Skip to main content

Esther Busser အထိမ်းအမှတ် ဆု

26 Feb 2020

Global South ဒေသ၌ လူမှုရေးဆိုင်ရာ တရားမျှတမှုနှင့် သိက္ခာရှိသော အလုပ်ကို တိုးမြှင့်လုပ်ကိုင်ရန် အလွန်ထူးထူးခြားခြားလုပ်ခဲ့သူ တစ်စုံတစ်ယောက်ကို သင် သိပါသလား။

ကျွန်ုပ်တို့သည် Esther Busser အထိမ်းအမှတ် ဆုအတွက် အဆိုပြုချက်များကို ရှာဖွေနေပါသည်။  မည်သို့တင်သွင်းရမည့် အသေးစိတ်ကို အောက်တွင် ဖော်ပြထားသည်။ 

Esther Busser သည် ITF ၏ အစစ်အမှန် မိတ်ဆွေတစ်ဦး ဖြစ်သည့်အပြင် ယေဘုယျအားဖြင့် အလုပ်လုပ်လူတန်းစားဖြစ်ပါသည်။ သူမသည် ကင်ဆာရောဂါဖြင့် အချိန်အချို့ နေထိုင်ပြီးနောက် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အသက် ၄၈ နှစ် အလွန်ငယ်ရွယ်ချိန်၌ သေဆုံးခဲ့ပါသည်။ 

အလုပ်ကမ္ဘာ၌ Esther ၏ အောင်မြင်မှုများမှာ အထင်ကြီးလောက်ပါသည်။ ဤကိစ္စကို အသိအမှတ်ပြုရာ၌ မကြာသေးမီကလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (International Labour Organization (ILO) ‘Guidelines on the promotion of decent work and road safety in the transport sector’) ၏ ‘သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍ၌ သိက္ခာရှိသော အလုပ်နှင့် လမ်း ဘေးကင်းလုံခြုံရေး တိုးမြှင့်လုပ်ဆောင်ရေးနှင့်ပတ်သက်သည့် လမ်းညွှန်များ’ မှာ သူမအား ရည်ဆူးခဲ့ပါသည်။

သို့သော်ငြားလည်း၊ Esther က ဝမ်းနည်းကြောင်း ဖော်ထုတ်ခဲ့သည်မှာ လူမှုရေးဆိုင်ရာ တရားမျှတမှုနှင့် သိက္ခာရှိသောအလုပ် တိုးတက်လာမှုအတွက် အများစုသောကမ္ဘာ၌ ပို၍များများ လုပ်ရန် ကျန်နေသေးကြောင်း ဖြစ်ပါသည်။

Esther Busser အထိမ်းအမှတ် ဆုကို အားလုံးအတွက် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးဖြစ်လာစေရန် သူမ၏ ခရီးစဥ်တွင် ပိုမိုများပြားသည့် ခြေလှမ်းများကို ထည့်သွင်းပေးရန်အတွက် ဖန်တီးခဲ့ပါသည်။

မည်သို့ အဆိုပြုမည်

လူမှုရေးဆိုင်ရာ တရားမျှတမှုနှင့် သိက္ခရှိသော အလုပ်အတွက် တိုက်ပွဲဝင်လျက်ရှိသည့် Global South ဒေသရှိ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို မည်သူကမဆို သို့မဟုတ် မည်သည့်အုပ်စုကမဆို အဆိုပြုနိုင်ပါသည်။ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် မိမိတို့ကိုယ်တိုင်ကိုလည်း အဆိုပြုနိုင်ပါသည်။

Esther ၏ ယခင် ယောင်းရင်းများနှင့်မိတ်ဆွေများဖြင့်ဖွဲ့စည်းထားသည့် သီးခြားလွတ်လပ်သော အဖွဲ့ဝင်သုံးဦးပါ- သမာဓိလူကြီးအဖွဲ့က အဆိုပြုချက်များကို အောက်ပါ သတ်မှတ်ချက်များအပေါ် အခြေခံ၍ စိစစ်ပါမည်။ အဆိုပြုခံရသူသည်-

  • Global South ဒေသမှဖြစ်သည်
  • လူမှုရေးဆိုင်ရာ တရားမျှတရေးနှင့် သိက္ခာရှိသောအလုပ်အတွက် ခိုင်လုံသော တိုးတက်မှုများကို လုပ်သည်
  • သူတို့အောင်မြင်မှုများကို စာဖြင့်ရေးသားထားသည့် (အင်္ဂလိပ်၊ ပြင်သစ် သို့မဟုတ် စပိန်ဘာသာစကားဖြင့် အများဆုံး စာလုံးရေ ၆၀၀) သက်သေအထောက်အထားကို တင်ပြသည် (သို့မဟုတ် သူတို့ကိုယ်စား အထောက်အထား တင်ပြခဲ့သည်)
  • သူတို့၏ ဘဝနှင့် အလုပ်၌ ခွင့်ပြုမည့်ဆုကြေးသည် မည်သို့ပြောင်းလဲမည်ကို သရုပ်ပြဖော်ဆောင်သည်

အဆိုပြုချက်များနှင့် ထောက်ခံသည့် အထောက်အထားအရာများကို EBmemorial@ilo.org မှ ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်မီ လက်ခံရရှိရမည်ကို စဥ်းစားပါ။

Esther Busser အထိမ်းအမှတ် ဆု ဖွင့်ပွဲကို ၂၀၂၀ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ကျင်းပပါမည် – Esther ၏ မွေးနေ့နှင့်နီးနီးကပ်ကပ် – ILO ၌ ဤအခန်းအနား အတောအတွင်း သူမ၏ မိသားစု၊ မိတ်ဆွေများနှင့် ယောင်းရင်းများအတွက် သူမ၏ ဘဝအခမ်းအနားကို ကျင်းပရန်ဖြစ်ပါသည်။

ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် Esther လုပ်ခဲ့သည့် အလုပ်ကို အသိအမှတ်ပြုသောအနေဖြင့် ITF သည် ဆုကြေးအတွက် ငွေကြေးဆိုင်ရာ ပံ့ပိုးထည့်ဝင်ပေးခဲ့သည့် အဖွဲ့အစည်းများအနက် တစ်ခုဖြစ်ပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.