Skip to main content

သူတို့၏ အဖြစ်အပျက်- Tilbury ၌ အစာငတ်ခံ ဆန္ဒပြနေသော သင်္ဘောသားများ အိမ်ပြန်ရန် ကြိုးစားနေ

29 Jun 2020
ITF သည် Tilbury နှင့် Bristol ၌ ချောင်ပိတ်မိခံနေရသော သင်္ဘောဝန်ထမ်းများအား ကူညီပေးနေလျက်ရှိသည်

လစာ မရဘဲ လေးလနှင့် အစာ မစားဘဲ ၄၈ နာရီကြာ UK ကမ်းလွန်ရှိ သင်္ဘောသား ၄၇ ဦးတို့သည် သူတို့၏ မိသားစုထံ အိမ်ပြန်ရန် အသည်းအသန်ဖြစ်နေလျက်ရှိသည်။

အများစုအားဖြင့် အိန္ဒိယ သင်္ဘောဝန်ထမ်းများမှာ ခရီးသည်တင် သင်္ဘော Astoria မှဖြစ်ကြသည်။ သူတို့သည် သူတို့ရရန်ရှိသည့် လုပ်ခများနှင့် ဇွန်လ-အလယ်ပိုင်း၌ အိမ်ပြန်ပို့ရန်အတွက် တောင်းဆိုရင်း စတင်၍ အစာငတ်ခံ ဆန္ဒပြကြသည်၊ သူတို့၏ အပတ်ပေါင်းများစွာ တောင်းဆိုခြင်းကို  အလုပ်ရှင်မှ အကောင်အထည် မဖော်ပေးသည့်နောက် ဆန္ဒပြကြခြင်းဖြစ်သည်။

အစာငတ်ခံ ဆန္ဒပြမှု စတင်ခဲ့သည့်အခါ အရာရာမှာ လျင်မြန်စွာ လှုပ်ရှားခဲ့သည်။ Astoria သင်္ဘောကို လုပ်ကိုင်သည့် ကမ္ဘာပတ်အပျော်စီးခရီးနှင့် ပင်လယ်ရေကြောင်း ခရီး (Cruise and Maritime Voyages (CMV)) လုပ်ငန်း အလုပ်အမှုဆောင် အရာရှိချုပ်သည် သင်္ဘောဝန်ထမ်းများအား ၎င်းတို့၏ တောင်းဆိုမှုများကို လိုက်လျောပေးရန် အာမခံခဲ့ပါသည်။

နောက်ဆက်တွဲအားဖြင့် UK ဆိပ်ကမ်းနိုင်ငံ ထိန်းချုပ်ရေးအာဏာပိုင်သည် သင်္ဘောပေါ် တက်ရောက်ခဲ့ပြီး ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ်အရ ဖောက်ဖျက်မှုများကို သံသယဖြစ်ခြင်းကြောင့် သင်္ဘောကို ဖမ်းဆီးခဲ့ပါသည်။ ပင်လယ်ရေကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ အေဂျင်စီ (The Maritime Coastguard Agency) သည်  London Tilbury နှင့် Bristol Avonmouth တို့ရှိ Astoria သင်္ဘောနှင့် အခြား CMV သင်္ဘော လေးစီးပေါ် တက်ရောက်ခဲ့ပြီး ဖမ်းဆီးခဲ့ပါသည်။ အာဏာပိုင်များသည် သတိပေးအကြောင်းကြားခံရပြီးနောက် Astoria သင်္ဘောကို ကုမ္ပဏီက သင်္ဘောသားများအဖို့ မိခင်နိုင်ငံသို့ ပြန်ပို့ခံရရန် အခွင့်အလမ်း နည်းပါးလိမ့်မည်ဖြစ်သည့် ပေါ်တူဂီနိုင်ငံရှိ မိခင် ဆိပ်ကမ်းသို့ မခေါ်ဆောင်မီ အရေးယူခဲ့သည်။

