Skip to main content

ITF သည် Wakashio သင်္ဘော တောင်တင်ခြင်းအပေါ် အလွန် စိုးရိမ်ပူပန်လျက်ရှိသည်၊ သင်္ဘောဝန်ထမ်း ဖမ်းဆီး

24 Aug 2020
Press Release

သင်္ဘောသား ၁.၄ သန်းကို ကိုယ်စားပြုလျက်ရှိသော အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် Wakashio သင်္ဘော တောင်တင်သည့်အခြေအနေနှင့် ၎င်း၏သင်္ဘောဝန်ထမ်းများ၏ သာယာဝပြောရေးအတွက် စိုးရိမ်ပူပန်မှု များနေကြောင်း ယနေ့ ထုတ်ဖော်ပြောခဲ့သည်။

ဂျပန် - ပိုင်ဆိုင်သည့် သင်္ဘော ယခင် အပတ်၌ Mauritius ကမ်းခြေတစ်လျှောက် သွားလာခဲ့ပြီး စတင်၍ ကွဲထွက်လာခဲ့ရာ ယခုအခါ ရေနံဖြင့် အလွန်ကောင်းမွန်သော ပင်လယ်ရေကြောင်း ပတ်ဝန်းကျင်အပေါ် အန္တရာယ်ကျရောက်နေလျက်ရှိသည်။

ITF ၏ သင်္ဘောသားများ ဌာနခွဲ ဥက္ကဌဖြစ်သူ David Heindel က ပြောကြားခဲ့သည်မှာ အာဏာပိုင်များနှင့် အများပြည်သူများအနေဖြင့် သင်္ဘောဝန်ထမ်းများအပေါ် အပြစ်တင် မစောသင့်ကြောင်း၊ သို့သော်လည်း အပြစ်တင်မည့်အစား သင်္ဘောတွင် ဥပဒေအရ သတ်မှတ်ထားသည့် အချိန်ကာလ အများဆုံးကိုကျော်လွန်ပြီး အလုပ်လုပ်နေရသည့် သင်္ဘောဝန်ထမ်းများ ရှိနေသည့် စွပ်စွဲချက်အပါအဝင် အခင်းဖြစ်ရပ် ဖြစ်ရခြင်း၏ အကြောင်းခံများကို အပြည့်အစုံ အသေအချာ စုံစမ်းစစ်ဆေးမှု လိုအပ်ကြောင်းဖြစ်ပါသည်။

 “ကျွန်ုပ်တို့ စုံစမ်းစစ်ဆေးမှု ရလဒ်ကို စောင့်ဆိုင်းနေစဥ် Wakashio ၏ သင်္ဘောဝန်ထမ်းများမှာ ဖြစ်ရပ်အတွက် တာဝန်ရှိကြောင်း စွပ်စွဲထားသည့် သတင်းများကို ဖတ်ရှုရသည်မှာ စိတ်ပျက်စရာ ကောင်းပါသည်။”

 “Wakashio သင်္ဘော မာလိန်မှူးဖြစ်သူ Captain Sunil Kumar Nandeshwar အား Mauritius အာဏာပိုင်များက ဖမ်းဆီးလိုက်သည်ကို ကျွန်ုပ်တို့ စိုးရိမ်ပူပန်မိပါသည်။ ၎င်းအပြင် လတ်တလော နေ့ရက်များ၌ ကျွန်ုပ်တို့သည် အရာရှိချုပ်ကို ဖမ်းဆီးရန် ဖြစ်နိုင်ခြေကိုလည်း ကြားခဲ့ရပါသည်။

 “တစ်ကမ္ဘာလုံးဆိုင်ရာ လူမှုအသိုင်းအဝိုင်း တစ်ရပ်လုံးကဲ့သို့၊ ကျွန်ုပ်တို့သည် Mauritius ပင်လယ်ရေကြောင်း ပတ်ဝန်းကျင်နှင့် လက်ရှိ၌ ရေနံဖိတ်စင်နေမှုကြောင့် ၎င်း၏ ယိမ်းယိုင်နေသော သဘာဝပတ်ဝန်းကျင်စနစ်အတွက် စိုးရိမ်ပူပန်ပါသည်။ သို့သော်လည်း ဤကျေကွဲစရာ အဖြစ်ဆိုးအတွက် ဒေါသကို ဖြစ်ရပ်ဖြစ်ပေါ်သည့်အချိန်၌ တာဝန်ယူရသည့် နေရာ၌ရှိသည့် လူများအစား အဆိုပါ ဖြစ်ရပ်သို့ ဖြစ်ပွားစေခဲ့သည့် အကြောင်းခံများဆီသို့ ဦးတည်သည်မှာ ပိုမို ကောင်းမွန်ပါသည်။

