Skip to main content

အလုပ်ကန်ထရိုက် သက်တမ်းကျော်လွန်၍ခိုင်းခံရသည့် သင်္ဘောသားများ သင်္ဘော အသစ် နှစ်စီးကို ရပ်တံ့အောင်လုပ်လိုက်သဖြင့် သြစတြေးလျနိုင်ငံကို ပြည့်ကျပ်နေသည့် ဆိပ်ကမ်းများ စာရင်းသွင်း

10 Aug 2020
Press Release

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers' Federation (ITF)) က ပြောသည်မှာ အိမ်ပြန်ပို့ပေးရန်အတွက် ကြိုးစားရာ၌ Western Australia နှင့် Victoria ရှိ နောက်ထပ် သင်္ဘော နှစ်စီး၏ သင်္ဘောဝန်ထမ်းများသည် ယနေ့တွင် သင်္ဘောအား မောင်းနှင်ပေးရန် ငြင်းဆိုကြသဖြင့် သြစတြေးလျနိုင်ငံသည် ပြည့်ကျပ်နေသည့် ဆိပ်ကမ်းများကြောင့် စီးပွားရေး ပျက်သုဥ်းမှုကြီးကို ရင်ဆိုင်နေရသည်၊  ၎င်း၏ကမ်းခြေတစ်လျှောက် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ပိုမိုလျင်မြန်စွာ ဆိုးရွားနေသည့် အကျပ်အတည်းဖြစ်ပေါ်မှု အကျိုးဆက်ကြောင့်ဖြစ်ပါသည်။

The 'Conti Stockholm' နှင့် 'Ben Rinnes' တို့မှာ အလုပ်ကန်ထရိုက် သက်တမ်းကျော်လွန်၍ ခိုင်းထားသော သင်္ဘောဝန်ထမ်းများက သင်္ဘောအား အကန့်အသတ်မရှိ မောင်းနှင်ရန်ကို ငြင်းဆိုသည့် မိမိတို့၏ အခွင့်အရေးအား အသုံးချနေခြင်းကြောင့် ငြိမ်သက်နေပြီး ဆိပ်ခံဘောတံတားကို ပိတ်ဆို့ထားသည့် နောက်ဆုံးဖြစ်ပေါ်လျက်ရှိသော သင်္ဘောများဖြစ်ကြသည်၊ လွန်ခဲ့သည့် အပတ် ကတည်းက  Newcastle, NSW တွင် ရပ်တံ့ခံရသည့် အလှူမီနီယမ် သယ်ဆောင် သင်္ဘော Unison Jasper အား နောက်ဆက်တွဲပူးပေါင်းလျက်ဖြစ်သည်။

ယနေ့၌ Perth မြို့၊ Fremantle ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘော Conti Stockholm အား ရပ်တံ့ခဲ့သည်။ ဂျမန် ကုမ္ပဏီ NSB မှ ပိုင်ဆိုင်သော လိုင်ဘေးရီးယန်း-အလံတင် သင်္ဘောဖြစ်သည်။

Fremantle ဆိပ်ကမ်း၌ သင်္ဘော MV Conti Stockholm အချည်းနှီးငြိမ်သက်လျက် ဆိုက်ကပ်ထားပုံ (သတင်းရရာဇာစ်မြစ်-ITF)

သင်္ဘောမှာ ယခု ချောင်ပိတ်မိခံနေရသည်၊ ကုမ္ပဏီအနေဖြင့် သင်္ဘောဝန်ထမ်း အသစ် စောင့်ဆိုင်းနေစဥ် သင်္ဘောမှာ မည်သည့်နေရာကိုမျှ သွား၍ မရပါ။ လက်ရှိ ရိုမေးနီးယန်း၊ တရုတ်၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်နှင့် ပိုလန် သင်္ဘောဝန်ထမ်းများမှာ သင်္ဘောအား မောင်းနှင်ရန် ငြင်းဆိုခဲ့ကြပြီး ပင်လယ်ပြင်၌ လပေါင်းများစွာ နေခဲ့ရပြီးနောက် အိမ်ပြန်ပို့ခံရရန် တောင်းဆိုခဲ့ကြသည်။ ဤသင်္ဘောသားများမှာ အလုပ်ကန်ထရိုက် သက်တမ်း ကျော်လွန်နေကာ ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ်အရ မိမိတို့၏ အလုပ်ကန်ထရိုက် သက်တမ်းကုန်ဆုံးချိန်၌ အလုပ်လုပ်ခြင်းကို ရပ်ဆိုင်းပြီး အလုပ်ရှင်များ၏ စရိတ်ဖြင့် အိမ်ပြန်ပို့ခံရရန် အခွင့်အရေးရှိပါသည်။

