Skip to main content

Covid-19: သင့် မေးခွန်းများ၊ ကျွန်ုပ်တို့၏ အဖြေများ

12 May 2020

တစ်ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရတ်စ် (Covid-19) ရောဂါကပ်ဘေးကြီးသည် မကြုံစဘူးဖြစ်ပြီး မျှော်လင့်၍ မရသည့် အခြေအနေများကို ဖန်တီးနေလျက်ရှိသည်၊ ၎င်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် ကြောက်မက်ဖွယ်ကောင်းသော စမ်းစစ်မှု ဖြစ်သည်သာမဟုတ်ဘဲ သန်းပေါင်းများစွာသောလူများ၏ ကျန်းမာရေး အတွက်နှင့် ကျွန်ုပ်တို့၏ နေ့စဥ် ဘဝများကို ကျွန်ုပ်တို့ လုပ်ကိုင်သည့်နည်းလမ်းအတွက်လည်း ကြောက်မက်ဖွယ်ကောင်းသော စမ်းစစ်မှု ဖြစ်ပါသည်။  

သင်္ဘောသားများမှာ တစ်ကမ္ဘာလုံးဆိုင်ရာ လူမှုအသိုင်းအဝိုင်းထံ ကုန်စည်ဖြန့်ချီပစ္စည်းများ ပို့ချပေးပြီး ကျွန်ုပ်တို့အားလုံး အားထားနေရသည့် မရှိမဖြစ် လိုအပ်သည့် ကုန်ပစ္စည်းများကို အရောက်ပို့ချပေးရာ၌ သူတို့၏ အလုပ်အပေါ်ကြိုးစားအားထုတ်မှုနှင့် စွန့်လွတ်မှုအတွက် ချီးမွှမ်းခံရပြီး အသိအမှတ်ပြုခံရပါသည်။  ရောဂါကပ်ဘေးကြီးအပေါ် တစ်ကမ္ဘာလုံးဆိုင်ရာ လူမှုအသိုင်းအဝိုင်းထံမှ တုံ့ပြန်မှုအားဖြင့် သင်္ဘောသားများကဲ့သို့ အဓိက အလုပ်သမားများအား ဗိုင်းရတ်စ်မှ အကာအကွယ်ပေးနိုင်ရန် မည်သို့သေချာအောင်လုပ်မည်နှင့်ပတ်သက်၍ အခရာကျသော မေးခွန်း အများအပြားကို မီးမောင်းထိုးပြခဲ့ပါသည်။  

လမ်းညွှန်များကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ် (World Health Organisation (WHO)) မှ ထုတ်ပြန်ပေးခဲ့ပြီး နိုင်ငံများအနေဖြင့် ၎င်းတို့ကို မိမိတို့၏ နိုင်ငံ့ အခြေအနေများနှင့် အံဝင်ခွင်ကျစေရန် ခံယူခဲ့ကြသည်၊ သို့မှသာ အလုပ်သမားများ၏ သီးခြား လိုအပ်ချက်များအတွက် လုပ်ငန်းခွင်တွင် အကာအကွယ်ပေးရန် မူဝါဒများကို ချမှတ်နိုင်မည်ဖြစ်ပါသည်။ သက်သေအထောက်အထားများက အကြံပြုသည်မှာ Covid-19 ဗိုင်းရတ်စ်၏ ကူးစက်မှု အဓိက လမ်းကြောင်း နှစ်ကြောင်းရှိသည်- အသက်ရှူလမ်းကြောင်း အရည်စက်များမှတစ်ဆင့်နှင့် အထိအတွေ့တို့မှတစ်ဆင့် ဖြစ်သည်။  ထို့ပြင် ကူးစက်မှုသည် ကူးစက်ခံရသူ၏ အနီးအနားတစ်ဝိုက်ရှိ အဝတ်အစား၊ အသုံးအဆောင်၊ အိမ်ထောင်ပရိဘောဂ အစရှိသည့် အရာပစ္စည်းများမှတစ်ဆင့်လည်း ကူးစက်နိုင်သည်။   အချို့အခြေအနေများနှင့် အနေအထားများအရ လေထဲမှတစ်ဆင့် ကူးစက်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော်လည်း ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်းသည် သတိထားရမည့် ကိုင်တွယ်ပုံနည်းလမ်းကို အကြံပြုခဲ့သည် အဘယ်ကြောင့်ဆိုသော် အဆိုပါ ဗိုင်းရတ်စ်နှင့်ပတ်သက်၍ အကန့်အသတ်ရှိသော နားလည်မှုသာရှိသေးသည် ဖြစ်သောကြောင့် ကြိုတင်တားဆီးရေးနှင့် ကာကွယ်ရေးအတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (World Health Organisation) လမ်းညွှန်များကို ရည်ညွှန်းရန်ဖြစ်ပါသည်။

