Skip to main content

POEA ပျက်ကွက်မှု - လူသား အဖြစ်ဆိုးဖြစ်ရပ် ဖြစ်ပြီးရင်းဖြစ်နေသည့် အဖြစ်ဆိုးဖြစ်ရပ်- ဤစီမံရေးကိုယ်စားလှယ်က ဖိလစ်ပိုင်များအပေါ် ခေါင်းပုံဖြတ်ခြင်းကို ဟန့်တားရန် အာဏာပိုင်များ မည်သည့်အချိန်တွင် လုပ်ဆောင်မည်နည်း။

26 Jan 2022
Press Release

Angelica Remegio သည် ကြံရာမရအရူးအမူးဖြစ်လျက်ရှိသည်။  ကြင်ဖော်ဖြစ်သူမှာ တရုတ် ငါးဖမ်းသင်္ဘောပေါ် ပင်လယ်ပြင်၌ရှိနေစဉ် သူမသည် ကလေးငယ် နှစ်ယောက်နှင့်အတူ အထီးကျန် နေလျက်ရှိသည်။ သူသည် အဝေးသို့ရောက်နေသည်မှာ လေးလရှိပြီဖြစ်သည်။ ဤအချိန်တစ်လျှောက်လုံး သူ့မိသားစုသည် သူ့အား မမြင်တွေ့ရပါ- သူ့လစာငွေ၏ ပက်စိုငွေ တစ်ပြားတစ်ချပ်မျှ မမြင်တွေ့ရပါ၊ လစာငွေ၏တစ်စိတ်တစ်ပိုင်းကို Angelica’s partner’s ကုမ္ပဏီ၏ ‘စီမံရေးကိုယ်စားလှယ်’ က သူမထံသို့ ပို့ပေးရမည်ဖြစ်ပါသည်။

“ကွန်မမှာ ကလေးငယ်နှစ်ယောက်ရှိတယ်၊ နို့နှင့် သေးခံတွေအပြင် အခြား အခြေခံအသုံးအဆောင် ပစ္စည်းတွေလိုပါတယ်”၊ ဟု သူမက အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ်ကို ပြောခဲ့သည်။

“ဒါပေမဲ့ ကျွန်မတို့ ရမယ့်ငွေကို မရခဲ့ပါ၊ သူ သင်္ဘောတက်ပြီးကတည်းက လေးလရှိပါပြီး။ ကျွန်မရဲ့ ၁၀ လသားအရွယ် ကလေးငယ်နှင့် သုံးနှစ်သားအရွယ် ကောင်လေးငယ်အတွက် ငွေလိုပါတယ်။”

Angelica Remegio သည် အငြင်းပွားနိုင်ဖွယ်ရှိသော ကုမ္ပဏီဖြစ်သည့် Able Maritime ထံမှ ဖြေကြားချက် အလိုရှိသည်၊ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံရပ်ခြား အလုပ်အကိုင် အာဏာပိုင်ဖြစ်သည့်  POEA သည် အဆိုပါကုမ္ပဏီကို သင်္ဘောလုပ်ငန်း စီမံရေးကိုယ်စားလှယ်အဖြစ် လုပ်ငန်းလည်ပတ်ရန် ဆက်လက် ခွင့်ပြုထားသည်။ | (Credit: Angelica Remegio)

Andy Umbania Bolo သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် MV Qing Yuan Yu 008 (IMO: 8662646) သင်္ဘောပေါ် တက်ရောက်အလုပ်လုပ်ခဲ့သည်။ သူ့အား Able Maritime Seafarers Inc ကုမ္ပဏီက အလုပ်ခန့်ခဲ့သည်။ စီမံရေးကိုယ်စားလှယ်အဖြစ် Able Maritime ကုမ္ပဏီသည် ၎င်းကိုယ်စားပြုသည့် သင်္ဘောသားများကို စောင့်ရှောက်ပေးရမည်ဖြစ်သည် - ၎င်းကို ထပ်ဆင့်၍ သင်္ဘောသားများ၏ လစငွေ တစ်စိတ်တစ်ပိုင်းကို ၎င်းတို့၏ မိသားစုများထံ ၎င်းတို့ သင်္ဘောပေါ်ရှိနေစဉ် ပို့ပေးရန်ဖြစ်သည်။

