Skip to main content

ပနားမားနိုင်ငံ၌ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး မတင်မကျဖြစ်မှုတွင် Contamines သင်္ဘောဝန်ထမ်းများ အလုပ်လုပ်ရန် ငြင်းဆို

21 Aug 2020

သင်္ဘောနောက်ထပ် တစ်စင်းမှ သင်္ဘောဝန်ထမ်းများသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကို ဖြေရှင်းရာ၌ နေရာသစ်တစ်ခုတွင် ၎င်းတို့ကိုယ်တိုင် အဆိုပါကိစ္စကို ရင်ဆိုင်ခဲ့ကြသည်။

တောင်ကိုးရီးယား-ပိုင်ဆိုင်သည့် ထုထည်ကြီးတင် သင်္ဘော ‘Contamines’ ပေါ်ရှိ သင်္ဘောသားများသည် ၎င်းတို့၏ သင်္ဘောမှာ မကြာသေးမီ ရက်များအတွင်း ပနားမားနိုင်ငံ၌ ဆိိုက်ကပ်ထားစဥ် နောက်ထပ် အလုပ်ကို ရပ်ဆိုင်းလိုက်ပြီး အလုပ်လုပ်ရန် ငြင်းဆိုခဲ့ကြသည်။ သင်္ဘောသားများသည် Contamines သင်္ဘောပေါ်၌ ၎င်းတို့၏ မူရင်း အလုပ်ကန်ထရိုက် လပေါင်းများစွာ ကျော်လွန်၍ အလုပ်လုပ်ရင်း ချောင်ပိတ်ခံနေရပြီးနောက် အိမ်ပြန်ပို့ခံရရန် အလို့ငှါ အရေးယူလုပ်ဆောင်ခဲ့သည်၊ အချို့သင်္ဘောသားများမှာမူ ပင်လယ်ပြင်၌ တစ်နှစ် ပြည့်လာနေပြီဖြစ်ပါသည်။

ပြဿနာမှာ ဤအပတ် စောစောပိုင်း၌ ဖြစ်လာခဲ့သော်လည်း မူလအားဖြင့် ၎င်းသည် ဇူလိုင်လ ကတတည်းကစ၍ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) မှ Contamines သင်္ဘောသား အချို့မှာ သက်တမ်းကျော်လွန်နေပြီဖြစ်သည့် အလုပ်ကန်ထရိုက်ဖြင့် အလုပ်လုပ်နေရကြောင်း သတင်းလွှင့်ခဲ့သည့်အခါ ဖြစ်ပွားခဲ့ပါသည်။ ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် (Maritime Labour Convention (MLC)) အရ သင်္ဘောသား တစ်ဦးသည် ၎င်းတို့၏ မူလ အလုပ်ကန်ထရိုက် အဆုံးသတ်သွားသည့်အခါ ၎င်းတို့၏ မိခင်နိုင်ငံသို့ အိမ်ပြန်ပို့ခံရရန် ရထိုက်ခွင့်ရှိသည် သို့မဟုတ် ၎င်းတို့အနေဖြင့် သင်္ဘောပေါ်တွင် ဆက်တိုက်အားဖြင့် အများဆုံး ၁၁ လအထိ ၎င်းတို့၏ အလုပ်ကန်ထရိုက်ကို သက်တမ်းတိုးရန် ရွေးချယ်နိုင်သည်။ သင်္ဘောများကို အလုပ်ကန်ထရိုက် သက်တမ်းကျော်လွန်နေသော သင်္ဘောဝန်ထမ်းများဖြင့် မောင်းနှင်ရန် ခွင့်မပြုပါ။ သက်တမ်းကျော်လွန်နေသော အလုပ်ကန်ထရိုက်များက များသောအားဖြင့် ရည်ညွှန်းသည်မှာ သင်္ဘောသားများသည် သင်္ဘောပေါ် ဆက်လက် မနေလိုတော့သော်လည်း သူတို့သည် သင်္ဘောပေါ်မှ ဆင်း၍ မရနိုင်ပါ။