သင်္ဘောသားများမှာ သင်္ဘောများပေါ်ရှိ ဘဝနှင့်ပတ်သက်၍ ကျွန်ုပ်တို့အား ပြောပြခဲ့သည့် တိုက်ရိုက်စိုးရိမ်မှုများကို ဖြေရှင်းရန်အတွက် အရေးကြီးခဲ့သည်ဟု ကျွန်ုပ်တို့ ထင်မြင်ပါသည်။  ကုမ္ပဏီများသည် ကြိုတင်တားဆီးရေးနှင့် ကာကွယ်ရေး မူဝါဒများကို ချမှတ်ခဲ့သည်၊ ၎င်းတို့ကို လိုက်နာသင့်သည် သို့သော်လည်း တစ်ကိုယ်ရေ သန့်စင်ရေးနှင့် ကြိုတင်တားဆီးရေးတို့နှင့်ပတ်သက်၍ အကောင်းဆုံး လုပ်ကိုင်ပုံများကို နားလည်မှုသည် ၎င်းမူဝါဒများ၏ ထိရောက်မှုများကို ပို၍တိုးမြင့်စေပါမည်။  

မေးခွန်းများနှင့် အကြံပြုထားသည့် WHO လမ်းညွှန်မှာ အောက်ပါအတိုင်းဖြစ်သည်-
 

1. သင်္ဘောပေါ်လာရောက်သည့် ဧည့်သည်များ ကိုယ်ရေးကိုယ်တာ အကာအကွယ်ပေး ကိရိယာ (PPE) ဝတ်ဆင်ခြင်း

သင်္ဘောပေါ်ရောက်လာသည့် ဧည့်သည်များသည် နှာခေါင်းစည်း/လက်အိတ်များ နှင့် အခြား PPE ဝတ်ဆင် မထားခြင်း သို့မဟုတ် သူတို့ သင်္ဘောထဲရောက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ချွတ်လိုက်ခြင်းအား ကျွန်ုပ်တို့ စိုးရိမ်သင့်သလား။

နှာခေါင်းစည်းများမှာ ကူးစက်မှုကို တားဆီးပေးသည်ဟု အခိုင်အမာ အထောက်အထား မရှိသော်လည်း လှောင်ပိတ်နေသည့်နေရာများ၌ အသုံးပြုရန်အတွက် နိုင်ငံ့ လမ်းညွှန် အများအပြားတို့က ၎င်းတို့ကို အကြံပြုထားပါသည်။  ကုမ္ပဏီ မူဝါဒကို ရည်ညွှန်းရလိမ့်မည်ဖြစ်ပြီး ၎င်း၏ အားလုံးသော လမ်းညွှန်များကို ပြင်ပဧည့်သည်များ လိုက်နာစေရန် တောင်းဆိုသင့်ပါသည်။

