Skip to main content

COVID-19 ကို အလုပ်ခွင်ဆိုင်ရာ ရောဂါတစ်ခုအဖြစ် အသိအမှတ်ပြုခြင်း

29 Apr 2020

တစ်ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂများ၏ ကောင်စီ ထုတ်ပြန်ချက်

အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အထိမ်းအမှတ်နေ့ ၂၀၂၀ ခုနှစ် (International Workers Memorial Day 2020[1],) အခါသမယတွင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ် သမဂ္ဂ လှုပ်ရှားမှုသည် ကမ္ဘာတစ်ဝန်းရှိ အစိုးရများ နှင့် အလုပ်ခွင်ဆိုင်ရာ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အဖွဲ့အစည်းများအပေါ် SARS-CoV-2 ကို အလုပ်ခွင်ဆိုင်ရာ ဘေးအန္တရာယ်အဖြစ်နှင့် COVID-19 ကို အလုပ်ခွင်ဆိုင်ရာ ရောဂါတစ်ခုအဖြစ် အသိအမှတ်ပြုရန် တောင်းဆိုလိုက်သည်။

COVID-19 ရောဂါပျံ့နှံ့မှုကို နှေးကွေးသွားစေရန် အမျိုးမျိုးသော ပုံစံများဖြင့် ပိတ်ပင်မှုအောက်၌ ကမ္ဘာတစ်ဝန်း လူဦးရေ သုံးပုံတစ်ပုံ နေထိုင်နေရချိန်၌ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ စောင့်ရှောက်မှု၊ အရေးပေါ် ဝန်ဆောင်မှုများ၊ စိုက်ပျိုးရေး၊ အစားအစာနှင့် လက်လီရောင်းချရေး၊ သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ အခြေခံ အဆောက်အအုံနှင့် ဆောက်လုပ်ရေး လုပ်ငန်းနှင့်တကွ အခြားသော အများပြည်သူ ဝန်ဆောင်များ (နောက်ဆက်တွဲကို ကြည့်) အပါအဝင် သန်းနှင့်ချီသော အလုပ်သမားများသည် လူမှုအဖွဲ့အစည်း ဆက်လက် လည်ပတ်နေစေရန် သွက်လက်စွာဖြင့် ဆက်လက်လုပ်ကိုင်ပေးသည်။ ကြီးမားသော လူများစုမှာ ဇီဝပိုးမွှားများကြောင့် ဖြစ်ပွားသည့် အသိအမှတ်ပြုထားသည့် လုပ်ငန်းခွင်ဆိုင်ရာ ရောဂါကို ထိတွေ့သည့်အခါ လိုအပ်သည့် အလုံးစုံ အကာအကွယ်ပေးမှု မရှိဘဲ ထိုသို့လုပ်ဆောင်နေရသည်။ ဤသို့ဖြင့် အလုပ်သမားများ၊ သူတို့၏ မိသားစုများနှင့် သူတို့ နေထိုင်နေသည့် လူမှုအသိုင်းအဝိုင်းအပေါ် အကြီးအကျယ် အန္တရာယ်ရှိပါသည်။  

