Skip to main content

Svitzer ဖျက်သိမ်းရေး ကြိုးပမ်းမှုမှာ သြစတြေးလျနိုင်ငံ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များအပေါ် အန္တရာယ်ကျရောက်နိုင်၊ Maersk ၏ ဂုဏ်သတင်းကျော်ကြားမှုကို ထိခိုက်နိုင်

02 Feb 2022
Press Release

A.P. Møller–Mærsk ၏ လက်အောက်ခံ ဆွဲသင်္ဘောလုပ်ငန်းဖြစ်သည့် Svitzer ၏ သြစတြေးလျနိုင်ငံ လုပ်သားထုတစ်ရပ်လုံးနှင့် ချုပ်ဆိုထားသည့် အလုပ်အကိုင်လုပ်ခစာချုပ် ဖျက်သိမ်းပေးရန် လျှောက်လွှာသည် အဆိုပါနိုင်ငံ၏ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်၏ ဒုက္ခသုက္ခများကို ပို၍ပင် ဆိုးဝါးလာနိုင်သည်။  သမဂ္ဂများက ပြောကြားသည်မှာ အဆိုပါ ကြိုးပမ်းမှုမှာ ကံမကောင်း အကြောင်းမလှသော်လည်း အဓိကကျသည်၊ သယ်ယူပို့ဆောင်ရေး အလုပ်သမားများနှင့် ၎င်းတို့၏ အခွင့်အရေးများအပေါ်  လတ်တလော နှစ်များ၌ မြင်တွေ့ရသည့် Maersk’s ၏ ယေဘုယျ အပြုသဘောဆောင်သည့် ချဥ်းကပ်မှုမှ ရှောင်ကွင်းသွားမှုဖြစ်သည်။  

“ရောဂါကပ်ဘေးကြီးတစ်လျှောက်လုံး၊ သမဂ္ဂများဟာ အစိုးရတွေနဲ့ သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းတွေနဲ့ အတူလက်တွဲပြီး လုပ်ဆောင်ပေးနေကြပါတယ်၊ ကုန်စည်ဖြန့်ချီရေး ကွင်းဆက် ပြိုလဲပျက်သုဥ်းသွားမှာကို ရှောင်ရှားမယ့် အစီအမံတွေနဲ့ပတ်သက်လို့ဖြစ်ပါတယ်၊” ဟု အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရး အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) အထွေထွေအတွင်းရေးမှူးဖြစ်သူ Stephen Cotton က ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သယ်ယူပို့ဆောင်ရေး ကဏ္ဍတိုင်းမှာရှိတဲ့ ကုမ္ပဏီတွေနဲ့ သမဂ္ဂတွေဟာ ရောဂါကပ်ကြီးရဲ့ အသွင်အပြင်အမျိုးမျိုးတွေကိုကျော်လွှားပြီး အတူတကွ လုပ်ကိုင်ပေးနေကြပါတယ်။ Maersk အပါအဝင် ကုမ္ပဏီတွေဟာ ITF နဲ့ လက်တွဲပြီး သွက်သွက်လက်လက် လုပ်ကိုင်ပေးနေကြပြီး ကျွန်ုပ်တို့ရဲ့ ပင်လယ်ရေးကြောင်း ယောင်းရင်းအဖွဲ့ဝင် အများအပြားဟာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကို ဖြေရှင်းပေးဖို့ ကြိုးစားပေးနေကြပါတယ်၊” ဟု Cotton က ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့ရဲ့ မှာကြားရမယ့်စကားကတော့ ရင့်ကျက်ပြီး လေးစားမှုရှိတဲ့ လုပ်ငန်းကဏ္ဍဆိုင်ရာ ဆက်ဆံရေး တစ်ရပ်ဟာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ လူတိုင်းပါဝင်တဲ့ စားပွဲဝိုင်း အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းမှုဟာ လုပ်ငန်းကဏ္ဍရဲ့ အတူမျှဝေခံစားနေရတဲ့ အခက်အခဲတွေကို ရင်ဆိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ် - အဲ့ဒါဟာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တွေကို လုံခြုံအောင်ထားဖို့ဘဲဖြစ်ဖြစ် ဒါမှမဟုတ် သင်္ဘောလုပ်ငန်းကို တည်တံ့ခိုင်မြဲနေအောင် ကူးပြောင်းပေးဖို့ဘဲဖြစ်ဖြစ် ဖြစ်ပါတယ်။”

