Skip to main content

WHO နှင့် ILO တို့ တစ်ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အလုပ်သမားများ၏ အခွင့်အရေးများအား ကာကွယ်ပေးရန်နှင့် ကုန်စည်ဖြန့်ချီရေး ကွင်းစက်များ ပြည့်ကျပ်ဖိစီးနေမှုကို လျှော့ပေါ့ပေးရန် လုပ်ငန်းလုပ်ဆောင်ရေးအဖွဲ့ကို ဖွဲ့စည်း

16 Dec 2021
Press Release

 

  • ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းတို့သည် လုပ်ငန်းလုပ်ဆောင်ရေးအဖွဲ့ (Action Group) ကို ဖွဲ့စည်းရန်သဘောတူကြသည်၊ ကိုဗစ်-၁၉ လုပ်ထုံးလုပ်နည်းများကို သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် အကောင်အထည်ဖော်ခြင်းအား သေချာစေရန်အတွက်ဖြစ်သည်။ 
  • အိုမီခရွန် မျိုးကွဲ ပေါ်ပေါက်လာပြီးနောက် နိုင်ငံများအနေဖြင့် ခရီးသွားပိတ်ပင်ကန့်သတ်ချက်များကို သဘောအလျောက် ပြန်လည်ချမှတ်ရန် လောဆော်နေသည့်အလျှောက် ပဋိပက္ခဆွေးနွေးပွဲများကို ကျင်းပခဲ့သည်။ 
  • အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် “အဝါရောင် ကတ်ပြား” ပုံစံ ကိုဗစ် ကာကွယ်ဆေး လက်မှတ် ထုတ်ပေးရန် အစီအစဉ်များ စီစဉ်လျက်ရှိသည်။ 
  • သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် လွတ်လပ်စွာ သွားလာခွင့်နှင့်ပတ်သက်၍ နောက်ထပ် ဖြေရှင်းချက်များကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အလုပ်အမှုဆောင် ကော်မတီက ဇန်နဝါရီလတွင် စည်းဝေးဆွေးနွေးပါလိမ့်မည်။ 

        

တနင်္လာနေ့၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့၊ ဂျီနီဗာ- ဆွိဇလန်နိုင်ငံ၊ လန်ဒန်- ယူကေ၊ နယူးယောက်- ယူအက်စ်အေ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Dr Tedros Ghebreyesus နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Guy Ryder တို့သည် မိမိတို့၏ အဖွဲ့အစည်းများမှာ အဓိကကျသည့် သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ “အရေးပေါ် ကိစ္စတစ်ရပ်အဖြစ်” လုပ်ငန်းလုပ်ဆောင်ရေးအဖွဲ့ (Action Group) ကို ဖွဲ့စည်းမည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်၊ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် လွတ်လပ်စွာ သွားလာခွင့်ကို သေချာစေရန် အတွက်ဖြစ်ပါသည်။

ကုန်းလမ်း၊ လေကြောင်းနှင့် ရေကြောင်း ကုမ္ပဏီများနှင့် အလုပ်သမားများက လွန်ခဲ့သည့်အပတ်၌ Dr Tedros နှင့် Mr Ryder တို့နှင့်တွေ့ဆုံပြီးနောက် အဆိုပါ ဖွဲ့စည်းပေးမည့်ကိစ္စမှာ ပေါ်ထွက်လာခဲ့ပါသည်။ အိုမီခရွန် မျိုးကွဲ ပေါ်ပေါက်ခါစ၌ သယ်ယူပို့ဆောင်ရေး အလုပ်သမားများအပေါ် ချမှတ်မည့် ခရီးသွားပိတ်ပင်ကန့်သတ်ချက် အသစ်နှင့်တကွ ချိနဲ့နေပြီးဖြစ်သည့် ကမ္ဘာ့အနှံ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်အပေါ် ကျရောက်မည့် သက်ရောက်မှုကို ၎င်းတို့က သတိပေးခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေး အသင်း (International Air Transport Association (IATA))၊ အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း (International Chamber of Shipping (ICS))၊ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း သယ်ယူပို့ဆောင်ရေး သမဂ္ဂ (International Road Transport Union (IRU)) နှင့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) တို့သည် အစီအမံများကို ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ သွားလာလှုပ်ရှားမှုကို ကန့်သတ်ပိတ်ပင်ခြင်းအား ရှောင်ကြဉ်ပေးရန် အစိုးရများ၏ ကျန်းမာရေး ဌာနများအား အရေးပေါ် မေတ္တာရပ်ခံပန်ကြားခဲ့သည်။