အလုပ်သမားများအနေဖြင့် SARS-CoV-2 ကိုရိုနာဗိုင်းရတ်စ်ကို အလုပ်ခွင်ဆိုင်ရာ ဘေးအန္တရာယ်[2] အဖြစ် တရားဝင် အသိအမှတ်ပြုမှုကို အရေးပေါ် လိုအပ်ပါသည်။ အခြား အလားတူ ဘေးအန္တရာယ်တစ်ခုခုကဲ့သို့ မိမိတို့၏ အလုပ်သမားများကို  ၎င်းမှ လက်တွေ့ကျနိုင်သမျှ အကာအကွယ်ပေးရန် အလုပ်ရှင်များ၏ တာဝန်ဖြစ်ပါသည်။ ဆိုလိုသည်မှာ တင်းကျပ်သော တစ်ကိုယ်ရေ သန့်စင်ရေး လုပ်ဆောင်ချက်များ၊ လူမှုရေးဆိုင်ရာ ခပ်ခွာခွာနေခြင်း၊ အမျိုးအစားမှန်ကန်သော လုံလောက်သည့် ကိုယ်ရေးကိုယ်တာ အကာအကွယ်ပေး ကိရိယာပစ္စည်း (ချမှတ်ထားသည့် တိကျသော အစီအစဥ်နှင့်တကွ)၊ နှင့်  အထူးသဖြင့် စစ်ဆေးခြင်းကို  အဆင်သင့် ပိုမို ရရှိနိုင်သည့်အခါ ရောဂါနှင့်အထိအတွေ့ ရှိသည့် အလုပ်သမားများနှင့် သူတို့နှင့် အထိအတွေ့ရှိနိုင်ဖွယ်သောသူများကို စစ်ဆေးခြင်း၊ ရှာဖွေခြင်းနှင့် ထောက်လှမ်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများတို့ကို ဆိုလိုသည်။  

ထို့ပြင် အလုပ်သမားများသည် COVID-19 ကို အလုပ်ခွင်ဆိုင်ရာ ရောဂါတစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြုပေးရန် လိုအပ်ပါသည်။  အဆိုပါ အသိအမှတ်ပြုမှုမှာ အလုပ်သမား ကိုယ်စားပြုရေး အပေါ် အခ္ငင့်အရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာ ဘေးကင်းရေးနှင့် ကျန်းမာရေး (OSH) အခွင့်အရေးများနှင့်တကွ အန္တရာယ်ကို လျှော့ချပေးရန် သဘောတူထားသည့် အရေးယူလုပ်ဆောင်မှုများ သွတ်သွင်းရေးတို့ကို သေချာစေမည်ဖြစ်ပါသည်။ ဤအခွင့်အရေးများတွင် အန္တရာယ်မကင်းသော အလုပ်လုပ်ကိုင်ရာ အခြေအနေများတွင် အလုပ်ကို ငြင်းဆိုရန် အခွင့်အရေး ပါဝင်သည်။  အလုပ်ခွင်နှင့်ဆက်စပ်သည့် နာမကျန်းဖြစ်ပွားမှုများ သတင်းပို့ခြင်းနှင့် မှတ်တမ်းတင်ခြင်းကို  အစိုးရများအနေဖြင့် သတ်မှတ်ရပေးမည်ဖြစ်ပြီး အလုပ်ခွင်နှင့် ဆက်စပ်သည့် COVID-19 ကူးစက်ခံရသူများနှင့် ၎င်းတို့၏ သက်ရောက်ခံရသော မိသားစုများအတွက် ဆေးဖက်ဆိုင်ရာ စောင့်ရှောက်မှု အပြည့်အဝ နှင့်တကွ လျော်ကြေးပေးသည့် အစီအစဥ်ကို သေချာပေးစေရမည်ဖြစ်သည်။

ထို့ကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ် သမဂ္ဂ လှုပ်ရှားမှုသည် ကမ္ဘာတစ်ဝန်းရှိ အစိုးရများအပေါ် ဤအလုပ်သမားများအား အကာအကွယ်ပေးရန် လိုအပ်သည့် အဆင့်ဆင့် အချက်များကို လုပ်ပေးရန်အတွက် တောင်းဆိုပါသည်။  ပထမဦးစွာ၊ SARS-CoV-2 အပါအဝင် အားလုံးသော အလုပ်ခွင် ဘေးအန္တရာယ်များမှ မိမိတို့ အလုပ်သမားများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို အကာအကွယ်ပေးရန် မိမိတို့၏ တာဝန်များကို အလုပ်ရှင်များက သတိရစေရန် သေချာအောင်လုပ်ပေးခြင်းအားဖြင့်လည်းကောင်း၊ ဒုတိယအနေဖြင့် အားလုံးသော အလုပ်သမားများမှာ ပြင်ဆင်ပေးနေသည့် အလုပ်ခွင်ဆိုင်ရာ ရောဂါစနစ်များအရ အကာအကွယ်ရရှိကြောင်း အဆိုပါစနစ်တွင် လူတစ်ဦး၏ အလုပ်သည် သူတို့အား SARS-CoV-2 ထိတွေ့မှု အန္တရာယ် ကျရောက်ခဲ့သည်ကို ‘ ဆန့်ကျင်ခြေပနိုင်သော မှတ်ယူမှု’ ပါရှိစေရန် သေချာအောင်လုပ်ပေးခြင်းအားဖြင့် COVID-19 ကို အလုပ်ခွင်နှင့် ဆက်နွှယ်သည့် ရောဂါ အဖြစ် အသိအမှတ်ပြုပေးပြီး လျော်ကြေးပေးသင့်ပါသည်။[3]