Cotton က ပြောကြားခဲ့သည်မှာ Maersk အုပ်စု၏ အစိတ်အပိုင်းအားလုံးသည် အလုပ်သမားများ၏ အသင်းအဖွဲ့ဖွဲ့စည်းရေး လွတ်လပ်မှု အခွင့်အရေးများနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း စာချုပ် စီ၈၇ နှင့် စီ၉၈ (International Labour Organization’s conventions C87 and C98) တွင် ပြဌာန်းထားသည့် အလုပ်အကိုင်လုပ်ခ စုပေါင်းညှိနှိုင်းရေးဆိုင်ရာ အခွင့်အရေးများကို စောင့်ထိန်းပေးရန် အရေးကြီးပါသည်ဟုဆိုသည်။

“အဲ့ဒါဟာ အလုပ်လုပ်တဲ့လူအားလုံးရဲ့ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းဖို့၊ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းပြီး ပူးပေါင်းပါဝင်ဖို့၊ အပြင် အလုပ်ရှင်တွေနဲ့ သမဂ္ဂတွေကတစ်ဆင့် တကယ်လို့ အလုပ်သမားတွေက ဆန္ဒရှိရင် အလုပ်အကိုင်လုပ်ခ ညှိနှိုင်းဆွေးနွေးဖို့ အခွင့်အရေးဖြစ်ပါတယ်။  လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းရေးအပြင် အလုပ်အကိုင်လုပ်ခ စုပေါင်းညှိနှိုင်းရေးတွေအပေါ် ဆွဲသင်္ဘောအလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို Svitzer က အသိအမှတ်ပြုရေးကိစ္စဟာ ဒီပြဿနာကိုဖြေရှင်းဖို့ အပြုသဘောဆောင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲရဲ့ အခြေခံကျတဲ့ အရေးကြီးကိစ္စဖြစ်ပါတယ်။”

“svitzer အနေနဲ့ အမြင်ကျဥ်းမြောင်းမှုတဲ့ အရှိန်ဟုန်မြင့်မားတဲ့ ယှဥ်ပြိုင်မှုကို လုပ်ဖို့မလိုပါဘူး။ အဲ့ဒါဟာ ဆွဲသင်္ဘောအလုပ်သမားတွေ အပေါ် ပိုမိုဆိုးဝါးလာမှာဖြစ်ပြီး ကုန်စည်ဖြန့်ချီရေး ကွင်းဆက်ကို ပိုပြီးတော့ လုံခြုံမှု နည်းပါးသွားစေမှာဖြစ်ပါတယ်။ Svitzer ဟာ သူ့ရဲ့ လုပ်ဆောင်ချက်ကို သြစတြေးလျနိုင်ငံမှာ လမ်းကြောင်း ပြောင်းနိုင်စွမ်းတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်၊ အဲ့ဒါအစား Maersk ရဲ့ အကောင်းဆုံး တန်ဖိုးကို အမှန်တကယ် ထင်ဟတ်ပေါ်မှာကို လုပ်သင့်ပါတယ် – အဲ့ဒီ့တန်ဖိုးထားရာများအနက် တစ်ချို့ လှုပ်ရှားတာကို ဒီရောဂါကပ်ဘေးကြီးအတွင်း ကျွန်ုပ်တို့ မြင်တွေ့ခဲ့ပြီး ဖြစ်ပါတယ်။”

“svitzer အနေနဲ့ ကျွန်ုပ်တို့ရဲ့ အဖွဲ့ဝင်များနဲ့ အတူထိုင်ပြီး ဒီပြဿနာကို အတူ ဖြေရှင်းဖို့ ကျွန်ုပ်တို့ တိုက်တွန်းပါတယ်၊ အဲ့ဒါမှ ကျွန်ုပ်တို့အနေနဲ့ ကျွန်ုပ်တို့ရဲ့ စုပေါင်းအလေးထားရာဖြစ်တဲ့ သြစတြေးလျနိုင်ငံ အိမ်ထောင်စုတွေနဲ့ စီးပွားလုပ်ငန်းတွေဟာ  အစားအစာ၊ လောင်စာ၊ ဆေးဝါး၊ နဲ့ သူတို့လိုအပ်တဲ့ စားသုံးသူ အရာပစ္စည်းတွေအတွက်  သူတို့အားကိုးအားထားရတဲ့ ပင်လယ်ရေကြောင်း ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တွေကို ရဖို့သေချာစေမှာဖြစ်ပါတယ်။”

