောက်တွင်ကြည့်ပါ)။

အကယ်၍ ခရီးသည်တစ်ဦး သို့မဟုတ် အမှုထမ်းတစ်ဦး ယာဥ်ပေါ်၌ ရောဂါကူးစက်မှုဆိုင်ရာ သင်္ကေတများနှင့် လက္ခဏာများ ပြသလျှင်  International Air Transport Association (IATA) guidelines for cabin crew လမ်းညွှန်များကို လက်နာပါ။

  • နာမကျန်းသည့် ခရီးသည်ကို သူ/သူမ လွန်ခဲ့သည့် ၂၁ ရက်အတွင်း မည်သည့်နေရာသို့ ခရီးထွက်ခဲ့ကြောင်း မေးပါ။
  • လေယာဥ်ကွင်းရှိ ဆေးဖက်ဆိုင်ရာ ပံ့ပိုးမှုအတွက် ခေါ်ပါ သို့မဟုတ် ယာဥ်ပေါ်ရှိ ဆေးဖက်ဆိုင်ရာ အကူအညီအတွက်ခေါ်ပါ ယင်းနောက် သူတို့၏ အကြံပေးချက်ကို လိုက်နာပါ။
  • ဖြစ်နိုင်လျှင် နာမကျန်းသည့် ခရီးသည်ကို သီးသန့်အထိအတွေ့ကင်းမဲ့စွာနေစေခြင်းဖြစ်စေရန်လုပ်ပေးပြီး နှဘေးရှိ ခရီးသည်များအား နေရာပြောင်းရွှေ့ပေးပါ။ အကယ်၍ ထိုင်ခုံများ မရရှိနိုင်လျှင် နဘေးရှိ ခရီးသည်များအား မျက်နှာဖုံးများ ပေးအပ်ရန် စဥ်းစားပါ။
  • နာမကျန်းသည့် ခရီးသည်ကို ကြည့်ရှုစောင့်ရှောက်ရန် လေယာဥ် အမှုထမ်းတစ်ဦးအား တာဝန်ချပေးပါ။
  • နာမကျန်းသည့် ခရီးသည် တစ်ဦးတည်း အသုံးပြုရန်အတွက် သီးခြားအိမ်သာတစ်လုံးကို သတ်မှတ်ပေးပါ။
  • ခရီးသည်နှင့် အမှုထမ်းတို့ကို မျက်နှာဖုံးများ အသုံးပြုရန်နှင့် လိုသလို လဲလှယ်သုံးရန် ပန်ကြားပါ။
  • ခရီးသည်အား လက်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးသတ်သန့်စင်ရေး လုပ်နည်းကိုင်နည်းကို လုပ်ရန်တိုက်တွန်းပါ။
    • စက္ကူတစ်ရှူးများ ဖြန့်ချီပေးပြီး စကားပြောသည့်အခါ၊ နှာချေသည့်အခါ သို့မဟုတ် ချောင်းဆိုးသည့်အခါ မိမိတို့၏ ပါးစပ်နှင့် နှာခေါင်းကို ပိတ်ပေးရန် ခရီးသည်များအား အကြံပြုပါ။
    • နာမကျန်းသည့် ခရီးသည်အား ထိုက်သင့်သော လက်ပိုးသတ်သန့်စင်ရေး လုပ်နည်းကိုင်နည်းကို လုပ်ရန် ပြောပါ။
    • စက္ကူတစ်ရှူးများကို လုံခြုံစွာ စွန့်ပစ်ရေးအတွက် အသုံးပြုရန် အန်သည့်အခါသုံးသည့်အိတ်ကို ဖြန့်ချီပေးပါ။
  • ထိုက်သင့်သော အကာအကွယ်ပေး ကိရိယာဝတ်စုံ ဝတ်မထားလျှင် အမှုထမ်းများသည် နာမကျန်းသည့် ခရီးသည်မှ တစ်မီတာ သို့မဟုတ် ပိုသော အဝေးတွင် နေရလိမ့်မည်။
  • အကယ်၍ နာမကျန်းသည့် ခရီးသည်ကို ထိတွေ့ရန် လိုအပ်လျှင် အမှုထမ်းသည် ထိုက်သင့်သော အကာအကွယ်ပေး ကိရိယာဝတ်စုံကို ဝတ်ဆင်ရလိမ့်မည်။
  • အားလုံးသော ညစ်ညမ်းသွားသည့် အရာများ (စက္ကူတစ်ရှူးများ၊ မျက်နှာဖုံးများ၊ စောင်များ စသဖြင့်) တို့ကို အကယ်၍ ရနိုင်လျှင် ဇီဝအန္တရာယ်အိတ်အတွင်း ထည့်ရလိမ့်မည်၊ ၎င်းအိတ်မရနိုင်လျှင် ပလပ်စတစ်အိတ်ထဲထည့်၍ 'ဇီဝအန္တရာယ် ဟုစာတမ်းတပ်ထားရမည်။
  • လိုက်ပါလာသည့် ခရီးသည် (များ) အား အကယ်၍ သူတို့တွင် အလားတူ လက္ခဏာတစ်ခုခု ရှိမရှိ မေးမြန်းပါ။
  • လေယာဥ် မှူးအား သံသယရှိသည့် ကူးစက်မှု (များ) အကြောင်း လေကြောင်း ထိန်းချုပ်ရေးနှင့် ဒေသဆိုင်ရာ အများပြည်သူ ကျန်းမာရေး အာဏာပိုင်များအား သတင်းပို့ပေးရန် ပြောပါ။
  • ကျန်းမာရေး အာဏာပိုင်များက အခြားနည်း ညွှန်ကြားထားသည် မဟုတ်လျှင် နာမကျန်းသည့် ခရီးသည်၏ အတူတူခုံတန်း၊ ရှေ့ခုံနှစ်တန်းနှင့် နောက်ခုံနှစ်တန်းတို့၌ ထိုင်နေကြသည့် ခရီးသည်အားလုံးအား ခရီးသည် နေထိုင်ရာလိပ်စာပုံစံကို အကယ်၍ ရနိုင်လျှင် ဖြည့်စွက်ပေးရန် ပြောပါ။

ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍ၊ သင်္ဘောသားများနှင့် ဆိပ်ကမ်းအလုပ်သမားများအတွက် အကြံပြုချက်

လေကြောင်းအလုပ်သမားများအတွက် အကြံပြုချက် အမြောက်အမြားမှာ အပျော်စီးသင်္ဘောများနှင့် ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍနှင့်တကွ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍတစ်လျှောက်ရှိ အလုပ်သမားများ အတွက် ပိုမို၍ကျယ်ကျယ်ပြန့်ပြန့် သက်ဆိုင်ပါသည်။

အောက်ဖော်ပြပါ  from the International Maritime Health Association isမှ အကြံပြုချက်မှာ ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍ၊ သင်္ဘောသားများနှင့် ဆိပ်ကမ်းအလုပ်သမားများတို့နှင့် ပိုမို၍ တိကျသည်-

  • ရောဂါဖြစ်ပွားလျက်-မရှိသော ဆိပ်ကမ်းများတွင် သင်္ဘောသားများ၏ သင်္ဘော အတက်/အဆင်းများကို မကန့်သတ်ပါနှင့်။
  • ဆိပ်ကမ်း ကိုယ်စားလှယ်များ၊ ခရစ်ယာန်ဘုန်းကြီးများ၊ ဝန်ဆောင်လုပ်ငန်း အရာရှိများနှင့် အခြားလူများတို့၏ လိုအပ်သည့် သင်္ဘောပေါ် လာရောက်မှုတို့ကို မကန့်သတ်ပါနှင့်။
  • တရုတ်ပြည်ရှိ အစားအစာ စျေးများသို့ မသွားရောက်ပါနှင့်၊ တရုတ်ပြည်ရှိ ငါးနှင့် ကြက်ဘဲ ဖြန့်ချီရေးကို ရှောင်ရှားပါ။
  • ကြက်ဥ၊ နွားနို့၊ အသား အစိမ်းစားသုံးမှုကို ရှောင်ကြဥ်ပါ။
  • အသုံးအဆောင်ပစ္စည်းတစ်ခုမှ အစားအစာကို ကူးစက်မှုအား ရှောင်ရှားစေရန် အတိအကျ အစားအစာ သန့်စင်ရေးကို လိုက်နာပါ
  • အားလုံးသော အမှုထမ်းများအတွက် မျက်နှာဆိုင်ရာ အကာအကွယ်ပစ္စည်း (တစ်ဦး/ငါးခု) ပေးထားရန် သေချာစေပါ
  • တရုတ်ပြည်သို့ ခရီးထွက်မည့် သင်္ဘော စိစစ်ရေးမှူးများနှင့် အခြား အမှုထမ်းတို့အတွက် တုပ်ကွေးကာကွယ်ဆေးထိုးပေးခြင်း၊ အရက်ပျံပါ- လက်ပိုးသတ်သန့်စင်ဆေးနှင့် မျက်နှာဆိုင်ရာ အကာအကွယ်တို့ကို ပေးထားပါ။
  • အကယ်၍ အမှုထမ်းတစ်ဦးသည် ယာဥ်ပေါ်၌ နာမကျန်းဖြစ်လာပြီး ယာဥ်ပေါ်မတက်မီ ၂-၁၂ ရက်အလို၌ ရောဂါဖြစ်ပွားသည့်နေရာများသို့ ခရီးသွားခဲ့လျှင် အဆိုပါ အမှုထမ်းမှာ သူ/သူမ၏ ယာဥ်ပေါ်ရှိ အခန်းတွင် နေရမည်။
  • အကယ်၍ အမှုထမ်းတစ်ဦးမှာ သင်္ဘောပေါ်၌ နေမကောင်းဖြစ်လျှင် ပင်လယ်ရေကြောင်းဆိုင်ရာ ကျန်းမာရေး ကြေငြာလွှာကို ဖြည့်စွက်ပြီး သက်ဆိုင်ရာ ဆိပ်ကမ်းအာဏာပိုင်ထံ အကြောင်းကြားပါ၊ ယင်းမှတဖန် နောက်ရောက်မည့် ဆိပ်ကမ်းရှိ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ပေးသူများနှင့် ဆွေးနွေးပါ။

