Skip to main content

မည်သည့်အခါ အရေးပါမည်၊ တစ်သံတည်းအဖြစ် သင်္ဘောလုပ်ငန်းက ပြောဆိုသည့်အခါ - ကမ္ဘာ့ကပ်ဘေးကြီး ပူးပေါင်းဆောင်ရွက်သည့် စိတ်ဓါတ် ရှင်သန်နေစေရန် လုပ်ငန်းကဏ္ဍ သမဂ္ဂ စာချုပ်

20 Dec 2022
Press Release

ပူးတွဲ မီဒီယာ ထုတ်ပြန်ချက်

သင်္ဘောသားများနှင့် ပင်လယ်ရေကြောင်း အလုပ်ရှင် အုပ်စုများကို ကိုယ်စားပြုသည့် သမဂ္ဂများသည် ကမ္ဘာ့ကပ်ဘေးကြီး တစ်လျှောက်လုံး သင်္ဘောလုပ်ငန်းကဏ္ဍ၏ ပူးတွဲ အားထုတ်မှုများကို မှတ်တမ်း တင်ခဲ့သည့် ‘ပူးတွဲလုပ်ကိုင်ဆောင်ရွက်သည့် စိတ်ဓါတ်’ ကိုဆက်လက်ရှင်သန်နေစေရန် နားလည်မှု သဘောတူ စာချုပ် (memorandum of understanding (MOU)) အသစ်ကို အတူတကွ လက်မှတ်ထိုးခဲ့ကြသည်။

MOU စာချုပ်ဝင် လက်မှတ်ထိုးကြသူများမှာ-

  • ITF – အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF))
  • ICS – အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း (International Chamber of Shipping)
  • IMEC – အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်သမားများ ကောင်စီ (International Maritime Employers' Council)

လာမည့် လများနှင့်နှစ်များတွင် ဖက်စပ်လုပ်ကိုင်မည့် အသင်းဝင် ပိုမို၍ ဘုံရပ်တည်မှုကို ပူးပေါင်းလာလိမ့် မည်ဟု စာချုပ်ဝင် အဖွဲ့အစည်းများက မျှော်လင့်ရင်းနှင့်အတူ နက်နက်နဲနဲ ဆွေးနွေးပွဲ ဖြစ်စဉ်ကို  MOU သည် စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။

ကမ္ဘာ့ကပ်ဘေးကြီးအတွင်းမှာ ကုန်စည်ဖြန့်ချီရေး ပြဿနာများရဲ့ စက်ဆုတ်ဖွယ်ရာ အကြောင်းခြင်းရာတွေ ရှိသည့်တိုင် သင်္ဘောသားတွေဟာ အရေးတကြီးအချိန်အခါမှာ အစားအစာ၊ လောင်စာနှင့် ဆေးဝါးတွေကို ကမ္ဘာအား ဖြန့်ချီပေးခဲ့ပါတယ်။ သင်္ဘောသားတွေနဲ့ အခြား အဓိက လုပ်သားတွေကြောင့် ကျွန်တော်တို့ဟာ အဆိုးဝါးဆုံး ပဋိပက္ခကို ပြန်လည်တွန်းလှန်နိုင်ခဲ့ပါတယ်၊ စီးပွားရေးနှင့် ကျန်းမာရေး ပြန်လည်ထူထောင်ရေး ရဲ့ ရှည်လျားတဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေပြီဖြစ်ပါတယ်။ သို့သော်လည်း ကိစ္စအတော်များများမှာ၊ သင်္ဘောသားတွေဟာ သူတို့ရဲ့ အပြည်ပြည်ဆိုင်ရာနှင့် နိုင်ငံ့ဆိုင်ရာ အခွင့်အရေးတွေကို နိုင်ငံ့အစိုးရတွေက မျက်လုံးစုံမိတ်ပြီး လျစ်လျူရှုခဲ့ကြပါတယ်၊" ဟု David Heindel, ITF သင်္ဘောသားများ ဌာနခွဲ အကြီးအကဲဖြစ်သူက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ လုပ်ငန်းကဏ္ဍဟာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းအတွင်းမှာ သင်္ဘောသားတွေအတွက် အတူတကွ ရပ်တည်လုပ်ဆောင်ပေးခဲ့ပါတယ်၊ သူတို့တွေကိုယ်စား ကျွန်တော်တို့ အရေးကြီးတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့ပါတယ်။ အခုမှာတော့ ကျွန်တော်တို့တတွေ ပူးပေါင်းလုပ်ဆောင်တဲ့ စိတ်ဓါတ်ကို ရှေ့ဆက်လက် သယ်ဆောင်သွားလိုပြီး မျှဝေခံစားရမယ့် စိန်ခေါ်မှု အသစ်တွေမှာ အသုံးချလိုပါတယ်၊ဟု Heindel က ပြောကြားခဲ့သည်။