“ဆွဲသင်္ဘော ကဏ္ဍဟာ ကျွန်ုပ်တို့ရဲ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တွေရဲ့ လုံခြုံရေးအတွက် အခရာကျပါတယ်။ ဒီအလုပ်သမားတွေဟာ ပင်လယ်ရေကြောင်းကုန်စည်တွေရဲ့ လေကြောင်းထိန်းချုပ် လည်ပတ်ပေးသူတွေ ဖြစ်ကြပါတယ်- သူတို့မရှိရင်၊ ဘာမျှ ရွေ့မှာ မဟုတ်ပါဘူး။ သူတို့ရဲ့ အလေးထားမှုနဲ့ ကျွမ်းကျင်မှု မရှိဘဲ - သင်္ဘောကုန်သေတ္တာတွေ အမြင့်ကြီးပုံနေမယ်၊ သင်္ဘောတွေ ပြန်ဆုတ်လာမယ်၊ သင်္ဘောတွေ တိုက်ကုန်ကြမယ် ဒါမှမဟုတ် ဆိုးဆိုးဝါးဝါးတွေ ဖြစ်လာမယ်၊” ဟု Cotton က ပြောကြားခဲ့သည်။


Maersk အုပ်စုသည် အမြင်ကျဥ်းမြောင်းမှု မရှိဘဲ ဆုံးခန်းတိုင်အထိ လှမ်းမည့် ဆွဲသင်္ဘောကဏ္ဍ ဦးဆောင်သူ ဖြစ်သင့်သည်

ITF ကုန်းလမ်း လမ်းပြဌာန အကြီးအကဲဖြစ်သူ Yury Sukhorukov ကပြောကြားခဲ့သည်မှာ A.P. Møller–Mærsk သည် ၎င်းလုပ်ငန်းလည်ပတ်သည့် လုပ်ငန်းကဏ္ဍအားလုံးအား ဦးဆောင်မှုပေးရန် ကျင့်ဝတ်နှင့်အညီ တာဝန်ယူခဲ့သည်၊ လုပ်ခနှင့် လုပ်ကိုင်ရာအခြေအနေများနှင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ပိုမိုကောင်းမွန်သော စံချိန်စံညွှန်းများအတွက်ဖြစ်သည်။

Svitzer ၏ ဖျက်သိမ်းရေး ကြိုးပမ်းမှုအတွက် အောင်မြင်မှုမှာ ရာနှင့်ချီသော သြစတြေးလျနိုင်ငံ ဆွဲသင်္ဘောနှင့် ချိတ်ဆွဲဝန်ဆောင် အလုပ်သမားများအဖို့ လုပ်ခနှင့် လုပ်ကိုင်ရာ အခြေအနေများအပေါ် အနိမ့်ဆုံးအဆင့် ရောက်အောင် ဆွဲချနေပါလိမ့်မည်။ ဤသို့ဖြင့် သမဂ္ဂ-ကအောင်မြင်ခဲ့သည့် ပင်ပန်းနွမ်းနယ်မှုကို ဟန့်တားမည့် များလွန်းသည့်အချိန်ပိုနာရီလုပ်ခြင်းအပေါ် ကန့်သတ်ချက်များ ဆုံးရှုံးရမည့်ကိန်း ဆိုက်ပါလိမ့်မည်။

“ဤအပြုအမူကို မည်သည့်အလုပ်ရှင်ကမျှ လက်မခံနိုင်သော်လည်း၊ အထူးသဖြင့် စိတ်ပျက်ရပါသည်၊ အဘယ်ကြောင့်ဆိုသော် ပင်လယ်ရေကြောင်း အလုပ်သမားများနှင့် ကျွန်ုပ်တို့၏ သမဂ္ဂများသည် Maersk နှင့် ၎င်း၏လက်အောက်ခံ အဖွဲ့အစည်းများနှင့် ကောင်းမွန်ရှင်သန်ပြီး လေးစားရသည့် လုပ်ငန်းကဏ္ဍဆိုင်ရာ ဆက်ဆံရေးများကို တည်ဆောက်ရန် အလွန်ကြိုးစား၍ လုပ်ကိုင်ခဲ့ပြီးဖြစ်သောကြောင့်ဖြစ်သည်။ Maersk အုပ်စုသည် ဤ တစ်ကမ္ဘာလုံးဆိုင်ရာ အပြုသဘောဆောင်သည့် ဆက်ဆံရေးများမှ အကျိုးခံစားခဲ့ရသည်၊ ရောဂါကပ်ဘေးကြီးတစ်လျှောက် ကြီးမားလွန်သော ဝင်ငွေကို ရှာဖွေခဲ့သည် - သို့သော် ယခုအခါ ကုမ္ပဏီသည် ကျွန်ုပ်တို့၏ အရေးကြီးသော်လည်း များသောအားဖြင့် တန်ဖိုးထားမခံရသော ဆွဲသင်္ဘော ကဏ္ဍရှိ အလုပ်သမားများအပေါ်  Svitzer ၏ အရှက်မရှိသော မုန်းတီးမှုအား ထောက်ခံပေးခြင်းဖြင့် ၎င်း၏ ချဥ်းကပ်ပုံကို ပြောင်းလဲခဲ့သည်။” ဟု Sukhorukov က ပြောကြားခဲ့သည်။

