Skip to main content

အလုပ်လုပ်ရန် ငြင်းဆိုခြင်းအားဖြင့် အလုပ်ကန်ထရိုက် သက်တမ်း-ကျော်နေသည့် ပိုမိုများပြားသော သင်္ဘောသားများ ပနားမားနိုင်ငံမှတစ်ဆင့် ထွက်ခွာကြ

26 Aug 2020

သင်္ဘောပေါ်မှ ဆင်းပေးရန်နှင့် အိမ်ပြန်ပို့ရန် ကူညီရာ၌ မကြာသေးမီက အောင်မြင်မှု နောက်ပိုင်း ITF သည် ပိုမိုများပြားသော သင်္ဘောသားများအား ၎င်းတို့၏ မိသားစုများထံ အမေရိကတိုက် အလယ်ပိုင်း နိုင်ငံမှ တစ်ဆင့် အိမ်ပို့ပေးရန် ကူညီခဲ့သည်။

ITF ၏ ချီလီနိုင်ငံ အခြေစိုက်- စိစစ်ရေးမှူးနှင့် လက်တင် အမေရန်က/ကရီးဘီးယမ်း အဆက်အသွယ်ကွန်ခြာ ညှိနှိုင်းရေး အရာရှိဖြစ်သူ Juan Villalón-Jones နှင့် ပနားမားနိုင်ငံအတွက် ITF စိစစ်ရေးမှူးဖြစ်သူ Luis Fruto တို့သည် ဤအပတ်၌ ပနားမား အလံတင် သင်္ဘော ‘MV Marvin Confidence’ မှ သင်္ဘောဝန်ထမ်း တစ်ရပ်လုံးအား ၎င်းတို့၏ သင်္ဘောပေါ်မှ ဆင်းရန်နှင့် အိမ်ပြန်ခရီး စတင်ရန် ကူညီပေးရန်အတွက် ပူးပေါင်းလုပ်ကိုင်ခဲ့သည်။

ကဗျည်းစာတမ်း- သင်္ဘောပေါ်မှ ဆင်းသွားရေးကို ကူညီသည့်အတွက် ITF အား ကျေးဇူးတင်လျက်ရှိသော ပနားမားရှိ Marvin Confidence သင်္ဘောပေါ်မှ သင်္ဘောဝန်ထမ်းများ (ရရာဇာစ်မြစ်- ITF)

Russian, Ukrainian နှင့် Georgian နိုင်ငံတို့မှ အချို့ သင်္ဘောဝန်ထမ်းများသည် သင်္ဘောပေါ်၌ ၁၀ လ ကျော် ကြာနေခဲ့ပြီးဖြစ်ပါသည်။ သူတိို့၏ အလုပ်ကန်ထရိုက်များကို နောက်ထပ် သက်တမ်းတိုးမှု တစ်ခုခုလုပ်ခြင်းအားဖြင့် ၎င်းတို့နှင့် အဆိုပါ သင်္ဘောအား ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် Maritime Labour Convention’s (MLC) ၏ ၁၁ လ ကန့်သတ်ချက်ကို ဖောက်ဖျက်ရာရောက်ပါမည်။ အဆိုပါ MLC အရ သင်္ဘောသားများတွင် ၎င်းတို့၏ အလုပ်ကန်ထရိုက်များ ပြီးဆုံးပြီးနောက် အိမ်ပြန်ပို့ခံရရန် အခွင့်အရေးရှိသည် သို့မဟုတ် ခရီးသည်များ ဖြစ်လာရန် အခွင့်အရေးရှိသည်။ အများစုသော အခြေအနေများ၌ အလုပ်ရှင်များသည် သက်တမ်းတိုးရန် သင်္ဘောဝန်ထမ်းများအား အတင်းအကျပ် မလုပ်နိုင်ပါ။

