Skip to main content

ပေါက်ကွဲမှုဖြစ်သည့် သင်္ဘောမာလိန်မှူးအား မှားယွင်းမှု မလုပ်သည့်တိုင် ဒူဘိုင်းနိုင်ငံတွင် ဖမ်းဆီးထား

31 Jan 2022
Press Release
သင်္ဘော MV Ocean Trader က အကြီးအကျယ်ပေါက်ကွဲမှုဖြစ်သည့်နေရာဖြစ်စဥ် ၂၀၂၁ ခုနှစ် ဇူလိုင်လ၌ ဒူဘိုင်းနိုင်ငံ၊ ဂျဘဲလ် ဆိပ်ကမ်းရှိ ဖြစ်ရပ်

၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ကုန်တင်သေတ္တာပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်မှုဖြစ်ပွားခဲ့သည့် သင်္ဘောမာလိန်မှုးအား ခြောက်လကျော်လာသော်လည်း အိမ်ပြန်ခွင့် မပြုသေးပါ။ သူ့ကိုသော်လည်းကောင်း၊ သူ့သင်္ဘောသားများကိုသော်လည်းကောင်း ၂၀၂၁ ခုနှစ် မတ်လကတည်းကစ၍ လုပ်ခမပေးခဲ့ပါ။

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers Federation) သည် အဆိုပါအမှုကိစ္စကို စောင့်ကြပ်ကြည့်ရှုနေလျက်ရှိပြီး လူသား စာနာမှုအကျိုးအရ ဒူဘိုင်းနိုင်ငံ အာဏာပိုင်များအား အဆိုပါမာလိန်မှူးကို သူ့၏ဝင်ငွေအပေါ် မှီခိုအားထားနေရသည့် သူ့ဇနီး၊ ကလေးငယ်နှစ်ယောက်နှင့် အိုမင်းနေသည့်ဖခင်တို့ထံ ပြန်ခွင့်ပြုရန် တိုက်တွန်းလိုက်သည်။

သင်္ဘော MV Ocean Trader (IMO: 9056739) သည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင်  Jebel Ali ဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံး သင်္ဘောပေါ်တင်စဉ် မီးလောင်ပြီးပေါက်ကွဲခဲ့သည့် သတင်း ကျော်ကြားခဲ့သည်။ Al Jazeera သတင်းဌာနက သတင်းထုတ်လွှင့်ခဲ့သည် မှာ အဆိုပါ ပေါက်ကွဲမှုမှာ အဆောက်အဦးများကို တုန်ခါသွားစေပြီး ပြတင်းပေါက်တုန်ခါသံများကို ဆိပ်ကမ်းမှ ၂၅ ကီလိုမီတာအဝေးသို့တိုင် လွှင့်စင်သွားစေခဲ့သည်။ ကံကောင်းစွာဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ကြီးကြီးကျယ်ကျယ် ဒဏ်ရာမရရှိကြပါ။

မာလိန်မှူး Santosh Kumar ဟာ သူရဲကောင်းတစ်ဦးဖြစ်ပါတယ်၊ ဟု Steve Trowsdale ITF ၏ စိစစ်ရေးမှူးချုပ်ရုံး ညှိနှိုင်းရေးအရာရှိက ပြောကြားခဲ့သည်။ သင်္ဘောသားတစ်ဦးဟာ အဲ့ဒီ့ ကုန်သေတ္တာကို တင်ပြီးပြီးချင်း မီးခိုးထွက်နေတာကို မြင်တွေ့ခဲ့တယ်။ မာလိန်မှူးကို သတိပေးခဲ့တယ်၊ မာလိန်းမှူးက ချက်ချင်း သင်္ဘောမှ ထွက်ခွာပေးဖို့ အမိန့်ပေးခဲ့ပြီး ဆိပ်ကမ်း ကယ်ဆယ်ရေးအာဏာပိုင်များထံ သတင်းပို့ခဲ့ပါတယ်။

ITF စိစစ်ရေးမှူးချုပ်ရုံး ညှိနှိုင်းရေးအရာရှိဖြစ်သူ Steve Trowsdale | (Credit: ITF)

