Skip to main content

မမေ့ကြပါစို့- အိပ်ချ်အိုင်ဗွီ (HIV) ဆက်လက် ကာကွယ်တားဆီးရေး အလေးထား

03 Dec 2021

ယနေ့ (ဒီဇင်ဘာလ ၁ ရက်) နေ့တွင်ကျရောက်သည့် ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ (World Aids Day) တွင် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍတစ်ခုလုံးရှိ ပါဝင်ပတ်သက်သူများကို ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြီးအတောအတွင်း အိပ်ချ်အာဗွီ (HIV) ကာကွယ်တားဆီးရေး အလေးထားမှုကို လက်မလွတ်လိုက်ရန်နှင့် ယခုအချိန်အထိ ကြိုးကြိုးစားစား အောင်မြင်ခဲ့သည့် တိုးတက်မှုကို လွတ်ထွက်မသွားစေရန် တိုက်တွန်းလျက်ရှိပါသည်။

ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ ၂၀၂၁ ခုနှစ် (World Aids Day 2021) ၏ အဆောင်အယောင်မှာ “တန်းတူမရှိမှုများကို အဆုံးသတ်ပါ။ AIDS ကို အဆုံးသတ်ပါ။” နှင့်အတူ ကျန်ရစ်နေသူများကို လက်လှမ်းခေါ်ယူခြင်း ဖြင့် အထူး အလေးထားရန်ဖြစ်ပါသည်။ ITF သည် ဤအရေးကြီးသည့် လုပ်ငန်းတာဝန်ကို မီးမောင်းထိုးပြရန်နှင့် မရှိမဖြစ် လိုအပ်သည့် အိပ်ချ်အိုင်ဗွီ ဝန်ဆောင်မှုများကို ရယူရာ၌ တန်းတူမရှိမှုများ ကြီးထွားနေခြင်းကို တွန်းလှန်ရန် ထောက်ခံပေးနေလျက်ရှိသည်၊ အထူးသဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍတွင် လုပ်ကိုင်နေသူများ အတွက်ဖြစ်သည်။

အစိုးရအေဂျင်စီရုံးများအပါအဝင် လုပ်ငန်းကဏ္ဍတစ်ခုလုံးရှိ အလုပ်သမားသမဂ္ဂများ၊ အလုပ်ရှင်များနှင့် အားလုံးသော သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခက်အခဲများကို အတူတကွ ဆက်လက် တွန်းလှန်နေရင်း မိမိတို့၏ အိပ်ချ်အိုင်ဗွီ ကာကွယ်တားဆီးရေး၊ ကုသရေးနှင့် စောင့်ရှောက်ရေး ကြိုးပမ်းမှုများ/ပံ့ပိုးရေးကြိုးမှုများဆောင်ရွက်ရာ၌ ဆက်လက်တောင့်ခံထားရန်အတွက် အဖွဲ့အစည်းသည် အသစ်တဖန် တောင်းဆိုနေလျက်ရှိပါသည်။


ကိုဗစ်-၁၉ - ကြီးမားသော ယှဉ်ပြိုင်ဘက်မဲ့သူ

ကိုဗစ်-၁၉ သည် စီးပွားရေး၊ လူမှုရေး၊ ယဥ်ကျေးမှု၊ နှင့် တရားဥပဒေ ကိစ္စများတွင် လက်ရှိ တန်းတူမရှိမှုများကို ပိုမို၍ ပြင်းထန်စေခဲ့သည်။ လူ့အခွင့်အရေးအတွက် ကွဲလွဲမှု၊ ခြားနားကျယ်ပြန့်မှုနှင့် အလေးမထားမှုတို့မှာ အိပ်ချ်အိုင်ဗွီအဖို့ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အကျပ်အတည်း ဖြစ်လာပြီး ဆက်လက် ကြန့်ကြာနေစေသည့် ပျက်ကွက်မှုများ အနက် အချို့ဖြစ်ပါသည်။ မည်သည့်ရောဂါ တစ်ခုကိုမျှ အခြားသူ၏ ဆုံးရှုံးအနစ်နာခံမှုဖြင့် မတွန်းလှန်သင့်ပါ။