Covid-19 ကမ္ဘာ့ရောဂါကပ်ဘေးကြီး အတောအတွင်း အိမ်မပြန်နိုင်သည့် သင်္ဘောများပေါ် ကမ္ဘာအနှံ့ ချောင်ပိတ်မိခံနေရသော သင်္ဘောသား အယောက် 200,000 ကျော်ထဲတွင် အစာငတ်ခံ ဆန္ဒပြနေကြသော သင်္ဘောဝန်ထမ်း 47 ဦးပါဝင်ပါသည်။ ပိုမိုကြီးမားသည့်အုပ်စု Tilbury နှင့် Bristol ရှိ သင်္ဘောများဖြစ်ကြသည့် Astor, Astoria, Columbus, Magellan, Vasco da Gama နှင့် Marco Polo သင်္ဘောများပေါ်တွင် သင်္ဘောသားများ စုစုပေါင်း အယောက်ရေ 1,449 ယောက်ရှိပါသည်။ ၎င်းတို့အထဲတွင် အင်ဒိုနီးရှား၊ အိန္ဒိယ၊ မြန်မာ နှင့် မောရိရှနိုင်ငံများမှ နိုင်ငံသားများ ပါဝင်ပါသည်။

Astoria_CMV

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကြောင့် သင်္ဘောပေါ်မှ ဆင်းရန်နှင့် အိမ်ပြန်ရန် အရည်အချင်း နည်းပါးမှုကို CMV မှ လုပ်ခများ ပေးရန်ပျက်ကွက်ခြင်းနှင့် မည်သည့်အတွက်ကြောင့် မပေးရသည့်အကြောင်းကို ချောင်ပိတ်မိခံနေရသည့် သင်္ဘောဝန်ထမ်းများအား ဆက်သွယ်မှု ပျက်ကွက်ခြင်းတို့က ပိုမို၍ ဆိုးဝါးစေခဲ့သည်။

အစာငတ်ခံ ဆန္ဒပြရာ၌ ပါဝင်ခဲ့သည့် သင်္ဘောဝန်ထမ်း တစ်ဦးဖြစ်သူ Arjuna (သူ၏ နာမည်ရင်း မဟုတ်) က ကမ္ဘာ့ရောဂါကပ်ဘေးကြီး စတင်ခဲ့ပြီးပြီးချင်း အမြန်ဆုံး သင်္ဘောဝန်ထမ်း လုပ်ခများ မည်သို့ ရပ်ဆိုင်းခဲ့ရပုံကို ပြောကြားခဲ့သည်။ CMV သည် ၎င်း၏ ကမ္ဘာလှည့်လည်ခရီးကို သင်္ဘောမှာ မတ်လ အလယ်လောက်၌ အင်ဒိုနီးရှားနိုင်ငံ၌ ရှိနေစဥ် ခရီးစဥ်အား အတင်းအကျပ် ဖျက်သိမ်းခဲ့ရသည်။ ၎င်းအချိန်ကာလမှာ မိမိတို့၏ မိသားစုသို့ ပို့ပေးသည့် သင်္ဘောသားများ၏ လုပ်ခ၏ အစိတ်အပိုင်းဖြစ်သည့် ‘အိမ်ပို့လစာများ’ မှာလည်း ရပ်ဆိုင်းခံခဲ့ရသည်။

Arjuna ၏ ဇနီးမှာ အိန္ဒိယနိုင်ငံတွင် ရှိသည်။ သူမသည် အင်ဂျင်နီယာဘွဲ့ရသူဖြစ်သော်လည်း အလုပ်မရှိပါ။ အိမ်ဖော်အဖြစ် အလုပ်လုပ်ရင်း ငွေအချို့ရှာဖွေနေသည့် သူ၏မိခင်နှင့်အတူ Arjuna ၏ဇနီး နေထိုင်ပါသည်။ သူတို့အနေဖြင့် သူမည်သည့်အချိန် အိမ်ပြန်လာမည်ကို သိချင်နေကြပါသည်။

