Skip to main content

ယူကရိန်း သင်္ဘောသားများ မူးယစ်ဆေး တင်သွင်းလာသည့် အမှုအခင်းအား တူရကီ အာဏာပိုင်များ၏ ခုနှစ်လ-ကြာ နှောင့်နှေးထားခြင်းကို ‘လုံးဝလက်မခံနိုင်' ITF

15 Feb 2022
Press Release
MSC Capucine crew receiving a visit from Turkish seafarers' union TDS, which is supporting their cause. | (Credit: TDS)
[ကဗျည်းစာတန်း-] MsC Capucine သင်္ဘောဝန်ထမ်းများထံ ၎င်းတို့၏အမှုအခင်းကို ထောက်ခံပေးသည့် တူရကီ သင်္ဘောသားများ သမဂ္ဂ (Turkish seafarers' union TDS) မှ လာရောက်တွေ့ဆုံ | (Credit: TDS)

ယူကရိန်းနိုင်ငံသား လေးဦးအား တူရကီအာဏာပိုင်များက ခုနှစ်လကျော်ကျော် စွဲချက်တင်တရားစွဲခြင်း မရှိဘဲ ယခုအထိ ဖမ်းဆီးထားခြင်းအပေါ် သင်္ဘောသားများ၏ သမဂ္ဂများက အလွန်အမင်း စိုးရိမ်နေကြသည်။ သင်္ဘောဝန်ထမ်းများကို ကိုကင်း ၁၇၆ ကီလိုဂရမ်နှင့်ပတ်သက်၍ အဆိုပါ သင်္ဘောသားများ သိရှိမည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားလျက်ရှိသည်၊ အဆိုပါ ကိုကင်းများကို ၎င်းတို့ အလုပ်လုပ်နေသော MSC သင်္ဘောပေါ်ရှိ သင်္ဘောကုန်သေတ္တာအတွင်းမှ အာဏာပိုင်များက တွေ့ရှိခဲ့သည်။

၂၀၂၁ ခုနှစ် ဇူလိုင်လတွင် တူရကီနိုင်ငံ၏ မက်ဒီတာရေးနီးယမ်း ကမ်းခြေ အစ်ကင်ဒါရမ်ရှိ MSC Capucine R (IMO: 9210086) သင်္ဘောပေါ်သို့ အာဏာပိုင်များက တက်ရောက်ခဲ့သည်။ အာဏာပိုင်များ သင်္ဘောပေါ်သို့ ရောက်ရှိစဉ် သင်္ကာမကင်းဖြစ်သည့် သင်္ဘောကုန်သေတ္တာ၏ အကောက်ခွန် ချိတ်ပိတ်ထားခြင်းကို ခွာချခဲ့ရာ အတွင်းရှိ ကိုကင်းများကို တွေ့ရှိခဲ့သည်။ အာဏာပိုင်များသည် ချက်ချင်းဆိုသလို သင်္ဘောမာလိန်းမှူးနှင့် ကုန်းပတ်အရာရှိသုံးဦးအား ဖမ်းဆီးပြီး အနီးရှိအကျဥ်းထောင်သို့ ခေါ်ဆောင်သွားခဲ့သည်။

ကျေးဇူးတင်ပါသည် သမဂ္ဂနှင့် အလုပ်ရှင်တို့၏ ဆောင်မပေးမှုကြောင့် စွပ်စွဲခံရသူ သင်္ဘောသားများကို သြဂုတ်လကုန်ပိုင်းတွင် အနီးအနားရှိ ဟိုတယ်သို့ အာမခံဖြင့် လွှတ်ပေးခဲ့သည်၊ စွဲချက်တင်ခံရပြီး တရားစွဲဆိုခံရနိုင်ဖွယ်ရှိသည်။ စက်တင်ဘာလ၌ သင်္ဘောဝန်ထမ်းများ၏ မိသားစုများကို ၎င်းတို့ထံ အလည်လာရောက်ရန် ခွင့်ပြုခဲ့သည်။