UNAIDS က ထောက်ပြသည်မှာ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြီးကြောင့် ဝန်ပိလွန်းသော ကျန်းမာရေးစနစ်များ၊ အသက်မွေးမှုလုပ်ငန်း ဆုံးရှုံးမှု၊ ပိတ်သိမ်းမှုများနှင့် ပိုမိုနည်းပါးသည့် အလုပ်အကိုင်အခွင့်အလမ်းများအားဖြင့်  မလုံခြုံသည့် လိင်ဆက်ဆံရေး၊ လိင်အကြမ်းဖက်မှုနှင့် လိင်ဆိုင်ရာအမြတ်ထုတ်ခေါင်းပုံဖြတ်ခြင်း၊ အလုပ်သဘော လိင်ဆက်ဆံရေးနှင့် ပြည့်တန်ဆာလုပ်ငန်းတို့ ပိုမိုကြီးထွားလာနိုင်ပြီး အိပ်ချ်အိုင်ဗွီ ကူးစက်မှု အသစ်များ ပိုမို များပြားလာစေသည်။ ထို့ပြင် နိုင်ငံများ၏ နယ်စပ်နှင့် နယ်စပ်တစ်ဖက်တစ်ချက်၌ ဆောင်ရွက်ပေးနေလျက်ရှိသည့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် အိပ်ချ်အိုင်ဗွီ ကုသမှုနှင့် ဝန်ဆောင်မှုများကို များသောအားဖြင့် ညှိနှိုင်းပြီးမှရသည့် ရယူမှုမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားကတည်းကစ၍ ပိုမိုဆိုးဝါးလျက်ရှိသည်။

အရေးပေါ်အခြေအနေအဖြစ် ကိုဗစ်-၁၉ ကို ဆက်လက်၍ မဖြစ်မနေ ဖြေရှင်းပေးနေရစဉ် ITF က အလေးထား ပြောကြားနေသည်မှာ နာတာရှည် ရောဂါပျံ့နှံ့မှုနှင့် ရောဂါကပ်ဘေးကြီးအသစ် နှစ်မျိုးလုံး၌ အကျပ်အတည်း နှစ်ထပ်ကွမ်း လက်ရှိကြုံတွေ့နေရသော အိပ်ချ်အိုင်ဗွီ အားနည်းချက်ရှိသည့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ အနစ်နာခံ ဆုံးရှုံးမှုဖြစ်ရာ မရောက်စေနိုင်ပါ။ ကမ္ဘာတစ်ဝန်း တုန်လှုပ်ခြောက်ခြားလောက်အောင် အိပ်ချ်အိုင်ဗွီ ရောဂါရှိသူ အရေအတွက် ဆက်လက်ရှိနေသေးသည်။ ၂၀၀၀ ခုနှစ်တွင်  လူပေါင်း တစ်သန်းနှင့်ငါးသိန်း (1,500,000) အိပ်ချ်အိုင်ဗွီ ကူးစက်ခံရပြီး လူပေါင်း ခြောက်သိန်းနှင့်ရှစ်သောင်း (680,000) သည် အိပ်ချ်အိုင်ဗွီနှင့်စပ်လျဥ်းသည့် အကြောင်းရင်းများကြောင့် သေဆုံးခဲ့ရသည်၊ အဆိုပါ နှစ်တွင်ပင်  Covid-19 ကြောင့် သေဆုံးမှုနှုန်း မှာ တစ်သန်းရှစ်သိန်းတစ်သောင်းသုံးထောင်တစ်ရာရှစ်ဆယ့်ရှစ်ယောက် (1,813,188) ရှိပါသည် (သို့သော် တရားဝင် သေဆုံးမှုမှာ ပိုမိုများပြားမည်ဟု အချို့က ခန့်မှန်းကြသည်)။ ဤကိန်းဂဏန်းများအားဖြင့် အိပ်ချ်အိုင်ဗွီ ပြဿနာသည် အဆုံးသတ်ရန် ဝေးလံနေသေးကြောင်း ပြသစေပါသည်။