အုပ်စု၏ ဦးစားပေးရာများမှာ လေ့ကျင့်သင်တန်းပို့ချခြင်းနှင့် သက်မွေးလုပ်ငန်း လမ်းကြောင်းကို တိုးမြှင့်ပေးခြင်းနှင့်ပတ်သက်ပြီး အစိုးရများအား လှုံ့ဆော်ခြင်း၊ သင်္ဘောသားများအား ပိုမိုကောင်းမွန်စွာ အသိအမှတ်ပြုခြင်းအတွက် တွန်းအားပေးခြင်း၊ နှင့် ပင်လယ်ရေကြောင်း တရားမျှတရေး ကူးပြောင်းကာလ လုပ်ငန်းတပ်ဖွဲ့ (Maritime Just Transition Task Force) ၏ လုပ်ငန်းအစီအစဉ်  တွင် မကြာမီက တင်ပြထားသည့် အဆိုတင်သွင်းချက်များကို ထောက်ခံမှု ရရှိရေးတို့ဖြစ်ကြပါသည်။ အဆိုပါ လုပ်ငန်းအစီအစဉ်ကို လန်ဒန်၌ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပမည့် IMO MEPC ပတ်ဝန်းကျင်ဆိုင်ရာ အစည်းအဝေးတွင် UN ၏ အဓိက ပင်လယ်ရေကြောင်း အဖွဲ့အစည်းက ကာဗွန်ဓါတ် လျှော့ချရေး လျှာထားချက် သတ်မှတ်ခြင်းနှင့် အနီးကပ် တိုက်ပွဲဝင်နေလျက် တင်ပြမည်ဖြစ်ပါသည်။

ICS အတွင်းရေးမှူးချုပ် Guy Platten က ပြောကြားခဲ့သည်မှာ MOU အနေဖြင့် သင်္ဘောပိုင်ရှင်များနှင့် သင်္ဘောသားများကို အတူတူ အကျိုးရှိစေလိမ့်မည်ဖြစ်ကြောင်း အဖွဲ့အနေဖြင့် စိတ်ချလက်ချရှိသည် ဟုဆိုသည်၊ ကာဗွန် နိမ့်ကျသော၊ ကာဗွန်-မထုတ်လွှင့်သော သင်္ဘောများ၊ အခြေခံ အဆောက်အအုံနှင့် နည်းပညာများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် စည်းမျဥ်းကြီးကြပ်ရေးအာဏာပိုင်များထံမှ ရှင်းရှင်းလင်းလင်း ခွင့်ပြုချက် ရရှိရေး အပါအဝင်ဖြစ်ပါသည်။

MOU ဟာ ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ မူဝါဒ ဆွေးနွေးပွဲတွေကို နောက်ထပ် အဆင့် လုပ်ငန်းကဏ္ဍ အလိုက် အရေးယူမှု သို့ သယ်ဆောင်ဆွေးနွေးရန် အထောက်အကူပြုပါတယ်။ အတူတကွအားဖြင့်၊ ကျွန်တော်တို့တတွေ ကာဗွန်ဓါတ်ငွေ့ ကင်းစင်ရေးဖြစ်ဖို့ လိုအပ်တဲ့ လက်တွေ့ကျကျ တာဝန်တွေကို လုပ်ဖို့ ပိုပြီးထိရောက်ပါမယ်။

