Skip to main content

Global ကမ္ဘာပတ် အပျော်စီး သင်္ဘောများမှ သင်္ဘောဝန်ထမ်းများ UK မှ အိမ်ပြန်

06 Jul 2020
Press Release
Global Cruise Lines' ကုမ္ပဏီ သင်္ဘောများမှ သင်္ဘောဝန်ထမ်းများသည် ITF ပံပိုးမှုအတွက် ကျေးဇူးတင်ခဲ့ကြ

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် လက်ရှိ၌ United Kingdom ၊ Tilbury နှင့် Bristol တို့တွင်ရှိနေသော Global Cruise Lines’ သင်္ဘောကုမ္ပဏီ၏ သင်္ဘော ခြောက်စင်းပေါ်မှ ရာနှင့်ချီသော သင်္ဘောသားများအား ကူညီပေးလျက်ရှိသည်။ သင်္ဘောသားများသည် ၎င်းတွင် ချောင်ပိတ်မိခံနေရသည်၊ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့ ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များကို ကမ္ဘာ့ရောဂါကပ်ဘေးကြီးအား ရင်ဆိုင်ရန် သွတ်သွင်းခဲ့ခြင်းကြောင့်ဖြစ်သည်။

သင်္ဘောများပေါ်ရှိ သင်္ဘောဝန်ထမ်းများမှာ ၎င်းတွင် လပေါင်းများစွာ ချောင်ပိတ်ခံနေရပြီး အများအပြားမှာ ယခုသော် အလုပ်ကန်ထရိုက်များ ကုန်ဆုံးကျော်လွန်နေပြီး သင်္ဘောပေါ်၌ ၁၂ လထက်ကျော်လွန်နေပြီဖြစ်ပါသည်။

ITF နှင့် Global Cruise Lines သင်္ဘောကုမ္ပဏီသည် သဘောတူညီချက် တစ်ရပ်ကို ရရှိခဲ့သည်၊ ၎င်းမှာ လာမည့်ရက်များအတွင်း သင်္ဘောဝန်ထမ်းများအား အိမ်ပြန်ပို့ပေးရန် ဆက်လက် လုပ်ပေးမည်ဖြစ်သည်။

Global Cruise Lines သင်္ဘောကုမ္ပဏီ၏ အလုပ်အမူဆောင်အဖွဲ့ အရာရှိဖြစ်သူ Christian Verhounig က ပြောကြားခဲ့သည်မှာ- “ကျနော်တို့အနေနဲ့ ITF နှင့် ရှိတဲ့ကောင်းသော ဆက်ဆံရေးတွေနှင့် ဒီလို ခက်ခဲတဲ့အချိန်မှာ ပေးအပ်တဲ့ ပံ့ပိုးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ ပါဝင်ဆောင်ရွက်ချက်ဟာ ကျနော်တို့ရဲ့ အဖိုးထိုက်တန်တဲ့ သင်္ဘောဝန်ထမ်းတွေ အိမ်ပြန်ပို့ပေးဖို့ မြန်ဆန်ရေးမှာ ကျနော်တို့ကို အကြီးအကျယ် ပံ့ပိုးခဲ့ပါတယ်။

ITF ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton က ပြောကြားခဲ့သည်မှာ- “ဆက်တိုက်ဖြစ်ပေါ်နေတဲ့ Covid-19 ကမ္ဘာ့ရောဂါကပ်ဘေးကြီးဟာ ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဏအပေါ် မကောင်းစွာ ထိခိုက်ခဲ့ပါတယ်၊ အထူးသဖြင့် ကမ္ဘာပတ် အပျော်စီး သင်္ဘောလုပ်ငန်းကိုဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ဒီအခြေအနေတွေရဲ့ သားကောင်ဖြစ်တယ်ဆိုတာကို ITF အနေနဲ့ အသိအမှတ်ပြုပါတယ်။”

Crew from the Global Cruise Lines' Ships were thankful for ITF support

Global Cruise Lines' ကုမ္ပဏီ သင်္ဘောများမှ သင်္ဘောဝန်ထမ်းများသည် ITF ပံပိုးမှုအတွက် ကျေးဇူးတင်ခဲ့ကြ

"သင်္ဘောတွေရဲ့ ဝန်ထမ်းတွေဟာ နိုင်ငံအများအပြားက ဖြစ်ပြီး အိမ်ပြန်ပို့ရေးကို စီစဥ်ဖို့ ကုမ္ပဏီရဲ့ ဆက်တိုက် အားထုတ်မှုတွေကို ကျနော်တို့ အလေးအနက်ထားပါတယ်။ Global Cruise Lines ကုမ္ပဏီအနေနဲ့ ပုံမှန် လုပ်ငန်း ပြန်လုပ်နိုင်ရေးနှင့် သူတို့နဲ့ ရေရှည်တည်တံ့နေတဲ့ ဆက်ဆံရေး ဆက်လက်တည်မြဲနေဖို့ ကျနော်တို့ မျှော်လင့်ရှေ့ရှုပါတယ်၊” ဟု Stephen Cotton က ပြောကြားခဲ့သည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.