ယူအင်အေအိုင်ဒီအက်စ် (UNAIDS) အဖွဲ့နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း  (World Health Organization (WHO)) တို့သည် အိပ်ချ်အိုင်ဗွီ ဝန်ဆောင်မှုများ ဆက်လက်လုပ်ဆောင်ပေးခြင်း၏ ကောင်းကျိုးကို ဆောင်ကျဥ်းပေးစေရန်အတွက် ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ထပ်ဆင့် ထိခိုက်မည့်အလားအလာကိုနှိုင်းယှဥ်၍ သင်္ချာနည်းအရ စံပြုပေးခြင်း ကိုထောက်ခံခဲ့ပါသည်။ စမ်းစစ်လေ့လာမှုက ပြသသည်မှာ အိပ်ချ်အိုင်ဗွီ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းနှင့်စပ်လျဥ်းသည့် ကိုဗစ်-၁၉ ကူးစက်မှု အန္တရာယ်အချို့ အချိန်တိုအားဖြင့် ရှိနေသော်လည်း ကိုဗစ်-၁၉ အန္တရာယ်ကြောင့် နောက်ထပ်သေဆုံးမှုမှာ အဆိုပါ အိပ်ချ်အိုင်ဗွီ ဝန်ဆောင်မှု ဆက်လက်လုပ်ပေးရာမှ လွတ်မြောက်မည့် အေအိုင်ဒီအက်စ်-စပ်လျဥ်းသည့်သေဆုံးမှုများထက် အနည်းဆုံး အဆပေါင်း ၁၀၀ နည်းပါးပါမည်။ ထို့ကြောင့် မရှိမဖြစ်လိုအပ်သည့် အိပ်ချ်အိုင်ဗွီ ဝန်ဆောင်မှုများကို ဆက်လက် မဆောင်ရွက်ပေးခြင်းကြောင့် ဖြစ်လာမည့် အိပ်ချ်အိုင်ဗွီ ကာကွယ်တားဆီးရေး၊ ရောဂါဖော်ထုတ်မှု ရရှိရေးနှင့် ဖြစ်နိုင်သည့်ကုသမှုတို့၏ အားနည်းချက်နှင့် စပ်လျဥ်းသည့် သေဆုံးမှု အန္တရာယ်အလုံးစုံမှာ ပိုမို၍ကြီးမားသည်ဟု ၎င်းက သက်သေထင်ရှား ပြသပါသည်။ ဤအလဲအလှယ်လုပ်ခြင်းများကို အမှန်တကယ် လက်မခံနိုင်ပါဟု ITF က မိမိ၏ ရပ်တည်ချက်ကို အခိုင်အမာဆိုပါသည်။


ပင်လယ်ပြင်၌ အိပ်ချ်အိုင်ဗွီ ကုသမှု ပြဿနာ

ITF သည် အိပ်ချ်အိုင်ဗွီ ကာကွယ်တားဆီးရေးအပေါ် လေးပွင့်ဆိုင်-နည်းလမ်းဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးသည်၊ အစီအစဉ်ကို အသိရှိမှု၊ ပညာပေးခြင်းနှင့် ကွန်ဒုံးအစွပ်ဖြန့်ဝေပေးခြင်း၊ သဘောအလျောက် အိပ်ချ်အိုင်ဗွီ ဆွေးနွေးပြောဆိုခြင်းနှင့် စစ်ဆေးခြင်း၊ နှင့် ကုသမှုနှင့်စောင့်ရှောက်ခြင်းတို့အပါအဝင်ဖြစ်သည် – အဆိုပါလုပ်ဆောင်မှု အားလုံးမှာ တိုင်းတာ၍မရလောက်အောင် ဝန်ပိလွန်းလာခဲ့သည် သို့မဟုတ် ရပ်ဆိုင်းရသည်အထိပင် ဖြစ်ခဲ့သည်၊ ကျန်းမာရေးပညာရှင်များမှာ ချက်ချင်းလက်ငင်းဆောင်ရွက်ပေးရမည့် ကိုဗစ်-၁၉ ကာကွယ်တားဆီးခြင်း၊ စစ်ဆေးခြင်း၊ ရောဂါနှင့်ထိတွေ့မှုကို လိုက်လံရှာဖွေခြင်းနှင့် စောင့်ရှောက်ပေးခြင်း တာဝန်များအပေါ် ၎င်းတို့ အလုပ်များ၍ ဝန်ပိနေခြင်းကြောင့်ဖြစ်ပါသည်။

ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြီးအတွင်း သင်္ဘောသားလူတန်းစားအတွက် ကုသမှုနှင့်စောင့်ရှောက်မှုလုပ်ပေးရာ၌ ဆိုးဝါးလာသည့် ပြဿနာအကျပ်အတည်းကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရသည်။ အိပ်ချ်အိုင်ဗွီ ဆေးဝါးများ ရရှိရေးမှာ ရောဂါကပ်ဘေးကြီး မတိုင်မီကတည်းက သင်္ဘောသားများအဖို့ ခက်ခဲပြီး တစ်သမတ်တည်း မဟုတ်သည့်အပြင် အစိုးရများက နယ်စပ်များကို ပိတ်ရန်နှင့် သင်္ဘောသားများ ကုန်းပေါ်တက်ခြင်းကို ပိတ်ပင်ရန် လှုံ့ဆော်သည့် သီးခြားခွဲနေခြင်း ကန့်သတ်ချက်များကြောင့် အိပ်ချ်အိုင်ဗွီ ဆေးဝါးများနှင့် ဆေးကုသမှုများရရှိရေးမှာ ပို၍ပင် အမှန်တကယ် ရှုပ်ထွေးခဲ့ပါသည်။  ၎င်းကြောင့် ဆေးဝါးရရှိရေး၌ လက်မခံနိုင်သည့်အပြင် အန္တရာယ်ကြီးမားသည့် ကွာဟမှု ဖြစ်ပေါ်သည်သာမက အဆိုပါပြဿနာကို အလုပ်ရှင်များနှင့် သင်္ဘောပေါ်ရှိ လူမှုဖူလုံရေး တာဝန်ရှိသူများကလည်း အလေးအနက်ထားပုံ မရပါ။

လူမှုကွန်ရက်များမှတစ်ဆင့် အကူအညီတောင်းခံနေကြသည့် အဆိုပါ ရောဂါရှိသူသင်္ဘောသားများနှင့် ITF သည် ပုံမှန် ဆက်သွယ်မှုရှိနေပြီး မိမိ၏ စိစစ်ရေးမှူးများ အဆက်အသွယ်ကွန်ခြာကိုအသုံးပြု၍ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် ဤပြဿနာကို ဖြေရှင်းပေးရန် ကြိုးစားနေလျက်ရှိပါသည်။


ဆောင်ရွက်ပေးဆဲ ပံ့ပိုးမှု

သင်္ဘောပေါ်၌ အိပ်ချ်အိုင်ဗွီ ကုသမှု ပြဿနာအကျပ်အတည်း ရှိနေချိန်တွင် ITF သည် အိပ်ချ်အိုင်ဗွီရှိပြီး အားနည်းချက်ရှိသည့် သင်္ဘောသားများ၏ ကျန်းမာရေးကို ပံ့ပိုးပေးစေရန်နှင့် ကာကွယ်ပေးစေရန် နည်းလမ်း အမျိုးမျိုးကို သွက်သွက်လက်လက် ရှာကြံနေလျက်ရှိသည်။

ဆောင်ရွက်ပေးဆဲ ပံ့ပိုးမှု နမူနာတစ်ခုမှာ ကမ္ဘာတွင် အိပ်ချ်အိုင်ဗွီ-ရောဂါရှိသူ သင်္ဘောသားများ၏ ပထမဦးဆုံး ဆက်သွယ်ရေးကွန်ခြာ ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၌ အခြေစိုက်သည့် AMOSUP သမဂ္ဂနှင့်အတူ ယှဥ်တွဲ၍ ITF သည် Positibong Marino Incorporated Philippines (PMPI) ထူထောင်ခြင်းကို ဆောင်ရွက်ပေးခဲ့သည်၊ ၎င်းမှာ ကိုယ်တိုင်-အကူအညီနှင့် ပံ့ပိုးအုပ်စုအဖြစ် တရားဝင် မှတ်ပုံတင်ထားပါသည်။
အဆိုပါ အုပ်စုသည် ကျန်းမာရေးအခြေအနေကြောင့် အလုပ်ရှာရန်ခက်ခဲသည့် အိပ်ချ်အိုင်ဗွီရောဂါရှိသည့် သင်္ဘောသားများ၏ အခွင့်အရေးကို ၎င်းတို့၏ နိုင်ငံသားဖြစ်မှုနှင့်မသက်ဆိုင်စေဘဲ ကာကွယ်ပေးရန် ဆောင်ရွက်ပေးပါသည်။