ဖမ်းဆီးခံရသူများ၏ မိသားစုများကို  အိမ်ပြန်၍မရနိုင်သည့် ၎င်းတို့၏ လင်ယောက်ျားများနှင့် ဖခင်များအား လာရောက်တွေ့ဆုံရန် တူရကီနိုင်ငံသို့ အထူးအလည်လာရောက် ခွင့်ပြုခဲ့သည်။ | (Credit: TdS)

သို့သော်လည်း ၎င်းတို့အပေါ် စွဲချက်တင်ခြင်းများ စိုးရိမ်လျက်ရှိနေသေးသည့်အပြင် တရားစီရင်မှု မရှိသေးခြင်းနှင့်အတူ သင်္ဘောသား လေးဦးမှာ တူရကီနိုင်ငံမှ ထွက်ခွာရန်နှင့် ယူကရိန်းရှိ မိသားစုများထံ ပြန်လာခြင်းကို လုပ်မရဘဲ ချောင်ပိတ်မိခံနေလျက်ရှိသည်။

ကိုကင်းတင်ဆောင်ထားသည်ဟု သင်္ဘောသားများ သိရှိခဲ့မည်မှာ ‘အလွန် မဖြစ်နိုင်’

မူးယစ်ဆေး တင်သွင်းလာသော အားထုတ်မှုအတွက် ရာဇဝတ်ကောင်များအား အပြစ်တင်ရန် တူရကီအာဏာပိုင်များသည် သင်္ဘော MSC Capucine မှ သင်္ဘောဝန်ထမ်းများကို ပစ်မှတ်ထားနိုင်သည်ဟု သင်္ဘောသားများအား ကိုယ်စားပြုသည့် သမဂ္ဂများက စိုးရိမ်နေကြသည်။ သင်္ဘောပေါ်၌ မူးယစ်ဆေးများ ရောက်ရှိနေသည်ကို သင်္ဘောသားများ သိရှိမည်မှာ အလွန် မဖြစ်နိုင်ပါဟု သမဂ္ဂများက ပြောဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ကုန်တင်သေတ္တာကို သင်္ဘောပေါ်သို့ မတင်မီ အနှောင့်အယှက်ပေးခြင်းကို ကာကွယ်ရန်အတွက် မူလဆိပ်ကမ်း၌ ချိတ်ပိတ်ရပြီး ဆိုက်ရောက်ရာဆိပ်ကမ်းကျမှသာ ချိတ်ပိတ်ထားခြင်း ကို ခွာချရသော လုပ်ရိုးထုံးစံရှိသောကြောင့်ဖြစ်ပါသည်။ ဤလုပ်ငန်းစဉ်က ဆိုလိုသည်မှာ သင်္ဘောဝန်ထမ်းများသည် ကုန်သေတ္တာတွင်းရှိ ကုန်ပစ္စည်းများကို (အလွယ်တကူ အငွေ့ပျံနိုင်သော အရည်ကဲ့သို့ အန္တရာယ်ရှိသည်ဟု ရှင်းရှင်းလင်းလင်း စာတမ်းကပ်ထားသည့် ကုန်ပစ္စည်းမှလွဲ၍) သမားရိုးကျအားဖြင့် မသိရှိနိုင်ပါ။

သင်္ဘောသားများအတွက် လုပ်ကိုင်ပေးနေသည့် အလုပ်ရှင်များ၊ သမဂ္ဂများ တရားမျှတမှု ရရှိရေး

