Skip to main content

ITF သည် ဆူဒန် နှင့် လက်ဘနွန် နိုင်ငံတို့တွင် ပထမဦးဆုံးအကြိမ် ပံ့ပိုးပေး

22 Apr 2020

Covid-19 တားမြစ်ပိတ်ပင်မှုများ ရှိသော်လည်း၊ ITF သည် ဆူဒန် နှင့် လက်ဘနွန် နိုင်ငံများရှိ စွန့်ပစ်ခံထားရသော သင်္ဘောသားများအား ပထမဦးဆုံးအကြိမ် ပံ့ပိုးပေးခဲ့ပြီး ဤဒေသတွင်း၌ အလားတူ ကိစ္စများ များပြားလာသည့် အလျောက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီပံ့ပိုးမှုကို ဆောင်ရွက်ပေးခဲ့ပါသည်။

ဆူဒန်နိုင်ငံ၌ ITF သည် အခြေခံစားကုန် သို့မဟုတ် တစ်ကိုယ်ရေ သန့်စင်ရေး မရှိမဖြစ် လိုအပ်ပစ္စည်းများ ရယူရန် ဆိပ်ကမ်းမှ ထွက်ခွာ၍ မရနိုင်ခဲ့သည့် အီဂျစ်နိုင်ငံသား သင်္ဘောသား ခုနှစ်ဦးတို့ကိုလည်း စားကုန်များ ဖြန့်ချီပေးခဲ့ပြီး အရေးကြီးစွာဖြင့် ၂၀၁၉ ခုနှစ် ဧပြီလကတည်းက မရရှိခဲ့သေးသည့် လုပ်ခများကို ရယူပေးခဲ့ပါသည်။

တန်ဇင်းနီးယား အလံငှါး သင်္ဘော (Tanzanian-flagged Nader (IMO 7529861)) သင်္ဘောဝန်ထမ်းများသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ၌ Suakin ဆိပ်ကမ်းတွင် ၎င်းတို့၏ သွားလာလှုပ်ရှားမှုများကို အကြီးအကျယ် ကန့်သတ်ခံရပြီး အိမ်ပြန်ရန် လမ်းစ လုံးဝမရှိဘဲ ချောင်ပိတ်မိခံနေခဲ့ရသည်။

ပိုင်ရှင်အနေဖြင့် သူ၏ တာဝန်ဝတ္တရားများ ပျက်ကွက်ပြီးနောက် ITF သည် လူသားချင်းစာနာသည့် ပံ့ပိုးမှုကို ပေးကမ်းခဲ့သည်၊ တန်ဇင်းနီးယား အလံနိုင်ငံ စီမံအုပ်ချုပ်ရေးသည် လုံးဝ မျက်ကွယ်ပြုခဲ့ပါသည်။  ITF သည် ဆူဒန်နိုင်ငံရှိ မိမိ၏ အဆက်အသွယ်ဖြစ်သူ Mohammed Abdelhafiz Abdelhalim Mahmoud အား သင်္ဘောသားများထံသို့ စားကုန်များ ပေးပို့ရာ၌ သူတို့၏ အလွန်ကြီးကျယ်သည့်လုပ်ရပ်နှင့် ပံ့ပိုးမှုအားလုံးအတွက် ကျေးဇူးတင်ခဲ့ပါသည်။ ညီတူညီမျှစွာဖြင့် ITF သည် Suakin ဆိပ်ကမ်း ဒု-ညွှန်ကြားရေးမှူးဖြစ်သူ Ahmed Altoum Mohamed အား သူ၏ ပံ့ပိုးပေးမှုအတွက် ကျေးဇူးတင်ခဲ့ပါသည်။

သင်္ဘောသား အချို့သည် သူတို့ ရရန်ရှိသည့် လုပ်ခများကို ရရှိခဲ့ကြသည်၊ ကျန်ရှိသူများမှာ Covid-19  ခရီးသွား တားမြစ်ပိတ်ပင်မှုများ ဖြေလျှော့သွားသည်နှင့်တစ်ပြိုင်နက် လုပ်ခအပြည့်နှင့် အီဂျစ်နိုင်ငံသို့ ပြန်ပို့ခံရရန် စောင့်ဆိုင်းနေလျက်ရှိသည်။ 

