Skip to main content

နိုင်ဂျီးယား ၂၆ ယောက်ကို လွှတ်ပေးပါ — ပြစ်မှုကြောင်းအရ မတရား စွပ်စွဲခံနေရသည့် သင်္ဘောသားများ

24 Nov 2022
Press Release

နိုင်ဂျီးရီးယားနိုင်ငံတွင် ရေနံခိုးမှုဖြင့် စွပ်စွဲခံရပြီး ထိန်းသိမ်းခံနေရသော သင်္ဘောသား နှစ်ဆယ့်ခြောက်ဦး တို့အား ၎င်းတို့၏ သင်္ဘော ရေနံတင်ဆောင်ခြင်းမှာ ခွင့်ပြုချက်အရဖြစ်သည်ဟု ဘီပီ (BP) ကုမ္ပဏီက အတည်ပြုပြီး နောက် ယခု ပြန်လွှတ်ပေးသင့်သည်ဟု အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) က ပြောကြားလိုက်သည်။

ITF’s Fair Practices Committee Steering Group (FPCSG) သည် ယမန်အပတ်က ထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်၊ နိုင်ဂျီးရီးယားနိုင်ငံအနေဖြင့် သင်္ဘောသားများအား ချက်ချင်း လွှတ်ပေးပြီး အိမ်ပြန်ပို့ပေးရန် တောင်းဆိုလိုက်သည်။ FPCSG သည် ITF ၏ အလံငှါးနိုင်ငံ သင်္ဘောများ လှုံ့ဆော်ရေးကို စီမံကွတ်ကဲပေးပြီး သင်္ဘောသားများအနေဖြင့် မမျှမတနှင့် အကြောင်းရင်း မဆီလျော်သည့် ပြစ်မှုကြောင်းအရ ပြစ်တင်ခံရခြင်း အပေါ် အထူး အလေးအနက်ထား၍ ဆောင်ရွက်ပေးသည်ယခု အမှုကိစ္စမှာကဲ့သို့ဖြစ်သည်။

ရေနံစိမ်းတင်သည့် ဧရာမ သင်္ဘောကြီး (VLCC) ဖြစ်သည့် သင်္ဘော Heroic Idun (IMO: 9858058) အား နိုင်ဂျာဒဲလ်တာ (Niger Delta) ရှိ Akpo ရေနံတွင်းတွင် ရေနံတင်ဆောင်ရန် ခွင့်ပြုခဲ့သည်ဟု BP က ပြောကြားခဲ့သည် ။ ဗြိတိသျှ ဧရာမ ရေနံကုမ္ပဏီကြီးသည် သင်္ဘောအား ရေနံတင်ပေးရန် တစ်ဆင့်ခံ ကန်ထရိုက်ပေးခဲ့ပြီး သင်္ဘောဝန်ထမ်းများအား ပံ့ပိုးထောက်ခံပါသည်ဟု ပြောကြားခဲ့သည်။

ဒီသင်္ဘောသားတွေကို ရှင်းလင်းနေတဲ့ ရှုပ်ထွေးမှုတွေကြောင့် အချိန်ကြာကြာ ဖမ်းဆီးထိန်းသိမ်းထားပြီး မတရား တရားစွဲဆိုထားပါတယ်၊ဟု Dave Heindel, ITF သင်္ဘောသားများ ဌာန ဥက္ကဌနှင့် FPCSG ၏ ဒု-ဥက္ကဌဖြစ်သူက ပြောကြားခဲ့သည်။ တစ်ချို့တွေကို ယုတ်ညံ့တဲ့ အခြေအနေအတွင်း ဖမ်းဆီး ထိန်းသိမ်း ထားပြီး စွဲချက်တင်ခြင်းမရှိဘဲ စစ်ဆေးစုံစမ်းခဲ့ပါတယ်။ သူတို့တွေအတွက် ဥပဒေ အကူအညီရဖို့ကိုလည်း ငြင်းဆိုခဲ့ပါတယ်။ သူတို့တွေရဲ့ လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကြပြီး အဲ့ဒါတွေ ကိုတော့ ITF အနေနဲ့ သည်းမခံနိုင်ပါဘူး။