သင်္ဘောသား အများအပြားကဲ့သို့  Arjuna သည် မိသားစု၏ တစ်ဦးတည်း ငွေရှာလုပ်ကြွေးသူဖြစ်သည်။ သူ အသက်ငယ်ငယ်ကတည်းကစ၍ပင် ဤသို့နေထိုင်လျက်ရှိသည်၊ သူ၏ ဖခင်မှာ သူ အသက်လေးနှစ်သာရှိသေးချိန်၌ သေဆုံးခဲ့သည်။ သူ့မိသားစုကို လုပ်ကြွေးရန် Arjuna သည် 2007 ခုနှစ် ပင်လယ်သို့ မထွက်ခွာမီ ဟိုတယ်များတွင် လေ့ကျင့်ခံပြီး အလုပ်လုပ်ခဲ့သည်။

“ကျနော် ကျနော့်မိသားစုအတွက် စိတ်ပူပါတယ်။" ဟု သူ ပြောကြားခဲ့သည်၊  "ကျနော် အိမ်ပြန်သည့်အခါ စိတ်ပူပါတယ်၊ အဲဒီ့မှာ အလုပ်မရှိပါဘူး။ သို့သော်လည်း အကယ်၍ ကုမ္ပဏီက ကျနော့် လုပ်ခအားလုံးကို ပေးမယ်ဆိုင်ရင် နောက်ထပ် ငါးလ ဒါမှမဟုတ် ခြောက်လ အတွက် ငွေလုံလုံလောက်လောက် ရှိမှာဖြစ်ပါတယ်။”

Arjuna ကပြောပြသည်မှာ သူ၏လုပ်ဖော်သင်္ဘောသား အများအပြားမှာ သူ့ထက်ပိုမို ဆိုးရွားကြသည်။ “တစ်ချို့မှာ ပြန်ဆပ်ရန် အကြွေးငွေ အများကြီးရှိသည်၊ အချို့မှာ သူတို့မိသားစုအတွက် ဆေးဖိုး မတတ်နိုင်ကြပါ။” ဟု သူက ပြောကြားခဲ့သည်။

ထို့ကြောင့် ဤအဖြစ်အပျက်၏ စိတ်ဝင်စားစရာ အကောင်းဆုံး၌ ရှိနေသည့် သင်္ဘောဝန်ထမ်းများမှာ မည်သူတွေနည်း။ သူတို့၏ စိုးရိမ်ပူပန်မှုများမှာ အဘယ်နည်း ထို့ပြင် သူတို့ မည်မျှကြာကြာ တိုက်ပွဲဝင်နေရမည်နည်း။

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ်  (International Transport Workers' Federation) ထံ ပေးပို့ခဲ့သည့်စာများတွင် ၎င်းတို့၏ မေတ္တာရပ်ခံချက်များကို ကုမ္ပဏီ၏ လျစ်လျူရှုမှုကြောင့် သူတို့အား မည်သို့ အသည်းအသန်ဖြစ်စေပုံကို ဖော်ပြထားပါသည်။ ဇွန်လ အလယ်လောက်တွင် သင်္ဘောဝန်ထမ်းများအနက် တစ်ဦးက ရေးသားခဲ့သည်မှာ- "ကျနော်တို့ ငွေကြေး အထောက်အပံ့ အသည်းအသန် လိုအပ်နေပါတယ်၊... ကျွန်ုပ်တို့အပေါ် လုံးလုံးလျားလျား မှီခိုနေတဲ့ မိသားစု ၊ ကျနော်တို့ရဲ့ အကြွေးဆပ်ဖို့ အချိန်ကျရောက်တဲ့ (အတွက်)၊ ကလေးတွေရဲ့ ပညာရေးအတွက် နှင့် ဆေးဖိုးဝါးခတွေအတွက် ကျနော်တို့ အရမ်းစိတ်ပူနေပါတယ်။”

