Skip to main content

သင်္ဘောသား အယောက် 300,000 ပင်လယ်ပြင်၌ ချောင်ပိတ်မိခံနေရ- ပို၍တိုးမြင့်လာသည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကြောင့် အစိုးရများထံမှ ပိုမိုမြန်ဆန်သော အရေးယူလုပ်ဆောင်ချက် တောင်းဆို

21 Jul 2020
Press Release

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) က ခန့်မှန်းတွက်ချက်သည်မှာ ယခုအခါ သင်္ဘောသား ခန့်မှန်းခြေ အယောက် 300,000 မှာ အစိုးရများ၏ Covid-19 နယ်စပ်နှင့် ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များ၏ အကြောင်းရင်းကြောင့် သင်္ဘောများပေါ်၌ အလုပ်လုပ်ကိုင်ရင်း ချောင်ပိတ်မိခံနေရပြီး အဆိုပါသင်္ဘောသားများနှင့် အလုပ်လွဲပြောင်းမည့် အရေအတွက် တူညီလျက်ရှိသော ကုန်းပေါ်ရှိသည့် အလုပ်အကိုင်မဲ့ သင်္ဘောသားများမှာ စောင့်ဆိုင်းနေလျက်ရှိသည်။ ထို့ကြောင့် ဤအကျပ်အတည်းမှာ သင်္ဘောသား အယောက် 600,000 ကို ထိခိုက်ပါသည်။

ယနေ့မှာ ITF မှ ကမ္ဘာ့အစိုးရများအား ‘တော်လောက်ပြီ ဆက်လက်သည်းမခံနိုင်တော့ပါ’ (‘Enough is Enough’) ဟု ပြောဆိုခဲ့သည့်နေ့မှစ၍ တစ်လ တင်းတင်းပြည့်သည့်နေ့ဖြစ်ပြီး အဖွဲ့ချုပ်နှင့် ၎င်း၏ အဖွဲ့ဝင် အသင်းအဖွဲ့များသည် ကမ္ဘာ့သင်္ဘောသားများအနေဖြင့် မိမိတို့၏ အလုပ်ကန်ထရိက် ကာလပြီးဆုံးပြီးနောက် အလုပ်လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းရန်၊ သင်္ဘောပေါ်မှ ဆင်း၍ မိမိတို့၏ အိမ်များနှင့် မိသားစုများထံ အိမ်ပြန်ကြရန် မိမိတို့၏ အခွင့်အရေးကို အသုံးချရာ၌ ပံ့ပိုပေးမည်ဖြစ်ပါသည်။ 

ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton က ပြောသည်မှာ ဇွန်လ ၁၅ ရက်နေ့ကတည်းကစ၍ ကမ္ဘာတစ်ဝန်း သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများကို ပံ့ပိုးရန် လိုအပ်သည့် လက်တွေ့ကျသော ခြွင်းချက်များနှင့် လုပ်ထုံးလုပ်နည်းများကို အစိုးရများက လုပ်ပေးသည်မှာ အပြုသဘော ကောင်းမွန်သော လှုပ်ရှားမှုများ ရှိခဲ့သော်လည်း တိုးတက်မှုမှာ အလွန် နည်းပါးသည်။

“သင်္ဘောသား အယောက် 300,000 မှာ ဤသင်္ဘောများပေါ်၌ အလုပ်လုပ်ရင်း ချောင်ပိတ်မိခံနေရပြီး နောက်ထပ် အယောက် 300,000 မှာ အိမ်၌နေရင်း ငွေရေးကြေးရေး အခက်အခဲ ရင်ဆိုင်နေကြရကာ၊ ဤသင်္ဘောများတွင် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ပြီး လုပ်ခများ စတင်ရှာဖွေကြရန် အသည်းအသန်ဖြစ်နေလျက်ရှိသည်။ အစိုးရများမှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး၏ ပိုမိုကြီးကျယ်လာနေသည့် အကျပ်အတည်းကို ဖြေရှင်းရေးတွင် အကြီးမားဆုံး အဟန့်အတားဖြစ်နေကြသည်၊” ဟု Stephen Cotton က ပြောကြားခဲ့သည်။

