Skip to main content

Guinea ပင်လယ်ကွေ့ ဓါးပြတိုက်မှုနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ရန်အတွက် IBF တောင်းဆို

21 Aug 2020

Guinea ပင်လယ်ကွေ့၌ ဓါးပြတိုက်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းရေး ဟစ်တိုင် စစ်မက်ကဲ့သို့ စစ်ဆင်ရေး နယ်မြေ ကော်မတီ (International Bargaining Forum (IBF) Warlike Operations Area Committee) ထုတ်ပြန်ချက်

Guinea ပင်လယ်ကွေ့၌ ဓါးပြတိုက်မှု သမိုင်းကြောင်းမှာ လွန်ခဲ့သည့် ဆယ်စုနှစ်အထိ ရှိခဲ့သော်လည်း ၎င်းသည် လွန်ခဲ့သည့် နှစ်အနည်းငယ်မှသာလျှင် ပြစ်မှုဆိုင်ရာ ပုံစံဖြင့် ပိုမိုရှုပ်ထွေးလာခဲ့ပြီး အကြမ်းဖက်မှုဘက်သို့ လှည့်လာခဲ့ပါသည်။ အဆိုပါ နယ်မြေ၌ ပိုမိုများပြားလာသည့် တိုက်ခိုက်မှုများနှင့် အောင်မြင်သော ပြန်ပေးဆွဲမှုများသည် အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသိုင်းအဝိုင်းအတွက် ပိုမိုစိုးရိမ်ရသည့် စိုးရိမ်မှုဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း ဗျူရို (ICC International Maritime Bureau (IMB)) သည် မကြာသေးမီက သတင်းပို့ခဲ့သည်မှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ကတည်းကစ၍ သင်္ဘောသား 77 ဦးမှာ ဆပ်ကြေးပေးရန်အတွက် ပြန်ပေးဆွဲခံရသည် သို့မဟုတ် ဓါးစာခံလုပ်ခံခဲ့ရသည်။ IMB က နောက်ထပ် သတင်းပို့ခဲ့သည်မှာ အနောက် အာဖရိက ကမ်းလွန် Guinea ပင်လယ်ကွေ့သည် ကုန်သွယ် သင်္ဘောလုပ်ငန်းအတွက် ပိုမို အန္တရာယ်ရှိပြီး ကမ္ဘာတစ်ဝန်း ပင်လယ်ရေကြောင်း ပြန်ပေးဆွဲမှု၏ 90% ရှိပါသည်။

၂၀၂၀ ခုနှစ် သြဂုတ် ၁၁ ရက််နေ့တွင် ပင်လယ်ရေကြောင်း အလုပ်ရှင်များကို ကိုယ်စားပြုထားသည့် ပူးတွဲ ညှိနှိုင်းရေး အုပ်စု (Joint Negotiating Group (JNG)) နှင့် သင်္ဘောသားများ၏ သမဂ္ဂများကို ကိုယ်စားပြုထားသည့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) တို့သည် အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းရေး ဟစ်တိုင် စစ်မက်ကဲ့သို့ စီမံချက်များ နယ်မြေ ကော်မတီ (International Bargaining Forum (IBF) Warlike Operations Area Committee (WOAC)) နှင့် စင်စစ်နီးပါး ညီလာခံကို သင်္ဘောများနှင့် ၎င်း၏ သင်္ဘောသားများအပေါ် ၂၀၂၀ ခုနှစ်၌ အကြမ်းဖက် တိုက်ခိုက်မှုများ တိုးပွားလာမှုကို ဆွေးနွေးရန် ကျင်းပပေးခဲ့ပါသည်။ အမြောက်အမြားသော အများဆုံး တိုက်ခိုက်မှုများ သို့မဟုတ် တိိုက်ခိုက်ရန် အားထုတ်မှုများမှာ Nigeria ကမ်းလွန် အရှေ့နှင့် အနောက် နှစ်ဖက်လုံး ရေမိုင် ၁၂ ကျော်လွန်သော ဝေးဝေးနေရာဖြစ်သည့် ရေမိုင် ၂၀ မှ ၂၀၀ အကြားတွင် ဖြစ်ပွားခဲ့သည်။

