Skip to main content

သင်္ဘောသားများနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အရာရှိများတို့၏ မရှိမဖြစ် လိုအပ်သော သွားလာမှုများကို ပံ့ပိုးပေးရန်နှင့်ပတ်သက်၍ G20 ခေါင်းဆောင်များနှင့် ဝန်ကြီးများသို့ မှာကြားချက်

14 Apr 2020

အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ (International Chamber of Shipping (ICS)) နှင့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) တို့ထံမှ ပူးတွဲ ထုတ်ပြန်ချက်

တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး၏ ၉၀ ရာခိုင်နှုန်းခန့်ကို ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးက သယ်ယူပို့ဆောင်ပေးသည်၊ ၎င်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၏ အသက်သွေးကြောဖြစ်ပြီး ကမ္ဘာ့ကုန်ကူးသန်းသည့် သင်္ဘောများကို လုပ်ငန်းလည်ပတ်ပေးသည့် ကမ္ဘာ၏ ၂ သန်းသော သင်္ဘောသားများနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အရာရှိများအပေါ် မူတည်နေပါသည်။  

မျှော်လင့်ရသော ဆက်တိုက်ဖြစ်နေမည့် ခရီးသွားပိတ်ပင်မှုများနှင့် လေယာဥ်ပိတ်ပင်မှုများကြောင့် အစိုးရများအနေဖြင့် သင်္ဘောများ၏ ဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ပံ့ပိုးပေးခြင်း၏ ပြင်းထန်သော ပြဿနာကို ဖြေရှင်းပေးရန်မှာ အရေးပါသော လိုအပ်ချက်ဖြစ်ပါသည်။    ပူးတွဲစီမံပြီး တစ်ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်မှု မရှိဘဲ ရေကြောင်းဖြင့် သယ်ယူမည့် သွင်းကုန်များနှင့် ထုတ်ကုန်များ၏ ထိရောက်သော စီးဆင်းမှုမှာ COVID-19 ဘေးကပ်ကြီး တစ်လျှောက်လုံး နိုင်ငံလုံးဆိုင်ရာ စီးပွားရေးများ၏ ကြံ့ခိုင်ရေးအပေါ် မကောင်းသော သက်ရောက်မှုများနှင့်အတူ ပျက်သုဥ်းမည်ဖြစ်ပါသည်။  

COVID-19 ကြောင့် ဖြစ်ပေါ်သော လတ်တလော အများပြည်သူ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေအပေါ် အာရုံစိုက်ရန် အစိုးရများအတွက် မှန်ကန်သော်လည်း၊ ကျွန်ုပ်တို့ မေ့လျော့မသွားရမည်မှာ- အခြားသော စီးပွားရေးဆိုင်ရာ အရေးကြီးသည့် လှုပ်ရှားမှုများအနက်- ကုန်ကူးသန်းသည့် သင်္ဘောများသည် ကမ္ဘာ့ ဆေးဝါးဆိုင်ရာ ဖြန့်ချီပစ္စည်းများ၊ အစားအစာ၊ စွမ်းအင်နှင့် ကုန်ကြမ်းပစ္စည်းများ၊ ထို့ပြင် ထုတ်လုပ်ထားသည့် ထုတ်ကုန်ပစ္စည်းများနှင့် အပိုပစ္စည်းများကို သယ်ယူပို့ဆောင်ပေးသည်၊ ၎င်းတို့မှာ ရှုပ်ထွေးသည့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များကြောင့် နိုင်ငံလုံးဆိုင်ရာ စီးပွားရေးများအတွက် ထိရောက်စွာ လည်ပတ်ရန်နှင့် အလုပ်အကိုင်များကို ထိန်းသိမ်းပေးထားရန်အတွက် လိုအပ်ပါသည်။  