တူရကီအာဏာပိုင်များက သင်္ဘောသား လေးဦးအား ဇူလိုင်လက ဖမ်းဆီးမှုမှာ သင်္ဘောသားများ၏ သမဂ္ဂများနှင့် - ဆွစ်-အီတလီ သင်္ဘောပိုင်ရှင Mediterranean Shipping Company (MSC) ကုမ္ပဏီဖြစ်သည့် ၎င်းတို့၏ အလုပ်ရှင်တို့အား အံ့သြတုန်လှုပ်ခြောက်ခြားခဲ့သည်။ MSC သည် ကမ္ဘာ့ အကြီးဆုံး ကုန်သေတ္တာတင် သင်္ဘော ကုမ္ပဏီနှစ်ခုအနက် တစ်ခုဖြစ်သည်၊ သင်္ဘော ၆၀၀ ကျော်ဖြင့် နေရာ ၅၀၀ ကျော်သို့ နှစ်စဉ် ကုန်တင်သေတ္တာ သန်းပေါင်း ၂၃ သန်းခန့် တင်ပို့ပေးသည့် ကုမ္ပဏီဖြစ်သည်။  ကုမ္ပဏီသည် သင်္ဘောသားများအပေါ် ကနဦး ဆက်ဆံခြင်းအပေါ် အလွန်အမင်း စိုးရိမ်သည်၊ သို့သော် ယမန်လ၌ တိုးတက်မှုများ ရရှိခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သည် တူရကီနိုင်ငံ အခြေစိုက်- အဖွဲ့ဝင် သမဂ္ဂ TDS နှင့် အိမ်ရှင် ယူကရိန်း သင်္ဘောသားများ၏ သမဂ္ဂ ဖြစ်သည့် - MTWTU နှင့် အတူ ဆက်လက် လုပ်ကိုင်နေလျက်ရှိသည်။ သမဂ္ဂများနှင့် MSC တို့သည် စည်းလုံးညီညွတ်လျက်ရှိသည်၊ သင်္ဘောသားများအား မရေမရာ ဖြစ်နေလျက်ရှိသည့် စွဲချက်များ နောက်ဆုံး၌ အတင်ခံရပြီး တရားရုံးတွင် ရင်ဆိုင်ရန်သော်လည်းကောင်း သို့မဟုတ် ၎င်းတို့အား လွှတ်ပေးခြင်းသော်လည်းကောင်း မြင်လိုကြသည်။

ဒီကိစ္စဟာ တူရကီအာဏာပိုင်တွေက သင်္ဘောသားတွေအပေါ်မှာ သက်သေခံအထောက်အထား ဘာကိုဖြစ်ဖြစ် တင်ပြဖို့ လိုအပ်နေတဲ့ အမှု အမှန်တကယ်ဖြစ်ပါတယ်၊” ဟု Stephen Cotton ITF ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူက ပြောကြားခဲ့ပါသည်။ သက်သေအထောက်အထား မရှိရင်တော့- ရှိလားလို့ မေးဖို့လိုပါတယ်၊ တရားစီရင်ဖို့ ဘယ်လောက်ကြာမလဲဆိုတာ စဥ်းစားရမယ် - ဒါမှမဟုတ်ရင် တူရကီအာဏာပိုင်တွေဟာ စွဲချက်တွေကို ပယ်ချပြီး သင်္ဘောသားတွေကို ယနေ့ ပြန်လွှတ်ပေးသင့်ပါတယ်။”

ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton | (Credit: ITF)

တူရကီနိုင်ငံဟာ ဒီသင်္ဘောသားတွေကို ရမန်လို့ခေါ်တဲ့ ချုပ်မိန့်ယူနေရင်းနဲ့ဘဲ ပုတ်သိုးသွားမှာကို တားမြစ်ပေးခြင်းဖြင့် မှန်ကန်တဲ့အလုပ်ကို လုပ်ခဲ့ပါတယ်၊ သို့သော်လည်း တူရကီနိုင်ငံမှာ နိုင်ငံဟာ သဘာဝ တရားမျှတမှုကို ထိန်းသိမ်းကာကွယ်သူအဖြစ် အလားအလာကို ရပ်တည်ပေးဖို့ အာဏာပိုင်တွေဆီက ပိုများတဲ့ လုပ်ရပ်တွေကို ကျွန်ုပ်တို့ လိုအပ်ပါတယ်။ တူရကီနိုင်ငံအနေနဲ့ ဒီသင်္ဘောသားတွေအပေါ် မမျှတတဲ့ ပြစ်မှုကြောင်းဖြစ်နေတာကို ဝင်ရောက်မစွက်ဖက်ပေးဘဲ ခွင့်ပြုနေပုံဟာ စိတ်ပျက်စရာဖြစ်ပါမယ်၊” ဟု Cotton က ပြောကြားခဲ့သည်။