Maersk သည် ရောဂါကပ်ဘေးကြီးမှတစ်ဆင့် ပင်လယ်ရေကြောင်း အလုပ်သမားများနှင့် ၎င်းတို့၏ သမဂ္ဂများနှင့်အတူ လုပ်ကိုင်ခြင်းအားဖြင့် အကျိုးခံစားခဲ့သည်ဟု ITF ကုန်လမ်း လမ်းပြ ဥက္ကဌ  (ITF Inland Navigation chair)  Yury Sukhorukov က ပြောကြားခဲ့သည်။ I (Credit: SuR)

ITF ကုန်းလမ်း လမ်းပြဌာန အကြီးအကဲဖြစ်သူ Yury Sukhorukov ကပြောကြားခဲ့သည်မှာ A.P. Møller–Mærsk သည် ၎င်းလုပ်ငန်းလည်ပတ်သည့် လုပ်ငန်းကဏ္ဍအားလုံးအား ဦးဆောင်မှုပေးရန် ကျင့်ဝတ်နှင့်အညီ တာဝန်ယူခဲ့သည်၊ လုပ်ခနှင့် လုပ်ကိုင်ရာအခြေအနေများနှင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ပိုမိုကောင်းမွန်သော စံချိန်စံညွှန်းများအတွက်ဖြစ်သည်။

Svitzer ၏ ဖျက်သိမ်းရေး ကြိုးပမ်းမှုအတွက် အောင်မြင်မှုမှာ ရာနှင့်ချီသော သြစတြေးလျနိုင်ငံ ဆွဲသင်္ဘောနှင့် ချိတ်ဆွဲဝန်ဆောင် အလုပ်သမားများအဖို့ လုပ်ခနှင့် လုပ်ကိုင်ရာ အခြေအနေများအပေါ် အနိမ့်ဆုံးအဆင့် ရောက်အောင် ဆွဲချနေပါလိမ့်မည်။ ဤသို့ဖြင့် သမဂ္ဂ-ကအောင်မြင်ခဲ့သည့် ပင်ပန်းနွမ်းနယ်မှုကို ဟန့်တားမည့် များလွန်းသည့်အချိန်ပိုနာရီလုပ်ခြင်းအပေါ် ကန့်သတ်ချက်များ ဆုံးရှုံးရမည့်ကိန်း ဆိုက်ပါလိမ့်မည်။

“ဤအပြုအမူကို မည်သည့်အလုပ်ရှင်ကမျှ လက်မခံနိုင်သော်လည်း၊ အထူးသဖြင့် စိတ်ပျက်ရပါသည်၊ အဘယ်ကြောင့်ဆိုသော် ပင်လယ်ရေကြောင်း အလုပ်သမားများနှင့် ကျွန်ုပ်တို့၏ သမဂ္ဂများသည် Maersk နှင့် ၎င်း၏လက်အောက်ခံ အဖွဲ့အစည်းများနှင့် ကောင်းမွန်ရှင်သန်ပြီး လေးစားရသည့် လုပ်ငန်းကဏ္ဍဆိုင်ရာ ဆက်ဆံရေးများကို တည်ဆောက်ရန် အလွန်ကြိုးစား၍ လုပ်ကိုင်ခဲ့ပြီးဖြစ်သောကြောင့်ဖြစ်သည်။ Maersk အုပ်စုသည် ဤ တစ်ကမ္ဘာလုံးဆိုင်ရာ အပြုသဘောဆောင်သည့် ဆက်ဆံရေးများမှ အကျိုးခံစားခဲ့ရသည်၊ ရောဂါကပ်ဘေးကြီးတစ်လျှောက် ကြီးမားလွန်သော ဝင်ငွေကို ရှာဖွေခဲ့သည် - သို့သော် ယခုအခါ ကုမ္ပဏီသည် ကျွန်ုပ်တို့၏ အရေးကြီးသော်လည်း များသောအားဖြင့် တန်ဖိုးထားမခံရသော ဆွဲသင်္ဘော ကဏ္ဍရှိ အလုပ်သမားများအပေါ်  Svitzer ၏ အရှက်မရှိသော မုန်းတီးမှုအား ထောက်ခံပေးခြင်းဖြင့် ၎င်း၏ ချဥ်းကပ်ပုံကို ပြောင်းလဲခဲ့သည်။” ဟု Sukhorukov က ပြောကြားခဲ့သည်။