“အစိုးရများအနေဖြင့် နိုးထလာပြီး သိရှိရမည်မှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အောင်မြင်မှု မရှိဘဲ ကမ္ဘာ့သင်္ဘောများပေါ်၌ အလုပ်လုပ်ကိုင်ရင်း ချောင်ပိတ်မိခံနေရသော၊ မောပန်းပြီး ပင်ပန်းနွမ်းနယ်နေသည့် သင်္ဘောသားများ၏ အရေအတွက်မှာ သူတို့ကိုယ်တိုင်၊ သူတို့၏ သင်္ဘောများနှင့် ကျွန်ုပ်တို့၏ ပင်လယ်ရေကြောင်း ပတ်ဝန်းကျင်တို့အပေါ် အန္တရာယ်ဖြစ်စေအောင် ပိုမိုများပြားလာနေသည်ကို ရိုးရိုးစင်းစင်း လက်မခံနိုင်ပါ”

“သင်္ဘောသားများနှင့် သူတို့၏ သမဂ္ဂများသည် အသက်၊ ဥစ္စာပစ္စည်းနှင့် ပတ်ဝန်းကျင်အပေါ် အလွန့်အလွန် စိုးရိမ်ပူပန်နေကြသည်၊ ကြီးမားသော ဘေးအန္တရာယ်တစ်ခု သို့မဟုတ် ဘေးအန္တရာယ်များ ဖြစ်ရန် အလားအလာများမှာ နေ့စဥ် ပေါ်ပေါက်နေသည့်အလျောက်ဖြစ်ပါသည်။  ပိုမိုများပြားသောလူများ သေဆုံးမှု သို့မဟုတ် ပိုမိုဆိုးရွားမှု - ကြီးမားသော ပင်လယ်ရေကြောင်း ဘေးအန္တရာယ်ကို ကျွန်ုပ်တို့ မမြင်တွေ့မီ အစိုးရများအနေဖြင့် အရေးယူလုပ်ဆောင်ရမည်။ အရေးပေါ် လုပ်ဆောင်ချက် လိုအပ်ပါသည်၊ 

“သင်္ဘောသားများအနေဖြင့် အလုပ်လုပ်ခြင်းကို ရပ်ဆိုင်းရန်၊ သင်္ဘောပေါ်မှ ဆင်း၍ မိမိတို့၏ မိသားစုများထံ အိမ်ပြန်ရန် အခွင့်အရေးကို မိမိတို့၏ အလုပ်ကန်ထရိုက် ပြီးပြီးချင်းနှင့် ထိုသို့လုပ်ရန်လုံခြုံလျှင် လုပ်ကိုင်ခြင်းကို ITF နှင့် ၎င်း၏ အဖွဲ့ဝင် အသင်းအဖွဲ့များက ပံ့ပိုးကူညီရန် အဆင်သင့်ဖြစ်နေကြောင်း ကျွန်ုပ်တို့သည် လွန်ခဲ့သည့်လ၌ ရှင်းရှင်းလင်းလင်းဖြစ်စေရန် ကန့်သတ်ချက် ပေးခဲ့ပါသည်။ လွန်ခဲ့သည့်လ၌ ကျွန်ုပ်တို့သည် ထောင်နှင့်ချီသော သင်္ဘောသားများအား သူတို့အနေဖြင့် ဤ အခြေခံ အခွင့်အရေးကို မည်သို့ အသုံးချနိုင်ကြောင်း အကြံဉာဏ်ပေးပြီး ကူညီပေးခဲ့ပါသည်၊” ဟု Stephen Cotton က ပြောကြားခဲ့သည်။

ITF သင်္ဘောသားများ ဌာနခွဲ ဥက္ကဌဖြစ်သူ Dave Heindel က ပြောကြားခဲ့သည်မှာ ITF နှင့် ၎င်း၏ လူမှုရေးဆိုင်ရာ ဖက်စပ်သူများအနေဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများ လုပ်နိုင်လိမ့်မည်ဖြစ်သည့် လက်တွေ့ကျကျ အပြောင်းအလဲများအတွက် သတိပေးမှုနှင့် ဖိအားပေးမှုကို မြှင့်တင်ပေးရန် ဖြစ်နိုင်သမျှ အရာတိုင်းကို ဆောင်ရွက်နေလျက်ရှိပါသည်။