Marvin Confidence သင်္ဘောဝန်ထမ်းများအတွက် အိမ်ပြန်ခရီးမှာ မူလအစ၌ ဇွန်လကုန်ပိုင်းတွင် Villalón-Jones အား ဂိုဏ်းထောက်ဘုန်းတော်ကြီး Paul Rosenblum က ချဥ်းကပ်ခဲ့သည့်အခါ စတင်ခဲ့ပါသည်။ Rosenblum ဆိုသူမှာ Sea Port Minister ၏ ဂိုဏ်းထောက် ဘုန်းတော်ကြီးနှင့် မြောက်အမေရိကနှင့် ကရီးဘီးယန်းအတွက် ဒေသ ညှိနှိုင်းရေးအရာရှိ တစ်ဦးဖြစ်ပါသည်။ ဂိုဏ်းထောက် ဘုန်းတော်ကြီးသည် Villalón-Jones ထံသို့ Marvin Confidence သင်္ဘော ဝန်ထမ်းများ ကိုယ်စား သင်္ဘောမှာ Villalón-Jones ၏ မိခင်နိုင်ငံ ချီလီ အနီးရောက်ရှိစဥ် အကူအညီတောင်းခံရင်း စာရေးခဲ့သည်။

ဂိုဏ်းထောက် ဘုန်းတော်ကြီးက ရှင်းပြခဲ့သည်မှာ Marvin Confidence သင်္ဘောပေါ်၌ အလုပ်ကန်ထရိုက် ကျော်လွန်ပြီး အလုပ်လုပ်နေကြသော သင်္ဘောဝန်ထမ်း အများအပြား ရှိနေသည်သာမကဘဲ (၎င်းမှာ ဥပဒေနှင့်ဆန့်ကျင်သည်) ၎င်းတို့အထဲမှ အနည်းဆုံး တစ်ယောက် ဆေးဘက်ဆိုင်ရာ ပြဿနာများလည်း ရှိနေပုံရ၍ ITF ၏ သတိပြုဖြေရှင်းမှု ရထိုက်ကြောင်း သူ ထင်မြင်ခဲ့သည်။  အဆိုပါ Marvin Confidence တွင် သင်္ဘောဝန်ထမ်းများ လိုအပ်သည့် အရေးပါသည့် ရိက္ခာပစ္စည်းများလည်း နည်းပါးနေပြီး သင်္ဘော၏ ဆက်သွယ်ရေး အင်္ဂါအစိတ်အပိုင်းများမှာ လုပ်ကိုင်၍ မကောင်းတော့ပါ၊ ဟု ဂိုဏ်းထောက် ဘုန်းတော်ကြီးက ပြောကြားခဲ့သည်။ ဤအရာ အားလုံးသည် သင်္ဘောပေါ်ရှိ သင်္ဘောဝန်ထမ်းများအတွက် အလွန် ပြင်းထန်ပြီး အသက်ကို ခြိမ်းခြောက်သည့် အခြေအနေ အလားအလာ မြောက်ခဲ့ပါသည်။

Villalón-Jones က ရှင်းပြသည်မှာ ကျွန်တော် ဆိပ်ကမ်း အစီအစဥ်ဇယားကို စစ်ဆေးခဲ့ပြီးပြီးချင်း သင်္ဘောမှာ ချီလီနိုင်ငံ Valparaiso တွင် ကျောက်ချခဲ့သော်လည်း ဆိုက်ကပ်ရန် တောင်းဆိုမှု မရှိကြောင်း ကျွန်တော် သတိပြုခဲ့သည်။

 “ကျွန်တော်သည် သင်္ဘော၏ ကိုယ်စားလှယ်ကို ဆက်သွယ်ခဲ့သည်၊ သင်္ဘောမှာ ကျောက်ချထားစဥ် ရိက္ခာပစ္စည်းများကို ရပါမည်ဟု သူတို့က ကျွန်တော့်အား အာမခံခဲ့ပါသည်။ သို့သော်လည်း အဆိုပါ အချိန်၌ သင်္ဘောဝန်ထမ်းအတွက် ဆေးဝါးကုသမှုကို မတောင်းဆိုသေးပါ၊ ၎င်းပြင် အများစုသော ဆက်သွယ်ရေးလိုင်းများမှာ ပြတ်တောက်နေလျက် ရှိခဲ့သည်။

Villalón-Jones သည် သတင်းအချက်အလက် ပိုရရန် သင်္ဘောဝန်ထမ်းများအား ၎င်းတို့နှင့် ၎င်းတို့လုပ်လိုသည့် နည်းလမ်းများကို ဆွေးနွေးခြင်း စတင်လုပ်ရန် ဆက်သွယ်ခဲ့သည်။