အဆိုပါ စာလွှာများတွင် သင်္ဘောဝန်ထမ်းများ၏ လုပ်ခများကို ကုမ္ပဏီက အဘယ်ကြောင့် ရပ်ဆိုင်းခဲ့ကြောင်း ရှင်းပြခြင်း မရှိသောကြောင့် ကမ္ဘာပတ်အပျော်စီး သင်္ဘောလိုင်းမှာ ငွေကြေး အခက်အခဲနှင့် ရင်ဆိုင်နေကြောင်း ဖြစ်နိုင်သည်ဟု စိုးရိမ်မှုများတိုးမြင့်နေပါသည်။ Astoria သင်္ဘောမှ သင်္ဘောဝန်ထမ်းများက မီဒီယာတွင် သတင်းဖတ်ရှုခဲ့ရသည်မှာ သင်္ဘော၏ လုပ်ငန်းလည်ပတ်သူ CMV သည်  Barclays ဘဏ်မှ လွန်ခဲ့သည့်အပတ်က အကြွေးငွေ £25 သန်း ချေးယူရန် မအောင်မြင်ခဲ့ကြောင်း ဖြစ်ပါသည်။ Arjuna က သံသယဖြစ်သည်မှာ ကုမ္ပဏီသည် လုပ်ငန်းဆက်လက် လည်ပတ်စေရန် သူတို့၏ လုပ်ခများကို အသုံးပြုနေသည်ဖြစ်ပါသည်။

သင်္ဘောပေါ်မှနေ၍ စာရေးသားခြင်းအားဖြင့် သင်္ဘောဝန်ထမ်း တစ်ဦးက ပြောကြားခဲ့သည်မှာ “ကျနော်တို့ အားလုံးလိုလိုမှာ အလုပ်ကန်ထရိုက်ပြီးဆုံးခဲ့ပြီး ကျနော်တို့ရဲ့ လုပ်ခတွေကို မပေးဘဲ ချန်ထားခဲ့ပါတယ်။ ဘာအတွက်နှင့်...ဘာကြောင့်လဲ။ ကျနော်တို့အားလုံး ကြားရတာကတော့ သူတို့တတွေ ကြိုးစားနေပါတယ်၊” ဟု သင်္ဘောဝန်ထမ်းက ရေးသားခဲ့သည်။ "ကျနော်တို့ရဲ့ စိုးရိမ်မှုက အခု ရက်ပေါင်း ၉၀ ကျော်နေပြီ။ ဘာက ဒီလောက်တောင် ကြာနေတာလဲ။  ကုမ္ပဏီအနေနဲ့ တကယ်တမ်း ကျနော်တို့ကို အိမ်ပြန်ပို့ဖို့ ကြိုးစားနေတယ် ဟုတ်မဟုတ် ကျနော်တို့ တကယ် မသိပါဘူး။”

သင်္ဘောဝန်ထမ်းများ၏ စိုးရိမ်မှုများကို အသည်းအသန် ဖြစ်စေအောင်လှုံ့ဆော်နေသည်မှာ အိမ်ပြန်ရန်လိုအပ်ချက်သာ မကဘဲ မရသေးသော လုပ်ခများနှင့် ဆက်သွယ်ပြောဆိုမှု နည်းပါးရေးလည်း ဖြစ်ပါသည်။ ပင်လယ်ပြင်၌ ဘဝကို ချောင်ပိတ်မိခံနေရခြင်းမှာ သူတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာကောင်းမွန်ရေးကို ထိခိုက်နေပါသည်။ အသက် လေးဆယ်ကျော် ပထမအဆင့် စားဖိုမှူးဖြစ်သူ လူတစ်ယောက်မှာ နှလုံးရပ်ဆိုင်း၍ သေဆုံးခဲ့သည်။ အချို့ သင်္ဘောဝန်ထမ်းတို့တွင် သင်္ဘောပေါ်၌ ဆေးဝါးများ ကုန်ခမ်းနေပြီဖြစ်သည်။ သင်္ဘောဝန်ထမ်းတစ်ဦးမှာ သူ့အသက်ကို သေကြောင်းကြံစည်ရန်ကိုပင် အားထုတ်ခဲ့ပြီးဖြစ်သည်။ သူ၏ လုပ်ဖော်များကပြောသည်မှာ နောက်ထပ် များပြားလာမည်ကို သူတို့ စိုးရိမ်နေကြသည်။