အထက်လွှတ်တော်အမတ် Senator Glenn Sterle က သင်္ဘော MV Conti Stockholm ၏ မာလိန်မှူး နှင့် စကားပြောပုံ (သတင်းရရာဇာစ်မြစ်- ITF)

The Conti Stockholm သင်္ဘောပေါ်သို့ ယနေ့တွင် သြစတြေးလျန်း ဗဟို အတိုက်အခံပါတီဖြစ်သည့် လေဘာပါတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ အထက်လွှတ်တော်အမတ် Senator Glen Sterle ကလည်း တက်ရောက်ခဲ့ပါသည်။ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို လွယ်ကူစေရန်အတွက် သမဂ္ဂများနှင့် လုပ်ငန်းကဏ္ဏတို့နှင့်အတူ လုပ်ကိုင်ပေးရန် သြစတြေးလျန်း အစိုးရထံမှ ညှိနှိုင်းလုပ်ကိုင်မည့် တုံ့ပြန်ချက်အတွက် ITF ၏ တောင်းခံချက်ကို အထက်လွှတ်တော်အမတ်သည် ထောက်ခံပေးနေလျက်ရှိပါသည်။

သင်္ဘော MV Conti Stockholm ၏ သင်္ဘောဝန်ထမ်းများ ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် အရ မိမိတို့၏ အခွင့်အရေးများကို အသုံးချနေပုံ (သတင်းရရာဇာစ်မြစ်- ITF)

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအား ထိရောက်သော စနစ်တရပ်ကို ချမှတ်ပေးရန်အတွက် အစိုးရ၏ ပျက်ကွက်မှုသည် ပိုမိုများပြားသော သင်္ဘောသားများအဖို့ အလုပ်ကန်ထရိုက် သက်တမ်း ကျော်လွန်စေခြင်းနှင့် အိမ်ပြန်ရန်ကိစ္စကို သူတို့၏ လက်ထဲ ကျရောက်စေခြင်းသို့ တိုက်ရိုက် ဦးတည်စေခဲ့သည်ဟု ITF က ယုံကြည်ပါသည်။

ယနေ့ ဒုတိယ တစ်ခု ရပ်တံ့ခံရသည့်သင်္ဘောမှာ မာရှယ်ကျွန်းနိုင်ငံ-အလံတင် သင်္ဘော 'Ben Rinnes' ဖြစ်သည်၊ ၎င်းကို  Cargill အတွက် ပဲပုပ်ပဲ ထုတ်ကုန် သယ်ဆောင်ရန် စင်းလုံးငှါးထားခဲ့သည်။ ဂရိ-ပိုင်ဆိုင်သည့် ထုထယ်ကြီးတင် သင်္ဘောကို ဗစ်တိုးရီးယားပြည်နယ် ဂီလောင်း (Geelong) ဆိပ်ကမ်း၌ ရပ်တံ့ခဲ့သည်၊ မူလအားဖြင့် သင်္ဘောဝန်ထမ်း လေးယောက်၊ ယင်းနောက် ငါးယောက်တို့က  ITF အား သူတို့အနေဖြင့် မိမိတို့၏ အလုပ်ကန်ထရိုက်များ သက်တမ်းကုန်ဆုံးပြီးနောက် အိမ်ပြန်ပို့ခံရလိုကြောင်း ပြောခဲ့ပြီးနောက် သင်္ဘောမှာ ရပ်တံ့ခံခဲ့ရသည်။