မည်သည့်အခါမျှ မကျူးလွန်ခဲ့သည့် ခိုးမှု

ယခု လ၌ နိုင်ဂျီးရီးယားနိုင်ငံ၊ Port Harcourt ရှိ တရားရုံးချုပ်သည် ရေနံခိုးမှု စွပ်စွဲချက်ဖြင့် သင်္ဘောဝန်ထမ်း အားလုံးကို ဖမ်းဆီးရန် အမိန့်ချမှတ်ခဲ့သည်။ အဆိုပါ သင်္ဘောသားများမှာ ဓါးပြတိုက်မှု နှိမ်နှင်းရေးနှင့် အခြားသော ပင်လယ်ရေကြောင်း ပြစ်မှုများ အက်ဥပဒေ ၂၀၁၉ ခုနှစ် (Suppression of Piracy and Other Maritime Offences Act 2019) အပါအဝင် အမျိုးမျိုးသော နိုင်ဂျီးရီးယားနိုင်ငံ ပြဌာန်းဥပဒေများအရ စွဲချက် ငါးခုကို ရင်ဆိုင်ရသည်။ သင်္ဘောသားများမှာ မူလအားဖြင့် စွဲချက် သုံးခုကို ရင်ဆိုင်ခဲ့ရပြီးနောက် စွဲချက် ငါးခုအဖြစ် ပြင်ဆင်၍ စွဲချက်တင်ခံရသည်၊ ၎င်းစွဲချက်များမှာ လိုင်စင်မရှိဘဲ ပြည်ပပို့ ရေနံစိမ်းများ တင်ဆောင်ခြင်း၊ တားမြစ်ထားသည့် နယ်မြေဇုံထဲ ဝင်ရောက်ခြင်း၊ ဓါးပြတိုက်မှု မှားယွင်းစွာ သတင်းပို့ခြင်း၊ ပင်လယ်ရေကြောင်း အာဏာပိုင်များထံမှ တရားဝင် အမိန့်များကို ငြင်းဆန်ခြင်း နှင့် အကောက်ခွန် ဥပဒေများကို ချိုးဖောက်ခြင်းတို့ဖြစ်သည်။ သင်္ဘောသားများက အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ကြသည်။

ရေနံတင် သင်္ဘောမှာ ရေနံကို မည်သည့်အခါမျှ တင်ဆောင်ခြင်း မရှိသည်မှာ မှန်ကန်နေသည့်တိုင် စွဲချက်များကို တင်ခဲ့သည့်အပြင် နိုင်ဂျီးရီးယားနိုင်ငံ၏ ဥပဒေအရ နယ်မြေစီရင်ပိုင်ခွင့်မရှိသည့် ပြင်ပနေရာ၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ သင်္ဘောအား မှတ်ပုံတင်ထားသည့် Marshall Islands နိုင်ငံသည် မတရား ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ပင်လယ်ဥပဒေနှင့် ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ ခုံရုံးတွင် Equatorial Guinea အပေါ် တရားစွဲခဲ့သည်။

ဒီသင်္ဘောသားတွေကို ဆက်ဆံပုံက ဒေါသထွက်စရာ ဖြစ်ပါတယ်၊ဟု Heindel က ပြောကြားခဲ့သည်။ ပင်လယ်ပြင်မှာ ကျူးလွန်တဲ့ ပြစ်မှုနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေမှာ နည်းဥပဒေတွေ ရှိပါတယ်၊ Nigeria နဲ့ Equatorial Guinea တို့နှစ်ဖက်လုံးဟာ အဲ့ဒီ့နည်းဥပဒေတွေကို လုံးဝ လျစ်လျူရှုခဲ့ပါတယ်။

“နိုင်ဂျီးရီးယားနိုင်ငံဟာ ဒီအမှုမှာ အထောက်အထား လုံးဝ မရှိတာကို အသိအမှတ်ပြုရမယ်၊ သင်္ဘောဝန်ထမ်း တွေကိုချက်ချင်း လွှတ်ပေးရမယ်။ ဖမ်းဆီးတာ၊ ဆက်လက် ထိန်းသိမ်းချုပ်နှောင်ထားတာနဲ့ ရေရှည်ကြာနေမယ့် တရားတဘောင်ကိစ္စတွေဟာ လုံးဝ တရားမျှတမှုကို တိမ်းဆောင်းနေတာဘဲ ဖြစ်ပါတယ်။”