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကာလအတွင်း ထောင်ပေါင်းများစွာသော သင်္ဘောသားများနှင့် သင်္ဘောမာလိန်မှူးများကပင် သူတို့ သင်္ဘောပေါ်မှ ဆင်းလိုကြကြောင်းပြောကြားရန် ITF စိစစ်ရေးမှူးအဖွဲ့နှင့် အဖွဲ့ချုပ်၏ နိုင်ငံ့ဆိုင်ရာ-အဆင့် အဖွဲ့အသင်းများနှင့် ဆက်သွယ်နေလျက်ရှိကြပါသည်။ ပို၍ ပို၍ များပြားလာသည့် သင်္ဘောဝန်ထမ်းများသည် အလုပ်ကန်ထရိုက်များကို သက်တမ်းတိုးရန် ငြင်းဆိုနေကြသည် – သူတို့သည် အိမ်ကိုသာ ပြန်လိုကြပါသည်။

သို့သော်လည်း ITF ၏အမှာစကားမှာ သင်္ဘောသားများအနေဖြင့် ၎င်းတို့ မည်သူဖြစ်ကြောင်းဖော်ထုတ်ပြီး အိမ်ပြန်ပို့ခံရရေးအတွက် တောင်းဆိုသည့်အခါမှသာ စိစစ်ရေးမှူးများက ကူညီနိုင်မည်ဖြစ်သည်။ သင်္ဘောများပေါ်၌ ရှိနေသေးသည့် သင်္ဘောဝန်ထမ်းများအပေါ် အာဏာများများသုံးပြီး ခြိမ်းခြောက်နိုင်သည့် ၎င်းတို့၏ အလုပ်ရှင် တန်ပြန်မည့်ကိစ္စကို အများအပြားသော သင်္ဘောဝန်ထမ်းများသည် ကြောက်လှန့်နေကြဆဲဖြစ်သည်။ သင်္ဘောသားများသည် ဖွင့်ဟပြောဆိုလိုက်ခြင်းကြောင့် ၎င်းတို့၏ အနာဂတ် အလုပ်အကိုင် အလားအလာများကို ထိခိုက်ကောင်း ထိခိုက်နိုင်သည်ကိုလည်း စိုးရိမ်ကြပါသည်။

သင်္ဘော Contamines ကိစ္စ၌  ITF သည် သင်္ဘောမှာ Tianjing, China တွင်ဆိုက်ကပ်ခဲ့စဥ် ဇူလိုင်လ စောစောပိုင်းကတည်းက အခွင့်အလမ်းတစ်ရပ်ကို မြင်တွေ့ခဲ့ပါသည်။ ITF က သတိပြုခဲ့သည်မှာ အပတ်အနည်းငယ်အတွင်း သြဂုတ်လ စောစောပိုင်းတွင် သင်္ဘောမှာ ပနားမား တူးမြောင်းကို ဖြတ်သန်းသွားရန် အချိန်ကျရောက်ရလိမ့်မည်ဖြစ်သည်။ အခြား သင်္ဘောသားများသည် ပနားမားမှတစ်ဆင့် အိမ်ပြန်ပို့ခံခဲ့ရသောကြောင့် ITF က မျှော်လင့်ခဲ့သည်မှာ Contamines’ ၏ မောပန်းပြီး ပင်ပန်းနွှမ်းနယ်နေသော သင်္ဘောသားများသည်လည်း အဆိုပါ နေရာ၌ သင်္ဘောပေါ်မှဆင်းရန်ဖြစ်ပြီး ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံများရှိ အိမ်နှင့်မိသားစုထံ ပြန်မည်ဖြစ်သည်။