 “ဆေးဝါးကုသမှု လိုအပ်ခဲ့သည့် သင်္ဘောဝန်ထမ်းသည် ကျွန်တော့်အား အကြောင်းကြားခဲ့သည်မှာ သူ့အနေဖြင့် ဆေးကုသသွားရန် သင်္ဘောမာလိန်မှူးမှတစ်ဆင့် တရားဝင် မတောင်းဆိုခဲ့ကြောင်း၊ ၎င်းမှာ လိုအပ်ခဲ့ကြောင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် မည်သို့ တောင်းဆိုရမည်ဖြစ်ကြောင်း သူ့အား လမ်းညွှန်ခဲ့ပါသည်။ ကျွန်တော်သည် သူ့အား လက်ရှိ အခြေအနေ၌ အိမ်ပြန်ပို့ရေးကိစ္စအတွက် လုပ်ငန်းဖြစ်စဥ်မှာ ရိုးရိုးစင်းစင်းဖြစ်ခဲ့မည် မဟုတ်ကြောင်းကိုလည်း ရှင်းပြခဲ့သည်။

သင်္ဘောသားများ၏ အလုပ်အကိုင်နှင့် အခွင့်အရေးများကို ချုပ်ကိုင်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ စည်းမျဥ်းများ MLC အရ သင်္ဘောသားများသည် ၎င်းတို့၏ သင်္ဘောပေါ်မှ အိမ်ပြန်ပို့ရေးကို အနည်းဆုံး နှစ်ပတ် ကြိုတင်၍ သင်္ဘော မာလိန်းမှူးမှတစ်ဆင့် တရားဝင် တောင်းဆိုရန် လိုအပ်သည်။

 “ကျွန်တော်တို့ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းနှင့် ပတ်သက်၍ ယခု ရင်ဆိုင်နေရသော အခက်အခဲများကို ကျွန်တော် သူ့အား ပြောပြခဲ့ပါသည်။ အကယ်၍ အိမ်ပြန်ပို့ရေး ကိစ္စကို MLC နှင့်အညီ တရားဝင် တောင်းခံလွှာ တင်သွင်းပြီး သင်္ဘော မာလိန်းမှူးကဖြစ်စေ သို့မဟုတ် အုပ်ချုပ်စီမံသော ကုမ္ပဏီကဖြစ်စေ ငြင်းပယ်လျှင် ယင်းနောက် ကျွန်တော်တို့ သို့မဟုတ် ဆိပ်ကမ်း နိုင်ငံ ထိန်းချုပ်ရေးသည် သင်္ဘောပေါ် ဝင်ရောက်နိုင်သည်။ သို့သော်လည်း သင်္ဘောဝန်ထမ်းက သိရှိရန်လိုသည်မှာ ဤကိစ္စများမှာ Covid-19 ပိတ်ပင်ကန့်သတ်ချက်များကြောင့် ပို၍ပင် အချိန်ကြာသည်ဖြစ်ပြီး အိမ်ပြန်ပို့ရေးကိစ္စမှာ ကမ္ဘာတစ်ဝန်း လေယာဥ်ခရီးစဥ်များ ရရှိနိုင်မှုအပေါ် မူတည်ပါမည်၊ဟု Villalón-Jones က ပြောကြားခဲ့သည်။

 “ရောဂါရှိသူ သင်္ဘောသားနှင့် ကျွန်ုပ်တို့ စကားပြောခဲ့စဥ် ကျွန်ုပ်တို့ သူ့အား မေးခဲ့သည်မှာ ဘာဖြစ်နေခဲ့ကြောင်း၊ သူ မည်သို့ ခံစားခဲ့ရကြောင်းနှင့် သူ သင်္ဘောပေါ်၌ မည်မျှကြနေပြီဖြစ်ကြောင်းတို့ကို မေးခဲ့သည်။ သူက ကျွန်ုပ်တို့အား ပြောခဲ့သည်မှာ သူသည် သင်္ဘောပေါ်၌ ၁၀ လ ကျော်နေပြီဖြစ်ကြောင်း၊ အလုပ်ကန်ထရိုက် သက်တမ်းတိုးခြင်းကို နှစ်ကြိမ် လက်မှတ်ထိုးခဲ့ပြီးဖြစ်ကြောင်းနှင့် သူ့အနေဖြင့် အလွန်အမင်း အိမ်ပြန်လိုခဲ့ကြောင်း ပြောခဲ့သည်။