၂၀၂၀ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် G20 ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ဝန်ကြီးများက ကြေညာခဲ့သည်မှာ- တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များရဲ့ ကျောရိုးနောက်ခံအဖြစ် ဆောင်ရွက်ပေးတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး အလုပ်ကွန်ခြာရဲ့ ချောမွေ့ပြီး ဆက်တိုက် လုပ်ငန်းလည်ပတ်မှုကို ကျွန်ုပ်တို့ သေချာအောင် လုပ်ရပါမယ်။   ကျွန်ုပ်တို့အနေနဲ့ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်း ကုန်ပို့ဆောင်ရေးမှတစ်ဆင့် ကုန်စည်သယ်ယူပို့ဆောင်ရေး အလုပ်ကွန်ခြာအတွက် ဆက်လက် ပွင့်နေမည့် လမ်းကြောင်းများကို စူးစမ်းရပါမယ်၊ ဗိုင်းရတ်စ် ပျံ့နှံ့မှုကို တားဆီးရန် အားထုတ်မှုများကို ဟန့်တားခြင်း မရှိစေဘဲ ကျန်းမာရေး အရာရှိများနှင့် စီးပွားရေးသမားများတို့၏ နယ်စပ်ကိုဖြတ်ကျော်မည့် မရှိမဖြစ် လိုအပ်သည့် သွားလာမှုကို ပံ့ပိုးပေးရန် နည်းလမ်းများ အပါအဝင်လည်း ဖြစ်ပါတယ်။

G20 ထုတ်ပြန်ချက် ပေးပို့ခြင်းအပေါ် အခရာကျမည်မှာ အစိုးရများအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး စနစ် ဆက်လက်၍ လည်ပတ်နေစေရန်ကို သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်မှုများအတွက် စွမ်းဆောင်ရည် အပါအဝင် ကမ္ဘာ့သင်္ဘောသားများနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အရာရှိတို့၏ မရှိမဖြစ် လိုအပ်သော သွားလာမှုကို ပံ့ပိုးပေးခြင်းအားဖြင့် သေချာအောင်လုပ်ရန်ဖြစ်ပါသည်။

COVID 19 ကမ္ဘာ့အနှံ့ ဆက်လက်ပျံ့နှံ့နေစဥ် ဆိပ်ကမ်းများ၌ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရန်ကို အစိုးရများက ပံ့ပိုးပေးရန် ကမ္ဘာ့ကုသသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့ချုပ် (UN International Maritime Organization (IMO)) မှဖြန့်ဝေထားသည့် ၂၀၂၀ ခုနှစ် မတ်လ ၂၇ ရက်နေ့ထုတ် ထုတ်ပြန်စာ အမှတ် 4204/Add 6 အားဖြင့် တိုက်တွန်းထားသည့် အရေးယူဆောင်ရွက်မှုများကို ကျွန်ုပ်တို့အနေဖြင့် G20 ခေါင်းဆောင်များနှင့် ဝန်ကြီးများက အာရုံပြုစေလိုပါသည်။ [1]

အဆိုပါ အလုံးစုံသော အကြံပြုချက်များတွင် အတတ်ပညာရှင် သင်္ဘောသားများနှင့် ပင်လယ်ရေကြောင်း အရာရှိများအား နိုင်ငံသားကို မသက်ဆိုင်စေဘဲ သူတို့အား သင်္ဘောများသို့ အတက်အဆင်းပြုနိုင်စေရန်အတွက် မရှိမဖြစ် လိုအပ်သည့် ဝန်ဆောင်မှုများကို ထမ်းဆောင်ပေးနေသည့် “အဓိက အလုပ်သမားများ” အဖြစ် သတ်မှတ်ပေးခြင်းနှင့် နိုင်ငံခရီးသွားမှုဆိုင်ရာ ပိတ်ပင်မှုများ သို့မဟုတ် သွားလာမှု ပိတ်ပင်ခြင်းများမှ သူတို့အား သင့်တော်သလို ခြွင်းချက်များ ခွင့်ပြုပေးခြင်း တို့ပါဝင်ပါသည်။   အဆိုပါ အကြံပြုချက်များကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ် (World Health Organization) က အစိုးရများသို့ ပေးပို့သည့် လမ်းညွှန်ချက်နှင့် အပြည့်အဝ ညီညွှတ်သည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (International Labour Organization) မှ  မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် သုံးပွင့်ဆိုင် ထုတ်ပြန်ချက်အားဖြင့် ပံ့ပိုးပေးထားပါသည်။[2]