သင်္ဘောသားတွေကို ထောက်ခံပေးဖို့နဲ့ ပြန်လွှတ်ပေးဖို့ ပူးတွဲအားထုတ်မှုများမှာ အရေးကြီးသော သာဓက ဖြစ်သည်၊ ကောင်းသောရလဒ်အတွက် အလုပ်ရှင်များနှင့် အလုပ်သမား အဖွဲ့အစည်းများ မည်ကဲ့သို့ အတူလက်တွဲလုပ်ကိုင်ပုံ သာဓကဖြစ်ပါသည်ဟု Cotton က ပြောကြားခဲ့သည်။

သင်္ဘော MSC Capucine R ရဲ့ မာလိန်မှူးနှင့် ကုန်းပတ်အရာရှိတွေကို ဖမ်းဆီးတဲ့နေ့ကစပြီး  သင်္ဘောသားတွေအပေါ် ထိုက်ထိုက်တန်တန် ဆက်ဆံမှုရဖို့၊ တရားမျှတရေး ရရှိဖို့နှင့် နှောင့်နှေးကြန့်ကြာမှု မရှိတဲ့ တရားစီရင်မှုရဖို့ ဒါမှမဟုတ် ပြန်လွှတ်ပေးဖို့အတွက် ITF ဟာ TDS နှင့် MTWTU မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေ အပြင် MSC မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဖက်စပ်လုပ်ကိုင်သူတွေနဲ့ နီးနီးကပ်ကပ် လုပ်ကိုင်ပေးနေပါတယ်။ ဒီသင်္ဘောသားတွေအတွက် တိုးတက်မှု ရခဲ့ပါတယ်၊ သူတို့ကိုယ်စား ကျွန်တော်တို့ လုပ်ကိုင်ပေးတဲ့ အလုပ်အတွက် ကျေးဇူးတင်ပါတယ်၊” ဟု Cotton က ပြောကြားခဲ့သည်။

တူရကီနိုင်ငံတွင် ဆက်လက် ဖမ်းဆီးခံနေရသော သင်္ဘော MSC Capucine ၏ သင်္ဘောဝန်ထမ်းများ TDS မှ ဥပဒေဆိုင်ရာ ပံ့ပိုးမှုနဲ့ တွေ့ဆုံ။ ၎င်းတို့ ခုနှစ်လကျော်ကျော် တရားစီရင်ရန် စောင့်ဆိုင်းနေကြသည်။ | (Credit: TDS)

တူရကီနိုင်ငံအနေဖြင့် လာရောက်သည့် သင်္ဘောသားများအပေါ် တရားမျှတရန် လိုအပ် – TDS သမဂ္ဂ

ယူကရိန်းသင်္ဘောသားများ၏ ဒုက္ခကို တူရကီနိုင်ငံ သင်္ဘောသားများ သမဂ္ဂ (Seafarers' Union of Turkey (Türkiye Denizciler Sendikası, သို့မဟုတ် TDS)) ၏ အာရုံစိုက်မှုရရှိခဲ့ပြီး အပြည်ပြည်ဆိုင်ရာ စည်းလုံးညီညွတ်မှုကို ရရှိခဲ့သည်။