“ကျွန်ုပ်တို့သည် လက်တွေ့ကျကျ ဖြေရှင်းချက်များကို ရှာဖွေရန်နှင့် ၎င်းတို့ကို အစိုးရများကို အဆိုပြုရန်အတွက် ကျွန်ုပ်တို့၏ ဖက်စပ်သူများနှင့်အတူ လက်တွဲလုပ်ကိုင်ခဲ့ပါသည်။ ကျွန်ုပ်တို့အနေဖြင့် သင်္ဘောသားများအဖို့ သင်္ဘောပေါ်မှ ဆင်းရန်နှင့် သင်္ဘောသား အသစ်တို့ဖြင့် အလုပ်လွဲပြောင်းရန် အတွက် ရောက်ရှိဗီဇာနှင့် ဗီဇာ လွတ်ငြိမ်းခွင့်များကဲ့သို့ နည်းလမ်းများကို တင်သွင်းခဲ့သည့် အစိုးရများကို ချီးကျူးပါသည် သို့သော်လည်း ဝမ်းနည်းစရာ အကြောင်းအချက်မှာ တစ်ကမ္ဘာလုံးဆိုင်ရာ အစိုးရများအနေဖြင့် လိုအပ်သည့်အရာ နည်းနည်းပါးပါးကိုမျှ လုပ်မပေးကြပါ၊ အချို့အစိုးရများကမူ နောက်ပြန်ပင်ဆွဲခဲ့ကြပါသည်၊” ဟု Dave Heindel က ပြောကြားခဲ့သည်။

“လက်မခံနိုင်သည်မှာ အချို့နိုင်ငံများမှာ သင်္ဘောသားများအတွက် ကုန်းတက်ခွင့်ကို ရုပ်သိမ်းခဲ့သည် သို့မဟုတ် သူတို့၏ နယ်စပ်များကို တစ်နေ့ ဝင်ရောက်ရန် ခွင့်ပြုသည့် လူအရေအတွက် ကန့်သတ်ခြင်း စတင်ခဲ့သည်ဖြစ်သည်။ သြစတြေးလျနိုင်ငံနှင့် ရုရှားနိုင်ငံ ကဲ့သို့ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအပေါ် အားထားနေသည့် အဆိုပါ နိုင်ငံများ- အနေဖြင့် ဤပြဿနာနှင့်ပတ်သက်ပြီး မိမိတို့၏ ကျရာတာဝန်ကို စတင်ယူရမည်ဖြစ်ပါသည်၊”

“ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်း လုပ်ခဲ့သည်မှာ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင် အသင်းအဖွဲ့တို့သည် ဤလ ယူနိုက်တစ်ကင်ဒန်မှ ကြီးမှူးကျင်းပပေးခဲ့သည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း စင်စစ်နီးပါး ညီလာခံ (International Maritime Virtual Summit on Crew Changes) ကတိကဝတ်ပြုခဲ့သည့် အစိုးရ ၁၃ ဖွဲ့ကို လိုက်လံစောင့်ကြည့်ပါမည် ကျွန်ုပ်တို့အနေဖြင့် ၎င်းတို့အပေါ် တာဝန်ခံစေရန်နှင့် ဤ လုပ်ကိုင်ပေးလျက်ရှိသော အစိုးရများနှင့် ပူးပေါင်းပေးကြရန် အခြားအစိုးရများကို တိုက်တွန်းရန် စီစဥ်ပါသည်။  ဤအကျပ်အတည်းသည် အားလုံးသော အစိုးရများအဖို့ ကမ္ဘာ့သင်္ဘောသားများ၏ လိုအပ်ချက်များကို အလေးအနက်ထားမည့် စုပေါင်းအဖြေရှာသည့် ဖြေရှင်းချက်ကို တည်ဆောက်ပေးရန် လိုအပ်ပါသည်။  အစိုးရ၏ ပါးစပ်ဖြင့်သာ ပံ့ပိုးမှုမှာ လက်ခံနိုင်သော ဖြေရှင်းချက်တစ်ရပ် မဟုတ်တော့ပါ၊”