အဖြေရလိုကြောင်း ပိုမို စိုးရိမ်လာပြီး အသည်းအသန်ဖြစ်လာက Astoria သင်္ဘောဝန်ထမ်းများသည် Gmail နှင့် Twitter စာရင်းများ ဖွင့်လှစ်ပြီး ဗွီဒီယိုရိုက်ချက်ကို Youtube တွင် တင်ခဲ့ကြသည်။ သူတို့သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်နှင့် ဗြိတိသျှ ဝန်ကြီးချုပ် နှစ်ဦးလုံးတို့အား တိုက်ရိုက် Twitter မှတစ်ဆင့် မေတ္တာရပ်ခံခဲ့ကြသည်။ "ကျွန်ုပ်တို့၏ အသံကို နားထောင်ပါ... သင်္ဘောပေါ်၌ ကျနော်တို့တွင် သေဆုံးမှု ပိုမို မဖြစ်ပွားခင် ကျနော်တို့ အကူအညီ လိုအပ်ပါတယ်။ အသက်တွေကို ကယ်တင်ပေးပါ။ ကျနော်တို့ရဲ့ မိသားစုတွေဆီ ဘေးကင်းကင်း အိမ်ပြန်ဖို့ ကျနော်တို့ကို ကူညီပေးပါ၊” ဟု သူတို့ ရေးခဲ့ကြသည်။

 

သင်္ဘောဝန်ထမ်း၏ မေတ္တာရပ်ခံချက်မှာ ဒီဂျစ်တဲလ် လေလှိုင်းများထဲ လွှင့်ပါသွားသည့်အခါ သူတို့၏ အသံကို အဝေးသို့ သယ်ဆောင်သွားပါသည်။ သတင်းဌာနများဖြစ်ကြသော Guardian, BBC, နှင့် Sky တို့မှာ အစာငတ်ခံ ဆန္ဒပြမှုကို သတင်းလွှင့်ရန် အပြေးအလွှားလာခဲ့ကြသည်။ ဤ ချောင်ပိတ်ခံနေရသော သင်္ဘောသားများသည် မည်သည့် အဖြစ်အပျက်ကို ပြောချင်ခဲ့ကြသနည်း။ ထို့ပြင် CMV အနေဖြင့် မည်ကဲ့သို့ ဖြေရှင်းမည်နည်း။

CMV ၏ စီမံအုပ်ချုပ်ရေးသည် ဗြိတိသျှနှင့် အိန္ဒိယ အာဏာပိုင်များနှင့် ပူးပေါင်းလုပ်ကိုင်၍ သူတို့အား အိမ်ပြန်ပို့ရန် အတွက် လေယာဥ် စင်းလုံးငှါးစီစဥ်ရန် အာမခံချက် အတိအလင်းပေးခဲ့ပါသည်။ အားလုံးသော လုပ်ခများကို ပေးပါမည်ဟု သူတို့ သင်္ဘောဝန်ထမ်းများကို အာမခံခဲ့သည်။ Covid-19 ကမ္ဘာ့ရောဂါကပ်ဘေးကြီးကြောင့် နယ်စပ်များ ပိတ်ပင်ထားခြင်းသည် သူတို့အား အိမ်ပြန်ပို့ပေးရန် ခက်ခဲစေခဲ့သည်ဟု သူတို့ ပြောကြားခဲ့သည်။ သို့သော်လည်း သူတို့ အဘယ်လောက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ပါသလဲ။ ယင်းနောက် မပေးရသေးသည့် လုပ်ခများကို ပေးလိမ့်မည်၊ အတိအကျအားဖြင့် အဘယ်တော့နည်း။