ယင်းနောက် Villalón-Jones သည် သင်္ဘော ကုမ္ပဏီကို ဆက်သွယ်ခဲ့ပြီး အဆိုပါ သင်္ဘောသားအား အိမ်ပြန်ပို့ရန် တောင်းဆိုခဲ့သည်။ သူက ပြောခဲ့သည်မှာ ကုမ္ပဏီသည် တုံ့ပြန်ရာ၌ "အတော် ဖော်ရွေစွာအခြားသော သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းအတွင်း ပိတ်မိနေသည့် ကုမ္ပဏီများကဲ့သို့ တုံ့ပြန်ခဲ့သည့်တိုင်အောင်ပင် သင်္ဘောမှာ ၎င်း၏ မြောက်ဘက်သို့ ဆက်လက်ပြေးဆွဲရေးအတွက် ဆိပ်ကမ်းမှ ထွက်ခွာရန် အချိန်မကျရောက်မီ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအတွက် လိုအပ်သော ချီလီနိုင်ငံ ရှုပ်ထွေးလှသည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် လုံလောက်သော အချိန် သူတို့တွင် မရှိခဲ့ပါဟု သူတို့ တင်ပြခဲ့သည်။

တုံ့ပြန်မှုကို သိရှိပြီး Villalón-Jones က ပြောသည်မှာ၊ အကယ်၍ ကုမ္ပဏီများသည် ဤကိစ္စကဲ့သို့ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို လေးလေးနက်နက် တာဝန်ယူခဲ့လျှင် သူတို့အနေဖြင့် ချီလီနိုင်ငံ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်ပြီး အစောကြီးကတည်းက ကြိုတင်၍ လိုအပ်သည့်သတင်းအချက်အလက်များကို မေးမြန်း၍ရနိုင်ခဲ့မည်ဖြစ်ပြီး သူတို့၏ သင်္ဘောဝန်ထမ်းများကို အချိန်မှီ အသစ်လဲလှယ်ပေးရန် ပြင်ဆင်ခဲ့ပြီး ဖြစ်ပါမည်။

 “အဖြစ်မှန်မှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ချီလီနိုင်ငံ၌ သန့်ရှင်းရေး လုပ်ထုံးလုပ်နည်းကို လိုက်နာခြင်းအားဖြင့် လုပ်နိုင်ပါသည်။ ကျွန်ုပ်တို့တွင် လေယာဥ်ခရီးစဥ်များ ဥရောပနှင့် အာရှတို့၌ Miami နှင့် Sao Paulo တို့မှတစ်ဆင့် အရေးကြီးသည့် လေဆိပ်များ အသွားအပြန် ရှိပါသည်၊ဟု Villalón-Jones က ပြောကြားခဲ့သည်။

 “ကုမ္ပဏီအနေဖြင့် ဤကြိုတင်လှုပ်ရှားသည့် နည်းလမ်းကို မလုပ်ခဲ့ပုံနှင့် နေထိုင်မကောင်းသည့် သင်္ဘောသားအား အရေးပေါ် တတ်နိုင်သမျှ မြန်မြန် သင်္ဘောပေါ်မှ ဆင်းပေးရန်လိုအပ်ပုံတို့ကို ထည့်သွင်းစဥ်းစားခြင်းအားဖြင့် သူတို့အနေဖြင့် ရက်အနည်းငယ် အချိန်အတွင်း ပနားမားနိုင်ငံတွင် သူတို့ အနည်းဆုံး သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်နိုင်မည်ကို သိရှိရန် ကျွန်ုပ်တို့ ကူညီပေးခဲ့သည်။ ITF အဖြစ်၊ ကျွန်ုပ်တို့သည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို အောင်မြင်စေရန် ကုမ္ပဏီများအား ကူညီပေးရန် ကျွန်ုပ်တို့ ရှိနေပါသည် - ကျွန်ုပ်တို့၏ အလေးထားမှုမှာ သင်္ဘောသားများ၏ သာယာဝပြောရေးသာ ဖြစ်ပါသည်။

