Skip to main content

Liverpool ၌ ITF က သင်္ဘောအသစ်များအား ကြိုဆိုလိုက်သော်လည်း Atlantic Container Line မှာ သင်္ဘောဝန်ထမ်းအပြောင်းအလဲလုပ်ရန် အချိန်ကျော်နေကြောင်း သတိပေးလိုက်

11 Aug 2020

Liverpool သည် United Kingdom အလံတင် လွှင့်ထူထားသည့် သင်္ဘောအရေအတွက် အများအပြား၏ ဌာနေဖြစ်ကြောင်း ဖော်ညွှန်းပြသသည်မှာ ကျွန်းနိုင်ငံသည် ပင်လယ်ရေကြောင်း ဦးဆောင်သူ အနေအထား တွင်ရှိကြောင်း နောက်ထပ်တစ်ဖန် ဖော်ကြူးနိုင်ဘိသကဲ့သို့ဖြစ်ပါသည်။ သို့သော်လည်း UK ၏ ဂုဏ်သတင်းကို သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းအတွင်း ထိန်းသိမ်းထားရန်အတွက် သင်္ဘောလုပ်ငန်း ကုမ္ပဏီများအနေဖြင့် ပိုမိုလုပ်ရန် လိုအပ်ပါမည်၊ ဟု အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ်၏ စိစစ်ရေးမှူး Tommy Molloy က ပြောကြားသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် Atlantic Container Line (ACL) ပိုင်ဆိုင်သည့် သင်္ဘောအသစ်တစ်စင်းကို UK မှတ်ပုံတင်တွင် မှတ်ပုံတင်၍ အလံတင်ပွဲလမ်းသဘင်ကို  Liverpool ဆိပ်ကမ်းတွင် ကျင်းပခဲ့သည်။  ၎င်းသင်္ဘောမှာ Liverpool ဆိပ်ကမ်း၌ မှတ်ပုံတင်ခဲ့ကြသည့် သင်္ဘော ငါးစင်းအနက် တစ်စင်းဖြစ်သည်။ Britain နိုင်ငံ နန်းတွင်းမင်းသမီး Princess Anne သည် သင်္ဘောအသစ်ဖြစ်သည့် Atlantic Sea ကို နာမည်မှည့်ရန် ဆိပ်ကမ်းသို့ ထိုစဥ်က ရောက်ရှိခဲ့သည်။ ၎င်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း ဆိပ်ကမ်း၌ နန်းတွင်းမိသားစုဝင် တစ်ဦးအနေဖြင့် သင်္ဘောအား နာမည်မှည့်ပွဲလုပ်ခဲ့သည့် ပထမဦးဆုံး အကြိမ်ဖြစ်ခဲ့ပါသည်။ ACL ဦးဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Ian Higby က ပြောကြားခဲ့သည်မှာ သင်္ဘော အနည်းငယ်သာ မကြာသေးမီ နှစ်များအတွင်း မြို့တော်၏ ကျော်ကြားသော နာမည်ကို သယ်ဆောင်ခဲ့ကြပြီး ၎င်းမှာ မူလပိုင်ရှင်နေရာသို့ ပြန်လည်ရောက်ရှိကြောင်း ယခု ပြန်လည်တွေ့မြင်ရသည်မှာ ကောင်းမွန်လှပါသည်။

သို့သော်လည်း Tommy Molloy က ပြောသည်မှာ ACL သည် မိမိ၏ သင်္ဘောသားများအား အိမ်ပြန်ပို့ရန် လက်ရှိ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အတင်းအကျပ်နှင့် ပတ်သက်၍ ကုမ္ပဏီအနေဖြင့် UK အလံ၏ စံနှုန်းများနှင့် ကိုက်ညီရန်နှင့် ကမ္ဘာ့အဆင့်မှီ ဆိပ်ကမ်းအဖြစ် Liverpool ၏ ဂုဏ်သတင်းကို ထိန်းသိမ်းလိုလျှင် အရေးယူလုပ်ဆောင်ရမည်။