ကြည့်ရှုရန်- နှာခေါင်းစည်းများကို မည်သည့်အချိန်နှင့် မည်ကဲ့သို ဝတ်ဆင်ပုံ

2. သင်္ဘောပေါ်မှ ထွက်ခွာသည့်အခါ နှင့် အိမ်သို့ သွားနေသည့်အခါ ကာကွယ်ခြင်း                    

သင်္ဘောပေါ်မှ ထွက်ခွာသည့်အခါနှင့် အိမ်သို့ သွားနေသည့်အခါ (လေယာဥ်ကွင်း သို့မဟုတ် ဟိုတယ်တွင် စောင့်ဆိုင်းနေစဥ်လေယာဥ်ပေါ် တက်နေစဥ်နှင့် လေယာဥ်ပေါ်ခရီးသွားနေစဥ်) ဝတ်ဆင်ရန် သင့်တော်သော အကာအကွယ်မှာ အဘယ်နည်း။

သင်္ဘောပေါ်မှ ဆင်းသည့်ကိစ္စ၌ နိုင်ငံ့ မူဝါဒများပေါ် မူတည်၍ သင်္ဘောသားများအား သူတို့၏ကုမ္ပဏီများက လုံလောက်သော အရေအတွက်ရှိသည့် PPE ကို သင်္ဘောပေါ်မှ ထွက်ခွာသည့်အချိန်နှင့် လေယာဥ်ကွင်း နှင့်/အိမ်သို့ ရောက်သည့်အချိန်အထိ ကာကွယ်ရန်အတွက် ပေးထားရန်လိုအပ်ပါသည်။   

3. သင်္ဘော မီးဖိုခန်းမှ ဖြစ်နိုင်သော ဗိုင်းရတ်စ် ကူးစက်မှု   
သင်္ဘောမီးဖိုခန်း၌ သို့မဟုတ် သင်္ဘောစားဖိုမှုးထံမှ အစားအစာ ပြင်ဆင်မှုမှတစ်ဆင့် ဗိုင်းရတ်စ် ကူးစက်နိုင်ပါသလား။

အစားအစာ သို့မဟုတ် အစားအစာ အထုပ်အပိုးမှတစ်ဆင့် COVID-19 ကူးစက်သည့် အတည်ပြုထားသော ရောဂါကူးစက်ခံရသူများ လက်ရှိ၌ မရှိသေးပါ။ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို မကိုင်တွယ်မီ သင့်လက်များကို ဆပ်ပြာနှင့်ရေဖြင့် ဆေးကြောပါ။ ယင်းနောက် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို သန့်ရှင်းသောရေဖြင့် အထူးသဖြင့် သင် ၎င်းတို့ကို အစိမ်းစားမည်ဆိုလျှင် အသေအချာ ဆေးကြောပါ။ 

ကြည့်ရှုရန်-  COVID-19 အတောအတွင်း ဘေးကင်းသော အစားအစာ အတွက် အဓိက အချက် ငါးချက်

4. သင်္ဘောပေါ်၌ အတူသုံးရသည့် အခန်းဖြင့် အိပ်စက်ရန် အစီအမံများနှင့် အကာအကွယ်ပေးခြင်း

အတူသုံးရသည့် အခန်းများ၌ အစီအမံများ လုပ်သည့်အခါ အနည်းဆုံး တစ်မီတာ အကွာအဝေး လူချင်း ခပ်ခွာခွာနေခြင်းဆိုင်ရာ အခြေခံစည်းမျဥ်းသက်ဆိုင်ကြောင်း ထည့်သွင်းစဥ်းစားရန် လိုအပ်သည်၊ သန့်ရှင်းရေး ပိုလုပ်ခြင်းနှင့် ပိုးသတ်ခြင်း လုပ်ထုံးလုပ်နည်းများနှင့်အတူတကွဖြစ်သည်။

5. အိမ်သာများ အတူ သုံးစွဲမှု                                                       အတူသုံးစွဲသည့် အိမ်သာများ၏ သုံးစွဲမှုနှင့် ပိုးသတ်သန့်စင်ရေးအတွက် လိုအပ်သည့် ကာကွယ်မှုများမှာ အဘယ်နည်း။