ကျွန်တော်တို့အနေနဲ့ တူရကီနိုင်ငံကို သင်္ဘောသားတွေအတွက် ကြိုဆိုတဲ့ နိုင်ငံတစ်ခု ဖြစ်စေချင်ပါတယ်၊” ဟု Irfan Mete, TDS ဥက္ကဌဖြစ်သူက ပြောကြားခဲ့သည်။ ကျွန်တော်တို့နိုင်ငံဟာ သင်္ဘောဝန်ထမ်းတွေ အဖို့ လာရောက်ဖို့အတွက် ကြောက်ရွံ့နေရမယ့် နိုင်ငံ တစ်ခု မဖြစ်စေချင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကိစ္စဟာ အပြည်ပြည်ဆိုင်ရာ သင်္ဘောသားလောကမှာ တူရကီနိုင်ငံရဲ့ ဂုဏ်သတင်းအတွက် ခက်ခဲနေတဲ့ အချိန်အခါဖြစ်ပါတယ်။”

တူရကီနိုင်ငံ သင်္ဘောသားများ သမဂ္ဂ ဥက္ကဌဖြစ်သူ Irfan Mete | (Credit: TDS)

ဒီအမှုနဲ့ပတ်သက်ပြီး အရေးပေါ် တိုးတက်မှုရအောင် အာဏာပိုင်တွေကို တိုက်တွန်းပေးဖို့ ကျွန်တော်တို့ နောက်ကွယ်ကနေ ဆက်လက် လုပ်ကိုင်ပေးပါမယ်။ အတူလုပ်ကိုင်ခြင်းအားဖြင့် တူရကီနိုင်ငံဟာ လာရောက်တဲ့ သင်္ဘောသားတွေ အားလုံးအတွက် မျှတပြီး ကြိုဆိုနေတဲ့ ဆိပ်ကမ်းနိုင်ငံအဖြစ် ဂုဏ်သတင်း ကျော်ဇော်ဖို့ ကျွန်တော်တို့ အာမခံနိုင်ပါတယ်။ ကမ္ဘာ့လမ်းခုလတ်ရှိ ပင်လယ်ရေကြောင်း နိုင်ငံတစ်နိုင်ငံ အဖြစ် ကျွန်တော်တို့ လုပ်ကိုလုပ်ရမှာဖြစ်ပါတယ်၊” ဟု Irfan Mete က ပြောကြားခဲ့သည်။

ကျွန်ုပ်တို့၏ သင်္ဘောသားများ အိမ်ပြန်မည်ကို ကျွန်ုပ်တို့ လိုလားပါသည် - MTWTU

လတ်တလောအချိန်၌ အစ်စကမ်ဒါရမ် မြောက်ဘက် ကီလိုမီတာ ၁ ၆၀၅ မီတာ အကွာရှိ ဖမ်းဆီးခံနေရသော ယူကရိန်းလေးဦး၏ မိသားစုများမှာ ၎င်းတို့၏ လင်ယောက်ျားများနှင့် ဖခင်များတို့၏ ကံကြမ္မာကို စိုးရိမ်နေလျက်ရှိသည်။ မိသားစုများသည် သင်္ဘောသားများ၏ ITF-အဖွဲ့ဝင်ထားသော သမဂ္ဂ၊ ယူကရိန်းနိုင်ငံ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး အလုပ်သမားများ သမဂ္ဂ (MTWTU - Професійна спілка робітників морського)) တို့မှတစ်ဆင့် နောက်ဆုံးသတင်းများကို ရရှိပါသည်။