ITF ၏ လက်တင် အမေရိက/ကရီးဘီးယန်း အဆက်အသွယ်ကွန်ခြာ ညှိနှိုင်းရေး အရာရှိဖြစ်သူ Juan Villalón သည် သင်္ဘော၏ သင်္ဘောဝန်ထမ်းများအား လှမ်း၍ဆက်သွယ်ခဲ့ပါသည်။ သူနှင့် သင်္ဘောသားများ ဆွေးနွေးစဥ်အတွင်း Villalón က မှတ်သားခဲ့ရသည်မှာ သင်္ဘောဝန်ထမ်းများ၏ အလုပ်ကန်ထရိုက် သက်တမ်းမှာ သူတို့ ပထမအကြိမ် ရေးထိုးခဲ့စဥ်ကတည်းကစ၍ သက်တမ်း နှစ်ဆဖြစ်နေလျက်ရှိပြီး အများအပြားမှာ တစ်နှစ် မြန်ဆန်စွာ ပြည့်လုနီးပါးဖြစ်နေကြသည် – ၎င်းမှာ ဥပဒေအရ အများဆုံး သတ်မှတ်ချက်ထက် ကျော်လွန်နေသည်။

တောင်ကိုးရီးယား သင်္ဘောပိုင်ရှင်သည် သူတို့အား အိမ်ပြန်ပို့ပေးရန် ကတိကဝတ် အကြိမ်ကြိမ် ပေးခဲ့သည်ဟုလည်း သင်္ဘောသားများက ပြောကြားခဲ့သည်။ ကတိကဝတ် အချိန်ကျရောက်တိုင်း သင်္ဘောမှာ ဆက်လက် သွားနေလျက်ရှိနေပါသည်။ သင်္ဘောဝန်ထမ်းများမှာ ပိုမို စိတ်အသည်းအသန် ဖြစ်နေမှု ပိုတိုးနေလျက်ရှိပြီး ယခုသော် သူတို့၏ လစာငွေများမှာလည်း ပေးနေရာမှ ရပ်ဆိုင်းခံခဲ့ရသည်။

ချီလီနိုင်ငံ၌ အခြေချသည့် Juan Villalón သည် သင်္ဘော ကုမ္ပဏီကို ဆက်သွယ်ခဲ့သည် - ကုမ္ပဏီမှာ စင်ကာပူနိုင်ငံရှိ ADK Maritime ဖြစ်ပါသည်။ Villalón သည် သူတို့ဖက်မှ အကြောင်းအရာများကို တင်ပြတောင်းခံခဲ့သည်။ သို့သော်လည်း တစ်ပတ်ကျော်လွန်လာသည့်တိုင် ကုမ္ပဏီထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိသေးပါ။ သူသည် ဒုတိယအကြိမ် သတိပေးခဲ့ပါသည်။ ဤအကြိမ်၌ သူသည် မိတ္တူတစ်စောင်ကို ပနားမားနိုင်ငံ၌ အခြေချသည့် ITF စိစစ်ရေးမှူးဖြစ်သူ Luis Fruto သို့ ပေးပို့ခဲ့သည်။ Villalón သည် သူ၏ ယောင်းရင်းအား ပနားမား ဆိပ်ကမ်းနိုင်ငံ ထိန်းချုပ်ရေးဌာန (Panamanian Port State Control (PSC)) အား အသိပေးတိုင်တန်းခိုင်းလိုက်ပြီး အကယ်၍ လိုအပ်လျှင် သင်္ဘောပေါ်တက်၍ စိစစ်ရန် အဆင်သင့်ပြင်ခိုင်းလိုက်ပါသည်။ အများအပြားသော ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် ဖောက်ဖျက်မှုများမှာ သင်္ဘောအား ဖမ်းဆီးရန်နှင့် ထိန်းသိမ်းထားရန် လုံလောက်သော အကြောင်းရင်းများ ရှိခဲ့ပါသည် – သင်္ဘောဝန်ထမ်းများအား လွတ်လပ်ရေး ပေးလိုက်ခြင်းဖြစ်သည်။