သင်္ဘောပေါ်မှ ဆင်းရန် သင်္ဘောအား ရပ်တံ့ခဲ့ရာတွင် ပါဝင်ခဲ့သည့် Ben Rinnes ၏ အားလုံးသော သင်္ဘောဝန်ထမ်းများသည် သင်္ဘောပေါ်၌ တရားဝင် အများဆုံးသတ်မှတ်ထားသည့် ကာလ ထက်ကျော်လွန်နေပြီးဖြစ်သည်၊ လာမည့် ရက်ပေါင်း ၃၀ အတွင်း သတ်မှတ်ထားသည့် ၁၁ လ ကျော်လွန်မည်ဖြစ်သည့် သင်္ဘောဝန်ထမ်း တစ်ဦးမှ လွဲ၍ဖြစ်သည်။

သင်္ဘောဝန်ထမ်းများအနက် တစ်ဦးမှာ သင်္ဘောပေါ်၌ ၁၇ လ ထက်ကျော်လွန်နေပြီဖြစ်သည်။ သင်္ဘောဝန်ထမ်းများက ITF အား ပြောကြားခဲ့သည်မှာ သူတို့သည် သူတို့၏ ကိုးလ လည်ပတ်မည့်ကာလ ကျော်လွန်ပြီးနောက် သင်္ဘောပိုင်ရှင်များက သူတို့အား အိမ်ပြန်ပို့ပေးမည်ဟု ကတိပြုမှုအပေါ် ယုံကြည်၍ နောက်ထပ် ၅ လ သက်တမ်းတိုးမှုများကို သူတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ လက်ရှိအခြေအနေအထိ ကုမ္ပဏီအနေဖြင့် သူတို့အား အိမ်ပြန်ပို့ပေးရန် အစီအစဥ် လုံးဝ မရှိပါ။

သြစတြေးလျနိုင်ငံအတွက် ITF ညှိနှိုင်းရေး အရာရှိ Dean Summers က ပြောသည်မှာ မိမိတို့၏ အလုပ်ကန်ထရိုက် ပြီးဆုံးပြီးပြီးချင်း အလုပ်လုပ်ခြင်းကို ရပ်ဆိုင်းရန်အတွက် မိမိတို့၏ အခွင့်အရေးကို ကျင့်သုံးနေသော သင်္ဘောသားများထံမှ ဖုန်းခေါ်မှုများကို အဖွဲ့ချုပ်နှင့် ၎င်း၏ အဖွဲ့ဝင် အသင်းအဖွဲ့ဖြစ်သည့် သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်း သမဂ္ဂ (Maritime Union of Australia) တို့သည် ဖြေကြားပေးနေလျက်ရှိသည်။

"ဤသင်္ဘော နှစ်စင်းမှ အဆိုပါ သင်္ဘောဝန်ထမ်းများသည် ရဲရင်းစွာဖြင့် မားမားမတ်မတ် ရပ်တည်ပြီး ပြောကြားခဲ့သည်မှာ သူတို့အနေဖြင့် မျောနေသော အကျဥ်းထောင်များ အလား ရပ်တည်လျက်ရှိသည့် နောက်ထပ် တာဝန်ထမ်းဆောင်ရန် ထွက်ခွာဖို့အတွက် ဤဆိပ်ကမ်းများမှ ထွက်ခွာပေးနေမည် မဟုတ်ပါ။ သူတို့သည် သူတို့ လက်မှတ်ရေးထိုးထားသည့် ကာလအတွက် အလုပ်ကန်ထရိုက်များ ပြီးဆုံးပြီးဖြစ်သည်၊ ယခု သူတို့ သင်္ဘောပေါ်မှ ဆင်းနေပြီဖြစ်သည်။ ဤကိစ္စမှာ သင်္ဘောသားများ၏ မှားယွင်းမှု မဟုတ်ပါ၊ သြစတြေးလျနိုင်ငံကဲ့သို့ အစိုးရများမှာ သင်္ဘောလုပ်ငန်း၌ လွန်စွာကြီးကြီးကျယ်ကျယ် စိတ်မဝင်စားခဲ့ကြပါ၊ ဤအစိုးရများမှာ အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများကို ကျွန်ုပ်တို့၏ ဆိပ်ကမ်းများမှ အသွားအပြန်လုပ်ရန် နည်းလမ်းကို ရှာရန်အတွက် ဤရောဂါကပ်ဘေးကြီး၏ လွန်ခဲ့သည့် ငါးလကို အသုံးမချခဲ့ပါ၊ ဟု Dean Summers က ပြောကြားခဲ့သည်။