ကုမ္ပဏီတွင် ယခင်က မွန်ရည်သော ဂုဏ်သတင်းကျော်ကြားမှု ရှိခဲ့ပြီး သင်္ဘောသားများသည် ၎င်းကုမ္ပဏီနှင့် မိမိတို့ အလုပ်လုပ်ကိုင်ရသည်ကို တန်ဖိုးထားခဲ့ကြသည်။ သို့သော်လည်း သင်္ဘောဝန်ထမ်းများက ၎င်းတို့က မည်သူဖြစ်ကြောင်းဖော်ထုတ်ရန် အလွန်ကြောက်ရွံ့နေစဥ် ၎င်းတို့၏ အိမ်နှင့်မိသားစုများထံ အိမ်ပြန်ပို့ပေးရန်အတွက် အမည်မဖော်လိုသူအဖြစ် အကူအညီ တောင်းခံလာသည့်အခါ သင်သည် အရေးတယူရှိရန် လိုပါသည်။ Atlantic ၏ သင်္ဘောများပေါ်ရှိ သင်္ဘောသားများမှာ သူတို့ အလုပ်ကန်ထရိုက်များ ပြီးဆုံးပြီးပြီးချင်း ဆက်လက်အလုပ်လုပ်ရန် ငြင်းဆိုခြင်းအတွက် သူတို့ကြုံတွေ့မည်ဖြစ်သည့် တန်ပြန်မှုများနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း စိုးရိမ်ပူပန်နေကြပါသည်၊ ဟု Molloy က ပြောကြားခဲ့သည်။

ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (Maritime Labour Convention) အရ သင်္ဘောသား တစ်ဦးတွင် မိမိတို့၏ အလုပ်ကန်ထရိုက် ပြီးဆုံးပြီးပြီးချင်း အလုပ်လုပ်ခြင်းမှ ရပ်ဆိုင်းရန်နှင့် အလုပ်ရှင်၏ စရိတ်ဖြင့် အိမ်ပြန်ပို့ခံရရန် အခွင့်အရေး ရှိပါသည်။ သင်္ဘောသား တစ်ဦးအနေဖြင့် သင်္ဘောပေါ်နေနိုင်မည့် အများဆုံး ကာလမှာ ၁၁ လ ဖြစ်ပါသည်။

သို့သော်လည်း အဆိုပါ အခွင့်အရေးကို အသုံးချခြင်းတွင် အခက်အခဲ ရှိလာခဲ့သည်၊  ITF ခန့်မှန်းချက်  အရ ကမ္ဘာ့ သင်္ဘောများပေါ်၌ အလုပ်လုပ်ရင်း ချောင်ပိတ်မိခံနေရသော သင်္ဘောသား အယောက် 300,000 အဖို့မှာ မဖြစ်နိုင်ပင် မဖြစ်နိုင်ပါ။ နောက်ထပ် သင်္ဘောသား အယောက် 300,000 မှာ သင်္ဘောများပေါ် လက်ရှိ ရှိနေကြသူများအား အလုပ်လက်ပြောင်းလက်လွဲလုပ်ရန် အသည်းအသန် စောင့်ဆိုင်းနေရင်း အလုပ်လက်မဲ့ဖြစ်နေကြသည်။ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း ဖြစ်ရခြင်းအတွက် အဓိက အကြောင်းရင်းမှာ ဆိပ်ကမ်းနိုင်ငံများ၊ ဖြတ်သန်းသွားရမည့် ကြားနိုင်ငံများနှင့် သင်္ဘောသားများ၏ မိခင် နိုင်ငံများတို့၏ နယ်စပ် ပိတ်ခြင်းများကြောင့်ဖြစ်သည်၊ လေယာဥ်ခရီးစဥ် ရရှိနိုင်မှု အားနည်းချက်ကြောင့်လည်း ဖြစ်ပါသည်။

Molloy က ပြောသည်မှာ လုပ်ငန်းကဏ္ဏတစ်လျှောက် မြောက်မြားစွာသော သင်္ဘောသားများသည် နောက်ထပ် အလုပ် မခန့်ခံရမည်ဟု ကြောက်ရွံ့မှုကို မပြောဆိုရဲကြဘဲ သူတို့အနေဖြင့် မူလ အလုပ်ကန်ထရိုက်ကို ကျော်လွန်၍ နောက်ထပ်ပြီး နောက်ထပ် သက်တမ်းတိုးမှုများကို လက်မှတ်ထိုးရုံမှတစ်ပါး အခြား နည်းလမ်း မရှိကြောင်း ခံစားကြရသည်၊ အကယ်၍ ဆက်လက် လုပ်သည့်တိုင် ၎င်းသည် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ စည်းမျဥ်းများကို ချိုးဖောက်ရာရောက်ပါသည်။