ကျွန်ုပ်တို့အနေဖြင့် G20 ခေါင်းဆောင်များနှင့် ဝန်ကြီးများအား တိုက်တွန်းသည်မှာ အစိုးရများထံ အကြံပြုသည့် ဤအကြံပြုချက်များကို အပြည့်အဝ အကောင်အထည်ဖော်ပေးရန် သေချာစေရန်အတွက် ဖြစ်နိုင်သမျှ အရာတိုင်းကို လုပ်ပေးရန်ဖြစ်ပါသည်။

များစွာသော ခရီးသွား ပိတ်ပင်မှုများကို ထပ်ဆင့်၍ သင်္ဘောသားများနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အရာရှိများအား သက်ရောက်မှုရှိနေသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ကျန်းမာရေး စိစစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများတို့နှင့်ဆက်နွှယ်သည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲများအတွက် အတားအဆီးဖြစ်နေသော အခက်အခဲများ – ၎င်းတို့မှာ ဘေးကင်းပြီး ထိရောက်သော ပင်လယ်ရေကြောင်းဆိုင်ရာ သယ်ယူပို့ဆောင်ရေး လှုပ်ရှားမှုများကို ဆက်လက်လုပ်ရန်အတွက် အခရာကျသည် – မှာ ကမ္ဘာ့ လေယာဥ်ကွင်း အမြောက်အမြားထံမှ လေးယာဥ်များ လက်ရှိ ဆိုင်းငံ့မှုဖြစ်ပါသည်။

လူသားချင်းစာနာသည့်အကြောင်းရင်းများအတွက် – နှင့်တကွ အပြည်ပြည်ဆိုင်ရာ ဘေးကင်းလုံခြုံရေးနှင့် အလုပ်အကိုင် စည်းမျဥ်းများနှင့်ညီညွှတ်ရန် လိုအပ်ချက် အတွက် – သင်္ဘောဝန်ထမ်းများ အပြောင်းအလဲလုပ်ရေးများကို အကန့်အသတ်မရှိ ရွှေ့ဆိုင်း၍ မရနိုင်ပါ။

လစဥ် (ပုံမှန် အခြေအနေများ၌) 100,000 နီးပါး သင်္ဘောသားများသည် သူတို့ လုပ်ကိုင်သည့် သင်္ဘောများပေါ်မှ အပြောင်းအလဲလုပ်ရန် လိုအပ်ပါသည်၊ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် သာယာဝပြောရေးကို အကာကွယ်ပေးရန် သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း စည်းမျဥ်းများနှင့် ညီညွှတ်ရန်တို့နှင့်တကွ အခြားသော လုပ်စရာများအနက် အရေးပါသော ကုန်ပစ္စည်းများနှင့် ထုတ်ကုန်များကို ရေကြောင်းဖြင့် ဘေးကင်းသော သယ်ယူပို့ဆောင်ရေးကို သေချားစေရန်အလို့ငှါ ဖြစ်ပါသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍက အသိအမှတ်ပြုသည်မှာ လေကြောင်းခရီးသွားမှု၊ သင်္ဘောများ၏ သင်္ဘောဝန်ထမ်းများ သွားလာမှုနှင့်တကွ ဆိပ်ကမ်းများရှိ ၎င်းတို့၏ အတက်အဆင်းတို့နှင့် ပတ်သက်၍ နိုင်ငံအများအပြား၌ လက်ရှိချမှတ်ထားသည့် ပိတ်ပင်မှုများနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများက ဆိုလိုသည်မှာ သင်္ဘောဝန်ထမ်း အများအပြား အပြောင်းအလဲလုပ်မှုတို့ကို အနည်းဆုံး ၂၀၂၀ ခုနှစ် မေလထိ၊ နှင့် ပိုမိုကြာမြင့်အောင် အလားအလာရှိသည့်တိုင်အောင် ရွှေ့ဆိုင်းထားရန် လိုအပ်နိုင်ကြောင်း ဆိုလိုပါသည်။