အစည်းအဝေးကျင်းပစဉ် Dr Tedros က ပြောကြားခဲ့သည်မှာ လုပ်ငန်းလုပ်ဆောင်ရေးအဖွဲ့ (Action Group) ၏ အလုပ်ကို ဤအပတ်တွင် စတင်လုပ်မည်ဖြစ်ပြီး ပုံမှန် အစည်းဝေးများကို IATA, ICS, ITF နှင့် IRU တို့နှင့် ကျင်းပမည်ဖြစ်ပြီး ရှေ့ဆက် ကျင်းပသွားပါလိမ့််မည်ဟုဆိုပါသည်။ အလေးထားရမည့် အခြားသော နယ်ပယ်များတွင် သယ်ယူပို့ဆောင်ရေး အလုပ်သမားများက အသုံးပြုရန်အတွက် အဝါရောင်ကတ်ပြား၊ WHO ကထုတ်ပေးထားသည့် ဆေးကုသခွင့်လက်မှတ်တို့ကို ပြင်ဆင်ပေးခြင်း တို့ပါဝင်ပါမည်။

လုပ်ငန်းလုပ်ဆောင်ရေးအဖွဲ့သည် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန် လုပ်ငန်းကဏ္ဍက ချမှတ်ပေးထားသည့် သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းများက တင်ပြသည့် ပြဿနာများအတွက် နောက်ထပ် ဖြေရှင်းချက်များကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အလုပ်အမှုဆောင် ကော်မတီက ဆွေးနွေးမည်ဟုလည်း WHO နှင့် ILO တို့က အတည်ပြုခဲ့ပါသည်။

နှစ်စဉ် ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေး၏ ဒေါ်လာ ထရီလီယံပေါင်း နှစ်ဆယ် ($20 trillion) ကျော်နှင့် ကုန်စည်ဖြန့်ချီရေး ကွင်းဆက် တစ်လျှောက်ရှိ ကမ္ဘာ့ သယ်ယူပို့ဆောင်ရေး အလုပ်သမား ခြောက်ဆယ့်ငါးသန်း (65 million) ကို ကိုယ်စားပြုသည့် သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းများက လက်ဦး၌ ထိပ်လှန့်ကြောက်ရွံ့မှုများကို တင်ပြခဲ့သည်၊ ၎င်းမှာ အိုမီခရွန် မျိုးကွဲ ပေါ်ပေါက်လာခြင်းအပေါ် တန်ပြန်ရာ၌ သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် ခရီးသွားပိတ်ပင်ကန့်သတ်ချက်များ ပြန်လည်သွတ်သွင်းရန် အစိုးရများက ချမှတ်ခဲ့သည့် မဆင်မခြင်ဆုံးဖြတ်ချက်များ  သည် ကုန်စည်ဖြန့်ချီရေးကွင်းဆက်များနှင့် ကမ္ဘာ့စီးပွားရေးပြန်နာလန်ထလာခြင်းကို ပြိုပျက်သွားစေနိုင်သည်ဖြစ်ပါသည်။

အိုမီခရွန်ကို  WHO အရ “စိုးရိမ်ရသည့် မျိုးကွဲ” အဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် အချို့နိုင်ငံ ၅၆ နိုင်ငံသည် တန်ပြန်သည့်အနေဖြင့် ကိုဗစ် တင်းကျပ်သော ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များကို ချမှတ်ခဲ့ပြီးဖြစ်ပါသည်။  သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ လွတ်လပ်ပြီး ဘေးကင်းသော သွားလာလှုပ်ရှားမှုကို အာမခံရန်အတွက် စက်တင်ဘာလ၌ အစိုးရများက ကမ္ဘာ့ ခေါင်းဆောင်များသို့ ထုတ်ပြန်ပေးခဲ့သော ရှင်းရှင်းလင်းလင်း အဆင့်များကို ကတိပျက်နေကြသည်ကို သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းများက  စိတ်ပျက်ရခြင်းကို တင်ပြခဲ့ကြသည်။ အိုမီခရွန် ပေါ်ပေါက်လာခြင်းကြောင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် ကာကွယ်ဆေးထိုး ဦးစားပေးမှု သေချာရေးအား ပို၍ပင် အရေးတကြီးဖြစ်နေခြင်းကြောင့် အဖွဲ့အစည်းများက ပြောကြားခဲ့သည်မှာ WHO အနေဖြင့် နိုင်ငံများအား WHO ကိုယ်တိုင် ထောက်ခံထားသည့် သင်္ဘောသားများနှင့် ယာဥ်မောင်းသူများအတွက် စမ်းသုံးပြီး စစ်ဆေးသည့် ခရီးသွားနှင့်ကျန်းမာရေး လုပ်ထုံးလုပ်နည်းများကို လက်ခံကျင့်သုံးရန် အားပေးအားမြှောက် ပြုသင့်ပါသည်။