များသောအားဖြင့် ၊ သင်္ဘောသားများ၏ အခွင့်အရေးများကို ထိန်းသိမ်းကြစေရန်အတွက် ITF သည် ပါဝင်ပတ်သက်လာခဲ့ရသည်။ Atlantic Container Line ကိစ္စ၌ အများစုဖြစ်သည့်-ဖိလစ်ပိုင် သင်္ဘောဝန်ထမ်းများအနေဖြင့် သင်္ဘောပေါ်မှ ဆင်းရန် မိမိတို့၏ အခွင့်အရေးကို အသုံးချရန်အလို့ငှါ Molloy သည် ပိုင်ဆိုင်မှုနှင့် ကန်ထရိုက်ယူထားသည့် အဖွဲ့အစည်းများကို သိရှိအောင် ရှာဖွေနေခဲ့ရသည်။

သင်္ဘော၏ ပိုင်ရှင်များကို USA ၌ရှိနေဘိကဲ့သို့ စာရင်းသွင်းထားသည်၊ မှတ်ပုံတင်ထားသည့် ပိုင်ရှင်များမှာ Sweden နိုင်ငံတွင် ရှိသည်၊ မိခင်ကုမ္ပဏီမှာ Italy နိုင်ငံတွင်ရှိပြီး မန်နေဂျာများမှာ Monaco နိုင်ငံတွင် ရှိကြသည်။ သင်္ဘော၏ မိခင် ဆိပ်ကမ်းဖြစ်သည့် Liverpool သို့ ရောက်ရှိသည့်အခါ အလုပ်ကန်ထရိုက် ကျော်လွန်နေပြီဖြစ်သည့် ထိုသင်္ဘောဝန်ထမ်းများအား အစားထိုးပေးမည် ဟုတ်မဟုတ် ကျွန်ုပ်သည် ၎င်းတို့အထဲမှ အချို့အား ဇူလိုင်လ ၆ ရက်နေ့တွင် မေးမြန်းရန် ဆက်သွယ်ခဲ့ပါသည်၊ ဟု Molloy က ပြောကြားခဲ့သည်။

အီးမေးလ်တစ်ခု၌ Molloy က ကုမ္ပဏီအား ပြောကြားခဲ့သည်မှာ UK သည် သင်္ဘောသားများအား အဓိက အလုပ်သမားများအဖြစ် မှတ်ယူထားခဲ့ပြီး သင်္ဘောသားများအား Liverpool ၌ သင်္ဘောပေါ်မှ ဆင်းပေးခြင်းအတွက် တားမြစ်မည့် မည်သည့် အဟန့်အတားပိတ်ပင်မှုမျှ မရှိကြောင်းဖြစ်ပါသည်။ ကုမ္ပဏီက ပြောကြားခဲ့သည်မှာ ဖိလစ်ပိုင်နိုင်ငံသို့ အသွားအပြန် လေယာဥ်ခရီးစဥ်များ စီစဥ်ခြင်းနှင့်ပတ်သက်၍ အခက်အခဲများ ရှိခဲ့ကြောင်း ဖြစ်ပါသည်။

သူတို့က ကျွန်ုပ်အား ပြောခဲ့သည်မှာ UK မှ Manila သို့ လေယာဥ်ခရီးစဥ် ရှာဖွေရာ၌ သူတို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ကြောင်းဖြစ်ပါသည်။ ကျွန်ုပ်သည် စျေးနှုန်းကြီးမြင့်သော်လည်း Manchester မှ London ရရှိနိုင်သည့် လေယာဥ်ခရီးစဥ် အသေးစိတ်တို့ကို တွေ့ရှိပြီး သူတို့ထံ ပို့ပေးခဲ့ပြီး သူတို့အား ပြောခဲ့သည်မှာ အဆိုပါ သင်္ဘောသားများကို အစားထိုးပေးရန်အတွက် သူတို့တွင် နည်းလမ်း အများအပြားရှိကြောင်း ကမ္ဘာအနှံ့ အလုပ်ကန်ထရိုက် ရယူရန် စောင့်ဆိုင်းလျက်ရှိသည့် သင်္ဘောသား အယောက် 300,000 ရှိကြောင်းဖြစ်သည် ဟု Molloy က ပြောကြားခဲ့သည်။