ဒီ MOU က အများတကာနည်းတူ ပိုပြီးတော့ သင်္ဘောသားတွေကို ပြသနေတာကတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းကဏ္ဍဟာ ၎င်းတို့ကိုယ်စား အောင်မြင်နိုင်မယ့်အရာကို တကယ်လို့ ကျွန်တော်တို့တတွေ သဘောထားကွဲလွဲမှု အနည်းအကျဥ်းကို ဘေးဖယ်ထား၊ အသာနောက်ပြန်ဆုတ်ပြီး သင်္ဘောသားတွေ ကိုယ်စား အတူတကွ လုပ်ဆောင်ပေးမယ်ဆိုရင် မျက်ခြေပြတ်သွားတာ မဟုတ်ပါဘူး။

IMEC ဥက္ကဌ Captain Belal Ahmed ကလည်း စာချုပ်ကို ကြိုဆိုခဲ့ပါသည်။ ပင်လယ်ရေကြောင်း အလုပ်သမားများသည် တရားမျှတသော ကူးပြောင်းရေး အလုပ်၏ လေ့ကျင့်သင်တန်းပို့ချခြင်း ကိစ္စများတွင် ပါဝင်လုပ်ပေးလိုကြသည်ကမ္ဘာ့ သင်္ဘောသား အများအပြားကို လေ့ကျင့်သင်တန်းပေးခြင်းနှင့် အရေးကြီးသော ပြည်တွင်း အရည်အချင်း စံနှုန်း သတ်မှတ်ရေးကို ဆောင်ရွက်ပေးသည့် အစိုးရများနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်းအားဖြင့်ဖြစ်ပါသည်။

ကမ္ဘာ့ကပ်ဘေးကြီးနှင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း ကာလအတွင်းမှာ ပြည်တွင်း အစိုးရတွေဟာ - ကျွန်တော်တို့ရဲ့ ကမ္ဘာ့ လုပ်ငန်းကဏ္ဍနှင့် ၎င်းရဲ့ ကမ္ဘာ့ အလုပ်သမား အင်အားစုအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကွက်ကွက်ကွင်းကွင်း ဖြစ်ခဲ့ပါတယ်။ သင်္ဘောသားတွေဟာ ထွက်သွားပြီး အိမ်ပြန်နိုင်တာ ဟုတ်မဟုတ် သူတို့ရဲ့ ဆုံးဖြတ်ချက်ပါဘဲ။ အနာဂတ် လေ့ကျင့်သင်တန်းပို့ချမယ့် စနစ်တွေကို စည်းကြပ်ဖို့နဲ့ အရင်းအမြစ်ရှာပေးဖို့ကိစ္စတွေအတွက် နိုင်ငံတွေဟာ တန်းတူစွာနဲ့ဘဲ အရေးပါလာပါမယ်။ ကျွန်တော်တို့အနေနဲ့ အစိုးရတွေရဲ့ အာရုံစိုက်မှု ရလာတဲ့အခါမှာ သူတို့တွေကို ကျွန်တော်တို့ ထည့်သွင်းရမှာဖြစ်ပါတယ်၊” ဟု Capt Ahmed က ပြောကြားခဲ့သည်။

နည်းပညာအသစ် မြန်မြန်ဆန်ဆန် သွတ်သွင်းခြင်းနဲ့ ပတ်သက်ပြီး Captain Ahmed က ပြောကြား ခဲ့သည်မှာကျွန်တော်တို့ လုပ်ငန်းကဏ္ဍဟာ ကျွန်တော်တို့ သင်္ဘောသားတွေ အချိန်မီ အဆင်သင့် ဖြစ်လာဖို့အတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်မှုတွေ ကြုံလာမှာဖြစ်ပါတယ်။ သင်္ဘောတွေပေါ် စက်ယန္တရား အသစ်တွေ သွတ်သွင်းပေးဖို့ ပါဝင်ပတ်သက်မယ့် အင်ဂျင်နီယာ၊ နည်းပညာနှင့် ထုတ်လုပ်ရေး ကုမ္ပဏီတွေမှာ တရားမျှတတဲ့ ကူးပြောင်းရေး ကြိုးပမ်းမှုတွေကို ပူပေါင်းပေးဖို့ တာဝန်ရှိပါတယ်၊” ဟု သူက ပြောကြားခဲ့သည်။