Villalón သည် သင်္ဘောဝန်ထမ်းများအား အကယ်၍ ကုမ္ပဏီနှင့် ညှိနှိုင်း၍ မရသည့်ကိစ္စ၌ သူတို့အနေဖြင့် အလုပ်လုပ်ကိုင်ခြင်းမှ ရပ်ဆိုင်းလိုကြသည် ဟုတ်မဟုတ် သီးခြားအားဖြင့် မေးမြန်းခဲ့သည်။ ADK Maritime နှင့် ဆက်သွယ်မှု အားနည်းချက်သည် စိတ်ပျက်စရာ ကောင်းခဲ့ပါသည်။ သူ့အနေဖြင့် သင်္ဘောဝန်ထမ်းများမှာ - ပနားမားသို့ ရောက်ချိန်၌ အလုပ်လုပ်ခြင်းကို ရပ်ဆိုင်းပြီး သင်္ဘောပေါ်မှ ဆင်းသွားရန်ကို ဘေးကင်းလျှင် လုပ်ရန်နှင့် သူတို့ တောင်းဆိုရန်တို့ကို အရေးယူလုပ်ဆောင်ရန်အတွက် အဆင်သင့်ဖြစ်နေကြောင်း သေချာစေလိုသည်။

တစ်နည်းနည်းအားဖြင့် ကုမ္ပဏီသည် MLC ဖောက်ဖျက်မှုများအတွက် သင်္ဘောအား ပနားမား ပင်လယ်ရေကြောင်း အာဏာပိုင်မှ ဖမ်းဆီးမည့် အစီအစဥ်အကြောင်း သိရှိခဲ့သည်။ သူတို့၏ နည်းလမ်းများကို ချိန်ဆခြင်းအားဖြင့် ကုမ္ပဏီသည် PSC ၏ - သင်္ဘောအား ကြာရှည်စွာ ရပ်တံ့ထားနိုင်ပြီး ဖြစ်နိုင်သည့် ဒဏ်ငွေများကျခံနိုင်သည့် ‘ပြစ်ဒဏ်’ ရမည့်လုပ်ရပ်ကို ခံရမည့်အစား သင်္ဘောဝန်ထမ်းများအား အိမ်ပြန်ပို့ပေးရန်အတွက် ITF ၏ အကူအညီကို ထိရောက်စွာ ရရှိရန် Villalón အား မေးမြန်းခဲ့သည်။

စင်ကာပူကုမ္ပဏီ၏ ပြောစကားများကို လက်ခံရင်း စိစစ်ရေးမှူးဖြစ်သူ Fruto သည် ပနားမားမှတစ်ဆင့် သင်္ဘောဝန်ထမ်းများအား အိမ်ပြန်ပို့ရေးအတွက် ညွှန်ကြားချက်များကို လိုလိုလားလား ညွှန်ကြားပေးခဲ့ပြီး နိုင်ငံ၏ လုပ်ထုံးလုပ်နည်းများကို တိတိကျကျ မလိုက်နာသည့်ကိစ္စ၌ ကုမ္ပဏီအပေါ် နောက်ဆက်တွဲ အရေးယူမှုများကို သတ်မှတ်ပေးခဲ့သည်။