သို့သော်လည်း အလုပ်တာဝန် ပြီးဆုံးလာမည်ဖြစ်သည့် ထောင်ပေါင်း ဆယ်ဂဏန်းနှင့်ချီသော များပြားသည့် သင်္ဘောသားများသည် အိမ်ပြန်ပို့ခံရရန်အတွက် စောင့်ဆိုင်းနေလျက်ရှိနေကြပြီး မကြာမီအချိန်အတွင်း အလံတင်နိုင်ငံ စီမံအုပ်ချုပ်ရေးများက သင်္ဘောသားများအတွက် သူတို့၏ သင်္ဘောများပေါ်၌ ဆက်လက်နေရန် သက်တမ်းတိုးပေးမှုများကို ခွင့်ပြုရန် လိုလားမှု မရှိတော့နိုင်မည့် အခြေအနေသို့ ကျွန်ုပ်တို့ ရောက်ရှိသွားနိုင်ပါသည်။

လုပ်ငန်းကဏ္ဍအတွက် အကြီးအကျယ် စိုးရိမ်မှုတစ်ရပ်လည်းဖြစ်သည်မှာ ချမှတ်ထားသော ပိတ်ပင်မှုများကြောင့် ထောင်နှင့်ချီသော သင်္ဘောသားများမှာ ပင်လယ်ပြင်၌ လပေါင်းများစွာ နေခဲ့ရပြီးဖြစ်သည့် အခြေအနေသို့ တွန်းပို့ခဲ့ပြီးဖြစ်သည့်အပြင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးအရ၊ လုပ်စရာလိုအပ်နေသည့် အလုပ်တာဝန်များနှင့် ပူးပေါင်း၍ ၎င်းသည် ပင်လယ်ရေကြောင်းဆိုင်ရာ မတော်တဆဖြစ်ရပ်နှင့် ဘေးဒုက္ခ ဖြစ်ပွားခြင်း၏ အန္တရာယ်ကို အထပ်ထပ် တိုးမြှင့်စေမည်ဖြစ်သည်၊ ၎င်းမှာ ယိမ်းယိုင်နေပြီးဖြစ်သည့်အပြင် ဆွဲဆန့်ခံရသည့် ကမ္ဘာ့ စီးပွားရေးအတွက် တုန်လှုပ်စရာကောင်းသော အခြေအနေတစ်ရပ်ဖြစ်ပါသည်။  

ထို့ကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ နည်းဗျူဟာတစ်ရပ် လိုအပ်ပါသည်၊ ကမ္ဘာ့ ကုလသမဂ္ဂ အထူးအေဂျင်စီများ၊ အစိုးရများ နှင့် အဓိက လေကြောင်းကုမ္ပဏီများအပါအဝင် အခြားသော သက်ဆိုင်ရာ ပါဝင်လုပ်ကိုင်သူများ အကြားတွင် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်ကို ဆောင်ရွက်ပေးရန်ဖြစ်သည်၊ လက်တွေ့ကျနိုင်မျှ အမြန်ဆုံးအားဖြင့် သင်္ဘောများ၏ သင်္ဘောဝန်ထမ်းများ သွားလာလှုပ်ရှားမှုနှင့် အပြောင်းအလဲလုပ်မှုကို ပံ့ပိုးပေးရန်အတွက် ဖြစ်သည်။

ချက်ချင်းလုပ်ရမည့် အဆင့်တစ်ရပ်အဖြစ် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်မှုများ အမြန်ဆုံး ပြန်လည်လုပ်ဆောင်နိုင်မည့် မိမိတို့၏နိုင်ငံတွင်းရှိ ဆိပ်ကမ်းများ ၊ နီးစပ်ရာ သင့်တော်သော လေယာဥ်ကွင်းများကို ဖော်ထုတ်ပေးရန်နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့ချုပ် (IMO) နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်း အဖွဲ့အစည်း (International Civil Aviation Organization) တို့အား အကြောင်းကြားပေးရန် ကျွန်ုပ်တို့သည် အစိုးရများအား တောင်းဆိုပါသည်။

ဆေးဘက်ဆိုင်ရာ အရေးပေါ် ဖြစ်ရပ်များ၌ ရောက်ရှိလာသည့် သင်္ဘောသားများအား ကမ်းခြေတွင် အရေးပေါ် ဆေးဝါးကုသမှု ပံ့ပိုးပေးရန် နှင့် အကယ်၍ လိုအပ်လျှင် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် ၂၀၀၆ ခုနှစ် (ILO Maritime Labour Convention, 2006) ကပြဌာန်းထားသည့်အတိုင်း အရေးပေါ် အိမ်ပြန်ပို့ပေးရေးကို ပံ့ပိုးပေးရန်ကိုလည်း ကျွန်ုပ်တို့သည် အစိုးရများအား တောင်းဆိုပါသည်။