ကျွန်တော်တို့ရဲ့ သင်္ဘောသားများ အိမ်ပြန်မှာကို ကျွန်တော်တို့ လိုလားပါတယ်၊” ဟု MTWTU ဥက္ကဌဖြစ်သူ Oleg Grygoriuk ကပြောကြားခဲ့သည်။ ကျွန်တော်တို့ရဲ့ အလုပ်ကိုလုပ်တဲ့ ဘယ်သင်္ဘောသားမျှ ရာဇဝတ်မှုကျူးလွန်တယ်လို့ မဖြစ်သင့်ပါဘူး။ ဘယ်သင်္ဘောသားမျှ သူတို့ရဲ့မိသားစုတွေကို ဘယ်တော့ ပြန်လာမယ်ဆိုတာ မပြောနိုင်တဲ့ အခြေအနေကို မရောက်စေသင့်ပါဘူး။ ဒီအခြေအနေရဲ့ မရေရာ မသေချာမှုဟာ သင်္ဘောသားတွေအတွက် မကဘဲ သူတို့ရဲ့ မိသားစုတွေအတွက်ပါ ပြစ်ဒဏ်ချခံရသလောက် ဖြစ်နေပါတယ်။”

MTWTU ဥက္ကဌဖြစ်သူ Oleg Grygoriuk | (Credit: MTWTU)

သင်္ဘောသားတွေ အခုလောက် ဖြစ်လာဖို့အတွက် လုပ်ပေးတာကို MTWTU အနေနဲ့ အားလုံးကို အလွန် ကျေးဇူးတင်ပါတယ်၊ TDS မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေနဲ့ ITF အတွင်းရေးမှူးချပ်ရုံး အပြင် သင်္ဘောပိုင်ရှင်ဖက်ကလူတွေကိုပါ ကျေးဇူးတင်ပါတယ်။ ဒီအမှုဟာ အပြည်ပြည်ဆိုင်ရာ စည်းလုံးညီညွတ်မှုရဲ့ တန်ဖိုးကို ပြသလိုက်ပါတယ်။ ITF မိသားစုအတွင်း တည်ရှိနေခြင်းအားဖြင့် သင့်တော်တဲ့ ရလဒ်အဖြေရရှိဖို့အတွက် ကျွန်တော်တို့ အတူတကွ စုစည်းပြီးအဖြေရှာနိုင်ပါတယ်၊” ဟု Grygoriuk ကပြောကြားခဲ့သည်။

ရာဇဝတ်ပြစ်မှုဖြစ်အောင် လုပ်ဆောင်ခြင်း ဆိုသည်မှာ အဘယ်နည်း - ၎င်းမှာ အဘယ်ကြောင့် ပြဿနာတစ်ရပ်ဖြစ်နေသနည်း။

တူရကီနိုင်ငံ အရှေ့တောင်ပိုင်း၌ ချောင်ပိတ်မိခံနေရသော ယူကရိန်းသင်္ဘောသားများအပေါ် ဖြစ်ပျက်နေသည့် အရာကို ထည့်သွင်းစဉ်းစားသည့်အခါ ပိုမိုကြီးမားသော ရုပ်လုံးကို မြင်တွေ့ရမည် ဖြစ်ကြောင်း သင်္ဘောသားများ သမဂ္ဂက စောဒကတက်လိုက်သည်။ သူတို့အပြောအရ သင်္ဘောသားများမှာ တစ်ကမ္ဘာလုံးအနေအထားဖြင့်ရာဇဝတ်ပြစ်မှုဖြစ်အောင် လုပ်ဆောင်ခြင်း ဖြစ်စဉ် တိုးပွားနေလျက်ရှိခြင်းကို ရင်ဆိုင်နေရရသည်၊ ရှုပ်ထွေးလှသော မူးယစ်ဆေး မှောင်ခိုတင်သွင်းမှုများနှင့် ပတ်သက်ပြီး စွပ်စွဲခံရသည့် ကိစ္စအတွက် - သက်သေအထောက်အထား မရှိသည့်တိုင် ကမ္ဘာတစ်ဝန်းရှိ ဒေသခံ ဥပဒေ တင်းကျပ်ရေးအာဏာပိုင်များ၏ ပစ်မှတ်အဖြစ် ထားခံနေရသည်။