သူတို့က ကျွန်ုပ်အား ပြန်ပြောကြားခဲ့သည်မှာ သင်္ဘော မောင်းနှင်ရေးနှင့် ယဥ်ပါးရေးဆိုင်ရာ ပြဿနာများကြောင့် ၎င်းမှာ ဖြစ်နိုင်မည် မဟုတ်သည့်အပြင် ဘေးကင်းလုံခြုံမည် မဟုတ်ကြောင်း ဖြစ်ပါသည်။ ကျွန်ုပ်က သူတို့အား သတိပေးခဲ့သည်မှာ  သင်္ဘောပေါ်၌ အလုပ်ကန်ထရိုက် အလွန့်အလွန် ကျော်လွန်နေသည့် သင်္ဘောသားများအား မလုံခြုံသည့် အခြေအနေအတွင်း ကျရောက်နေစေသည့်အတွက် လုပ်ငန်းကဏ္ဏသည် ပူးပေါင်းဆောင်ရွက်မှု မရှိသော အစိုးရများအပေါ် စုပေါင်း၍ အော်ဟစ်ပြစ်တင်နေကြောင်း ဖြစ်ပါသည်။ အချို့ သင်္ဘောသားများသည် ကုန်းပေါ် မတက်ရသည်မှာ တစ်နှစ် ရှိပြီဖြစ်သည်r ၎င်းမှာ မည်မျှ ဘေးကင်းလုံခြုံနိုင်ပါသလဲ။

ITF ၏ ကြိုးပမ်းအားထုတ်မှုကို ကျေးဇူးတင်ပါသည်၊ ဇူလိုင်လ ၁၉ ရက်နေ့၌ Liverpool တွင် သင်္ဘောသား ငါးဦး သင်္ဘောပေါ်မှ ဆင်းခဲ့ပြီး Bulgarian သင်္ဘောသားများဖြင့် အလုပ်အလွဲအပြောင်းလုပ်ခဲ့ပြီး ယင်းနောက် ၎င်းတို့က သင်္ဘောအား ဝန်ထမ်းဖြည့်တင်းပေးခဲ့သည်။

Molloy က ပြောသည်မှာ သင်္ဘောမှဆင်းမည့် ဖိလစ်ပိုင် သင်္ဘောသားများသည် သူတို့ လပေါင်းများစွာ သတိရလွှမ်းဆွတ်နေခဲ့သည့် မိသားစုထံ အိမ်ပြန်ရန် လေယာဥ်ခရီး မထွက်ခွာမီ ဟိုတယ်၌ ရက်အနည်းငယ် နေခဲ့ရသည်။

သို့သော်လည်း ဝမ်းနည်းစွာဖြင့်၊ သင်္ဘောဝန်ထမ်း တစ်ယောက်မကျန် အားလုံးအနေဖြင့် အိမ်ပြန်ပို့ပေးရန် မေးခြင်းအားဖြင့် မိမိတို့ အလုပ်ရှင်များ၏ စိတ်ဒေါသ အန္တရာယ်ကို အရဲစွန့်ရန် လုံလောက်သော ရဲတင်းစိတ် မရှိကြပါ။ Molloy က ဖွင့်ဟပြသည်မှာ Liverpool မှ Canada သို့ ထွက်ခွာခဲ့သည့် ACL သင်္ဘောပေါ်တွင် ၁၅ လ နီးပါး ကြာညောင်းနေခဲ့ပြီးဖြစ်သည့် ဖိလစ်ပိုင် သင်္ဘောသား အနည်းငယ် ရှိကြသည်၊ သူတို့၏ မူလ ကန်ထရိုက် ကိုးလ ထက် လွန်စွာပိုမို ကြာညောင်းနေသည်။

Molloy က ရှင်းလင်းပြသည်မှာ သူတို့သည် London ရှိ ITF ရုံးချုပ်နှင့် Germany, Antwerp နှင့် Liverpool ရှိ ကျွန်ုပ်တို့၏ စိစစ်ရေးမှူးတို့အား ဆက်သွယ်ခဲ့သည်၊ သူတို့အား သင်္ဘောပေါ်မှ ဆင်းပေးရန် တောင်းပန်ရင်းဖြင့်ဖြစ်ပါသည်။ သို့သော်လည်း သူတို့သည် ၎င်းကို အမည်မဖော်လိုသူအဖြစ် ဆက်သွယ်ခဲ့ပြီး သူတို့ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြခြင်း မရှိပါ။ ကံမကောင်းစွာဖြင့်  သင်္ဘောသားများအနေဖြင့် မိမိတို့၏ အိမ်ပြန်ပို့ရေးကိစ္စကို ပွင့်ပွင့်လင်းလင်း တောင်းဆိုရန် ကျွန်ုပ်တို့ လိုအပ်ပါသည်။ ၎င်းသည် သူတို့အား Liverpool ကဲ့သို့သော ဆိပ်ကမ်းများ၌ သင်္ဘောပေါ်မှ ဆင်းပေးရန်နှင့် သူတို့အား အိမ်ပြန်ပို့ရန်သေချာအောင် ကျွန်ုပ်တို့ ကူညီပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်။