COVID-19 ကူးစက်မှုများ ကိစ္စ၌ ဆန့်ကျင်ခြေပနိုင်သော မှတ်ယူမှု ပါဝင်ခြင်း ဆိုလိုမည်မှာ ရောဂါသည် အလုပ်ခွင်၌ အလုပ်သမား၏  SARS-CoV-2 ထိတွေ့မှုမှ ဖြစ်ပေါ်လာရန် မှတ်ယူသည်၊ အကယ်၍ ဆန့်ကျင်သည့် အပြီးသတ် သက်သေအထောက်အထားကို အလုပ်သမားများ၏ လျော်ကြေးအတွက် ဥပဒေဆိုင်ရာနှင့် စည်းမျဥ်းစည်းကြပ်ရေးဆိုင်ရာ ဖွဲ့စည်းမှုအတွင်းရှိ သက်ဆိုင်သည့် အာဏာပိုင်များထံ တင်ပြနိုင်ခြင်း မရှိလျှင် မှတ်ယူရန်ဖြစ်သည်။ အလုပ်ခွင် ဆိုသည့် စကားရပ် အဓိပ္ပါယ် သတ်မှတ်ချက်တွင် အလုပ်မှအိမ် အသွားအပြန် ပါဝင်သည်။  လုပ်ငန်းခွင်ဆိုင်ရာ ရောဂါအဖြစ် အဆိုပါ အသိအမှတ်ပြုခြင်းအားဖြင့် အလုပ်ရှင်များသည် တာဝန်ရှိစေပြီး လျော်ကြေးအတွက်ကျခံစေကာ ပေါ့ဆသော အလုပ်ရှင်များမှာ ပြစ်ဒဏ်ကျခံရစေပါသည်။[4]

အလုပ်သမားများအတွက် ဤအမျိုးအစားဖြစ်သည့် အကာအကွယ်ပေးရေးနှင့် အသိအမှတ်ပြမှုသည် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အရေးယူလုပ်ဆောင်မှုများကို ဖြစ်နိုင်သမျှ အဆုံးစွန်အထိ ချမှတ်ထားရန်ကို သေချာစေခြင်းအားဖြင့် သူတို့အား လေးစားမှု ပြသနေခြင်း၏ အစဖြစ်ပါလိမ့်မည်ဖြစ်ပြီး အကယ်၍ ကံမကောင်း အကြောင်းမလှ၍ သူတို့ COVID-19 ကို ကူးစက်ခံရလျှင် သူတို့တွင် သာနာမျှတသော လျော်ကြေးရမည်ဖြစ်ပါသည်။  ကူးစက်မှုကို အကာအကွယ်ပေးခြင်းအားဖြင့် အလုပ်သမားများ၏ ကျန်းမာရေးကို ကာကွယ်ခြင်းကို အမြဲတမ်း ပထမ ဦးစားပေးမှု ဖြစ်သင့်သော်လည်း နာမကျန်း ဖြစ်လာသည့် အလုပ်သမားများကို အလုပ်မှ နာမကျန်းဖြစ်ရသည့်အတွက် သူတို့ ငွေကြေးဆိုင်ရာ အခက်အခဲ ကြုံတွေ့မည် ဟုတ်မဟုတ် အပေါ် စိုးရိမ်မနေဘဲ ပြန်လည်ကောင်းမွန်လာမှုအပေါ် အလေးထားပေးသင့်သည်။   