ယခုသော် သင်္ဘောသားများ၏ ကိုယ်စားလှယ်များအနေဖြင့် တွေ့မြင်ရသည့် အစဉ်အလာတစ်ရပ်မှာ မူးယစ်ဆေး မှောင်ခိုတင်သွင်းလာမှုကဲ့သို့ ရာဇဝတ်မှု နောက်ကွယ်ရှိ အစစ်အမှန် ကျူးလွန်သူများကို မဖမ်းဆီးနိုင်သော သို့မဟုတ် မဖမ်းဆီးချင်သော ရဲအရာရှိနှင့် အကောက်ခွန် အာဏာပိုင်များသည် ရောက်ရှိလာသည့် သင်္ဘောသားများအပေါ် အပြစ်ပုံချရန် အားထုတ်ကြသည်၊ အာဏာပိုင်များက သင်္ဘောပေါ် မူးယစ်ဆေးများ တွေ့ရှိသည့်အခါ သင်္ဘာသားများ၏ တစ်ခုတည်းသော ပြစ်မှုမှာ ၎င်းတို့၏ အလုပ်လုပ်ကိုင်ရာနေရာ (သင်္ဘော) တွင် ရှိနေခြင်းကြောင့်ဖြစ်သည်။ အံ့သြတုံ့လှုပ်ခြောက်ခြားစွာဖြင့်၊ သင်္ဘောသားများကို ၎င်းတို့ သင်္ဘောပေါ်၌ တရားမဝင် ကုန်ပစ္စည်းများရှိနေကြောင်း အာဏာပိုင်များထံ အကြောင်းကြားသည့်အခါ အပြစ်ပင်တင်ခံရသေးသည်။

ဟုတ်ပါတယ်၊ အစိုးရတွေအနေနဲ့ တကယ့်ရာဇဝတ်မှုတွေကို တကယ်ကျူးလွန်တဲ့သူတွေအပေါ် စုံစမ်းစစ်ဆေးဖို့နဲ့ တရားစွဲဆိုဖို့ လုပ်ပိုင်ခွင့်ကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်၊” ဟု ITF သင်္ဘောသာများ ဌာနအကြီးအကဲ David Heindel ကပြောကြားခဲ့သည်။ သို့သော်လည်း ကျွန်တော်တို့ မကြာခဏ မြင်တွေ့ခဲ့ရတာကတော့ ဒေသခံ အာဏာပိုင်တွေက တစ်စုံတစ်ယောက်ကို အပြစ်ပို့ဖို့ လုပ်တဲ့အခါမှာ အပြစ်မဲ့တဲ့ သင်္ဘောသားတွေဟာ ရှေ့တန်းကနေ အပြစ်ပို့ခံနေရပါတယ်။”

ITF သင်္ဘောသားများ ဌာနခွဲ ဥက္ကဌဖြစ်သူ David Heindel | (Credit: SIU)

Heindel ကပြောကြားခဲ့သည်မှာ ဆိပ်ကမ်းနိုင်ငံ အာဏာပိုင်များ (ဒေသခံ အကောက်ခွန် သို့မဟုတ် ရဲ) က စွပ်စွဲသည့် ရာဇဝတ်ပြစ်မှုများအတွက် သင်္ဘောသားများကို စွဲချက်တင်၊ ဖမ်းဆီး သို့မဟုတ် ပြစ်ဒဏ် ချမှတ်သည့်အခါ သင်္ဘောသားသည် (၎င်းတို့ အလုပ်လုပ်နေရင်း ဖြစ်ရပ် သို့မဟုတ် မတော်တဆဖြစ်ရပ်နှင့် အထူးသဖြင့်ဆက်နွှယ်သည့် ကိစ္စနှင့်ပတ်သက်၍) အပြစ်ရှိသည်ဆိုသည့် ရာဇဝတ်ပြစ်မှုဖြစ်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။

