Skip to main content

သင်္ဘောသားများသို့ ITF မှ အမှာစကား နောက်ထပ် သည်းခံမည် မဟုတ်ပါ၊ သင်္ဘောဝန်ထမ်း အပြောင်းအလဲ ယခု လုပ်ပါ

16 Jun 2020

သင်္ဘောသားများ ခင်ဗျား- သင်တို့၊ သင်တို့၏ ချစ်ခင်ရသူများ၊ နှင့် သင့် မိတ်ဆွေများ သည်းမခံနိုင်တော့သည်ကို ကျွန်ုပ်တို့ သိပါသည်။

သင်တို့တွင် အိမ်ပြန်ရန် အခွင့်အရေး ရှိသည်။ မြောက်မြားစွာသော နိုင်ငံများသည် 2-3 လ ပိတ်ပင်မှု လုပ်ပြီးနောက် ကိုရိုနာဗိုင်းရတ်စ် ကမ္ဘာ့ရောဂါကပ်ဘေးကြီး ပိတ်ပင်ကန့်သတ်ချက်များကို လျှော့ပေါ့ပေးရန် တစ်ဖြည်းဖြည်း စတင်ခဲ့ပြီး စတိုးဆိုင်များနှင့် ဝန်ဆောင်ဌာနများ ယခု ပြန်လည်ဖွင့်လှစ်နေကြပြီး လူများမှာ မိတ်ဆွေများနှင့် မိသားစုများတို့နှင့် တွေ့ဆုံရန် ခွင့်ပြုပေးနေစဥ် ကမ္ဘာအနှံ့ရှိ ထောင်ပေါင်း ရာနှင့်ချီသော သင်္ဘောသားများ (သင်တို့) သည် သင်္ဘောပေါ် ချောင်ပိတ်မိခံနေရသည်၊ ကမ်းပေါ်သို့ မတက်ရောက်နိုင်ဘဲ၊ ဆေးကုသမှု မခံယူနိုင်ပါ သို့မဟုတ် အိမ်သို့ မပြန်နိုင်ကြပါ။

မြောက်မြားစွာသော သင်တို့မှာ သင်္ဘောပေါ်၌ 6-10 လ နေခဲ့ကြရပြီး ခရီးသွားပိတ်ပင်ကန့်သတ်ချက်များနှင့် လေယာဥ် နည်းပါးမှုတို့ကြောင့် သင်၏ အလုပ်ခန့်ကန်ထရိုက်ကို တိုးမြှင့်ပေးခဲ့၍ ယခု နောက်ထပ် 2-3 လ နေခဲ့ကြရသည်။ သင်္ဘောလုပ်ငန်းကဏ္ဏနှင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် ၎င်း၏ အေဂျင်စီရုံးများမှ ထောက်ခံမှု အားလုံးရှိသည့်တိုင် သင်တို့သည် ဒုတိယအဆင့်အတန်း နိုင်ငံသားများအဖြစ် ဆက်လက်ပြီး ဆက်ဆံခံနေရသည်။ သင်တို့သည် ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်နှင့် မရှိမဖြစ် လိုအပ်သည့် အရာပစ္စည်းများနှင့် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသည့် “အဓိက အလုပ်သမားများ” အဖြစ် အစိုးရများက ကြိုဆိုခဲ့ကြသည့် အတူတူ သင်္ဘောသားများ ဖြစ်ကြပါသည်။

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင် သမဂ္ဂများသည် အစိုးရများနှင့် လုပ်ငန်းကဏ္ဏတို့အား ကြိုတင်သတိပေးခဲ့သည်မှာ ယနေ့ ၂၀၂၀ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ နောက်ပိုင်း၌ သင်္ဘောသားများအား ဆက်လက် အလုပ်လုပ်စေရန် အတင်းအကျပ်ပြုသည်ကို လုံးဝ လက်မခံနိုင်ကြောင်း ဖြစ်ပါသည်။

အကယ်၍ သင် သင့်အလုပ်ကန်ထရိုက် ပြီးဆုံးခဲ့လျှင် သင့်တွင် အိမ်ပြန်ပို့ခံရရန် အခွင်းအရေးရှိသည်။ အကယ်၍ ဤကိစ္စ မဖြစ်နိုင်လျှင် ယင်းနောက် သင်သည် သင်္ဘောပေါ်၌ ခရီးသည်တစ်ဦးအဖြစ် ဆက်လက် နေရလိမ့်မည်။ နောက်ဆက်တွဲကိစ္စမှာ သင်္ဘောကို အကယ်၍ မောင်းနှင်ပေးရမည့် အဆင့် လုံလုံလောက်လောက် မရှိလျှင် မောင်းနှင်နိုင်မည် မဟုတ် ဟုဖြစ်နိုင်သည်၊ သို့သော် ဤကိစ္စသည် သင်္ဘောသားများ၏ တာဝန် မဟုတ်ပါ။

ကျွန်ုပ်တို့ ရှင်းလင်းပါသည် – အကယ်၍ သင်္ဘောသားများအနေဖြင့် သင်္ဘောပေါ်မှ ဆင်းလိုလျှင် ယင်းနောက် ITF ၊ ကျွန်ုပ်တို့၏ အဖွဲ့ဝင် သမဂ္ဂများနှင့် ITF စိစစ်ရေးမှူးချုပ်တို့သည် သင်္ဘောသားများအား အကူအညီပေးရန် လုပ်ပေးနိုင်သမျှ အရာတိုင်းကို လုပ်ပေးပါမည်။ သင်တို့သည် သင်္ဘောပေါ်မှ ဆင်းလိုကြကြောင်း ကျွန်ုပ်တို့ သိပါသည်၊ ဤသို့ ဆင်းနိုင်ရန် ကျွန်ုပ်တို့ လုပ်ပေးနိုင်သည့်နေရာ၌ လုပ်ပေးပါမည်။

သင်တို့သည် သင်တို့၏အလုပ်ကို လုပ်ပြီးပြီဖြစ်သည်၊ သင်တို့၏ အလုပ်တာဝန်များကို ထမ်းဆောင်ပြီးပြီဖြစ်သည် ထို့ပြင် Covid-19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အလို့ငှါ အစပိုင်း၌ အိမ်မပြန်နိုင်ကြောင်းကို လက်ခံခဲ့သည် – သို့သော် နောက်ထပ် လက်မခံနိုင်တော့ပါ။ နောက်ထပ် သည်းမခံနိုင်ပါ။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.