Guy Ryder,  ILO ၏ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်မှာကမ္ဘာ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍများနှင့် ၎င်းတို့ရဲ့ အလုပ်သမားတွေဟာ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြီးကြောင့် ပေါ်ပေါက်လာတဲ့ အလွန်ကြီးမားပြီး ဆက်တိုက်ဖြစ်နေဆဲ ဖိစီးမှုတွေနဲ့ အခက်အခဲတွေကို ရင်ဆိုင်ကြရပါတယ်။  ကျွန်တော်တို့ ပူးတွဲလုပ်ငန်းလုပ်ဆောင်ရေးအဖွဲ့ကို ယခုလို ဖွဲ့စည်းလိုက်တာကို ကျွန်တော် ဝမ်းသာပါတယ်၊ ဒီအဖွဲ့ဟာ အဲ့ဒီ့အလုပ်သမားတွေအပေါ်မှာ ကိုဗစ်-၁၉ ရဲ့ထိခိုက်သက်ရောက်မှုကို သုံးသပ်မှာဖြစ်ပြီးတော့ အပြည်ပြည်ဆိုင်ရာအားဖြင့် သဘောတူထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ စံနှုန်းတွေကို အသုံးချပေးဖို့ အစိုးရတွေကို တိုက်တွန်းမှာဖြစ်ပါတယ်။"

Dr Tedros Ghebreyesus, WHO ၏ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်မှာ- ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကြီးဟာ အပြည်ပြည်ဆိုင်ရာအားဖြင့် စိုးရိမ်ရတဲ့ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဆက်လက် ရှိနေပါတယ်၊ ကမ္ဘာအနှံ့ လူသားတွေရဲ့ ကျန်းမာရေးနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနဲ့ ခရီးသွားလာမှုတွေကို မကောင်းတဲ့နည်းနဲ့ သက်ရောက်နေပါတယ်။ နယ်စပ်ကူးဖြတ်နေရတဲ့ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေရဲ့ ကျန်းမာရေးကို ကာကွယ်ပေးရေးအပြင် အရေးပေါ်အခြေအနေနဲ့ လူသားချင်းစာနာတဲ့ မစ်ရှင်အဖွဲ့တွေရဲ့ ခရီးသွားလာရေးကိစ္စတွေ ဆက်လက်တည်မြဲရေး၊ ပြန်လည်ကူးပြောင်းလာရေး၊ ဒါ့အပြင် မရှိမဖြစ်လိုအပ်တဲ့ ဖြန့်ချီပစ္စည်းတွေအတွက် ကုန်စည်သယ်ယူပို့ဆောင်ရေး၊ အဲဒါတွေဟာ အခရာကျလောက်အောင် အရေးပါတယ်။”  