ယင်းနောက် အရာများမှာ မှားယွင်းခဲ့သည်။

ADK Maritime သည် သူတို့၏ ကတိကဝတ်တာဝန်များနှင့် ပတ်သက်၍ နောက်ပြန်ခြေလှမ်းဆုတ်ရန် စတင်ခဲ့သည်။ ပထမဦးစွာ သူတိို့သည် ITF ကို အပြစ်တင်ခဲ့သည်။ ယင်းနောက် သူတို့သည် သင်္ဘောမှာ ပနားမားတူးမြောင်းနှင့် လေယာဥ်ကွင်းအနီးအနား ဖြတ်သန်းသွားစဥ် အချိန်အခါ၌ မည်သည့် လေယာဥ်ခရီးစဥ်မျှ ရရှိနိုင်မည် မဟုတ်ကြောင်း ပြောခဲ့သည်။ ယခုသော် ကုမ္ပဏီက ပြောနေသည်မှာ ITF နှင့်တကွ သင်္ဘောသားများနှင့် သဘောတူခဲ့သည့်အတိုင်း ပနားမားတွင် မဟုတ်ဘဲ ၎င်းသည် ၎င်း၏ ကိုယ်ပိုင် အစီအစဥ်ဖြင့် Bermuda ၌ သင်္ဘောသားများအား သင်္ဘောပေါ်မှ ဆင်းပေးရန် လုပ်ပေးမည်ဖြစ်ကြောင်း ဖြစ်ပါသည်။ ကုမ္ပဏီ၏ ‘အစီအစဥ်’ မှာ အိမ်ပြန်ပို့ရေးကိစ္စကို တစ်ပတ်ထက် ပိုမိုကျော်လွန်၍ နောက်ကျပါမည်။

Villalón နှင့် Fruto တို့သည် ကုမ္ပဏီ၏ အပြုအမူကြောင့် ထိပ်လှန့်ခဲ့ပါသည်။

 “ADK Maritime သည် ဖြစ်နိုင်သမျှ အဆိုးရွားဆုံး အနေအထားဖြင့် ပြုမူရန် ဆုံးဖြတ်ခဲ့သည်။ သူတို့သည် အပြစ်တင်ခဲ့သည်၊ သူတို့သည် ကြွားလုံးထုတ်ခဲ့သည်။ သို့သော်လည်း အဆိုးရွားဆုံးမှာ- သူတို့သည် ဤလူသားများကို သူတို့၏ ပိုင်ဆိုင်သည့်အရာပေါ်၌ ကျွန်များသဖွယ် ထားရှိရန် ကြိုးစားနေခဲ့ကြသည်။ ကျွန်ုပ်သည် စက်ဆုပ်ရွံရှာခဲ့ပါသည်၊” Villalón က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အခြား သင်္ဘောတစ်စင်းမှ မာလိန်မှူးသည် ကုမ္ပဏီက တင်ပြခဲ့သော လေယာဥ်ခရီးစဥ် အခြေအနေမှာ အခြားနိုင်ငံများမှဖြစ်ပြီး မှားယွင်းသော သတင်းအချက်အလက်များဖြစ်ကြောင်း ITF ထံ အကြောင်းကြားခဲ့သည် ဟု Villalón က ပြောသည်။ ကုမ္ပဏီ၏ လိမ်လည်လှည့်ဖြားမှုမှာ လုပ်ကြံထားသည့် လေယာဥ်ခရီးစဥ်ကို Fruto ၏ စိစစ်မှုကြောင့် အလိမ်ပေါ်ခဲ့ပါသည်။

 “သူတို့သည် ကျွန်ုပ်တို့အား လှည့်စားနေခြင်းသာဖြစ်သည်။ အကျပ်အတည်း ဖြစ်နေဆဲအချိန်တွင် ကျွန်ုပ်တို့ အားလုံးသည် ဤလူများနှင့် အမျိုးသမီးများအား အိမ်သို့ပို့ဆောင်ပေးရန် ကြိုးစားနေပါသည် – ဤကုမ္ပဏီမှာ သူတိို့၏ အသက်များကို အလေးမထားဘဲ လှည့်စားနေခဲ့ကြသည်၊” ဟု Fruto က ပြောကြားသည်။