သေဆုံးသူများနှင့် ဒဏ်ရာရသော အလုပ်သမားများအတွက် အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်ပွဲနေ့တွင် ကျွန်ုပ်တို့သည် အလုပ်ခွင် အသေအပျောက်များ၌ သို့မဟုတ် အလုပ်ခွင် ထိတွေ့မှုများ၏ နောက်ဆက်တွဲပြဿနာကြောင့် နှစ်စဥ် သေဆုံးသော သန်းနှင့်ချီရှိသည့် အလုပ်သမားများကို သတိအမှတ်ရပါသည်။ ဤနှစ်တွင် ကမ္ဘာကြီးမှာ ဆိုးသွမ်းလှသည့် ရောဂါပျံ့နှံ့မှု၏ ကိုင်လှုပ်ခံရစဥ် ကျွန်ုပ်တို့တွင် မှန်ကန်သောအရာကို လုပ်ရန် အကြောင်းရင်း အပိုတစ်ခု ရှိပါသည်။  အလုပ်သမားများသည် လူ့အသက်များကို ကယ်ဆယ်ရန် သေနေကြပါသည်။  သူတို့သည် ကျွန်ုပ်တို့၏ ပံ့ပိုးမှုကို ခံစားထိုက်သည်၊ သူတို့သည် ကျွန်ုပ်တို့၏ ကျေးဇူးတင်ရှိမှုကို ခံယူထိုက်သည်။  SARS-CoV-2 ကို ထိတွေ့မှုအား ကြိုတင်ကာကွယ်ပေးနိုင်သည့် အလုပ်ခ္ငင်ဆိုင်ရာ ဘေးအန္တရာယ် တစ်ခုအဖြစ် အသိအမှတ်ပြုရမည်ဖြစ်ပြီး အလုပ်နှင့် ဆက်စပ်သည့် COVID-19 ကို အလုပ်ခွင်ဆိုင်ရာ ရောဂါတစ်ခုအဖြစ် အသိအမှတ်ပြုပြီး လျော်ကြေးပေးရမည်ဖြစ်သည်။

 

 [1]International Workers Memorial Day is also known as the International Commemoration Day for Dead and Injured Workers.

[2]The government of Argentina and the Italian National Institute for Insurance against Accidents at Work (INAIL) have already recognised COVID-19 as an occupational disease.

[3]ILO Recommendation 194 (List of Occupational Diseases) recommends that the national list of occupational diseases (for the purposes of prevention, recording, notification and, if applicable, compensation) should include, among others, diseases caused by biological agents at work ‘where a direct link is established scientifically, or determined by methods appropriate to national conditions and practice, between the exposure to these biological agents arising from work activities and the disease contracted by the worker.’ COVID-19 falls within the scope of Article 1.3.9 of the Annex to the Recommendation.

[4]This recognition would also facilitate case handling by national contact points of the OECD Guidelines for MNEs, enabling timely relief to workers calling for help.


နောက်ဆက်တွဲ

SARS-CoV-2 အထိအတွေ့ရှိ ရှေ့တန်း အလုပ်သမားများ COVID-19 အန္တရာယ် ရှိသူ ပါဝင်သည်၊ သို့သော် ကန့်သတ်ထားသည် မဟုတ်သော်လည်း အောက်ဖော်ပြပါ အလုပ်များရှိ အလုပ်သမားများ-