Guy Platten, ICS ၏ အတွင်းရေးမှူးချုပ်က ဝေဖန်ပြောကြားခဲ့သည်မှာ- “အစိုးရတွေအနေနဲ့ နယ်စပ်ကူးဖြတ်နေရတဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေးနှင့် လုံခြုံရေးကို အရေးပေါ် ကာကွယ်ပေးဖို့ ကျွန်တော်တို့ လိုအပ်ပါတယ်၊ တကယ်လို့ သူတို့တတွေ ပွင့်လင်းရာသီ ပျော်ရွှင်ပွဲတွေကို ပုံမှန်အတိုင်းလောက် အလိုရှိရင် ဖြစ်ပါတယ်။ တမြန်နှစ်ရဲ့ လိုအပ်တာထက် ပိုပြီးတင်းကျပ်တဲ့ ခရီးသွား ပိတ်ပင်ကန့်သတ်ချက်တွေကို နိုင်ငံ တော်တော်များများမှာ ပြန်စတင်လုပ်နေတာတွေ့ရလို့ အမှန်တကယ် စိုးရိမ်ပူပန်နေရပါတယ်၊ အထူးသဖြင့် သန်းနဲ့ချီတဲ့ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေဟာ နှစ်နှစ်နီးပါး မဖြစ်စလောက် အသိအမှတ်ပြုခံရဖို့အတွက် အလွန်ကြီးမားတဲ့ အနှစ်နာခံ စတေးမှုတွေကို လုပ်နေရလျက်ရှိပါတယ်။ WHO နဲ့  ILO တို့က အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့နဲ့ပတ်သက်ပြီး ခေါင်းဆောင်မှုပေးနေတာကို တွေ့ရတာဟာ အလွန်ဘဲ အားရပါတယ်၊ ရှေ့ဆက်ပြီး အပတ်တိုင်းမှာ လတိုင်းမှာ သူတို့တွေနဲ့ ကျွန်တော်တို့ နီးနီးကပ်ကပ် လုပ်ကိုင်သွားဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”

ItF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton က ပြောကြားခဲ့သည်မှာ- ခရစ်စမတ်ပွဲလမ်းရဲ့ အမြင့်ဆုံးရာသီအချိန်ကာလ ကျွန်တော်တို့ရောက်ရှိချိန်မှာ ကမ္ဘာ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တွေအပေါ် ဖိအားလျှော့ပါးပေးဖို့ ကျွန်တော်တို့ ပူးပေါင်းပြီး လုပ်ဖို့ အခရာကျပါတယ်။ ကျွန်တော်တို့ လုပ်လို့မရနိုင်တာကတော့ သြစတြေးလျနိုင်ငံမှာ မြင်တွေ့နေရသလို အစိုးရတွေဟာ ကမ္ဘာ့ကျန်းမာရေး အကျပ်အတည်းကြောင့် ဖြစ်နေတဲ့ ပြတ်တောက်မှုတွေအတွက် သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေကို အပြစ်တင်နေကြတယ်။ ဒီကိစ္စဟာ ဦးဆောင်မှုပေးဖို့ဖြစ်ပါတယ်၊ ပြည်တွင်းကုန်သွယ်ရေးကို ကာကွယ်ပေးဖို့ ဒါမှမဟုတ် နိုင်ငံရေးအမြတ်ထုတ်မဲဆွယ်ဖို့ မဟုတ်ပါဘူး။

 WHO နှင့် ILO ကို ကျွန်တော်တို့နဲ့အတူ လုပ်ကိုင်ပေးဖို့ သူတို့ရဲ့ ကတိပြုချက်အတွက် ကျေးဇူးတင်ပါတယ်၊ ပြီးတော့ သယ်ယူပို့ဆောင်ရေးအလုပ်သမားတွေအတွက် ကာကွယ်ဆေးထိုး ဦးစာပေးဖို့ အစိုးရအားလုံးကို တွန်တွန်းပေးတာရယ် သူတို့ရဲ့ လွတ်လွတ်လပ်လပ်နဲ့ဘေးကင်းတဲ့ သွားလာလှုပ်ရှားမှုတွေကို ခွင့်ပြုပေးဖို့ တိုက်တွန်းပေးတာအတွက် ကျေးဇူးတင်ပါတယ်။  တကယ်လို့ ကျွန်တော်တို့တတွေဟာ ပိတ်သိမ်းမှု သံသရာကို ဖြိုခွင်းဖို့နဲ့ ခရီးသွား ပိတ်ပင်မှုတွေကို ဖြိုခွင်းဖို့ အလေးအနက်ထားရင် အဲ့ဒီတော့ အစိုးရတွေဟာ TRIPS ခြွင်းချက်ပြုတာတွေ တားဆီးပိတ်ပင်တာအပြင် ဒီအကျပ်အတည်းကို အဆုံးသတ်ဖို့လိုအပ်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး ထုတ်လုပ်မှုရဲ့ အခြားအတားအဆီးတွေကိုလည်း ချက်ချင်း ရပ်ဆိုင်းပေးရမှာဖြစ်ပါတယ်။”

 

ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton | (ကရက်ဒစ်- ItF)