“ITF မိသားစုသည် မိမိတို့၏ အလုပ်ကန်ထရိုက် ကာလကုန်ဆုံး ပြီးပြီးချင်း အလုပ်လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းရန် အခွင့်အရေးကိုဖြစ်စေ၊ အိမ်ပြန်ပို့ခံရရန်  အခွင့်အရေးကို ဖြစ်စေ အသုံးချခြင်းအတွက် သင်္ဘောသားများအား ခြိမ်းခြောက်ရန် သို့မဟုတ် နာမည်ပျက်စာရင်းသွင်းရန် မည်သည့်အားထုတ်မှုမဆိုကိုလည်း ရှုပ်ချမည်ဖြစ်ပြီး ပို၍ပို၍ မောပန်းပြီး ပင်ပန်းနွမ်းနယ်နေသည့် သင်္ဘောဝန်ထမ်းများဖြင့် လုပ်ကိုင်နေလျက်ရှိသော ကမ္ဘာ့သင်္ဘောအုပ်စု၏ မမျှော်လင့်နိုင်သော နောက်ဆက်တွဲပြဿနာများအတွက် သူတို့အား အပြစ်တင်ရန် မည်သို့သော အားထုတ်မှုမျိုးကိုမဆို ကျွန်ုပ်တို့အနေဖြင့် သူတို့အား အကာအကွယ်ပေးပါမည်၊"

“ကျွန်ုပ်တို့သည် အစိုးရများအပေါ် တောင်းဆိုထားသည့် ဤ တစ်ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအင်အားစုအတွက် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ပြန်လည်လုပ်ပေးရန်အတွက် ဗီဇာများ၊ အထိတွေ့မဲ့ အထီးကျန်နေခြင်းနှင့် လေယာဥ်ခရီးစဥ်များကို အရေးယူဆောင်ရွက်ပေးရန်အတွက် ထပ်ဆင့် တောင်းဆိုလိုက်ပါသည်။ ဤအကျပ်အတည်းကို လေးလေးနက်နက် သဘောထားရန် ပိုမို များပြားသော အစိုးရများအပေါ် လွှမ်းမိုးဖိအားပေးရန်အတွက် အခြား နည်းလမ်းများကို စူးစမ်းရန် ကျွန်ုပ်တို့ ပြင်ဆင်ထားပါသည်၊” ဟု Dave Heindel က ပြောကြားခဲ့သည်။


ITF ထံမှ ထုတ်ပြန်ချက် အပြည့်အစုံကို ဤနေရာ၌ ဖတ်ရှုပါ။


တည်းဖြတ်သူများသို့ အမှာစာ-

‘300,000 သင်္ဘောသားများ၏ ကိန်းဂဏန်း

ITF နှင့် သက်ဆိုင်ရာ အလုပ်ရှင်များ အကြားတွင် အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းရေး ဟစ်တိုင် (International Bargaining Forum (IBF)) သဘောတူစာချုပ်များနှင့် အကျုံးဝင်သည့် သင်္ဘော 9,500 ကျော်ရှိပါသည်။ ဤသင်္ဘောများကို ခန့်မှန်းခြေ သင်္ဘောသား အယောက် 370,000 တို့က လည်ပတ်မောင်းနှင်ကြပါသည်။ 

