Skip to main content

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကြောင့် နောက်ဆုံးဖြစ်ပွားသည့် မကျေမချမ်းဖြစ်ရပ်၌ သြစတြေးလျန်း သတ္တုရိုင်း အရည်ကျိုလုပ်ငန်း ထိခိုက်

10 Aug 2020
Press Release

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers' Federation (ITF)) နှင့် သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်း သမဂ္ဂ (Maritime Union of Australia) တို့က ပြောကြားသည်မှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ပံ့ပိုးရန် အစိုးရ၏ ပျက်ကွက်မှုကြောင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည့် Unison Jasper သင်္ဘော၏ မြန်မာ သင်္ဘောဝန်ထမ်းများအား အလုပ်လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းရန်နှင့် သင်္ဘောပေါ်မှ ဆင်းသွားရန် သမဂ္ဂများက ကူညီသဖြင့်   ယခုအခါ သတ္တုရိုင်း အရည်ကျိုလုပ်ငန်း တစ်ခုအတွက် ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး ဒေသဆိုင်ရာ စီးပွားရေးအတွက် ပို၍ပင် ဆုံးရှုံးမည်ဖြစ်သည်။

ထုထယ်ကြီးကုန်တင် သင်္ဘော Unison Jasper သည် အလှူမီနီယမ်ကို Newcastle မြို့အနီးရှိ Tomago Aluminium သတ္တုရိုင်း အရည်ကျိုစက်သို့ သယ်ဆောင်လာခဲ့စဥ် ၎င်းသင်္ဘောကို သြစတြေးလျန်း ပင်လယ်ရေကြောင်း ဘေးကင်းလုံခြုံရေး အာဏာပိုင် (Australian Maritime Safety Authority (AMSA)) က Newcastle ဆိပ်ကမ်း၌ မကြာသေးမီက ဖမ်းဆီးခဲ့သည်။  သင်္ဘောဝန်ထမ်းများမှာ မတော်မတရားပြုကျင့်ခံရမှု၊ ခြိမ်းခြောက်မှုခံရမှုနှင့် သူတို့အား ဥပဒေအရ အများဆုံး ၁၁ လထက်ကျော်လွန်၍ သင်္ဘောပေါ်၌ ၁၄ လ အထိ ထားလိမ့်မည်ဖြစ်သည့် အလုပ်ကန်ထရိုက် သက်တမ်းတိုးမြှင့်မှုကို အတင်းအကျပ်လက်မှတ်ထိုးခိုင်းခြင်းတို့ဖြစ်သည့် စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် ဤသို့ အရေးယူခဲ့သည်။

သမဂ္ဂများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို AMSA အား သတင်းပေးခဲ့ပြီး အေဂျင်စီအဖွဲ့သည် ဖမ်းဆီး လိုက်ပါသည်။ Dean Summers သည် သြစတြေးလျနိုင်ငံအတွက် ITF ညှိနှိုင်းရေး အရာရှိ ဖြစ်သည်၊ သူက ပြောသည်မှာ AMSA ကဲ့သို့ ဆိပ်ကမ်းနိုင်ငံ ထိန်းချုပ်ရေး အေဂျင်စီရုံးများသည် သင်္ဘောသားများက တော်လောက်ပြီ ဆက်လက်သည်းမခံနိုင်တော့ပါ (enough is enough) ဟု ပြောဆိုသည့်အခါ အရေးယူရလိမ့်မည်ဖြစ်ပြီး တိုးမြင့်လာနေသည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းအတောအတွင်း သင်္ဘောပေါ်မှဆင်းရန် သူတို့၏ အခွင့်အရေးကို အတည်ပြုရန်အတွက် ရပ်တည်ပေးရပါလိမ့်မည်ဖြစ်ကြောင်း သင်္ဘောကို ဖမ်းဆီးလိုက်ခြင်းက ပြသလိုက်ပါသည်။