ITF Fair Practices Committee Steering Group သည် သင်္ဘောသားများအပေါ် ပြစ်မှုကြောင်းအရ အပြစ်တင်ခြင်းနှင့် မမျှမတ ဆက်ဆံမှုကို အပြင်းအထန် ရှုပ်ချခဲ့ပြီး အဆိုပါ နိုင်ငံအား အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် ၂၀၀၆ ခုနှစ် (International Labour Organization’s (ILO) Maritime Labour Convention 2006 (MLC)) အရ ၎င်းတို့၏ တာဝန် ဝတ္တရားများ ကို သတိပေးလိုက်သည်။ မည်သည့်စွဲချက်ပင်ဖြစ်စေ နိုင်ငံခြား ဆိပ်ကမ်း၌ ဖမ်းဆီး ထိန်းသိမ်းခံရသည့် သင်္ဘောသားများအနေဖြင့် နှောင့်နှေးမှုမရှိစေဘဲ ကိုင်တွဲဖြေရှင်းပေးစေရန်၊ ထိုက်သင့်သော ဥပဒေပါ အခွင့်အရေးရရှိစေရန်နှင့် သင့်တော်သော သံတမန်ဆိုင်ရာ အကာအကွယ်ရရှိစေရန် ရသင့်ပါသည်။