ကရိုးနာဗိုင်းရတ်စ်မှ သင်ကိုယ်တိုင်နှင့်အခြားသူများအား အကာအကွယ်ပေးရန် နည်းလမ်းများ

လက်ရှိကာလ၌ ကရိုးနာဗိုင်းရတ်စ် ကူးစက်မှုကို တားဆီးရန် ကာကွယ်ဆေး မရှိသေးပါ၊ ကူးစက်မှုမှ သင် ကိုယ်တိုင် ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းမှာ ဤဗိုင်းရတ်စ်နှင့် ထိတွေ့ရခြင်းကို ရှောင်ရှားရန်ဖြစ်သည်။

UN lists everyday habits မှ အကြံပြုချက်ကို လိုက်နာခြင်းသည် ဗိုင်းရတ်စ် ပျံ့နှံ့မှုကို ကူညီတားဆီးပေးနိုင်သည် -

  •  သင့်လက်များကို ရေနွေးနှင့် ဆပ်ပြာဖြင့် စက္ကန့် ၂၀ ခန့် မကြာခဏဆေးပါ သို့မဟုတ် အရက်ပျံပါ- လက်ပိုးသတ်သန့်စင်ဆေးရည်ကို သုံးပါ။
  • နှာချေသည့်အခါ သို့မဟုတ် ချောင်းဆိုးသည့်အခါ သင့်ပါးစပ်နှင့်နှာခေါင်းကို လက်မောင်းကွေး၍ ဖုံးပါ သို့မဟုတ် စက္ကူဖြင့် ဖုံးပေးပါ။
  • သင့် မျက်လုံးများ၊ နှာခေါင်းနှင့် ပါးစပ်ကို လက်မဆေးဘဲ ကိုင်တွယ်ခြင်းမှ ရှောင်ကြဥ်ပါ။
  • ဖျားနေသည့် သို့မဟုတ် ချောင်းဆိုးနေသည့် မည်သူ့ကိုမဆို နီးနီးကပ်ကပ် ထိတွေ့ခြင်းမှ ရှောင်ကြဥ်ပါ။
  • အကယ်၍ သင် နေထိုင်မကောင်းလျှင် အိမ်တွင်နေပါ။
  • အကယ်၍ သင့်တွင် အဖျားရှိလျှင်၊ ချောင်းဆိုးလျှင် အသက်ရှူရခက်ခဲလျှင် ဆေးဖက်ဆိုင်ရာ အကူအညီကို စောစီးစွာ တောင်းခံပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ပေးသူများအား မိမိ၏ ခရီးစဥ် သမိုင်းကြောင်းကို ပြောပြပါ။
  • ရောဂါဖြစ်ပွားနေသည့် နေရာများရှိ အရှင်ရောင်းစျေးများသို့ သွားရောက်သည့်အခါ တိရစ္ဆာန်အရှင်များနှင့် တိရစ္ဆာန်များနှင့်ထိတွေ့လျက်ရှိသည့် မျက်နှာပြင်များကို တိုက်ရိုက်၊ အကာအကွယ်မဲ့ ထိတွေ့ခြင်းကို ရှောင်ရှားပါ။
  • တိရစ္ဆာန်ထွက်ပစ္စည်းများကို အစိမ်းစားခြင်း သို့မဟုတ် မချက်ပြုတ်ဘဲစားခြင်းတို့အား ရှောင်ရှားပါ၊ အသားစိမ်း၊ နွားနို့ သို့မဟုတ် ကြက်ဥများကို ကိုင်တွယ်သည့်အခါ တစ်ဆင့်ခံ-ကူးစက်မှုကို ရှောင်ရှားရန် ဂရုတစ်စိုက်လုပ်ကိုင်ပါ။

ITF သည် နောက်ထပ် နောက်ဆုံးသတင်းများကို သင့်တော်သလို ပေးအပ်ပါမည်။ သူတို့၏ ဝက်ဘ်ဆိုက်ပေါ်ရှိ WHO advice အကြံပေးချက်ဖြင့် နောက်ဆုံးသတင်းရယူထားပါ။ 

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.