ဒုတိယ ဖြစ်ရပ်တစ်ခုတွင်၊ ဆီးရီးယား သင်္ဘောသား ၁၈ ယောက်မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် လက်ဘနွန်နိုင်ငံ ဘေးရုဒ် မြို့၌ ဆီရီယာလီယုံး အလံအငှါး သင်္ဘော (Hannoud-o (IMO 8813037)) ပေါ်၌ စွန့်ပစ်ထားခံရသည်။ သင်္ဘောသားများမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ လုပ်ခ မရရှိခဲ့ပါ၊ ပိုင်ရှင်ထံမှ မည်သည့် သတင်းအချက်အလက်မျှ မရရှိခဲ့ဘဲ ဆီရီယာလီယုံး အလံနိုင်ငံ စီမံအုပ်ချုပ်ရေးမှ မည်သည့် ပံ့ပိုးမှုမျှ လုပ်မပေးခဲ့ပါ။ 

ITF သည် သင်္ဘောသားများထံသို့ လူသားချင်းစာနာသည့် စားကုန်ပစ္စည်းများကို ပေးပို့နိုင်ခဲ့ပါသည်၊ လက်ဘနွန်နိုင်ငံရှိ ITF အဆက်အသွယ်များဖြစ်သူ Haytham Chaaban နှင့် Nasser Nezzal တို့အား ကျေးဇူးတင်ရှိခဲ့သည်။  ထို့ပြင်၊ လက်ဘနွန်နိုင်ငံ သင်္ဘောသားများ အဖွဲ့ (Lebanese Seamans’ Syndicate) သည် များစွာသော အခက်အခဲကြားထဲမှ ပံ့ပိုးပစ္စည်းများ သင်္ဘောသားများထံသို့ ရောက်ရှိစေရန် သေချာအောင် လုပ်ပေးရာ၌ ထက်မြက်သော အခန်းကဏ္ဍတွင် ပါဝင်လုပ်ဆောင်ပေးခဲ့သည်။

ITF အာရတ်ကမ္ဘာ နှင့် အီရန် အဆက်အသွယ်ကွန်ခြာ ညှိနှိုင်းရေးအရာရှိ Mohamed Arrachedi သည် ဖြစ်ရပ် နှစ်ခုလုံးတွင် ပါဝင်လုပ်ဆောင်ခဲ့ပါသည်- “ကျွန်ုပ်တို့သည် ဒေသအတွင်း စွန့်ပစ်ထားမှု အရေအတွက် များပြားလာနေသည်ကို တွေ့ရှိနေရသည်၊ စွန့်ပစ်ထားမှု အများအပြားမှာ Sudan,  Lebanon, Kuwait, Iran နှင့် Djibouti တို့တွင် ဆက်တိုက်ဖြစ်ပွားနေလျက်ရှိပါသည်။ ITF သည် သင်္ဘောပိုင်ရှင်များ၏ ဤလုပ်ရပ်ကို ရှုတ်ချသည်၊ ကျွန်ုပ်တို့အနေဖြင့် သူတို့အား တာဝန်ခံမှု မရှိစေဘဲ လုပ်ခွင့်ပြုမည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် သူတို့အား ဖော်ထုတ်ပြီး သင်္ဘောသားများ၏ ဂုဏ်သိက္ခာနှင့် အခြေခံ အခွင့်အရေးများကို ရရှိအောင်လုပ်ပါမည်။"

“Covid-19 ကြောင့် အပို မသေချာ မရေရာမှုနှင့်တကွ သင်္ဘောသား အများအပြားသည် လက်မခံနိုင်လောက်သော စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု အဆင့်များကို ကြုံတွေ့နေလျက်ရှိပါသည်။ ပင်လယ်ရေကြောင်းဆိုင်ရာ လုပ်ငန်းကဏ္ဍ တစ်ရပ်လုံးအနေဖြင့် ဤဘေးကပ်ကြီးမှ အလွန်ကြီးမားသည့် ဝန်ထုတ်ဝန်ပိုးကြီးကို သင်္ဘောသားများ ခါးစည်းမခံရရန် သေချာစေအောင် ဝိုင်းဝန်း၍အတူတကွ လုပ်ကိုင်ရမည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.