"၎င်းသည် နောက်ဆုံးပေါ် မကျေမချမ်းဖြစ်မှုဖြစ်ပြီး သင်္ဘောသားများအနေဖြင့် မိမိတို့၏ အလုပ်ကန်ထရိုက်များ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် အလုပ်လုပ်ခြင်းကို ရပ်ဆိုင်းရန်နှင့် ဤသင်္ဘောများပေါ်မှ ဆင်းသွားရန် မိမိတို့၏ လူ့အခွင့်အရေးအပေါ် ရပ်တည်ပေးခြင်းနှင့် အသုံးချခြင်းဖြစ်ပါသည်။ ဤသင်္ဘောသားများမှာ သြစတြေးလျန်း အာဏာပိုင်များက ဤသင်္ဘောကို သြစတြေးလျန်း ကမ်းခြေတစ်လျှောက် ဤပြေးဆွဲမှုကို လုပ်ရန် လိုင်စင် ခွင့်ပြုခဲ့စဥ် ပင်လယ်ပြင်၌ ၁၃ လ ကြာညောင်းနေခဲ့ပြီး ဖြစ်သည်၊ ဟု Summers က ပြောကြားခဲ့သည်။

"ဗဟိုအစိုးရအနေဖြင့် နိုင်ငံခြားသား-သင်္ဘောဝန်ထမ်း လုပ်ကိုင်သည့်သင်္ဘောများအား သြစတြေးလျန်းလူများ၏ အလုပ်များကို အစားထိုး၍လုပ်ရန် ခွင့်ပြုသည့်အခါ ခေါင်းပုံဖြတ်မှု ဖြစ်ပေါ်ရန်ဦးတည်ပါသည်။"

"သင်္ဘောဝန်ထမ်းများက ပြောကြားခဲ့သည်မှာ ကျွန်ုပ်တို့ ဤသင်္ဘောကို ယခု မည်သည့်နေရာကိုမျှ ရွှေ့ပေးနေမည် မဟုတ်တော့ပါ ယင်းနောက် သူတို့သည် သင်္ဘောကုန်းပေါင်ပေါ်မှ အမှန်တကယ် ဆင်းလာကြပြီး သင်္ဘောပေါ်မှ ဆင်းခဲ့ကြသည်။ သင်္ဘောသည် မည်သည့်နေရာကိုမျှ သွားနေမည် မဟုတ်ပါ။ ယခုသော် ၎င်းသည် ဤသင်္ဘောသားများအပေါ် မတရားနှိပ်စက်မှုကြောင့် အမြတ်အစွန်း ရရှိခဲ့ကြသည့် ထိုင်ဝမ် သင်္ဘောပိုင်ရှင်များ၏ တာဝန် ဖြစ်သည်၊ အလွန် စရိတ်ကြီးမားသည့် ဆိပ်ကမ်းဘောတံတားရှိ သေနေလျက်ရှိသည့် သင်္ဘောကို ဖြေရှင်းပေးရန် တာဝန်ရှိသည်၊ ဆုံးရှုံးမှုများမှာ သတ္တုရိုင်း အရည်ကျိုလုပ်ငန်းနှင့် သူတို့၏ ယောင်းရင်းများအတွက် ပိုမို၍ကြီးမားလာမည်ဖြစ်ပါသည်။ ဟု Summers က ဖြည့်စွက်ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သောကြာနေ့က သမဂ္ဂများသည် ပြည့်ကျပ်နေသည့် သင်္ဘောဝန်ထမ်း ဆိပ်ခံဘောတံတား တစ်ဝိုက်တွင် လေတိုးခံတစ်ခုကို ဆောက်လုပ်ပေးခဲ့သည်၊ Covid-19 ရောဂါကပ်ဘေးကြီး ပိတ်ပင်ကန့်သတ်ချက်များကြောင့် သူတို့အား သင်္ဘောမှ ၁၃ မီတာထက် ကျော်လွန်၍ သွားခြင်းကို ဟန့်တားထားသောကြောင့်ဖြစ်သည်။

၎င်းသည် ဤ ရောဂါကပ်ဘေးကြီး ကမ္ဘာတွင် သြစတြေးလျနိုင်ငံကဲ့သို့ အစိုးရများက ကျင့်သုံးသည့် သာမန် ဉာဏ်အမြော်အမြင် နည်းလမ်းများကို ပြသပါသည်။ ဤသင်္ဘောသားများ ခံစားခဲ့ရသော ခြိမ်းခြောက်သည့် အတွေ့အကြုံရှိနေသော်လည်း သူတို့အား သင်္ဘောမှ ၁၃ မီတာ ထက်ကျော်လွန်၍ သွားရောက်ခြင်းမှ တားဆီးထားကြသည်။ ကျွန်ုပ်တို့၏ စည်းမျဥ်းများသည် သူတို့အား ငြင်းပယ်ထားသည်၊ ဂုဏ်သိက္ခာကိုပင် ငြင်းပယ်ထားသည်၊ ဟု Summers က ပြောကြားခဲ့သည်။