Umberto de Pretto, IRU အတွင်းရေးမှူးချုပ် က ပြောကြားခဲ့သည်မှာ  “ကျွန်တော်တို့ လှိုင်ခေါင်းအဆုံးပိုင်းမှာ အလင်းရောင်ကို နောက်ဆုံးတော့ တွေ့ရပါတယ်။  ညှိနှိုင်းဆောင်ရွက်ခြင်းမရှိတဲ့အပြင် အများအားဖြင့် တလွဲညွှန်ကြားနေတဲ့ ကိုဗစ် ကန့်သတ်ချက်တွေကို အရေးပါတဲ့ နယ်စပ်ဖြတ်ကျော်ရတဲ့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေ ထမ်းဆောင်နေရတဲ့ ကုန်ကားနှင့် အတွဲရှည်ကုန်ကားကြီးမောင်း ယာဥ်မောင်းသမား သန်းပေါင်းများစွာဟာ ခံစားနေရဆဲဖြစ်ပါတယ်၊ ကျွန်တော်ဟာ ကျွန်တော်တို့နဲ့အတူလုပ်ကိုင်ဖို့ WHO နှင့် ILO ထံက ကောင်းသော ထောက်ခံမှုကြောင့် အားရပါတယ်၊ အစိုးရတွေအနေနဲ့ ယခုအခါမှာ အသေအချာ ပူးပေါင်းဆောင်ရွက် ပေးဖို့၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဖို့နှင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေကို ပိုမိုကောင်းမွန်စွာ ဆက်ဆံဖို့ ဖိအားပေးတာတွေကြောင့်ဖြစ်ပါတယ်။" 

Willie Walsh, IATA ၏ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်မှာကမ္ဘာ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တွေ ရုန်းကန်နေရဆဲအချိန်မှာ အိုမီခရွန် မျိုးကွဲ ပေါ်ပေါက်မှုအပေါ် အစိုးရရဲ့ တန်ပြန်တုံ့ပြန်မှုတွေဟာ အချိန်ကြာအောင် ပြန်လည်တည်ဆောက်ခဲ့ရတဲ့ ကမ္ဘာ့ ဆက်သွယ်နေမှုကို နောက်ထပ် အန္တရာယ် မကျရောက်စေဖို့ အရေးကြီးပါတယ်။ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေအတွက် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် သေချာစေဖို့ WHO နှင့် ILO တို့ရဲ့ ဒီကတိပြုမှုကို ကျွန်တော်တို့ ကြိုဆိုပါတယ်။”

ဒီနေ့ အကျပ်အတည်း ဆွေးနွေးပွဲမှာ အဖွဲ့အစည်းတွေ အားလုံးကလည်း WHO အတည်ပြုစာရင်းအရ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း ဦးစားပေးမှုကို သယ်ယူပို့ဆောင်ရေး အလုပ်သမားများ ရရှိရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။ သူတို့တတွေက အပြည်ပြည်ဆိုင်ရာအားဖြင့် စုပေါင်းထားသော လုပ်ထုံးလုပ်နည်းများကို တောင်းဆိုကြတယ်၊ အဲ့ဒါဟာ နယ်စပ်ဖြတ်ကျော်ရတဲ့ အလုပ်သမားတွေအပေါ် သက်ရောက်မှုရှိပါတယ်၊ ဥပမာ ကာကွယ်ဆေးထိုးထားတဲ့ အထောက်အထား ပြသမှု နှင့်/သို့မဟုတ် ကိုဗစ်-၁၉ စစ်ဆေးချက် အဖြေ ပြသမှုတွေဖြစ်ပါတယ်။ အစိုးရတွေအနေနဲ့ သူတို့တတွေရဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍ ပြန်လည်နာလန်ထရေးကို လျင်မြန်စေဖို့အတွက် ကမ္ဘာ့ ကာကွယ်ဆေးဖြန့်ချီရေးကို သူတို့လုပ်နိုင်သမျှ နည်းပေါင်းစုံအားလုံးနဲ့ တိုးမြှင့်လုပ်ရမှာဖြစ်သည်ဟု ၎င်းတို့က ဖိအားပေးကြသည်။

 

ပြီးပြီ။ 

 

ITF အကြောင်း-

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာကို လည်ပတ်ပေးနေသည့် အမျိုးသမီး အမျိုးသား သန်း နှစ်ဆယ်ခန့်၏ သဘောထားဖြစ်ပါသည်။

မီဒီယာ အဆက်အသွယ်-

+44 (0)7 770 728 229 | media[at]itf.org.uk

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.