Villalón-Jones က ပြောသည်မှာ ပနားမားနိုင်ငံ၌ သင်္ဘောပေါ်ရှိ တစ်ချို့အတွက် အိမ်ပြန်ပို့ရေးကို စီစဥ်ခဲ့ကြောင်း ကျန်ရှိနေသေးသည့် သင်္ဘောဝန်ထမ်းအားလုံးက သိရှိခဲ့သည်နှင့်တစ်ပြိုင်နက် အခြားသူများသည် သင်္ဘောမှဆင်း၍ အိမ်ပြန်ရန် တောင်းဆိုခဲ့ကြသည်။

ITF ၏ တစ်ကမ္ဘာလုံးရှိ ဒါဇင်နှင်ချီသော စိစစ်ရေးမှူး အဆက်အသွယ်ကွန်ခြာကို အသုံးပြုခြင်းအားဖြင့် Villalón-Jones သည် ပနားမားရှိ သူ၏ ယောင်းရင်းဖြစ်သူ Luis Fruto ကို ဆက်သွယ်ခဲ့သည်။

 “ကျွန်ုပ် သူ့အား ပြောခဲ့သည်- ကျွန်ုပ်တို့သည် ဤသင်္ဘောသားများကို ချီလီနိုင်ငံ၌ Marvin Confidence သင်္ဘောပေါ်မှ ဆင်းပေးရန် လုပ်မပေးနိုင်ခဲ့ပါ၊ သို့သော်လည်း သူတို့ကို ပနားမားနိုင်ငံတွင် ဆင်းပေးပြီး သင်္ဘောဝန်ထမ်း အသစ်ဖြင့် အလဲအလှယ်လုပ်ပေးနိုင်ကြောင်း မျှော်လင့်ချက် ရှိပါသေးသည်။ ကျွန်ုပ်တို့ လုပ်ပေးနိုင်ပါသလား။ ဟု Villalón-Jones က ပြောကြားခဲ့သည်။

Fruto တွင် သူ၏ဒေသခံ ပနားမားမှတစ်ဆင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများဖြင့် မကြာသေးမီက အောင်မြင်မှု ရှိခဲ့ပြီး Villalón-Jones တွင် Fruto အနေဖြင့် အောင်မြင်မှုကို နောက်ထပ်တစ်ကြိမ် လုပ်ပါလိမ့်မည်ဟု ယုံကြည်ချက်ရှိခဲ့သည်။

သင်္ဘောသည် ပနားမားနိုင်ငံသို့ ဇူလိုင်လ ၂၃ ရက်နေ့ ဆိုက်ကပ်ရေးအတွက် လမ်းကြောင်းပေါ် စတင် ထွက်ခွာခဲ့သည်။ ကုမ္ပဏီသည် အိမ်ပြန်ပို့ရေးကိစ္စကို ကူညီရန် ကိုယ်စားလှယ်တစ်ဦးနှင့် ၎င်းတို့၏ လုပ်ကိုင်ပုံကို ITF အား အကြောင်းကြားနေလျက်ရှိပါသည်။  လက်ဦး၌ အရာရာတိုင်းမှာ ချောမွေ့နေခဲ့သော်လည်း ကုမ္ပဏီသည် ယခုသော် ဆင်ခြေအမျိုးမျိုးနှင့် အခြား အစီအစဥ်များကို စ၍လုပ်ခဲ့သည်။ သူတို့က ပြောခဲ့သည်မှာ အကယ်၍ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးမှာ မဖြစ်နိုင်ခဲ့သည့်ကိစ္စ၌ သင်္ဘောဝန်ထမ်းများမှာ ချီလီနိုင်ငံသို့ ပြန်သွားမည်ဖြစ်သည်။ ယင်းနောက် သူတို့က ပြောခဲ့သည်မှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ချီလီနိုင်ငံ ဆိပ်ကမ်း Lirquen တွင် လုပ်ပါမည်ဖြစ်သည်။

သင်္ဘောပေါ်ရှိ တုံ့ပြန်ချက်မှာ မကောင်းခဲ့ပါ။ ကုမ္ပဏီသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို နောက်တစ်ကြိမ် ရွှေ့ဆိုင်းမည့်အကြောင်း အဘယ်ကြောင့် ယခု ပြောဆိုခဲ့သနည်း။ သူတို့ အဘယ်ကြောင့် နောက်ထပ်တစ်ခါ အသိအမှတ်မပြုခဲ့သနည်း။ ဤကိစ္စ ရာသက်ပန် ဖြစ်နေဦးမည်လား။