သင်္ဘောသား တစ်ဦးအား ‘ရာဇဝတ်ပြစ်မှုဖြစ်အောင် လုပ်ဆောင်ခြင်း’ လုပ်သည့်အခါ ဆိုလိုသည်မှာ ၎င်းတို့ ထိုက်သင့်သော တရားစီရင်ရေးကို ငြင်းဆိုခံရသည်။ အာဏာပိုင်များက သင်္ဘောသားများအပေါ် စွဲချက်တင်ရန် နှောင့်နှေးကြန့်ကြာနိုင်သည်၊ နောက်ဆုံး၌ စွဲချက်တင်သည့်အခါ တရားရုံးများမှာ အဆိုပါ စွဲချက်များကို ကြားနာစစ်ဆေးရန် နှောင့်နှေးကြန့်ကြာနိုင်သည်။ ထိုက်သင့်သော တရားစီရင်ရေး အားနည်းချက်ရှိမှုတွင် အာမခံပေးရန် ညံ့ဖျင်းမှု၊ သို့မဟုတ် သင်္ဘောသားများအတွက် ဥပဒေဆိုင်ရာ ပံ့ပိုးပေးရေး မလုံမလောက်ဖြစ်မှု တို့ပါဝင်သည်။ နွေးထွေး ခြောက်သွေ့ပြီး လုံခြုံသည့် ချုပ်နှောင်ထားရာ နေရာများလည်း ပြဿနာတစ်ရပ်ဖြစ်နိုင်သည်။

သင်္ဘောသားတွေဟာ ဖမ်းဆီးခံရချိန်မှာ အိမ်မှ မိုင်ပေါင်း ထောင်နှင့်ချီပြီး ဝေးကွာနေနိုင်တဲ့အပြင်၊ များသောအားဖြင့် ဒေသခံ ဘာသာစကားကို မပြောတတ်ကြပါဘူး၊ ဒေသခံ အာဏာပိုင်တွေက သူတို့ကို မျှမျှတတ မဆက်ဆံတဲ့အခါမှာ သူတို့တတွေဟာ အလွန် ထိလွယ်ခိုက်လွယ်ဖြစ်လာကြပါတယ်၊ဟု Heindel က ပြောကြားခဲ့သည်။

နိုင်ငံတိုင်းမှာ တရားမျှတတဲ့ စနစ်ရှိဖို့ ကျွန်တော်တို့ လိုအပ်ပါတယ်၊ တကယ်လို့ ရဲ ဒါမှမဟုတ် အကောက်ခွန် အာဏာပိုင်တွေဟာ မှားယွင်းတဲ့အခါမှာ မြန်မြန်ဆန်ဆန် ဝင်ရောက်ဖြေရှင်းပေးတဲ့ တရားမျှတတဲ့စနစ်ပါ။  တကယ်လို့ တရားရုံးတွေနဲ့ တရားသူကြီးတွေဟာ အပတ်တွေကြာအောင် ဒါမှမဟုတ် လတွေကြာအောင် ဖြစ်နေမယ့်အစား နာရီပိုင်း ဒါမှမဟုတ် ရက်ပိုင်းအတွင်းမှာ မဟုတ်မမှန်တဲ့ စွဲချက်တွေကို မြန်မြန်ဆန်ဆန် ဖယ်ရှားပစ်မယ်ဆိုရင် အဲ့ဒီ့အခါ နစ်နာမှုတွေ အတော်များများကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း တကယ့်အဖြစ်မှန်မှာတော့ ဒီနေရာတချို့တွေမှာ တရားစီရင်ရေးစနစ်တွေဟာ လုပ်တာကိုင်တာ အလွန် နှေးကွေးပါတယ်။ အဲ့ဒါတွေကို လက်မခံနိုင်ပါဘူး။ ဆိုရိုးစကားရှိသလို၊ နှောင့်နှေးတဲ့ တရားစီရင်ရေးဟာ တရားမျှတမှုကို ကျောခိုင်းပါတယ်၊” ဟု Heindel ကပြောကြားခဲ့သည်။

 ပြီးပြီး

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

မီဒီယာ အဆက်အသွယ်- media[at]itf.org.uk  +44 20 7940 9282

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.