သင်္ဘောသားများ၏ ဘေးကင်းရေးနှင့် လုံခြုံရေးမှာ ထိပ်တန်း ဦးစားပေးရမည့်အချက်ဖြစ်ပြီး တာဝန်ရှိသည့် ပင်လယ်ရေကြောင်း လူမှုရေး ဖက်စပ်သူများအဖြစ် JNG နှင့် ITF တို့သည် ပုံမှန် စောင့်ကြပ်ကြည့်ရှု၍ မြင့်မြင့်မားမား အန္တရာယ်ရှိ နယ်မြေများ (High Risk Areas (HRA)) အလားအလာကို ဆွေးနွေးကြပါသည်။ IBF WOAC က သဘောတူခဲ့သည်မှာ Guinea ပင်လယ်ကွေ့ရှိ အခက်အခဲမှာ ပြင်းထန်သည့် စိုးရိမ်မှု လုံလောက်စေပြီး လက်ရှိ IBF သတ်မှတ်ရာနယ်မြေအပေါ် အလားအလာရှိသည့် ပြောင်းလဲချက်များ ဆွေးနွေးရန်အလို့ငှါ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ကတည်းကစ၍ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများ သို့မဟုတ် တိုက်ခိုက်ရန် အားထုတ်မှုများ မည်သည့်နေရာ၌ ဖြစ်ပွားခဲ့ကြောင်း ထပ်ဆင့် စုံးစမ်းရန် လိုအပ်မှုရှိသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ၌ Nigeria တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ ပင်လယ်ရေကြောင်း လုံခြုံရေး ညီလာခံ အတောအတွင်း Nigeria သမ္မတ ကတောင်းဆိုခဲ့သည်မှာ ပင်လယ်ရေကြောင်းဆိုင်ရာ သယ်ယူပို့ဆောင်ရေး၏ လုံခြုံရေးနှင့် ကာကွယ်ရေးမှာ အပြစ်အနာကင်းမဲ့သော ကုန်သွယ်ရေးနှင့် ထိရောက်သော စီးပွားရေး ပူပေါင်းမှုများ၏ ဖွံ့ဖြိုးရေးအတွက် အခြေခံကျပါသည်။ အဆိုပါ ညီလာခံက အဆိုပါ ဒေသရှိနိုင်ငံများအနေဖြင့် ပိုမိုများပြားသည့် ငွေကြေးနှင့် သယ်ယူပို့ဆောင်ရေး အရင်းမြစ်များကို လက်ရှိကာလ၌ ပင်လယ်ပြင်တွင် ရာဇဝတ်မှုများကို နှိမ်နင်းနေသည့် နိုင်ငံ၏ ရေကြောင်းတပ်ဖွဲ့များနှင့် ကင်းလှည့်တပ်ဖွဲ့များကို အားဖြည့်ပေးခြင်းကို တောင်းဆိုထားသည့် ကြေညာချက်ကိုလည်း သဘောတူညီခဲ့ပါသည်။

JNG နှင့် ITF တို့သည် ကြေညာချက်ကို အပြင်းအထန် ထောက်ခံကြပြီး ပင်လယ်ရေကြောင်း လုပ်ငန်း တစ်ခုလုံးနှင့် ကမ်းခြေနိုင်ငံများကိုယ်တိုင်တို့အတွက် ထိခိုက်နစ်နာစေသဖြင့် ဆက်လက် မလုပ်နိုင်စေမည့် ဤ ပြင်းထန်သည့် အခြေအနေကို ဖြေရှင်းရန်အလို့ငှါ ကမ်းခြေရှိနိုင်ငံများအား ၎င်းတို့၏ ပူးပေါင်းနှင့် ပူးပေါင်းလုပ်ဆောင်မှုကို တိုးမြှင်ပေးခြင်းအား တာဝန်ယူရန် တိုက်တွန်းပါသည်။

IBF WOAC အစည်းအဝေးအတောအတွင်း ITF ကလည်း တောင်းဆိုခဲ့သည်မှာ ကော်မတီအနေဖြင့် ကမ္ဘာတစ်ဝန်း သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအတွက် တည်တံ့မည့်စနစ် ပြိုကွဲမှမှ ပေါ်ထွက်နေသည့် တိုးမြှင့်နေသည့် အန္တရာယ်ကို ဖြေရှင်းရန် အဆင့်ဆင့် အချက်များကို စဥ်းစားရန်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် Covid-19 အပေါ် တုံ့ပြန်ချက်အဖြစ် အစိုးရများက ချမှတ်ထားသည့် အလုံးခြုံ ပိတ်ပင်ကန့်သတ်ချက်များကြောင့်ဖြစ်ပါသည်။ အထူးသဖြင့် ITF က အကြံပြုသည်မှာ သင်္ဘောပေါ်မှ ဆင်းရန် သင်္ဘောသားများအား အစိုးရ ငြင်းပယ်သည့် ဆိပ်ကမ်းများသည် သတ်မှတ်ခံရသည့် HRA ဖြစ်သင့်သည်၊ စိတ်ပိုင်းဆိိုင်ရာအရနှင့် ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းနွှမ်းနွှမ်းနယ်နေသည့် သင်္ဘောဝန်ထမ်းများအား ၁၁ လ ကျော် အတင်းအလုပ်ခိုင်းစေခြင်းသည် သင်္ဘောသားများ၏ အသက်များနှင့် ပတ်ဝန်းကျင်အား ကြီးကြီးမားမား အန္တရာယ်ဖြစ်စေသောကြောင့်ဖြစ်ပါသည်။

IBF WOAC က သဘောတူညီခဲ့သည်မှာ ကမ္ဘာတစ်ဝန်း ထိရောက်သော သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အားနည်းချက်သည် အန္တရာယ်တစ်ခုဖြစ်သည့်အပြင် တောင်းဆိုမှုများနှင့် ၎င်း၏ သွယ်ဝိုက်သောသက်ရောက်မှု အလားအလာကို စဥ်းစားရန် သဘောတူညီခဲ့ပါသည်။ IBF WOAC ၏ ITF အဖွဲ့ဝင်များသည် မိမိတို့၏ အခြေအနေကို ထိန်းသိမ်းထားခဲ့ပြီး ITF ၊ ၎င်း၏ အဖွဲ့ဝင် အသင်းအဖွဲ့သမဂ္ဂများနှင့် စိစစ်ရေးမှူးအဖွဲ့ချုပ်တို့သည် အလုပ်ကန်ထရိုက် ပြီးဆုံးခဲ့ပြီး အိမ်ပြန်လိုသည့် သင်္ဘောသားများအား ဆက်လက် ကူညီပေးလိုပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.