အရေးပေါ်ကိစ္စတစ်ရပ်အနေဖြင့်လည်း ကျွန်ုပ်တို့ တောင်းဆိုသည်မှာ နိုင်ငံ့အာဏာပိုင်များအနေဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်မှုများ ဆောင်ရွက်ရေး၏ ပြင်းထန်သည့် အခက်အခဲများအတွက် ဖြေရှင်းပေးချက်များကို စူးစမ်းရန်အလို့ငှါ မိမိတို့ နိုင်ငံ သင်္ဘောပိုင်ရှင်များ အသင်းအဖွဲ့၊ သင်္ဘောသားများ၏ သမဂ္ဂများ နှင့် အခြား သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများတို့နှင့် ချက်ချင်း ဆက်သွယ်ဆောင်ရွက်သင့်သည်၊ ထို့သို့မှ မဟုတ်လျှင် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ ဆက်လက် လည်ပတ်ပေးစေရန်ကိုလည်းလုပ်ဆောင်ရင်း COVID-19 ကမ္ဘာအနှံ့ပျံ့နှံ့မှု ဖြေရှင်းရန် စုပေါင်း အားထုတ်မှုအပေါ် နှေးကွေးသွားမည့် အန္တရာယ်နှင့်ရင်ဆိုင်ရာရောက်မည်ဖြစ်သည်။  

ကျွန်ုပ်တို့ ထပ်ဆင့်၍ အကြံပြုသည်မှာ သင်္ဘောများ၏ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်မှုများ၏ ပြဿနာနှင့် ပတ်သက်သည့် အထူး G20 အလုပ်တပ်ဖွဲ့တစ်ရပ် တည်ထောင်ရေးသည် ကိုရိုနာဗိုင်းရတ်စ် ကမ္ဘာအနှံ့ရောဂါပျံ့နှံ့မှုအပေါ် ထိရောက်သည့် တုံ့ပြန်မှုတစ်ခုကို ကြီးမားစွာဖြင့် ဖြည့်စွက်ပေးပါလိမ့်မည်။

ဤအချိန်မှာ အစိုးရများအတွက် ခက်ခဲသည့် အချိန်အခါဖြစ်ကြောင်း ကျွန်ုပ်တို့ အလေးအနက်ထားပြီး ပင်လယ်ရေကြောင်းဆိုင်ရာ သယ်ယူပို့ဆောင်ရေး၏ အရေးကြီးပုံကို အသိအမှတ်ပြုပေးရာ၌ G20 က လုပ်ပေးခဲ့ပြီးဖြစ်သည့် ဦးဆောင်မှုကို ကျွန်ုပ်တို့ ကြိုဆိုပါသည်။  ကျွန်ုပ်တို့သည် G20 နှင့် အတူတကွ လုပ်ကိုင်ရန် အဆင်သင့် ရပ်တည်ပါသည်၊ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ ဆက်လက် လည်ပတ်နိုင်ကြောင်း၊ နှင့် ကမ္ဘာတစ်ဝန်း ကူးသန်းသွားလာနေသည့် သင်္ဘောများအတွက် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ပံ့ပိုးပေးရခြင်း၏ ရှုပ်ထွေးသည့် အခက်အခဲအပေါ် ဖြေရှင်းချက်တစ်ရပ် တွေ့ရှိနိုင်ကြောင်းတို့ကို သေချာစေရန်ဖြစ်ပါသည်။

 

Guy Platten, အတွင်းရေးမှူးချုပ်၊ ICS                                               Stephen Cotton, အထွေထွေ အတွင်းရေးမှူး၊ ITF

[1] http://www.imo.org/en/MediaCentre/HotTopics/Documents/Circular%20Letter%20No.4204Add.6%20%20Coronavirus%20Covid-19%20Preliminary%20List%20Of%20Recommendations.pdf

[2] https://www.ilo.org/global/standards/maritime-labour-convention/special-tripartite-committee/WCMS_740130/lang--en/index.htm

 

 

 

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.