သူဟာ မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျ လုပ်ဆောင်ခဲ့ပြီး လူ့အသက် အတော်များများကို ကယ်တင်ခဲ့ပုံရပါတယ်။ ဒီတစ်ချိန်လုံး သူ့ကို အိမ်ကနေ ဝေးဝေးထားနေသေးတာတောင် သူဟာ သံသယဖြစ်စရာကောင်းတဲ့ပုံစံမျိုး ဒူဘိုင်းအာဏာပိုင်တွေက သုံးသပ်နေသလို ဖြစ်ပုံရတယ်။ သို့သော်လည်း သူဟာ အရာတိုင်းကို မှန်မှန်ကန်ကန် လုပ်ခဲ့ပါတယ်။ သူ့ကို သူ့ဘဝ သူလျှောက်လမ်းဖို့ ပြန်လွှတ်ပေးသင့်ပါတယ်။

ပေါက်ကွဲမှု စုံစမ်းစစ်ဆေးရေးကို ချက်ချင်း ဆောင်ရွက်ခဲ့ပြီး သင်္ဘောမာလိန်မှူး အပါအဝင် သင်္ဘောသား အများအပြားကို ရဲမှ လူတွေ့မေးမြန်းစစ်ဆေးခဲ့သည်။ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေစဉ်အတွင်း သင်္ဘောဝန်ထမ်း ၁၄ ယောက်လုံးကို အနီးအနားရှိ ဟိုတယ်တစ်ခုတွင် ထိန်းသိမ်းထားခဲ့သည်။

သင်္ဘောမာလိန်မှူး မည်မျှကြာကြာ နေရမည်မှာ မသိရပါ

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သင်္ဘော Ocean Trader သင်္ဘောဝန်ထမ်း ၁၃ ဦးကို ပြန်ပို့ပေးခဲ့သည်။ ယခုအခါ သင်္ဘောမာလိန်မှူး Santosh Kumar တစ်ဦးတည်းကိုသာ ဆက်လက် ထိန်းသိမ်းထားသည်။ သူ့အား အခန်းတစ်ခုသို့ ပြောင်းရွှေ့ပေးထားပြီး လူစိမ်းသုံးဦးနှင့်အတူ နေထိုင်ရကာ၊ သူ မည်မျှကြာကြာနေရနိုင်သည်ကို မည်သည့်အရိပ်အယောင်မျှ မပြောကြပါ။ အာဏာပိုင်များက အဘယ်ကြောင့် သူ့အား ဆက်လက် ထိန်းသိမ်းထားလိုသည်ကို မရှင်းပါ။

အလံတင်နိုင်ငံ၊ သင်္ဘောပိုင်ရှင်နှင့် မန်နေဂျာတွေ အားလုံးမှာ သင်္ဘောနဲ့ပတ်သက်တဲ့ တာဝန်တွေ ရှိကြပါတယ်၊ ဟု Trowsdale က ပြောကြားခဲ့သည်။ ဒီကိစ္စမှာ ကျနော်ဟာ အဲ့ဒီ့သုံးယောက်လုံးဆီ" စာရေးခဲ့ပါတယ်၊ မန်နေဂျာဆီကသာ ပြန်ကြားစာ လက်ခံရရှိပြီးသင်္ဘောပိုင်ရှင်မှာ တာဝန်ရှိတယ်လို့ဆိုပါတယ်။"

သင်္ဘော  Ocean Trader ကို Comoros နိုင်ငံတွင် မှတ်ပုံတင်ထားသည်၊ Madagascar မြောက်ဘက်ရှိ ကျွန်းငယ်ငယ်အုပ်စုနိုင်ငံတစ်ခုဖြစ်သည်။ Comoros နိုင်ငံသည် ITF ၏ တရားဝင် စာရင်း  ရှိအလံငှါးနိုင်ငံဖြစ်သည် အဆိုပါနိုင်ငံများသည် သင်္ဘောပိုင်ရှင်များအနေဖြင့် အခွန်၊ စည်းမျဥ်းများနှင့် အမျိုးမျိုးသော အလုပ်သမား စံရည်စံနှုန်းများကို ရှောင်ရှားခွင့်ပြုရန် သင်္ဘောများကို မှတ်ပုံတင်ပေးသည်။ သင်္ဘောကို  Sash Shipping Corp က ပိုင်ဆိုင်သည်၊ Panama နိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး United Arab Emirates (၎င်းတွင် Dubai မှာ ပြည်နယ်တစ်ခုဖြစ်သည်) တွင် အခြေစိုက်သော Inzu Ship Charter LLC ကုမ္ပဏီက စီမံခန့်ခွဲသည်။