ဖိလစ်ပိုင်နိုင်ငံ၌ အဆိုပါ အုပ်စုကို တည်ထောင်ပေးရန် အထူးသဖြင့် အရေးကြီးပါသည်၊ အဆိုပါနိုင်ငံ၌ အိပ်ချ်အိုင်ဗွီ ကူးစက်မှု အသစ်များ တိုးမြှင့်နေခြင်းကို တွေ့မြင်နေရသောကြောင့်ဖြစ်သည့်အပြင် ဖိလစ်ပိုင် သင်္ဘောသားများမှာ သင်္ဘောသားလူတန်းစား၏ လူများစုဖြစ်သောကြောင့်ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြီးတစ်လျှောက်လုံး  ITF နှင့် PMPI သည် သင်္ဘောပေါ်ရှိ ဆေးဝါးအရေးပေါ်လိုအပ်နေသော အိပ်ချ်အိုင်ဗွီ ရောဂါရှိသူ သင်္ဘောသားများအား ဆက်လက်၍ ပံ့ပိုးပေးနေပါသည်။


အလေးထားမှုကို စူးစိုက်ပေးခြင်း

အချိန်တိုအားဖြင့် ITF က မျှော်လင့်ထားသည်မှာ HIV/AIDS အပေါ် အလျင်အမြန် ပြန်လည်အလေးထားပေးခြင်းသည် တန်းတူမရှိမှု ကွာဟချက်ကို ကျဥ်းမြောင်းသွားအောင်လုပ်ပေးမည်ဖြစ်ပြီး အိပ်ချ်အိုင်ဗွီ ကူးစက်လွယ်သူနှင့် ရောဂါရှိသူ သယ်ယူပို့ဆောင်ရေး အလုပ်သမားများအဖို့ ၎င်းတို့ ရထိုက်သော ကုသမှုနှင့် စောင့်ရှောက်မှုကို ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြီး၏ ပရောဂမရှိစေဘဲ ရရှိစေရန် ကူညီပေးမည်ဖြစ်ပါသည်။

ရှေ့လျှောက်၍ အဖွဲ့အစည်းက ယုံကြည်သည်မှာ နောင်အနာဂတ်ဖြစ်ပေါ်လာမည့် ရောဂါကူးစက်မှုများ သို့မဟုတ် ရောဂါကပ်ဘေးကြီးများအတွက် ထိရောက်သော တုံ့ပြန်ပေးနိုင်သည့် အစီအစဉ်တစ်ရပ်ထူထောင်ပေးရန်အတွက် ပါဝင်ပတ်သက်သူများအဖို့ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြီးအား မိမိတို့၏ကိုင်တွယ်မှုမှ ကြုံတွေ့ခဲ့ရသည့် သင်္ခန်းစာများကို ပြန်လည်သုံးသပ်ရန် ယခု အချိန်ကျရောက်ပြီဖြစ်ပါသည်။ သီးသီးခြားခြားအားဖြင့် အစိုးရများနှင့် ကျန်းမာရေး အာဏာပိုင်များအဖို့ အိပ်ချ်အိုင်ဗွီ ဆေးဝါးများနှင့် ကုသမှု ရရှိရေးကို ဦးစားပေးရန်ဖြစ်ပါသည်၊ အထူးသဖြင့် ဖြစ်နေဆဲ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း၌ ချောင်ပိတ်မိခံနေရသော သင်္ဘောသားများအတွက် ဖြစ်ပါသည်။

ITF က ယုံကြည်သည်မှာ ရောဂါအသစ်များနှင့် ပေါ်ပေါက်လာမည့် ရောဂါများကိုအပြင် လက်ရှိဖြစ်နေဆဲ ရောဂါများကို မမေ့မလျော့ဘဲ လူတန်းစားတစ်ချို့ ကျန်ရစ်နေခြင်း မရှိစေသည့် ပိုမိုလျင်မြန်စွာနှင့် ထိရောက်သော တုံ့ပြန်မှုကို သေချာစေမည့် နည်းဗျူဟာများနှင့် လုပ်ငန်းဖြစ်စဉ်များကို သုံးသပ်ရန် လက်တွေ့လုပ်ဆောင်ချက်ကို ယခု အသက်သွင်းလှုပ်ရှားရန် အချိန်ကျပြီဖြစ်ပါသည်။