အဆိုပါအချိန်၌ Villalón နှင့် Fruto တို့က သိရှိလိုက်သည်မှာ သင်္ဘောဝန်ထမ်းများအနေဖြင့် ရပ်တည်ပြီး သူတို့ကိုယ်တိုင် အရေးယူလုပ်ဆောင်ရန် လိုအပ်ခဲ့သည်ဖြစ်သည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် သင်္ဘောဝန်ထမ်းများသည် ကုမ္ပဏီမန်နေဂျာထံ အကြောင်းကြားခဲ့သည်မှာ သူတို့သည် ပနားမားသို့ ရောက်ရှိချိန်တွင် အလုပ်လုပ်ကိုင်ခြင်းမှ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ၎င်းမှာ သူတို့၏ MLC အရ အခွင့်အရေးဖြစ်ကြောင်းဖြစ်ပါသည်။ ရက်အနည်းငယ်အတွင်း ကုမ္ပဏီသည် သူတို့အနေဖြင့် လေယာဥ်ခရီးစဥ်များကို စီစဥ်နေလျက်ရှိကြောင်း တုံ့ပြန်၍ ပြောကြားခဲ့ပါသည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင် သင်္ဘောသည် နောက်ဆုံး၌ ရောက်ရှိလာခဲ့သည်၊ Panamanian PSC အာဏာပိုင်နှင့် စိစစ်ရေးမှူး Fruto တို့သည်လည်း သင်္ဘောအား စောင့်ဆိုင်းနေလျက်ရှိပါသည်။

Contamines တောင်ကိုးရီးယား-ပိုင်ဆိုင်သည်ဖြစ်သော်လည်း သင်္ဘောမှာ အမှန်စင်စစ် Marshall Islands အလံ လွှင့်ထူထားသည်။ သင်္ဘောဆိုက်ကပ်ပြီး အတော်လေးကြာကြာတွင် Marshall Islands မှတ်ပုံတင်ဌာနမှ စိစစ်ရေးမှုး သင်္ဘောပေါ်သို့ ဦးစွာရောက်ရှိလာခဲ့ပြီး သင်္ဘောဝန်ထမ်းများနှင့် စကားပြောခဲ့ပါသည်။ သူသည် သင်္ဘောသားများ၏ စိတ်ကိုပြောင်းလဲရန် ကြိုးစားခဲ့သည်။ အလုပ်ကန်ထရိုက် သက်တမ်းတိုးမြင့်ခြင်းများကို အန္တရာယ်ကြီးမားစွာဖြင့် အပြည်ပြည်ဆိုင်ရာအရ အများဆုံး ၁၁-လ နီးပါး သက်တမ်းတိုးခြင်းအတွက် ကုမ္ပဏီအပေါ် တာဝန်ရှိကြောင်း သဘောထားရမည့်အစား သို့မဟုတ် မပေးချေရသေးသည့် လုပ်ခလစာများကို စုံစမ်းစစ်ဆေးရမည့်အစား - သူသည် သင်္ဘောသားများအား သင်္ဘောပေါ်၌ ဆက်နေရန် ဖိအားပေးခဲ့သည်။ ကိုယ်စားလှယ်သည် သင်္ဘောသားများအား ပြောကြားခဲ့သည်မှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲ အသစ်နှင့် အိမ်ပြန်ပို့ရေးကို သင်္ဘော၏ နောက်ထပ် ဆိပ်ကမ်းဖြစ်သည့် Bermuda တွင် လုပ်မည်ဖြစ်ကြောင်း ဖြစ်ပါသည်။  အပတ်ပေါင်းများစွာ လှည်းစားမှုနှင့် မှားယွင်းသော ကတိကဝတ်များ ခံရပြီးနောက် သင်္ဘောဝန်ထမ်းများသည် Marshall Islands လူကို မယုံကြည်ခဲ့ပါ။

“သူတို့ ဤကိစ္စကို လက်ခံမည် မဟုတ်ကြောင်း ပွင့်လင်းသော သင်္ဘောဝန်ထမ်းများက ပြောကြားခဲ့သည်။ သူတို့သည် ကုမ္ပဏီနှင့် ၎င်းတို့၏ မိတ်တွေများထံမှ ပိုမိုများပြားသော မည်သည့်လိမ်လည်မှုများကိုမျှ လက်ခံမည် မဟုတ်ပါ။ လိမ်လည်မှုများမှာ ယခု အလွန်များနေပြီဖြစ်သည်၊” ဟု သင်္ဘောသားများ၏ ဖြေရှင်းချက်လုပ်ပေးနေသည့် Fruto က ပြောကြားသည်။