မိသားစုများနှင့် သင်္ဘောသားများ၏ သမဂ္ဂများက ပြောကြားသည်မှာ Angelica ၏ကိစ္စမှာ Able Maritime က ပျက်ကွက်ခဲ့သည့် ကိစ္စများ အလွန်များများအနက် တစ်ခုသာဖြစ်သည်ဟုဆိုပါသည်။

ကိုယ်းစားလှယ်၏ လုပ်ငန်းလိုင်စင်မှာ ရှိနေဆဲဖြစ်သည်

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် အပြည်ပြည်ဆိုင်ရာ သင်္ဘောသား ဖြန့်ချီပေးသည့် အကြီးမားဆုံး နိုင်ငံဖြစ်သည်။ 2019/20 ခုနှစ်  Drewry Report  အစီရင်ခံစာအရ ဖိလစ်ပိုင်များသည် ကမ္ဘာ့ သင်္ဘောသား လုပ်သားအင်အားထုကြီး၏ ၇ ယောက်လျှင် ၁ ယောက် (သို့မဟုတ် ၁၄ ရာခိုင်နှုန်း) ခန့်ရှိသည်ဟု ဆိုပါသည်။ ၎င်းမှာ အလုပ်သမား အယောက်ရေ 220,000 ခန့်ဖြစ်သည်၊ ၎င်းတို့၏ မိသားစုများနှင့် ကျယ်ပြန့်သော လူ့အသိုင်းအဝိုင်းများသို့ ယူအက်စ်ဒေါ်လာ ဘီလီယံနှင့်ချီ၍ ပို့ပေးနေလျက်ရှိသည်။

နိုင်ငံ့စီးပွားရေးနှင့် လူထုအတွက် ဖိလစ်ပိုင်သင်္ဘောသားများသည် အခရာကျလှပါသည်၊ ဖိလစ်ပိုင်နိုင်ငံ သမတ္တဖြစ်သူ Rodrigo Roa Duterte သည်  Pfizer နှင့် Johnson and Johnson/Jansen ကဲ့သို့သော နိုင်ငံ၏ အကန့်အသတ်ရှိသော ယူအက်စ်ထုတ် ကာကွယ်ဆေးများကို အလုပ်သမားများအား ဦးစားပေး၍ထိုးပေးရန် ကျန်းမာရေး အာဏာပိုင်များအား အမိန့်ပေးခဲ့သည်။  သင်္ဘောသားများအဖို့ ခရီးသွားရောက်ရန်နှင့် ကူးပြောင်းသွားလာရန်အတွက် ပိုမိုစာရင်းများပြားလာလျက်ရှိသော ပင်လယ်ရေကြောင်း အလုပ်ရှင်များနှင့် အစိုးရများ၏ အဆိုပါ ‘အနောက်တိုင်း’ ကာကွယ်ဆေးကို လိုအပ်ပါသည်။ သင်္ဘောသားများအား ကာကွယ်ပေးခြင်းနှင့်ပတ်သက်သည့် အရေးကြီးမှု မီးမောင်းထိုးပြပုံကို နိုင်ငံ၏ခေါင်းဆောင်များကလည်း သင်္ဘောသားများ အခွင့်အရေး အပြည်ပြည်ဆိုင်ရာ ညီလာခံသို့  သမတ္တရုံး အမှာစာ တင်ပို့ပေးခဲ့သည် ။