ရေချိုးခန်းနှင့် အိမ်သာ မျက်နှာပြင်များကို နေ့စဥ် အနည်းဆုံး တစ်ကြိမ် သန့်ရှင်းပေးပြီး ပိုးသတ်သန့်စင်ပေးပါ။ ပုံမှန် အိမ်သုံး ဆပ်ပြာ သို့မဟုတ် ဆပ်ပြာမှုန့်ဖြင့် ဦးစွာ သန့်ရှင်းပေးပြီး ယင်းနောက် ရေဖြင့်ဆေးပစ်ပြီးနောက် 0.1% ဆိုဒီယမ်ဟိုက်ဒရိုကလိုရိုက် ပါသော ပုံမှန် အိမ်သုံး ပိုးသတ်ဆေးရည်ဖြင့် ပိုးသတ်ပေးသင့်သည်။

အောက်ပါ အချိတ်အဆက်လင့်ကို ကြည့်ပါ-

https://bit.ly/3frHMU7

6. သင်္ဘောပေါ်ရှိ အတူသုံးသည့် အဝတ်လျှော်စက်များတွင် အင်္ကျီများနှင့် အလုပ်ဝတ်စုံတို့အား သင့်တော်သော ပိုးသတ်သန့်စင်ရေးကို မည်သို့ သေချာအောင်လုပ်မည်နည်း။  

အောက်ပါ အချိတ်အဆက်လင့်ကို ကြည့်ပါ-

https://bit.ly/2SH6zKc

https://bit.ly/2WcPSIM

7. အရေးပေါ် အလုပ်အတွက် PPE နှင့်ပတ်သက်၍ အကြံပြုချက်များ                           

သင်္ဘောပေါ်၌ လူချင်း ခပ်ခွာခွာနေခြင်းမှာ မဖြစ်နိုင်သည့်အခါ (ဥပမာ- သင်္ဘောစက်ယန္တရားများကို ပင့်မရန် နှင့်/သို့မဟုတ် ပြုပြင်ရန် သင်္ဘောဝန်ထမ်း များများလုပ်ရန်လိုအပ်သည့် ကုန်းပတ် သို့မဟုတ် စက်ခန်း မရှိမဖြစ် လိုအပ်သည့်အလုပ်) အရေးပေါ် အလုပ်အတွက် အသုံးပြုရန် နှာခေါင်းစည်း၊ လက်အိတ်များနှင့် အခြား PPE တို့နှင့်ပတ်သက်၍ အကြံပြုချက်များမှာ အဘယ်နည်း။ 

သင်ကိုယ်တိုင်နှင့် အခြားသူများ အကြား အနည်းဆုံး ၁ မီတာ (၃ ပေ) အကွာအဝေး ခြားထားပါ။  အဘယ်ကြောင့်နည်း။ တစ်စုံတစ်ဦး ခေါင်းဆိုး၊ နှာချေ သို့မဟုတ် စကားပြောသည့်အခါ ၎င်းသူတို့သည် သူတို့၏ နှာခေါင်း သို့မဟုတ် ပါးစပ်မှ ဗိုင်းရတ်စ်ပါနိုင်သည့် အရည်စက်သေးသေးလေးများ ပန်းထွက်တတ်ပါသည်။ အကယ်၍ သင် အလွန်နီးကပ်နေလျှင် အဆိုပါ အရည်စက်လေးများကို သင် ရှူသွင်းနိုင်သည်၊ အကယ်၍ အဆိုပါလူတွင် ရောဂါရှိလျှင် COVID-19 ဗိုင်းရတ်စ်ကိုလည်း သင် ရှူသွင်းနိုင်သည်။ ကြိုတင်ကာကွယ်သည့် အနေဖြင့် ဖြစ်နိုင်ခြေရှိသည့် ထိတွေ့မှုကို ကန့်သတ်ရန် အနည်းဆုံး နှာခေါင်းစည်းနှင့် လက်အိတ်များကို အသုံးပြုကြရန် အကြံပြုပါသည်။  

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.