“ယခုကိစ္စသည် အခြား သင်္ဘောသားများအတွက် အရေးကြီးသည့် သာသက တစ်ခုဖြစ်သည် – အကယ်၍ သင် သင်တို့ကိုယ်တိုင် ရပ်တည်လျှင် ကျွန်ုပ်တို့ သင်တို့နှင့်အတူ ရပ်တည်ပါမည်။”

နောက်တစ်ရက်၌ Fruto ၏ ရှေ့မှောက်တွင် PSC ပနားမား ပင်လယ်ရေကြောင်း အာဏာပိုင် (Panamanian Maritime Authority) သည် သင်္ဘောအား ၎င်း၏ စီစဥ်ထားသည့် ပနားမား တူးမြောင်းမှ ဖြတ်သန်းရေးကို တားဆီးရန် ဖမ်းဆီးခဲ့ပါသည်။ သင်္ဘောသားများမှာ သင်္ဘောပေါ် ဆက်လက်ရှိနေဆဲဖြစ်ပြီး သူတိို့အား အိမ်ပြန်ပို့ရန် ကုမ္ပဏီထံမှ မည်သည့်အစီအစဥ်မျှ မရရှိသေးပါ။

အခြား လှည့်ဖြားမှုတစ်ခုတွင် ADK Maritime က လုပ်ကြံခဲ့သည့် စာရွက်စာတမ်းများတွင် သူတို့သည် လာမည့်ရှေ့အပတ်၌ သင်္ဘောသားများအတွက် Jamaica မှ လေယာဥ်ခရီးစဥ်များ ဝယ်ယူခဲ့ပြီး အဆိုပါ နေရာမှ သင်္ဘောဝန်ထမ်းများ ထွက်ခွာမည်ဖြစ်ကြောင်း ရေးသားထားပါသည်။ ရိုးရိုးစင်းစင်း စုံစမ်းမှု အချို့လုပ်ပြီးနောက် ပနားမား ပင်လယ်ရေကြောင်း အာဏာပိုင် (Panamanian Maritime Authority) သည် ကုမ္ပဏီ၏ နောက်ဆုံးပေါ် လိမ်လည်လှည့်ဖြားမှုကို ဖော်ထုတ်ခဲ့သည်၊ ယင်းနောက် Contamines ကို သင်္ဘောဝန်ထမ်းများအား အိမ်ပြန်ပို့ခဲ့သည့်အချိန်တိုင်အောင် ဖမ်းဆီးခဲ့သည်။

လုပ်ကြံထားသည့် Jamaica လေယာဥ်ခရီးစဥ် ရက်စွဲ ကျော်လွန်သည့် သြဂုတ်လ ၆ ရက်နေ့မတိုင်မီ PSC က အထောက်အထား ရရှိခဲ့သည်မှာ ပျက်ကွက်နေသည့် လုပ်ခလစာများကို ပေးခဲ့ကြောင်း သို့သော်လည်း အိမ်ပြန်ပို့ခံရမည့်ကိစ္စမှာ မဖြစ်ပွားသေးကြောင်း ဖြစ်ပါသည်။