ဒီ MOU ကို လက်မှတ်ထိုးလိုက်ခြင်းဟာဆိုရင် ကျွန်တော်တို့ရဲ့ အနာဂတ်အတွက် ပြောဆိုခွင့် အားသာချက်နဲ့ တည်ငြိမ်မှုကို ဆောင်ကျဥ်းပေးမယ့် ပြောဆိုဆွေးနွေးပွဲမျိုးမှာ ဒီအရေးကြီးတဲ့ ပင်လယ်ရေကြောင်း အသိုက်အဝန်းဟာ နောက်ထပ်တဖန် ဆက်ဆံပြောဆိုရတာလို့ ရှင်းရှင်းလင်းလင်း သတင်းလွှင့်လိုက်တာပါဘဲ။” ဟု Capt Ahmed က နိဂုံးချုပ်ပြောကြားခဲ့သည်။

ပြီးပြီး

----

မှတ်ချက်များ-

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်း တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာကို လည်ပတ်ပေးနေသည့် အမျိုးသမီး အမျိုးသား သန်း နှစ်ဆယ်ခန့်၏ သဘောထားဖြစ်ပါသည်။

ICS အကြောင်း

အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ (The International Chamber of Shipping (ICS)) သည် ကုန်ကူးသန်းသည့် သင်္ဘောပိုင်ရှင်များနှင့် လုပ်ငန်းလုပ်ကိုင်သူများအတွက် အဓိက အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး အသင်းအဖွဲ့ဖြစ်သည်၊ အားလုံးသော လုပ်ငန်းကဏ္ဍများနှင့် ကုန်သွယ်ရေးများနှင့်တကွ ကမ္ဘာ့ကုန်သွယ် သင်္ဘောများ၏ 80% ကျော်ကို ကိုယ်စားပြုလျက်ရှိပါသည်။

IMEC အကြောင်း-

အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်ရှင်များ ကောင်စီသည် ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍ ဆက်ဆံရေးများကို မိမိရရဆောင်ရွက်ပေးသည့် တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာ အလုပ်ရှင်များ အဖွဲ့အစည်း ဖြစ်ပါသည်။ လွန်ခဲ့သော နှစ် ၅၀ ကျော်က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကမ္ဘာအနှံ့ သင်္ဘောလုပ်ငန်း ကုမ္ပဏီ ၂၅၀ ကျော်ကို ကိုယ်စားပြုထားပါသည်။ အသင်းဝင်များမှာ တစ်ခုချင်း သင်္ဘောလုပ်ငန်း ကုမ္ပဏီများဖြစ်သည်၊ ပိုင်ရှင်များနှင့် မန်နေဂျာများ နှစ်မျိုးလုံးနှင့် အကြီးအသေး သင်္ဘော အမျိုးအစား အားလုံးကို လုပ်ငန်းလည်ပတ်နေကြပါသည်။ အားလုံးပေါင်းအားဖြင့် ၎င်းတို့သည် နိုင်ငံပေါင်း ၆၀ ကျော်တွင် သင်္ဘောအစီးရေ တစ်သောင်းငါးထောင် (၁,၅၀၀၀) ကျော်ဖြင့် မှတ်ပုံတင်၍ လုပ်ငန်းလည်ပတ်သည်ပြီး နိုင်ငံ ၆၈ နိုင်ငံမှ သင်္ဘောသား အယောက်ရေ သုံးသိန်း (၃၀၀,၀၀၀) ကျော်ကို အလုပ်ခန့်ထားသည်။ 

-

မျက်နှာဖုံး ပုံရိပ် ကရက်ဒစ်-  ITF Seafarers’ Trust  ဓါတ်ပုံ ပြိုင်ပွဲမှ တစ်ဆင့် Jake Lester Bodegas

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.