Comoros နိုင်ငံဟာ မှတ်ပုံတင်ပေးထားတဲ့ သင်္ဘောတွေရဲ့ တောင်းဆိုတွေကို လျစ်လျူရှုလေ့ရှိပါတယ်၊ ဟု Trowsdale က ပြောကြားခဲ့သည်၊ လူသားချင်းစာနာတဲ့လုပ်ရပ်အတွက် ရှင်းရှင်းအရေးပေါ် လိုအပ်နေတဲ့ ကိစ္စတွေမှာတောင် လျစ်လျူရှုပါတယ်။

မန်နေဂျာသည် သင်္ဘောမာလိန်မှူး Captain Kumar ကို ယမန်နှစ် ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး နှစ်ပတ်တိုင်း ယူအက်စ်ဒေါ်လာ US$135 ဒေါ်လာ ပေးနေလျက်ရှိသည်။ ဤငွေကြေးဖြင့် မာလိန်မှူးက ရှင်သန်နေရသော်လည်း ဒူဘိုင်း၏ ပျမ်းမျှလစာငွေ (နှစ်ပတ် US$2,700 ခန့်)[1] နှင့်နှိုင်းယှဥ်လျှင် အလွန်နိမ့်ကျနေပြီး သူ ရသင့်ရထိုက်သည်ထက် အလွန် နည်းနေလျက်ရှိသည်။ Kumar ကို သူ့အား အိမ်ပြန်မပို့မချင်း ဆက်လက် အလုပ်ခန့််ထားရမည်ဖြစ်ပြီး သူ့အနေဖြင့် သူ၏လစာအပြည့်ကို ဆက်လက် ခံစားနေရမည်မှာ ပုံမှန်ကိစ္စဖြစ်ပါသည်။

အမှန်စင်စစ် သင်္ဘောသား ၁၄ ဦးအနက် မည်သူကမျှ ၂၀၂၁ ခုနှစ် မတ်လကစ၍ အသေအချာ လစာ မရခဲ့ကြပါ။ ယူအက်စ်ဒေါ်လာ US$93,000 ကျော် ရရန်ရှိနေသေးပြီး မာလိန်မှူး Kumar ဒူဘိုင်းနိုင်ငံတွင် ရှိနေစဉ် ဤငွေအရေအတွက်မှာ ပို၍တိုးလာမည်ဖြစ်ကြောင်း ITF က ခန့်မှန်းထားသည်။

ဒီလို သူတို့ရဲ့ လစာကို ထိန်ခြန်ထားတာဟာ ဘယ်လိုအခြေအနေမျိုးမှာဘဲဖြစ်ဖြစ် မမျှတတဲ့အပြင် မသင့်တော်ပါ၊ ဟု Trowsdale က ပြောကြားခဲ့သည်။

ဒီလူတွေအားလုံးရဲ့ အခြေခံလူ့အခွင့်အရေးတွေကို စိတ်ပျက်ဖွယ်ကောင်းအောင် လျစ်လျူရှု ထားကြပြီးတော့ အလံတင်နိုင်ငံ၊ သင်္ဘောပိုင်ရှင်တွေနှင့် ဒူဘိုင်းကရဲတွေဟာ ဒီအခြေအနေကို ဆက်ဖြစ်နေအောင် ခွင့်ပြုထားကြတယ်။

Santosh Kumar နဲ့ သူ့မိသားစုအတွက် ထည့်စဉ်းစားကြည့်ကြပါစို့။ သူ့ကို အိမ်ပြန်ပို့ကြပါ။
 

ပြီးပြီး
 

 မှတ်ချက်များ-

  • [1] ထုတ်ပြန်ချက်ထုတ်ချိန်၌ ဒူဘိုင်းနိုင်ငံရှိ အလယ်အလတ်တန်းစား လစာငွေမှာ တစ်လ AED21,500 ဖြစ်သည်၊ ခန့်မှန်းခြေ ယူအက်စ်ဒေါ်လာ နှစ်ပတ် US$2700 နှင့်ညီမျှကြောင်း  https://biz30.timedoctor.com/average-salary-in-dubai/ အရဖြစ်သည်။  

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်း တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတိုးတက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာကို လည်ပတ်ပေးနေသည့် အမျိုးသမီး အမျိုးသား သန်း နှစ်ဆယ်ခန့်၏ သဘောထား ဖြစ်ပါသည်။

မီဒီယာ အဆက်အသွယ်-   media[at]itf.org.uk  +44 20 7940 9282

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.