ဖိလစ်ပိုင် သင်္ဘောသားများကို ရှင်းရှင်းလင်းလင်း တန်ဖိုးထားကြသည်။ သို့သော် သင်္ဘောသားများကို မည်သူက လက်တွေ့ကျကျ ကာကွယ်ပေးရမည်နည်း။ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံရပ်ခြား အလုပ်အကိုင် ကိုယ်စားလှယ်ရုံး (The Philippine Overseas Employment Agency (POEA)) သည် နိုင်ငံရပ်ခြား၌ လုပ်ကိုင်နေသော သင်္ဘောသားများ၏ လုပ်ခများ၊ လူမှုဖူလုံရေးနှင့် အလုပ်လုပ်ကိုင်ရာအခြေအနေများကို ထိန်းသိမ်းခြင်းလုပ်ကိုင်ရသည့်  စီမံရေးကိုယ်စားများအား စည်းမျဥ်းကြီးကြပ်ပေးရာ၌ လုပ်ပိုင်ခွင့်ရှိသည်။ ၎င်း၏ကိုယ်ပိုင် ဝက်ဘ်ဆိုက် အရ၊  POEA ၏ လုပ်ငန်းမျှော်မှန်းချက်မှာ  “ကမ္ဘာ့ ပထမတန်းစား ဖိလစ်ပိုင် ရွှေ့ပြောင်းလုပ်သားများအတွက် အကောင်းဆုံး စီမံပေးရေး” ဖြစ်သည်ဟု ဆိုပါသည်။ သို့သော် Able Maritime ကုမ္ပဏီက အလုပ်နေရာချပေးသည့် သင်္ဘောသား အများအပြားအပေါ် ပျက်ကွက်နေလျက်ရှိကြောင်း တစ်မခန်း အထောက်အထားများ ရှိသည့်တိုင် POEA သည် အဆိုပါ ကုမ္ပဏီအား သင်္ဘောသား ကိုယ်စားလှယ်အဖြစ် လုပ်ငန်းလုပ်ဆောင်ရန် ဆက်လက်၍ လိုင်စင်ချပေးလျက်ရှိသည်။

အဘယ်ကြောင့် “ POEA သည် ဖိလစ်ပိုင် မိသားစု ပို၍ ပို၍ များများအပေါ် အတိဒုက္ခ ရောက်အောင် ခွင့်ပြုပါသလဲ။ ၎င်းသည် Able Maritime ကုမ္ပဏီအပေါ် အဘယ်ကြောင့် ချက်ချင်း အရေးမယူနိုင်ပါသလဲ။” Steve Trowsdale  ITF ၏ စိစစ်ရေးမှူးချုပ်ရုံး ညှိနှိုင်းရေးအရာရှိက မေးခဲ့သည်။ “able Maritime က ငါးဖမ်းသင်္ဘောတွေပေါ် အလုပ်ခန့်ထားသော်လည်း မိသားစုတွေ တစ်ပြားတစ်ချပ်မျှ မရတဲ့ အလားတူ သင်္ဘောသားပြဿနာ ဒါဇင်နဲ့ချီပြီး ကျွန်တော်တို့ သိပါတယ်။ ဒီမိသားစုတွေ ကုန်ကျစရိတ်တွေကို ဘယ်လိုပေးမှာလဲ၊ သူတို့ ဘယ်လို အသက်ရှင်နေထိုင်ကြရမှာလဲ။”

ITF စိစစ်ရေးမှူး အဖွဲ့ ညှိနှိုင်းရေးအရာရှိဖြစ်သူ Steve Trowsdale | (Credit: ITF)