အချိန်အပိုင်းအခြားအလိုက် ဖြစ်ရပ်များ

သင်္ဘောပိုင်ရှင်ဖြစ်သော Idun Maritime ၏ အဆိုအရ-

  • ဇူလိုင်လ ကုန်ဆုံးပိုင်း- The Heroic Idun (IMO: 9858058) အား Niger Delta ရှိ Akpo ရေနံတွင်း၌ ရေနံတင်ဆောင်ရန် ခွင့်ပြုခဲ့သည်။ BP ကုမ္ပဏီက သင်္ဘောကို တစ်ဆင့်ခံ ကန်ထရိုက်ပေးခဲ့သည်။
  • သြဂုတ်လ ၈ ရက်- The Heroic Idun သင်္ဘောသည် Akpo သို့ သြဂုတ်လ ၈ ရက်နေ့တွင် ဆိုက်ရောက်ခဲ့သည်။ ဆိပ်ခံတံတားမှ ပြောကြားခဲ့သည်မှာ ၎င်းသည် NNPC (ယခင် Nigerian National Petroleum Corporation) ထံမှ ရေနံ ပမာဏကို အပြီးသတ် အတည်ပြုချက် မရရှိသေးကြောင်း သင်္ဘောအား ရက်အနည်းငယ် ကျောက်ချနေရာ၌ ရပ်နားခိုင်းခဲ့သည်။
  • သြဂုတ်လ ၈ ရက်နေ့ည- သင်္ဘောအား ၎င်း၏ အလိုအလျှောက် ခွဲခြားပေးသည့် စနစ် စက်ပိတ်ထားသဖြင့် ခွဲခြားမရနိုင်သည့် ရေယာဥ်တစ်စီးချဥ်းကပ်လာခဲ့သည်။ သင်္ဘောမာလိန်မှူးသည် သင်္ဘောပေါ် ဓါးပြတက်ရောက်လာရန် ကြိုးစားသည်ဟု သံသယဖြစ်ခဲ့၍ သင်္ဘောပိုင်ရှင်နှင့် ကုမ္ပဏီ၏ အထူး ဓါးပြ အာမခံကုမ္ပဏီတို့နှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် အန္တရာယ်မှ လွှတ်ရာသို့ မောင်းနှင်ခဲ့သည်။ သင်္ဘောမာလိန်မှူးက အဆိုပါ နယ်မြေ၌ ရေနံတင် သင်္ဘောအတွက် အကောင်းဆုံး လုပ်ဆောင်ချက်အဖြစ် ယူဆရသည်ဖြစ်သည့် ဓါးပြတိုက်မှု အလားအလာကို ချက်ချင်း သတင်းပို့ခဲ့သည် (နောက်ကျမှ သိရသည်မှာ အဆိုပါ ချဥ်းကပ် လာခဲ့သော ရေယာဥ်မှာ နိုင်ဂျီးရီးယားနိုင်ငံ ရေတပ် ဘုတ်သင်္ဘောဖြစ်သည်။)
  • သြဂုတ်လ ၁၁ ရက်-  Akpo ဆိပ်ခံတံတားက သြဂုတ်လ ၁၇ ရက်နေ့တွင် ရေနံတင်ဆောင်ရန် NNPC က ယခု ခွင့်ပြုလိုက်ပြီဟု Heroic Idun ကို အကြောင်းကြားခဲ့သည်။
  • သြဂုတ်လ ၁၂ ရက်-NNPC က ခွင့်ပြုမိန့်ကို ရုပ်သိမ်းလိုက်ပြီး သင်္ဘောအား ဝင်မလာရန် အကြောင်းကြားသည်။
  • သြဂုတ်လ ၁၂ ရက်- Sao Tome နှင့် Principe သီးခြား စီးပွားရေးဇုံအတွင်း ဖြတ်သန်း မောင်းနှင်နေစဉ် Equatorial Guinea ရေတပ်သင်္ဘောက ထိပ်တိုက်တွေ့ဆုံပြီး Luba Bay သို့မောင်းနှင်ရန် အမိန့်ပေးခဲ့သည်။ သင်္ဘောဝန်ထမ်းများကို လူစုခွဲ၍ ထားလိုက်သည်။ ဆယ့်ငါးဦးကို ကမ်းပေါ်ခေါ်သွားခဲ့ပြီး ၁၄ နာရီကြာ စုံစမ်းစစ်ဆေးခဲ့သည်။ ၎င်းတို့အတွက် ရှေ့နေရပိုင်ခွင့်ကို ငြင်းဆိုခဲ့သည်။ သင်္ဘောသားများကို ကမ်းပေါ်  သို့မဟုတ် သင်္ဘောပေါ်တွင် သုံးလနီးပါး ထိန်းသိမ်း ထားခဲ့သည်။ တရားဝင် စွဲချက် သို့မဟုတ် ဖမ်းဆီး အမိန့် တစ်စုံတစ်ရာ ချမှတ်ခြင်း မရှိပါ။
  • နိုဝင်ဘာလ ၁၁ ရက်- နိုင်ဂျီးရီးယား အာဏာပိုင်များသည် သင်္ဘောနှင့် သင်္ဘောသားများအား နိုင်ဂျီးရီးယားနိုင်ငံ၊ ဂီနီယာ ပင်လယ်ကွေ့၊ Bonny Offshore Terminal သို့ ရေတပ် အမြောက်တင်ဘုတ်နှင့် လက်နက်တပ်ဆင်ထားသည့် အစောင့်တပ်သားများဖြင့် ခြံရံ၍ ရွှေ့ပေးခဲ့သည်။ Equatorial Guinea က သင်္ဘောဝန်ထမ်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ မည်သည့်အခါမျှ ဖမ်းဆီးခြင်း သို့မဟုတ် စွဲချက်တင်ခြင်း မရှိဘဲ ဤသို့လုပ်ခြင်းကို ခွင့်ပြုခဲ့ပုံရသည်။
  • နိုဝင်ဘာလ- နိုင်ဂျီးရီးယားနိုင်ငံ၊ Port Harcourt တရားရုံးချုပ်သည် ရေနံခိုးမှု စွပ်စွဲချက်ဖြင့် သင်္ဘောဝန်ထမ်း အားလုံးကို ဖမ်းဆီးမိန့် ချမှတ်ခဲ့သည်။  သင်္ဘောသားများမှာ ဓါးပြတိုက်မှု နှိမ်နှင်းရေးနှင့် အခြားသော ပင်လယ်ရေကြောင်း ပြစ်မှုများ အက်ဥပဒေ ၂၀၁၉ ခုနှစ် (Suppression of Piracy and Other Maritime Offences Act 2019) အပါအဝင် အမျိုးမျိုးသော နိုင်ဂျီးရီးယား နိုင်ငံ ပြဌာန်းဥပဒေများအရ စွဲချက် ငါးခုကို ရင်ဆိုင်ရသည်။ ၎င်းစွဲချက်များမှာ လိုင်စင်မရှိဘဲ ပြည်ပပို့ ရေနံစိမ်းများ တင်ဆောင်ခြင်း၊ တားမြစ်ထားသည့် နယ်မြေဇုံထဲ ဝင်ရောက်ခြင်း၊ ဓါးပြတိုက်မှု မှားယွင်းစွာ သတင်းပို့ခြင်း၊ ပင်လယ်ရေကြောင်း အာဏာပိုင်များထံမှ တရားဝင် အမိန့်များကို ငြင်းဆန်ခြင်း နှင့် အကောက်ခွန် ဥပဒေများကို ချိုးဖောက်ခြင်းတို့ဖြစ်သည်။ သင်္ဘောသားများက အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ကြသည်။

မီဒီယာ အဆက်အသွယ်- media@itf.org.uk

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.