ပင်လယ်ပြင်၌ သူတို့၏ အလုပ်ကန်ထရိုက်များ လပေါင်းများစွာ ကျော်လွန်ပြီးနောက် ၊ သူတို့၏ ချစ်ခင်ရသူများအား လွမ်းဆွတ်ရင်း အိမ်ပြန်ရန် အသည်းအသန်ဖြစ်နေရင်း - Marvin Confidence သင်္ဘောဝန်ထမ်းများသည် သင်္ဘောမှဆင်းရန် သူတို့၏ အခွင့်အရေးကို အသုံးချရန်အတွက် ပိုမိုပြင်းထန်သည့် အရေးယူလုပ်ဆောင်ချက်ကို စတင်စဥ်းစားခဲ့သည်။

နေထိုင်မကောင်းသည့် သင်္ဘောသား၏ မကောင်းသတင်းများလည်း ရောက်ရှိလာခဲ့သည်။ သူ့အား ပြောခဲ့သည်မှာ သူသည် လုပ်ငန်းတာဝန်အတွက် ကြံ့ခိုင်မှုမရှိကြောင်း ထို့ကြောင့် သင်္ဘောဝန်ထမ်း အများစုနှင့်အတူ အိမ်ပြန်ပို့ရေးကို စဥ်းစားနိုင်မည် မဟုတ်ကြောင်းဖြစ်သည်။ ပင်လယ်ပြင်၌ ၁၀ လ ရှိခဲ့ပြီးဖြစ်၍ သူသည် စိတ်ကယောက်ကယက်ဖြစ်ခဲ့သည်။

နောက်ဆုံး၌ သင်္ဘောသည် ပနားမားသို့ သြဂုတ်လ ၁၁ ရက်နေ့တွင် ရောက်ရှိခဲ့သည်။ ချီလီနိုင်ငံသို့ နောက်ထပ်တစ်ဖန် မိမိတို့၏ ဆန္ဒကို ဆန့်ကျင်၍ အလုပ်ကန်ထရိုက် သက်တမ်းတိုးမှုကို ရှောင်ကြဥ်လိုသည့် သင်္ဘောဝန်ထမ်း ၁၁ ဦးသည် အကယ်၍ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ချက်ချင်း မလုပ်ခဲ့လျှင် သူတို့အနေဖြင့် အလုပ်လုပ်ရန် ငြင်းဆိုမည်ဖြစ်ကြောင်း ပနားမား ပင်လယ်ရေကြောင်း အာဏာပိုင် (Panamanian Maritime Authority) ထံ စာတစ်စောင်ပေးပို့ရန်အတွက် ဆုံးဖြတ်ခဲ့သည်ယင်းနောက် သင်္ဘောသည် ရွှေ့လျားမှုကို ရပ်ဆိုင်းလိမ့်မည်။

ရပ်တည်ပြီး ရာဇသန်ပေးတောင်းဆိုသည့် သင်္ဘောဝန်ထမ်းများထဲတွင် သင်္ဘောမာလိန်မှူး၊ အရာရှိချုပ်၊ ဒုတိယ အရာရှိ၊ အင်ဂျင်နီယာချုပ်၊ တတိယ အင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာ၊ သင်္ဘောသားကြီးကြပ်ရေးမှူး၊ စက်သမားနှင့် ထမင်းချက်တို့ ပါဝင်သည်။

စိစစ်ရေးမှူး Luis Fruto က ရှင်းပြသည်မှာ၎င်းတို့မှာ သည်းမခံနိုင်ကြသော သင်္ဘောဝန်ထမ်းများ ဖြစ်ခဲ့ပါသည်။ သူတို့သည် သူတို့၏ မူလ အလုပ်ကန်ထရိုက်များကို ပြီးဆုံးအောင်လုပ်ခဲ့ပြီး ယင်းနောက် သူတို့၏ အလုပ်ရှင်က သက်တမ်းတိုးပြီးရင်း သက်တမ်းတိုးရန် ဖြားယောင်းခဲ့သည်။ သို့သော်လည်း ဤနေရာ၌ သူတို့သည် ပနားမားနိုင်ငံ ပနားမား အလံတင် သင်္ဘောပေါ်ရှိနေပြီး နောက်ဆုံး အိမ်ပြန်ရန် တောင်းဆိုနေကြပါသည်။