၂၀၂၀ ခုနှစ် ဇွန်လတွင် IBF သင်္ဘောများပေါ် လက်ရှိ အလုပ်လုပ်ကိုင်နေကြသည့် သင်္ဘောသားများ၏ အနည်းဆုံး 25% မှာ ယခုအခါ အိမ်ပြန်ပို့ခံရရန် အချိန်ကျော်လွန်နေပြီဖြစ်သည် – ဆိုလိုသည်မှာ သင်္ဘောသား အယောက် 92,500 ဦးသည် ယခုအခါ IBF သင်္ဘော 9,500 စင်းပေါ်၌ အလုပ်လုပ်ကိုင်ရင်း ချောင်ပိတ်မိခံနေရသည်။ ထိုသင်္ဘောသားများမှ အလုပ်လွဲပြောင်းယူမည့် သင်္ဘောသား အယောက် 92,500 ဦးမှာ အချိန်ကျရောက်သော်လည်း အတူတူဖြစ်သော ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များကြောင့် သင်္ဘောပေါ် မတက်ရောက်နိုင်ကြောင်းလည်း ဆိုလိုပါသည်။ သူတို့သည် အလွန်-လိုအပ်သည့် ဝင်ငွေကို ရှာဖွေခြင်းမှ တားမြစ်ခံနေရပါသည်။

IBF-အကျုံးဝင်သည့် သင်္ဘောများပေါ်ရှိ သင်္ဘောသားများမှာ အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ (International Chamber of Shipping) ခန့်မှန်းထားသည့် တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောသား လုပ်သားအင်အားစုဖြစ်သည့် သင်္ဘောသား ၁.၂ သန်း၏ 30.8% ရှိသည်။ IBF-အကျုံးဝင်သည့် သင်္ဘောများပေါ်မှ အချိန်ကျော်လွန်နေသည့် 25% ကိန်းဂဏန်းကို ယူခြင်းအားဖြင့်နှင့် တစ်ကမ္ဘာလုံးရှိ သင်္ဘောသား အယောက် ၁.၂ သန်း အပေါ်တွက်ချက်ကြည့်လျှင် တစ်ကမ္ဘာလုံးရှိ သင်္ဘောများပေါ် ဆက်လက် လုပ်ကိုင်နေပြီး အချိန်ကျော်လွန်နေပြီဖြစ်သည့် သင်္ဘောသား အယောက် ခန့်မှန်းခြေ  300,000 ရှိသည်၊ သင်္ဘောပေါ် တက်ရောက် အလုပ်လုပ်ရန် စောင့်ဆိုင်းနေသူမှာ နောက်ထပ် အယောက်ရေ 300,000 ရှိသည်။

ဆိုလိုသည်မှာ သင်္ဘောသား 600,000 ဦးသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းဖြင့် ထိခိုက်နေနိုင်ပြီး ဤအရေအတွက်မှာ နေ့စဥ် တိုးပွားနေလျက်ရှိသည်။


ITF စိစစ်ရေးမှူး အဖွဲ့ ကိန်းဂဏန်းများ

ဇွန်လ ၁၆ ရက်နေ့မှ စတင်၍ ITF သည် သင်္ဘောသားများအား သင်္ဘောပေါ်မှ ဆင်းရန်နှင့် အိမ်ပြန်ရန် ကူညီပေးနေလျက်ရှိသည်။ ၎င်းတွင်ပါဝင်ခဲ့သည်မှာ-

  • ထောင်နှင့်ချီသော သင်္ဘောသားများအား ၆၄၅ အမှု/စိစစ်မှုများ၏ အစိပ်အပိုင်းအဖြစ် ကူညီပေးခြင်းနှင့် အကြံပေးခြင်း
  • အီးမေးလ် 2,870 စောင်၏ အစိတ်အပိုင်းအဖြစ် နှင့်
  • Facebook အမှာစာ 500 ကျော် ထို့ပြင်
  • WhatsApp နှင့် Viber အမှာစာ 500 ကျော်
  • နိုင်ငံသားအားဖြင့် ကူညီပေးခံရသည့် အကြီးမားဆုံး သင်္ဘောသား အုပ်စုမှာ ဖိလစ်ပိုင်နိုင်ငံမှ ဖြစ်သည်။


မီဒီယာ အဆက်အသွယ်-        media@itf.org.uk

အကယ်၍ သင်သည် ချက်ချင်း အကူအညီ သို့မဟုတ် ပံ့ပိုးမှုကို လိုအပ်သည့် သင်္ဘောသား တစ်ဦးဖြစ်လျှင်  ITF သင်္ဘောသားများ ပံ့ပိုးမှု ကိုဆက်သွယ်ပါ

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.