ဤသင်္ဘောသားများ အလုပ်လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းရန်နှင့် အိမ်ပြန်ပို့ရန်အတွက် တောင်းခံခြင်းအတွက် မေးမြန်းရန် အလွန့်အလွန် ကြောက်ရွံ့ခဲ့ကြသည့် အကြောင်းအချက်မှာ ITF အဖို့ အကြီးအကျယ် စိုးရိမ်မှု ဖြစ်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့အတွက်လည်း စိုးရိမ်ရသည်မှာ အချို့ကုမ္ပဏီများသည် လက်ရှိ အကျပ်အတည်း၏ သယ်ယူပို့ဆောင်ရေး အခက်အခဲများကို အသုံးချခြင်းဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို မလုပ်ရန် ဆင်ခြေပေးကောင်း ပေးနိုင်သည်။

လေယာဥ်ခရီးစဥ်များမှာ ယခုအခါ စျေးနှုန်းကြီးမြင့်ကြောင်း ကျွန်ုပ်တို့ နားလည်ပါသည်၊ ဤအတွက်ကြောင့် လေယာဥ်ခရီးစဥ် ပိုမို ရရှိနိုင်အောင်လုပ်ပေးစေရန် ကျွန်ုပ်တို့ အစိုးရများ၏ အကူအညီကို တောင်းခံနေရခြင်း ဖြစ်ပါသည်။ သို့သော်လည်း စျေးနှုန်းကြီးမြင့်သော လေယာဥ်ခရီးစဥ်များမှာ ၎င်းတို့ ပိုမို စျေးသက်သာလာမည်ဟု မျှော်လင့်ချက်ဖြင့် အိမ်ပြန်ပို့ရေးကိစ္စကို နှောင့်နှေးကြန့်ကြာစေရန် အကြောင်းရင်း မဟုတ်ပါ။ အလုပ်ရှင်များတွင် ပင်လယ်ရေကြောင်း အလုပ်သမား စာချပ် (Maritime Labour Convention) အရ သင်္ဘောသားများအား သူတို့ အလုပ်ကန်ထရိုက် ပြီးဆုံးပြီးနောက် အိမ်ပြန်ပို့ပေးရန် တာဝန်များ ရှိပါသည် ထို့ပြင် အလုပ်ရှင်များသည် ဤရောဂါကပ်ဘေးကြီးအတွင်း ငွေရှာနေနိုင်သေးသည်။ နှောင့်နှေးကြန့်ကြာနေခြင်းသည် ဤအကျပ်အတည်း တစ်လျှောက်လုံး သစ္စာစောင့်သိခြင်းနှင့် သည်းခံခြင်းကို သူတို့ ပြသခဲ့ပြီးနောက် သင်္ဘောသားများ၏ မျက်နှာပေါ် ပါးရိုက်သလို ဖြစ်ပါမည်။

ဤသင်္ဘောများပေါ် အလုပ်လုပ်ကိုင်ရင်း ချောင်ပိတ်မိခံနေရခြင်း၏ သက်ရောက်မှုမှာ သင်္ဘောသားများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနေကြောင်းကို ကျွန်ုပ်တို့ သိပါသည်။ သူတို့အား သူတို့၏ မိသားစုများထံမှ ခွဲခွာပေးနေရသည်ကို လက်မခံနိုင်ပါ၊ တည်တံ့မြဲနေမည် မဟုတ်ပါ - များသောအားဖြင့် ဆက်သွယ်မှု ပံ့ပိုးရေးများ မရှိဘဲ - သူတို့ မူလ သဘောတူထားခဲ့သည်ထက် ပိုမို လွန်စွာ ကြာညောင်းသည့် ကာလအတွက် ဖြစ်သည်။ မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းမှာ ယခုအခါ သင်္ဘောသား သေဆုံးမှု၏ အဓိက အကြောင်းရင်း ဖြစ်ပါသည်။ အလုပ်ရှင်များသည် အိမ်ပြန်ပို့ရေးကိစ္စနှင့် ၎င်းတို့၏ သင်္ဘောဝန်ထမ်း အလုပ်အလွဲအပြောင်းလုပ်ရေးကိစ္စအတွက် သူတို့ ရရှိသည့် အခွင့်အလမ်းတိုင်းကို ယူရန်လိုအပ်ပါသည်၊ ဟု Molloy က ပြောကြားခဲ့သည်။
 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.