ITF HIV/AIDS နှင့် ကျန်းမာကောင်းမွန်ရေး အစီအစဉ် ညှိနှိုင်းဆောင်ရွက်ပေးသူအရာရှိ Dr Syed Asif Altaf က ပြောကြားခဲ့သည်မှာ- “ITF ဟာ သင်္ဘောသားများရဲ့ ကျန်းမာရေးနှင့်ပျော်ရွှင်မှုကို ထိန်းထားပေးဖို့နဲ့ HIV/AIDS ရောဂါရှိတဲ့ အလုပ်သမားတွေ ဆက်လက်ကြုံတွေ့နေရတဲ့ တယူသန်အစွဲအလမ်းနှင့် ခွဲခြားဆက်ဆံခြင်းကို ဖယ်ရှားပေးဖို့ တာဝန်ယူထားပါတယ်။ ဒီကမ္ဘာကြီးဟာ မကြုံစဖူး အခက်အခဲစိန်ခေါ်မှုတွေကို ကြုံတွေ့ခဲ့ရပြီး ဆက်လက် ကြုံတွေ့နေရပါတယ်၊ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြီးကြောင့်ဖြစ်ပါတယ်၊ ဒါပေမဲ့ ယခုအခါမှာ HIV/AIDS ကို မျက်ကွယ်ပြုဖို့ အချိန်မဟုတ်ပါဘူး။ ယခု ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့မှာ ကျွန်ုပ်တို့ ဟာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍမှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ ယောင်းရင်းတွေအားလုံးကို စီးပွားရေး၊ လူမှုရေး၊ ယဥ်ကျေးမှုနှင့် ဥပဒေတွေနဲ့ပတ်သက်နေတဲ့ တန်းတူမရှိမှုတွေကို ဖယ်ရှားပေးတဲ့နေရာမှာ ဆက်လက် အလေးထားပေးဖို့ တိုက်တွန်းနေပါတယ်၊ အဲဒါတွေဟာ အိပ်ချ်အိုင်ဗွီ ပြဿနာအကျပ်အတည်းကို ဆွဲဆန့်ပေးနေသလိုဖြစ်နေပါတယ် - ပြီးတော့ ရောဂါနှင့် များသောအားဖြင့် ဆက်စပ်နေတဲ့ တယူသန်အစွဲအလမ်းတွေနှင့် ခွဲခြားဆက်ဆံတာတွေကို အဆုံးသတ်ပေးဖို့ဖြစ်ပါတယ်။”

ITF အထွေထွေအတွင်းရေးမှူးဖြစ်သူ Stephen Cotton က ထပ်ဆင့်ဖြည့်စွက် ပြောကြားခဲ့သည်မှာ- “ကိုဗစ်-၁၉ ဟာ အလွန်ရစရာမရှိအောင် ညံ့ဖျင်းတဲ့ တန်းတူမရှိမှုကို ပေါ်ပေါ်တင်တင် ပြသခဲ့ပါတယ်၊ လူအဖွဲ့အစည်းမှာ အားနည်းချက်အများဆုံးရှိသူတွေအတွက် အထိအနာဆုံးဖြစ်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အလုပ်ကို ကမ္ဘာနိုင်ငံတစ်ဝန်းနှင့် နယ်စပ်တစ်လျှောက် များသောအားဖြင့် လုပ်ကိုင်ပေးရတဲ့ ကျွန်ုပ်တို့ရဲ့ တန်ဖိုးရှိတဲ့ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေဟာ ပိုမိုထိခိုက်လွယ်တဲ့ အနေအထားမှာ အမှန်တကယ် ရှိနေကြပါတယ် - အထူးသဖြင့် အိပ်ချ်အိုင်ဗွီ ရောဂါရှိနေသူတွေဖြစ်ကြပါတယ်။ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍတစ်လျှောက်ရှိ ပတ်သက်သူတွေဟာ လူအဖွဲ့အစည်းရဲ့ ထောက်စွန်းတစ်နေရာမှရှိတဲ့ အဲဒီ့ လုပ်ကိုင်ပေးသူတွေကို ဦးစားပေးဖိုနဲ့ ကာကွယ်ပေးဖို့ ယခု စတင်လုပ်ဆောင်ရမှာဖြစ်ပါတယ်၊ အခရာကျတဲ့ အိပ်ချ်အိုင်ဗွီ ဝန်ဆောင်မှုတွေကို ဆက်လက်ဆောင်ရွက်ပေးတာတွေ အပါအဝင်ဖြစ်ပါတယ်။"

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.