"ITF နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင် အသင်းအဖွဲ့များသည် ရှင်းပါသည်- အစိုးရများအနေဖြင့် သင်္ဘောသားများအတွက် ခရီးသွား၊ ခရီးဖြတ်သန်းနေရာနှင့် အထိအတွေ့မဲ့ အထီးကျန်နေခြင်းဆိုင်ရာ စည်းမျဥ်းများမှ လက်တွေ့ကျသော ကင်းလွတ်ခွင့်များကို လုပ်ပေးရန် လိုအပ်သည် သို့မှသာ သူတို့သည် သင်္ဘောများမှ အတက် အဆင်း လုပ်နိုင်မည်။ Unison Jasper နှင့်ဖြစ်သည့် ဤအခြေအနေမှာ ပြည်နယ်များ၊ အေဂျင်စီရုံးများနှင့် အပြည်ပြည်ဆိုင်အားဖြင့် တည်ရှိသည့် လုပ်ငန်းကဏ္ဏနှင့် ပူးပေါင်းညှိနှိုင်းလုပ်ဆောင်မှုအပေါ် ဗဟို အစိုးရ၏ အရေးယူဆောင်ရွက်မှုမရှိခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ်ဖြစ်ကြောင်း ကျွန်ုပ် သံသယ မဖြစ်မိပါ။

"၎င်းသည် နိုင်ငံရေးသမားများနှင့် ဗျူရိုကရက်များအတွက် သင်ခန်းစာ တစ်ခု ဖြစ်သည်၊ ၎င်းသူတို့သည် ယခု ဤနေရာ၌ ဖြစ်ပျက်နေသကဲ့သို့ သင်္ဘောသားများအနေဖြင့် သင်္ဘောများအား ရပ်တံ့နေအောင် ပြင်းထန်သော လုပ်ရပ် လုပ်ရန် မလိုအပ်မည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရန် သင်္ဘောသားများအတွက် ကင်းလွတ်ခွင့်ပေးမည့် အစိမ်းရောင်လမ်းကြောင်းများကို ဆောင်ကြဥ်းပေးနိုင်စွမ်း မရှိပုံရသည်၊" ဟု သူက ပြောကြားခဲ့သည်။

သင်္ဘောပိုင်ရှင်များအနေဖြင့် သင်္ဘောဝန်ထမ်း အသစ်တို့ကို မရှာမနိုင်မချင်း သင်္ဘောသည် ယခု ရွှေ့မည် မဟုတ်ပါ၊ အဆိုပါ သင်္ဘောဝန်ထမ်း အသစ်တို့သည်လည်း သြစတြေးလျနိုင်ငံ ရောက်ရှိချိန်၌ သူတို့တွင် မိခင်နိုင်ငံများ၌ Covid-19 ရောဂါမရှိကြောင်း အဖြေ ရှိသည့်တိုင်အောင်ပင် နှစ်ပတ် အထိအတွေ့မဲ့ အထီးကျန်နေရမည်ဖြစ်သည်။

"Unison Jasper သင်္ဘောသည် ဤနေရာ၌ ရက်သတ္တပတ် အပတ်များစွာ၊ ဖြစ်နိုင်လျှင် တစ်လ ရွှေ့လျားမှု မရှိဘဲ ဆိုက်ကပ်ထားရပါမည်၊ သြစတြေးလျနိုင်ငံ၏ စီးပွားရေး ပြန်လည်ထူထောင်မှုကို ကူညီပေးနေမည် မဟုတ်ပါ။ ၎င်းမှာ မောပန်းပြီး ပင်ပန်းနွမ်းနယ်နေသည့် အလုပ်သမားအင်အားထု၏ ဒုက္ခကို လျစ်လျူရှုထားခြင်းနှင့် ဤ မရှိမဖြစ် လိုအပ်သည့် အလုပ်သမားအင်အားထုအပေါ် အရာအရာအားလုံးအား အရေခြုံလွှမ်းမိုးသည့် စည်းမျဥ်းများအား အသုံးချခြင်း၏ ဆုံးရှုံးမှု ဖြစ်ပါသည်။ ဤဖြစ်ရပ်ကို ကြိုတင်တားဆီးနိုင်ခဲ့ပါသည်၊ သို့သော်လည်း ကြိုတင်တားဆီးခြင်းမှာ ကျွန်ုပ်တို့ ခေါင်းဆောင်များထံမှ အရေးယူလုပ်ဆောင်ချက် လိုအပ်ပါသည်။ အရေးယူလုပ်ဆောင်ချက် မရှိလျှင် ဤကိစ္စသည် သင်္ဘော ရပ်တံ့ပေးလိုက်သည့် နောက်ဆုံး ကိစ္စ ဖြစ်မည် မဟုတ်ပါ၊ ဟု Summers က ပြောကြားခဲ့သည်။

"ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဆိပ်ကမ်းများ၌ သင်္ဘောများ မထွက်ခွာနိုင်ဘဲ ပြည့်ကျပ်နေမှုဖြင့် ကြုံတွေ့နေရသည်၊ သမဂ္ဂများ၏ လုပ်ငန်းကဏ္ဏဆိုင်ရာ အရေးယူလုပ်ဆောင်ချက်ကြောင့် မဟုတ်ပါ  သို့သော်လည်း လုံးဝဥဿုံ မောပန်းပြီး ပင်ပန်းနွမ်းနယ်နေသည့် လျစ်လျူရှုခံထားရသော သင်္ဘောသားများကြောင့် ဖြစ်ပါသည်။ အကယ်၍ အခြား မည်သည့်အကြောင်းရင်းမျှ မရှိလျှင် ၎င်းသည် ကုန်သွယ်ရေး ပိတ်ပင်မှု၏ ခြိမ်းခြောက်မှု ဖြစ်ပြီး သြတြေးလျန်း ပြည်ပကုန်ပို့သူများက နိုင်ငံရေးသမားများအား ဤအကျပ်အတည်း မည်သည့်အတွက်ကြောင့် ကြီးထွားလာကြောင်း မေးမြန်းသင့်ပါသည်။"

"ဤအခင်းဖြစ်ပွားမှုကိစ္စသည် အစိုးရ အေဂျင်စီရုံးများတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အားနည်းချက်ကို သရုပ်ဖော် ပြသလိုက်ပြီး သင်္ဘောသားများမှာ အကျိုးဆက်အဖြစ် ဒုက္ခခံစားနေကြရသည်။ အကယ်၍ အစိုးရများသည် တစ်ဖက်နှင့်တစ်ဖက် အချင်းချင်း အတူတကွ မလုပ်ကိုင်လျှင် ယင်းနောက် တစ်နိုင်ငံလုံးနှင့် တစ်ကမ္ဘာလုံး အဆင့်၌ တော်လောက်ပြီး ဆက်လက် သည်းမခံနိုင်တော့ပါ (enough is enough) ဟု ပြောဆိုရင်း ပိုမိုများပြားသော သင်္ဘောများကို ရပ်တံ့သွားစေမည်ဖြစ်သည့် သင်္ဘောသားများကို ပို၍ ကျွန်ုပ်တို့ ရှာရပါမည်။ ၎င်းသည် လုပ်ငန်းကဏ္ဏအပေါ် ဒေါ်လာ ဘီလီယံ များစွာ ဆုံးရှုံးနိုင်သည်။ ဟုတ်ပါပြီ၊ အဲဒီ့နောက် နိုင်ငံရေးသမားများနှင့် ဗျူရိုကရက်များသည် ဂရုစိုက်လာပါလိမ့်မည်၊ ဟု Summers က ပြောကြားခဲ့သည်။

 

သတိပြုရန်- 
လုပ်ခခိုးယူမှု၊ မတော်မတရားပြုကျင့်မှု နှင့် ခြိမ်းခြောက်မှုတို့နှင့်ပတ်သက်သော စွပ်စွဲချက်များ အသေးစိတ်ကို MUA ထုတ်ပြန်ချက်အား ဤနေရာ၌ ကြည့်ပါ-https://www.mua.org.au/news/newcastle-bulk-carrier-detained-after-seafarers-intimidated-underpaid-and-forced-sail-14-months

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.