"ရှင်းရှင်းလင်းလင်း ပြောပါရစေ- ဤ မောပန်းပြီး ပင်ပန်းနွမ်းနယ်နေသော သင်္ဘောသားများမှာ ဤသင်္ဘောများမှ ဆင်းသွားရန် သူတို့၏ လူ့အခွင့်အရေးကို ရိုးရိုးသားသား အသုံးချနေခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သြစတြေးလျနိုင်ငံကဲ့သို့ အစိုးရများမှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းနှင့်ပတ်သက်သည့် အခက်အခဲများကို ဖြေရှင်းပေးရန် ငြင်းဆိုသောကြောင့်ဖြစ်သည်။"

"အကယ်၍ သြစတြေးလျနိုင်ငံအနေဖြင့် နိုင်ငံခြားသို့ ပြည်ပပို့ကုန် တင်ပို့ခြင်းနှင့် မရှိမဖြစ် လိုအပ်သည့် ကုန်ပစ္စည်းများကို လက်ခံရယူခြင်းအားဖြင့်  တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုမှ အကျိုးကို ဆက်လက်ရယူရန် လိုလားလျှင် ယင်းနောက် သြစတြေးလျနိုင်ငံအနေဖြင့် ဤကုန်ပစ္စည်းများကို သယ်ဆောင်ပေးသည့် အဆိုပါ သင်္ဘောသားများအား ကျေးကျွန်များကဲ့သို့ မဆက်ဆံနိုင်ပါ။"

"ဤသင်္ဘော သုံးစင်းမှာ ပင်လယ်ထဲမျောနေသည့် ရေခဲစိုင်ကြီး၏ ထိပ်ဖြားများသာ ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အားလုံး လွန်ခဲ့သည့် ငါးလ ပိတ်ဆို့ခဲ့သည်နှင့်အတူ- သင်တို့သည် ပိုမိုများပြားသည်ထက် ပိုမိုများပြားသည့် သင်္ဘောဝန်ထမ်းများ သြစတြေးလျနိုင်ငံ၌ ကျောက်ချပြီး သင်္ဘောပေါ်မှ ဆင်းသွားရန် ဆုံးဖြတ်ကြမည်ကို မြင်တွေ့ရန် မျှော်လင့်နိုင်ပါသည်။ သြစတြေးလျနိုင်ငံ၏ တွင်းထွက်ပစ္စည်းနှင့် စိုက်ပျိုးရေးဆိုင်ရာ ပြည်ပပို့ကုန်များနှင့် ပြည်တွင်းသွင်းကုန်များအတွက် နောက်ဆက်တွဲ ပြဿနာမှာ ပိုမိုကြီးမားပါလိမ့်မည်။ ၎င်းသည် စီးပွားဆိုင်ရာနှင့် လူသားချင်းစာနာထောက်ထားရမည်ဖြစ်သော အရေးပေါ် အခြေအနေတစ်ရပ်ဖြစ်သည်။

"သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းမှာ တိုးပွားလာလျက်ရှိသည်၊ သို့သော်လည်း မားမားမတ်မတ် ရပ်တည်ပြီး ပြန်လှန်တိုက်ပွဲဝင်ရန် သင်္ဘောသားများ၏ ရဲစွမ်းသတ္တိတို့မှာလည်း တိုးပွားလာလျက်ရှိပါသည်။ သင် တွေ့ရလိမ့်မည့်အရာမှာ သူတို့က ပြောကြားမည်မှာ သူတို့ သင်္ဘာပေါ်မှ ဆင်းနေကြမည်- ဗျူရိုကရက်များနှင့် နိုင်ငံရေး သမားများ ထိရောက်အောင် စီစဥ်သည်ဖြစ်စေ မစီစဥ်သည်ဖြစ်စေ သူတို့ သင်္ဘောပေါ်မှ ဆင်းနေကြမည်ဖြစ်သည်။

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.