စက်တင်ဘာလတွင် ITF သည် Leslie Ann De Torres (ဆန္ဒပြမှု 3) အကြောင်းကို အသေးစိတ်ထုတ်ပြန်ခဲ့သည်၊ ၎င်းကိစ္စတွင် လင်ယောက်ျားဖြစ်သူအား ရှစ်လကျော် ဆက်သွယ်၍ မရနိုင်ပြီး ထိုသူ၏ ကောင်းမွန်ရေးကို ထိပ်လှန့်ကြောက်ရွံ့နေသည့် သင်္ဘောသား၏ မယားဖြစ်သူအကြောင်းဖြစ်သည်။ ITF-၏ အများပြည်သူ ထုတ်ပြန်ကြေညာချက်အပေါ် ကျေးဇူးတင်ပါသည်၊ လင်ယောက်ျားဖြစ်သူ Jemuel Cris De Leon De Torres အသက်ရှင်လျက်ရှိကြောင်း ပေါ်ထွက်လာခဲ့သည်၊ တရုတ်အလံလွှင့်ထူထားသည့် ငါးဖမ်းသင်္ဘော Lu Qing Yuan Yu 116 (IMO 8546270) ပေါ်တွင် ဆက်လက်လုပ်ကိုင်နေလျက်ရှိကြောင်း သိရသည်။ De Torres သည် ယခုအခါ ဤလကုန်ဆုံးပိုင်း၌ အိမ်ပြန်ရဖွယ်ရှိသည်၊ သင်္ဘောပိုင်ရှင် (Able Maritime ကုမ္ပဏီမှလွဲ၍) က သူ့အိမ်အပြန်ကိစ္စကို တောင်းဆိုခြင်းကြောင့်ဖြစ်သည်။

ITF ၏ Steve Trowsdale ကပြောခဲ့သည်မှာ De Torres အားအလုပ်ခန့်ခဲ့သည့်  Able Maritime ကုမ္ပဏီတွင် သင်္ဘောသားများနှင့် ငါးဖမ်းသမားတို့၏ ကောင်းမွန်ရေးနှင့် တည်ရှိရာနေရာများနှင့်ပတ်သက်၍ မိသားစုများက ၎င်းတို့၏ချစ်ခင်ရသူများအား ဆက်သွယ်နိုင်စေရန်အပါအဝင် သွက်သွက်စုံစမ်းသိရှိနေရန် ဖိလစ်ပိုင်နိုင်ငံ စနစ်အရ အလုပ်ရှင်များနှင့်အတူတကွ တာဝန်ရှိသည်။

 

Leslie Ann De Torres was သည် သူမ၏ လင်ယောက်ျားအား Able Maritime ကုမ္ပဏီက တရုတ်ငါးဖမ်းသင်္ဘောပေါ် တင်ပေးပြီးနောက် လပေါင်းများစွာ ဆက်သွယ်၍ မရနိုင်ခဲ့ပါ | (Credit: Leslie Ann De Torres)

Able Maritime ကုမ္ပဏီထံမှ မည်သည့်တုံ့ပြန်ချက်မျှ မရရှိပြီးနောက် Mrs De Torres သည် POEA ထံသို့ ပထမအကြိမ် တိုင်တန်းခဲ့ကတည်းက ခြောက်လနီးပါးပြည့်ပြီဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် စည်းမျဥ်းကြီးကြပ်သည့် ကိုယ်စားလှယ်ရုံးသည် အရေးယူလုပ်ဆောင်ရန် အလွန့်အလွန် နှေးကွေးသည်၊ မြောက်မြားစွာသော ငါးဖမ်းသမားများနှင့် ၎င်းတို့၏ မိသားစုများ (Angelica Remegio အပါအဝင်) တို့သည် Able Maritime ၏ ဒုက္ခပေးခံရသူများအဖြစ် ထိုအချိန်မှစ၍ ဖြစ်လာခဲ့ကြသည်။  ယခုအခါတွင်ပင် အငြင်းပွားဖွယ်ရာ စီမံရေး ကိုယ်စားလှယ် လိုင်စင်မှာ ဆက်လက် ရှိနေဆဲဖြစ်သည်။