 “သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို စီစဥ်ပေးရန်သည် သင်္ဘောကုမ္ပဏီနှင့် ၎င်းတို့ ကိုယ်စားလှယ်များ၏ တာဝန်ဖြစ်ပါသည်စီစဥ်မပေးရန်အတွက် Covid လုပ်ထုံးလုပ်နည်းများမှာ ဆင်ခြေများ မဟုတ်ပါ။ ဤအခြေအနေ၌ ၎င်းသည့် သင်္ဘောဝန်ထမ်းများ၏ အမှား မဟုတ်ပါထို့ကြောင့် သူတို့ အဘယ်ကြောင့် သက်တမ်းတိုးမှုအတွက် ပေးဆပ်ရမည်နည်း။

နောက်ဆုံး၌ ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် Fruto သည် AMP သင်္ဘောသားများ ညွှန်ကြားရေးမှူးထံမှ ဖုန်းခေါ်ခံခဲ့ရသည်၊ သူ့အား သတင််းပို့အကြောင်းကြားသည်မှာ Marvin Confidence သင်္ဘောဝန်ထမ်း အားလုံးတို့သည် အိမ်ပြန်ရန် လေယာဥ် လက်မှတ်များ လက်ခံရရှိခဲ့သည်၊ နာမကျန်းဖြစ်နေသည့် သင်္ဘောသား အပါအဝင်ဖြစ်ပါသည်။ Fruto သည် သူတို့အား လေယာဥ်ကွင်းတွင် တွေ့ဆုံခဲ့ပြီး သူတို့အား ကောင်းမွန်စေရန် ဆုတောင်းပေးခဲ့သည်။ သူတို့သည် အကူအညီနှင့် ပံ့ပိုးမှုအတွက် ITF စိစစ်ရေးမှူးနှင့်တကွ သူ၏ ယောင်းရင်းများအား ကျေးဇူးတင်ခဲ့ကြသည်။

 

 “မသေချာ မရေရာ သောက ရောက်ရသည့် ဤကဲ့သို့သော အချိန် ကျော်လွန်ပြီးနောက် သူတို့၏ မျက်နှာများပေါ်၌ အပြုံးပန်းများကို မြင်တွေ့ရသည်မှာ အလွန် ကောင်းခဲ့ပါသည်၊ဟု Fruto က ပြောကြားခဲ့သည်။

 “ဤသင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ဖြစ်ကြောင်းဖြစ်ရပ်များမှ သင်ခန်းစာသည် ရိုးရှင်းပါသည်- သင်္ဘောသားများသည် ၎င်းတို့၏ အလုပ်ကန်ထရိုက်များ ပြီးဆုံးပြီးနောက် သင်္ဘောပေါ်မှ ဆင်းရန်နှင့် အိမ်ပြန်ပို့ခံရရန် ၎င်းတို့၏ အခွင့်အရေးအတွက် မားမားမတ်မတ်ရပ်တည်သည့်အခါ – ITF သည် ၎င်းတို့နှင့်အတူ ရပ်တည်ပေးပါမည်။ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးသည် ပနားမားနိုင်ငံကဲ့သို့ နိုင်ငံများတွင် ဖြစ်နိုင်သည်သို့သော်လည်း သင်္ဘောသားများအနေဖြင့် အဆိုပါ အခွင့်အလမ်းကို လိုလိုလားလား ရယူရန် လိုပါသည်။

ပိုမိုများပြားသော သင်္ဘောသားများအနေဖြင့် အလုပ်ကန်ထရိုက် သက်တမ်းတိုးရန် ငြင်းဆိုခြင်းနှင့် ၎င်းတို့၏ အလုပ်ကန်ထရိုက် ပြီးဆုံးချိန်၌ အလုပ်လုပ်ခြင်းကို ရပ်ဆိုင်းရန် ၎င်းတို့၏ အခွင့်အရေးကို အသုံးချခြင်းဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးသည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကို စတင်၍ အနှောင့်အယှက်ပေးမည့် အလားအလာရှိသည်ဟု ITF က ယုံကြည်ပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.