နောက်တစ်နေ့၌ သင်္ဘောဝန်ထမ်း လေးဦးသည် Contamines ဆိပ်ကမ်း၌ ဆိုက်ကပ်ထားစဥ် သင်္ဘောပေါ်မှ ဆင်းခဲ့သည်၊ အင်ဂျင်နီယာချုပ် (ပနားမားနိုင်ငံသား) နှင့် ကုန်းပတ်အရာရှိချုပ် အပါအဝင်ဖြစ်သည်။ အဆိုပါ လေးဦးမှာ ဟိုတယ်သို့ ပို့ခံခဲ့ရသည်၊ နောက်ဆုံး၌ သူတို့၏ အိမ်သို့ခရီးစဥ်ပေါ် တက်သွားကြပါသည်။ သူတို့ ထွက်ခွာစဥ် သူတို့အား နောက်ထပ် စော်ကားခြင်းမှာ ကုမ္ပဏီသည် သူတို့အား နံနက်စာသာ ကျွေးခဲ့သည်- သူတို့၏ လုပ်ခများကို မပေးခဲ့ပါ။ ကုမ္ပဏီ၏ လုံးလုံးလျားလျား အပြစ်ကြောင့် အိမ်ပြန်ပို့ခြင်း နှောင့်နှေးမှု ဖြစ်သော်ငြားလည်း ADK Maritime သည် သင်္ဘောဝန်ထမ်းများ အလုပ်လုပ်ခြင်းကို ရပ်ဆိုင်းလိုက်သည့်နေ့မှစ၍ အားလုံးသော လုပ်ခလစာများကို ဖြတ်တောက်ခဲ့သည်။

နောက်နေ့များ၌ ကုမ္ပဏီ၏ အလုပ်လွဲပြောင်းယူမည့် သင်္ဘောဝန်ထမ်းများ ရောက်ရှိလာခဲ့သည်။ ယင်းနောက် နောက်ဆုံးအားဖြင့် သြဂုတ်လ ၁၁ ရက်နေ့တွင် သင်္ဘောပေါ်၌ တစ်နှစ်နီးပါး ကြာမြင့်ခဲ့သည့် ကျန်ရှိနေသေးသော သင်္ဘောဝန်ထမ်းများသည် သင်္ဘောပေါ်မှ ဆင်းခဲ့ပြီး သူတို့၏ အိမ်အပြန် လေယာဥ် အသီးသီးပေါ် တက်ရောက်ခဲ့ကြသည်။

Contamines သင်္ဘောဝန်ထမ်းအချို့ သူတို့ နောက်ဆုံး၌ အိမ်ပြန်စဥ် သူတို့၏ ဒုက္ခတစ်လျှောက်လုံး ပံ့ပိုးပေးမှုအတွက် ITF အား ကျေးဇူးတင်ပုံ

ADK Maritime သည် ၎င်းတို့၏ သင်္ဘောဝန်ထမ်းများ ဤကဲ့သို့သော အသည်းအသန် အခြေအနေ၌ မည်ကဲ့သို့ အဆုံးသတ်ခဲ့ကြောင်း အပြစ်ပုံရန် ဆက်လက်လုပ်ပြီး စောဒက တက်ပါသည်။

Villalón နှင့် Fruto တို့သည် သူတို့၏ ဦးခေါင်းကို ခါယမ်းသည်။

 “ကျွန်ုပ်တို့သည် ဤသင်္ဘောသားများ အသက်ရှင်နေရန် တိုက်ပွဲဝင်နေပါသည်။ သူတို့၏ ဇနီးမယားများ၊ လင်ယောက်ျားများနှင့် ကလေးများတို့နှင့် သူတို့ ပြန်လည်ဆုံစည်းရန် ဖြစ်သည်။ ၎င်းတို့၏ လိမ်လည်မှုများ၊ ၎င်းတို့၏ လှည့်ဖြားမှုများ၊ နှင့် ယခုသော် ၎င်းတို့၏ ရိုင်းစိုင်းမှုများဖြင့် အလွန် အရှက်မရှိ မျက်နှာပြောင်တိုက်သော ကုမ္ပဏီ ရှိနေရသည်မှာ အလွန့်အလွန် ထူးခြားပါသည်။ သူတို့တွင် အရှက် မရှိပါသလား။ Fruto က ပြောကြားခဲ့သည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.