  • ရဲ၊ မီးသတ်၊ အရေးပေါ် ဆေးဖက်ဆိုင်ရာ နည်းပညာရှင်များ သို့မဟုတ် ဆေးဘက်အကူများနှင့် ပထမ တုံ့ပြန်သူများအဖြစ် အလုပ်လုပ်ကိုင်ပြီး စဥ်းစားခံရသည့် အားလုံးသော တစ်ဦးချင်းပုဂ္ဂိုလ်များ
  • လူနာ စောင့်ရှောက်ရေး၌ လုပ်ကိုင်ပေးသည့် ကျန်းမာရေး စောင့်ရှောက်ပေးသူများ
  • စားကုန်ပစ္စည်းများနှင့် ဆေးဝါးများ ရောင်းချသည့် စတိုးဆိုင်များ
  • အစားအစာနှင့် သောက်စရာ ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေး
  • အိမ်ဝန်ဆောင်မှုများ၊ သန့်ရှင်းရေးသမားများ နှင့် အိမ်ဖော် အိမ်စေများနှင့် လုံခြုံရေးလုပ်သားများ
  • ကုသိုလ်ဖြစ်နှင့် လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများ
  • ဓါတ်ဆီဆိုင်များ နှင့် သယ်ယူပို့ဆောင်ရေးကို လိုအပ်သည့် စီးပွားလုပ်ငန်းများ
  • ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ
  • ကုန်မာ နှင့် အပိုပစ္စည်း စတိုးဆိုင်များ
  • မိလ္လာ လျှပ်စစ် စသည့် အသက်မွေးလုပ်ငန်းများ
  • စာ၊ စာတိုက်၊ သင်္ဘောလုပ်ငန်း၊ ထောက်ပံ့ ပို့ဆောင်ရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး၊ နှင့် သွားရောက်ယူငင်ပေးရေး ဝန်ဆောင်မှုများ
  • ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ
  • သတင်းထောက်များနှင့် သတင်းမီဒီယာ အလုပ်သမားများ
  • ကြေးနန်းဆက်သွယ်ရေးနှင့် အင်တာနက် နည်းပညာ လုပ်ငန်းများ
  • အဝတ်လျှော်ဖွတ် ဝန်ဆောင်မှုများ
  • အပြင် ယူဆောင် သုံးစွဲမှုအတွက် စားသောက်ဆိုင်များ
  • အိမ်မှ အလုပ်လုပ်ရန် ဖြန့်ချီပစ္စည်များ
  • မရှိမဖြစ် လိုအပ်သည့် စီးပွားလုပ်ငန်းများနှင့် လုပ်ငန်းလည်ပတ်မှုများအတွက် ဖြန့်ချီပစ္စည်းများ
  • သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
  • ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေး နှင့် အခြေခံ အဆောက်အအုံ စီမံကိန်းများတွင် လုပ်ကိုင်နေသည့် လျှပ်စစ် ပညာရှင်များနှင့် အလုပ်သမားများ
  • အိမ်၌ အခြေစိုက်သည့် စောင့်ရှောက်ရေးနှင့် ဝန်ဆောင်မှုများ
  • နေထိုင်ရေး အဆောက်အအုံများနှင့် ဂေဟာများ
  • အတတ်ပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ
  • ရှေ့တန်း အလုပ်သမားများ၏ မှီခိုသူများအတွက် နေ့ကလေးထိန်း စင်တာများ
  • မိလ္လာ လျှပ်စစ် အစရှိသည့် သက်မွေးလုပ်ငန်း ထုတ်ကုန်ပစ္စည်းများအတွက် ထုတ်လုပ်ရေး၊ ဖြန့်ချီရေး နှင့် ကုန်စည် ဖြန့်ချီရေး ကွင်းဆက်နှင့် ကိုယ်ရေးကိုယ်တာ အကာအကွယ်ပေး ကိရိယာပစ္စည်း၊ ဆေးဝါးများ နှင့် မရှိမဖြစ် လိုအပ်သည့် လုပ်ငန်းကဏ္ဍ စီမံထုတ်လုပ်ရေး၌ အသုံးပြုသည့် အရာပစ္စည်းများနှင့် ကိရိယာကဲ့သို့ လုပ်ငန်းကဏ္ဍများ
  • မိလ္လာ လျှပ်စစ် အစရှိသည့် သက်မွေးလုပ်ငန်း သမဂ္ဂ လည်ပတ်မှုများ
  • ဟိုတယ်များ
  • စျာပန ဝန်ဆောင်မှုများ

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.