ဥက္ကဌက ပြောကြားခဲ့သည်မှာ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ၊ ဆိပ်ကမ်းများနှင့် ကုန်တင်ဆိပ်များရှိ ဆွဲသင်္ဘောဝန်ဆောင်မှုများအပေါ် အဓိက အန္တရာယ်ကို ITF က စတင် ဆန်းစစ်လိုက်သည့်အခါ ၎င်းမှာ အဖွဲ့ချုပ်၏ သုတေသနပြုသူများ သတ်မှတ်သည့် ကြီးကြီးကျယ်ကျယ် အန္တရာယ်အဖြစ် တွေ့ရှိခဲ့ရပါသည်။

“ဆွဲသင်္ဘောစျေးကွက် အတော်များများမှာ ကျွန်ုပ်တို့တွေ့ရတဲ့ ‘အရှိန်အဟုန်မြင့်တဲ့ ယှဥ်ပြိုင်မှု’ ဟာဆိုရင် လုပ်ငန်းလည်ပတ်သူများ တစ်ဦးကိုတစ်ဦး ဖြတ်စားမှုများနဲ့တကွ၊ ပိုမိုနိမ့်ကျတဲ့ လုပ်ခ လုပ်သားနှင့် ပိုမိုနိမ့်ကျတဲ့ ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းတွေဘဲ ဧကန်မုချ တွေ့ရပါတယ်၊” ဟု Sukhorukov က ဆက်ပြောခဲ့သည်။

 “ဆွဲသင်္ဘော ဝန်ထမ်း လုပ်ခလျော့လိုက်တဲ့အခါ ဒါမှမဟုတ် ဝန်ထမ်းအရေအတွက် လျော့လိုက်တဲ့အခါ မှားယွင်းမှုတွေ ဘေးမကင်းတဲ့အဆင့်အထိ နိမ့်ကျသွားတာတွေ ဖြစ်ပျက်နေတာ တစ်နေရာရာမှာ ကျနော်တို့ တွေ့ခဲ့ပါတယ် -လုပ်ငန်းရှင်တွေက အလုပ်ကို စျေးပေါပေါနဲ့ လေလံဆွဲတာကြောင့် အလုပ်သမားခ ချွေတာဖို့လုပ်တာဖြစ်တယ်။ အဲ့ဒါဟာ သင်္ဘောလုပ်ငန်းကုမ္ပဏီတွေနှင့် အခြား ဆိပ်ကမ်း လုပ်ငန်းရှင်တွေ စုပုံနေအောင်လုပ်ဖို့အတွက် မကောင်းပါဘူး၊ ဒီအရေးပါတဲ့ လုပ်ငန်းကဏ္ဍအပေါ် အန္တရာယ် အလွန်များများ ကျရောက်ပါတယ် - မတော်တဆဖြစ်ရပ်တွေ၊ ဒဏ်ရာရရှိမှုတွေ၊ အပြင် ကုန်စည်ဖြန့်ချီရေး ကွင်းဆက် ရပ်ဆိုင်းမှုတွေ မျှော်လင့်နိုင်တဲ့ ရလဒ်အဖြစ် လုံးဝ ဖြစ်စေပါတယ်။”

“လက်ရှိ ရောဂါကပ်ဘေးကြီးနဲ့တကွ ကုန်စည်ဖြန့်ချီရေး ကွင်းဆက် ခက်ခဲမှု အခြေအနေမှာ သမဂ္ဂတွေနဲ့ အလုပ်ရှင်တွေဟာ အတူလက်တွဲလုပ်ကိုင်သင့်ပါတယ်၊ အလုပ်သမားတွေအတွက် မျှတတဲ့ ဆက်ဆံမှု၊ အကာအကွယ်ပေးမှု၊ အပြင် ပိုမိုကောင်းမွန်မှုတွေအတွက် ရနိုင်သမျှ အခွင့်အလမ်းတိုင်းကို လုပ်ရမှာဖြစ်ပါတယ်။ အဲ့ဒါဟာ ကျနော်တို့ရဲ့ မျှလုပ်ရမယ့်လမ်းကြောင်းမှာ ဆုံးဖြတ်ဖို့ ဦးစားပေးရမယ့် နည်းဘဲဖြစ်ပါတယ်၊ Svitzer ရဲ့လုပ်ရပ်လို ရန်လိုတဲ့လုပ်ရပ်တွေကတစ်ဆင့် မလိုလားအပ်တဲ့ လုပ်ငန်းကဏ္ဍ တိုက်ခိုက်မှုတွေလုပ်မယ့်အစား ဖြစ်ပါတယ်၊” ဟု Sukhorukov ကပြောကြားခဲ့သည်။