Able Maritime အပေါ် အထောက်အထားမှာ စိတ်ဖိစီးလွန်းလှသည်

Fiji နိုင်ငံ Goundar သင်္ဘောလုပ်ငန်းတွင် Able Maritime ကုမ္ပဏီ အလုပ်ခန့်ပေးထားသည့် သင်္ဘောသား နှစ်ဆယ့်တစ်ဦး  မှာ လုပ်ခနည်းလွန်းပြီး ဆိုးဝါးလှသည့် လုပ်ကိုင်ရာအခြေအနေများနှင့် ကြုံတွေ့ခဲ့ရသည်။  သင်္ဘောသားများ၏ ကန်ထရိုက်သတ်မှတ်ချက်များကို Fiji နိုင်ငံရောက်ရှိချိန်၌ ပြောင်းလဲခဲ့ကြောင်းအား ITF က ပြသလိုက်သည့်အခါ POEA သည် Able Maritime ၏ လိုင်စင်ကို ခေတ္တရပ်ဆိုင်းခဲ့သည်။ သို့သော်လည်း နှစ်ပတ်သာကြာပြီးနောက် လိုင်စင်ကို ပြန်လည်ချပေးခဲ့သည်၊ ထိုအချိန်မှစ၍ လိုင်စင်မှာ ဆက်လက် တည်နေလျက်ရှိသည်။ သင်္ဘောသားများအား ၎င်းတို့၏ အခြေအနေမှ ကယ်တင်ပေးရန်နှင့် ၎င်းတို့၏ မိသားစုများထံ ပြန်လာရေးကို ဆောင်ရွက်ပေးရန် လပေါင်းများစွာ ကြာခဲ့သည်။ Goundar ၏ ရက်စက်မှုများ၏ နောက်ဆုံး အတိဒုက္ခရောက်သူ နှစ်ဦးသည် အောက်တိုဘာလကျမှသာ အိမ်ပြန်လာခဲ့ကြရသည်။ ၎င်းတို့ ပြန်ရောက်ရောက်ချင်း Able Maritime ကုမ္ပဏီနှင့်ပတ်သက်၍ တရားဝင် တိုင်တန်းစာကို POEA သို့တင်သွင်းခဲ့သည်။

Able Maritime ကုမ္ပဏီ၏ လိုင်စင်မှာ တည်ရှိနေသေးလျက်ရှိသည်။

သင်္ဘောသား ဖိလစ်ပိုင် ရှစ်ယောက် မှာ ၎င်းတို့အား Able Maritime ကုမ္ပဏီက Malta Towage ကုမ္ပဏီတွင် Malta ကမ်းလွန်တစ်နေရာရှိ ကျူနာငါးဖမ်း လုပ်ငန်း၏ သင်္ဘောများပေါ် အလုပ်ခန့်ပေးထားသည်။ သင်္ဘောများပေါ်ရှိ အခြေအနေများမှာ အနိမ့်ဆုံး ဘေးကင်းရေး စံနှုန်းများအောက်တွင် ရှိသည်။ Malta ဆိပ်ကမ်းနိုင်ငံ ထိန်းချုပ်ရေးအတွက် စိစစ်ရေးမှူးများသည် ဖိလစ်ပိုင် သင်္ဘောသားများ လုပ်ကိုင်လျက်ရှိသည့် သင်္ဘောများအနက် တစ်စီးပေါ်တွင် အနိမ့်ဆုံး စံနှုန်းများထက် နိမ့်ကျသည့် ယိုယွင်းမှု ၃၅ ခုကို တွေ့ရှိခဲ့သည်။ ITF အာဏာပိုင်များက တွေ့ရှိခဲ့သည်မှာ သင်္ဘောသားများသည် ပိုမိုများလွန်းသော အချိန်နာရီ အလုပ်လုပ်နေရပြီး အချို့တို့ကို ၎င်းတို့၏ တာဝန်များ၏ ပြင်ပအလုပ်များကို လုပ်ခိုင်းကြသည်၊ ၎င်းတို့၏ ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်သောကတို့အပေါ် ထပ်ဆင့်ဝန်ပိရင်းနှင့်ဖြစ်သည်။