“သင်တို့ကို ကုမ္ပဏီက အိမ်ကို လာရောက်ပို့ပေးနေသော်လည်း ကျွန်ုပ်တို့ သင်တို့၏ အစိုးရများထံမှ လေယာဥ်လိုင်းများအတွက် ဆင်းခွင့်လိုအပ်ပါသည်။ ဤကိစ္စ ယခု ဖြစ်ရလိမ့်မည်ကို ကျွန်ုပ်နားလည်ပါသည်” ဟု CMV  မန်နေဂျာက သင်္ဘောဝန်ထမ်းများသို့ အီးမေးလ်ရေးခဲ့ကာ ITF သို့ အီးမေးလ်ကို လွဲပေးခဲ့ပါသည်။

သင်္ဘောဝန်ထမ်းများမှာ ယုံကြည်မှုကင်းလျက်ရှိသည်။ အထူးသဖြင့် ကုမ္ပဏီကပေးရန်ရှိသည့် ငွေကြေးအတွက် ဖြစ်သည်။ Arjuna က ပြောကြားခဲ့သည်မှာ သူ အများဆုံး စိုးရိမ်သည်မှာ သူ၏ မိသားစုဖြစ်သည်။ အိမ်ပို့လစာများကို ရပ်ဆိုင်းကတည်းကစ၍ သူတို့တွင် စုငွေများ ကုန်နေပြီဖြစ်ပါသည်။  

“အကယ်၍ ငွေကြေးမှာ ကျနော့်မိသားစုဆီ ရောက်နေကြောင်း သိခဲ့မယ်ဆိုရင် သူတို့ အိမ်ပြန်ဖို့ လေယာဥ်ရှာနေစဥ်မှာ သင်္ဘောပေါ် ခပ်ကြာကြာ နေဖို့ ကျနော့်မှာ ပြဿနာ မရှိပါဘူး၊” ဟု Arjuna က ပြောကြားခဲ့သည်။  

ITF သည် ယခုအခါ အီတလီနိုင်ငံ ITF အဖွဲ့ဝင် FIT-CISL က အများစုအားဖြင့် ကိုယ်စားပြုထားသော Astoria သင်္ဘောဝန်ထမ်းများနှင့် တစ်ပတ်ခန့် အတူလုပ်ကိုင်ပေးလျက်ရှိသည်။ ITF သည် နောက်ကွယ်မှနေ၍ ကုမ္ပဏီနှင့် သင်္ဘောသားများ၏ မိခင် နိုင်ငံ သံရုံးများနှင့် သူတို့အား အိမ်ပြန်ပို့ရေးကို အစီအစဥ်လုပ်ရန် အတူလုပ်ကိုင်ပေးလျက်ရှိပါသည်။

ITF စိစစ်ရေးမှူးဖြစ်သူ Liam Wilson သည် သင်္ဘောဝန်ထမ်းများအား စစ်ဆေးရန်နှင့် သူတို့အား အကူအညီပံ့ပိုးပေးသည့် ဝန်ဆောင်ဌာနများနှင့် အချိတ်အဆက်လုပ်ပေးရန် Astoria သင်္ဘောနှင့် နှမတော် သင်္ဘောများပေါ် ၎င်းသင်္ဘောများအား ဖမ်းဆီးထားပြီးနောက် တက်ရောက်ခဲ့ပါသည်။ Liam အား ယခုအခါ သင်္ဘောဝန်ထမ်းများကိုလည်း စကားပြောဆိုခဲ့သည့် ITF စိစစ်ရေးမှူးအဖွဲ့ ညှိနှိုင်းရေးဆိုင်ရာ ကြီးကြပ်ရေးမှူးဖြစ်သူ Finlay McIntosh က ထောက်ခံပေးနေလျက်ရှိသည်။