Sukhorukov ကပြောကြားခဲ့သည်မှာ ကုမ္ပဏီအနေဖြင့် မျှတသော လုပ်ခများပေးခြင်းအပြင် သင်္ဘောပေါ်၌ ဘေးကင်းလုံခြုံရေး အခြေအနေများကို သေချာစေခြင်းတို့ကိုလည်း လုပ်သော်လည်း အမြတ်အစွန်း ရရှိမည့် ဆွဲသင်္ဘောလုပ်ငန်းကို လုပ်၍မရနိုင်ပါဟု အကယ်၍ Svitzer အနေဖြင့် အမှန်တကယ် ယုံကြည်လျှင် ITF က ပြင်းပြင်းထန်ထန် အကြံပြုလိုသည်မှာ Svitzer အနေဖြင့် ၎င်း၏ မိခင်ကုမ္ပဏီနှင့် စကားပြောဆိုပါ၊ Svitzer ကဲ့သို့ ဆွဲသင်္ဘော ဖြန့်ချီပေးသည့်လုပ်ငန်းအပေါ် ဖိစီးမှုလျော့ပါးစေမည့် Maersk Shipping Line ၏ လက်ရှိစျေးကွက်အကြောင်း ပြောဆိုရန်ဖြစ်သည်။

“ဘေးကင်းလုံခြုံတဲ့ ဆွဲသင်္ဘော ကဏ္ဍဟာ Maersk ရဲ့ ရေရှည် အကျိုးဖြစ်ပါတယ်။ “ကျနော် သေချာတာကတော့ Maersk အနေနဲ့ အသာနောက်ဆုတ်ပြီး အသေအချာ ပြန်သုံးသပ်တဲ့အခါမှာ ဘေးကင်း၊ လုံခြုံပြီး တည်ငြိမ်တဲ့ ဆွဲသင်္ဘော ကဏ္ဍမှ လူတိုင်း အကျိုးရှိမည်ကို သူတို့ နားလည်လာပါလိမ့်မှာဖြစ်ပါတယ်။ Maersk ကို ကျနော်တို့ မျှော်လင့်ပါတယ် ဒါကြောင့် Maersk အနေနဲ့ ဆွဲသင်္ဘောအလုပ်သမားတွေရဲ့ မျှတတဲ့လုပ်ခတွေ၊ ဘေးကင်းလုံခြုံတဲ့ အလုပ်၊ အပြင် အလုပ်လုပ်ဖို့နဲ့အနားယူဖို့ ဘေးကင်းလုံခြုံတဲ့ အချိန်နာရီတွေအတွက် သြစတြေးလျနိုင်ငံရှိ ကျနော်တို့ရဲ့ ညီအစ်ကို သမဂ္ဂတွေနဲ့ စုပေါင်းသဘောတူညီချက်အသစ် အစိတ်အပိုင်းအဖြစ် စုပေါင်းညှိနှိုင်းရေးအတွက် အခွင့်အရေးကို ပြန်ပြီးထောက်ခံပေးဖို့ မျှော်လင့်ပါတယ်၊” ဟု Sukhorukov က ပြောကြားခဲ့သည်။

တည်ဆဲသဘောတူညီချက်တွင် တစ်ဖက်အမှုသည်အဖြစ် ပါဝင်နေသော သမဂ္ဂများမှာ ITF အဖွဲ့ဝင် သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်း သမဂ္ဂ  (ITF affiliates Maritime Union of Australia (MUA))၊ သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်းနှင့် စွမ်းအင် အင်ဂျင်နီယာ အဖွဲ့ (Australian Institute of Marine and Power Engineers (AIMPE)) နှင့် သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်း အရာရှိများ (Australian Maritime Officers (AMOU)) တို့ဖြစ်ကြပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.