သင်္ဘောသား အချို့ကို အိမ်ပြန်ရန် ITF က ကူညီပေးခဲ့သည်။ POEA သည် ၎င်းတို့၏ ကိစ္စကို ကောင်းစွာသိရှိပါသည်။ Able Maritime ကုမ္ပဏီ၏ လိုင်စင်မှာ တည်ရှိနေသေးလျက်ရှိသည်။

အောက်တိုဘာလတွင်၊ ITF စိစစ်ရေးမှူးချုပ်ရုံးသည် သင်္ဘောသားအလုပ်ခန့် အေဂျင်စီ စောင့်ကြည့်ရမည့် လမ်းညွှန်စာအုပ်ဖြစ်သည့် ITFShipBeSure.org တွင် Able Maritime အား အနီရောင်စာရင်းသွင်းခဲ့သည်၊ အဆိုပါ ကုမ္ပဏီမှတစ်ဆင့် အလုပ်လက်ခံခြင်းကို ရှောင်ကြဥ်ကြရန် သင်္ဘောသားများအား အကြံပြုထားသည်။ Able Maritime ၏ အပြုအမူအကြောင်း သတင်းထွက်ပေါ်လာပြီးနောက် သင်္ဘောသားများနှင့် ၎င်းတို့၏ မိသားစုများထံမှ ITF သို့ တိုင်တန်းစာများ အလုံးလိုက်အထွေးလိုက် တင်သွင်းလာခဲ့ကြသည်။

ITF ၏ လုပ်ဆောင်ချက်နှင့်တကွ သင်္ဘောသားများ၏ တရားဝင် တိုင်တန်းချက်များရှိသည့်တိုင် Able Maritime ၏ လိုင်စင်မှာ တည်ရှိနေသေးလျက်ရှိသည်။

“POEA ရဲ့ အလုံးစုံ ရည်ရွယ်ချက်ဟာ နိုင်ငံရပ်ခြားမှာ လုပ်ကိုင်နေတဲ့ ဖိလစ်ပိုင်တွေကို ခေါင်းပုံဖြတ်တာတွေကနေ ကာကွယ်ပေးဖို့ ဖြစ်ပါတယ်”  ITF ၏ Steve Trowsdale က ပြောကြားခဲ့သည်။ “Able Maritime ရဲ့ လက်တွင်းမှာ ဒုက္ခခံစားနေရတဲ့ ဒီအမှုအခင်းတွေ အားလုံး ရှိနေတာတောင်– အလွန်များပြီး ကောင်းကောင်း မှတ်တမ်းပြုထားတဲ့ အထောက်အထားရှိတာတောင် ကျွန်ုပ်တို့အနေနဲ့ POEA ထံမှ တုံ့ပြန်ချက်ဘာမျှ မမြင်တွေ့ရသေးပါဘူး၊ ပြင်းထန်တဲ့ လှုပ်ရှားမှုတစ်ရပ် လိုအပ်နေပါတယ်။”

“ကျွန်ုပ်တို့အနေနဲ့ POAE ထံမှ ပြတ်ပြတ်သားသား ဆုံးဖြတ်တဲ့ အရေးယူမှုကို လိုအပ်ပါတယ်၊ ဖိလစ်ပိုင်နိုင်ငံ ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍကို ဂုဏ်သတင်းညစ်ညမ်းစေတဲ့ ဒီသင်္ဘောသားအလုပ်ခန့် အေဂျင်စီရဲ့  လုပ်ရပ်ကို နမူနာအဖြစ် ထင်ဟတ်စေဖို့ ဖြစ်ပါတယ်။  အဆိုပါ လုပ်ဆောင်ချက်ကို ကျွန်ုပ်တို့ အခု လိုအပ်ပါတယ်။”

-

Media contact: media@itf.org.uk

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.