"တင်းမာမှုများမှာ မြင့်တက်နေလျက်ရှိသည်၊" ဟု ITF's McIntosh က ပြောကြားခဲ့သည်။ "အကယ်၍ အနည်းဆုံးအားဖြင့် ပေးရန်ရှိသည့် လုပ်ခများကို ပေးရန် ကုမ္ပဏီက ဘာမျှမလုပ်လျှင် သို့မဟုတ် မဆောင်ရွက်လျှင် ယင်းနောက် ဤအခြေအနေမှာ အလွန် မြန်မြန်ဆန်ဆန် ကြီးထွားလာနိုင်ပြီး အခြား သင်္ဘောများဆီသို့ ကူးစက်သွားနိုင်ပါသည်။ ယင်းနောက် ကျနော်တို့အနေနဲ့  UK နိုင်ငံ၊ လန်ဒန်မြို့ Tilbury ဆိပ်ကမ်း၌ ထောင်နှင့်ချီသည့် သင်္ဘောသားများမှာ အရေးယူလုပ်ဆောင်နေမှာဖြစ်ပြီး သင်္ဘောဝန်ထမ်းတွေဟာ အခြား အလုပ်သမားများ၊ လူမှုအသိုင်းအဝိုင်းများနှင့် မီဒီယာတွေထံမှ ထောက်ခံမှု အများအပြား မှန်မှန်ကန်ကန် ရပါလိမ့်မှာဖြစ်ပါတယ်။”

Astoria သင်္ဘောဝန်ထမ်းများသည် ယခုအခါ CMV ၏ အလုပ်အမှုဆောင် အရာရှိချုပ်နှင့် စကားပြောဆိုလျက်ရှိပါသည်။ ဖမ်းဆီးခံထားရသည့် သင်္ဘော ငါးစင်းကို Tilbury ခရီးသည်တင် ဆိပ်ခံတံတားနှင့်ယှဥ်လျက် ဆိုက်ကပ်ထားသော်လည်း သင်္ဘောဝန်ထမ်းများမှာ သူတို့ ရရန်ရှိသည့် လုပ်ခများအားလုံးကို လက်ခံမရရှိမချင်း ဆင်းပေးမည် မဟုတ်ပါ။ ဒေါ်လာ သန်းပေါင်း-များစွာ တန်သည့် သင်္ဘောပေါ် နေခြင်းမှာ သူတို့တွင် ရှိသည့် အရေးအကြီးဆုံး အရင်းအနှီးအချို့ဖြစ်ပါသည်။ ထို့ပြင် သူတို့အနေဖြင့် အစာငတ်ခံ ဆန္ဒ နောက်ထပ်တစ်ဖန် ပြနိုင်ပေမည်။  

အားလုံးသော သင်္ဘောဝန်ထမ်းများမှာ ထွက်ခွာသွားရန်နှင့် သူတို့၏ မိသားစုများထံ ပြန်ရန် အသည်းအသန်ဖြစ်နေကြောင်း မြင်သာပါသည်၊” ဟု McIntosh က ပြောကြားခဲ့သည်။ "သို့သော်လည်း သူတို့က ပြောဆိုသည်မှာ အကယ်၍ ကုမ္ပဏီက မိမိတို့၏ ကန်ထရိုက်စာချုပ် တာဝန်များကို လိုက်နာရန် ပျက်ကွက်လျှင် သူတို့ နောက်ထပ် အရေးယူမည်ဖြစ်ပါသည်။ လုပ်ခများ ရရန်၊ သင်္ဘောပေါ်မှ ဆင်းရန်နှင့် သူတို့၏ မိသားစုများထံ အိမ်ပြန်ရန် မှန်ကန်သည်ဟု သူတို့ ထင်မြင်သော အရာကို သူတို့ လုပ်နေသည်ကို ကျွန်ုပ်တို့ ပံ့ပိုးရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့ တစ်ချိန်လုံး တောင့်လျှောက် ရှိနေပါသည်၊” ဟု သူက ပြောကြားခဲ့သည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.