 “Wakashio သင်္ဘောပေါ်ရှိ အများစုသော သင်္ဘောဝန်ထမ်းများမှာ ၎င်းတို့၏ ပုံမှန် အလုပ်ကန်ထရိုက် သတ်မှတ်ကာလများ ကျော်လွန်၍ သင်္ဘောပေါ် ထားရှိခဲ့ကြောင်း တင်ပြခဲ့ပါသည်။ ဆောင်ရွက်နေဆဲ စုံစမ်းစစ်ဆေးမှုများ၏ တွေ့ရှိချက်များအပေါ် ခန့်မှန်းဝေဖန်ရန်မှာ စောလွန်းလိမ့်မည်ဖြစ်သည်၊ သတိပြုရမည်မှာ လက်ရှိ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း အတောအတွင်း မောပန်းပြီး ပင်ပန်းနွှမ်းနယ်နေသည့် တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောသား လုပ်သားအင်အားထုမှ လူ့အသက်များနှင့် ဥစ္စာပစ္စည်းနှင့်တကွ ပတ်ဝန်းကျင်အပေါ် ခြိမ်းခြောက်မှုများကို ကျွန်ုပ်တို့ သတိပေးခဲ့သည်။

 “Covid-19 ကူးစက်ပျံ့နှံ့မှုကို တွန်းလှန်ရန် သွတ်သွင်းထားသည့် ခရီးသွားခြင်းနှင့် ကူးပြောင်းသွားလာရေး ပိတ်ပင်ကန့်သတ်ချက်များကြောင့် သင်္ဘောသားများအတွက် သင်္ဘောပေါ်မှ ဆင်းရန်နှင့် သင်္ဘောသား အသစ်များဖြင့် အလုပ်အလွဲအပြောင်းလုပ်ရန် ကမ္ဘာ့အစိုးရများသည် ခက်ခဲအောင် လုပ်ခဲ့သည်၊ တစ်ခါတစ်ရံ မဖြစ်နိုင်လုနီးပါး ဖြစ်ခဲ့သည်။

 “ကျွန်ုပ်တိို့အနေဖြင့် စိတ်ပျက်နေရသည်မှာ ဤဖြစ်ရပ်အတွက် ကျွန်ုပ်တို့၏ လုပ်ငန်းကဏ္ဍကို ရှုပ်ချရန် လောစောနေသည့် အများအပြားသော အတူတူဖြစ်သည့် အစိုးရများမှာ လူသားချင်း စာနာထောက်ထားရမည့် ဘေးအန္တရာယ်အပေါ် မျက်ကွယ်ပြုခဲ့ကြသည့် များသောအားဖြင့် အတူတူ အစိုးရများပင်ဖြစ်ပါသည်၊ ၎င်းမှာ ဤဖြစ်ရပ်ကို ဖြစ်ရခြင်း၏ မူလ အကြောင်းရင်း ကောင်းကောင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။”

 “အစိုးရများသည် နှစ်ဖက်လုံး၌ ရှိမနေနိုင်ပါ- အကယ်၍ သူတို့အနေဖြင့် မောပန်းပြီး ပင်ပန်းနွှမ်းနယ်နေသည့် လုပ်သားအင်အားထုမှ ဖြစ်ပေါ်နိုင်သည့် မတော်တဆဖြစ်ရပ်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်လျှင် ယင်းနောက် သူတို့သည် အဆိုပါ သင်္ဘောသားများအား သင်္ဘောပေါ်မှ ဆင်းပေးရန်နှင့် သင်္ဘောသား အသစ်များဖြင့် အစားထိုးပေးရန် အလေးထားရမည်ဖြစ်သည်။

 “ITF ၊ ကျွန်ုပ်တို့၏ အဖွဲ့ဝင်ဖြစ်သော သင်္ဘောသား သမဂ္ဂများနှင့် လုပ်ငန်း ကဏ္ဍရှိ အလုပ်ရှင်များ အားလုံးသည် ဖေဖေါ်ဝါရီလ ကတည်းကစ၍ ဤပွားများလာသည့် အကျပ်အတည်းနှင့်ပတ်သက်၍ အစိုးရများအား ပညာပေးရန် ကြိုးစားနေခဲ့လျက်ရှိပါသည်။

 “ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍ အတွင်းရှိ အကျိုးအပြစ်ခံစားမည့်ပတ်သက်သူများ၊ UN အထူးပြု အေဂျင်စီရုံးများနှင့် UN ကိုယ်တိုင်တို့သည် ပင်လယ်ပြင် ကြံ့ခိုင်မှုရှိရေး လက်မှတ်များကို သက်တမ်းတိုးခဲ့ပြီး အစားမထိုးနိုင်သည့် ပင်ပန်းနွှမ်းနယ်နေသော သင်္ဘောသားများရှိနေသည့် သင်္ဘောများက ကြုံတွေ့မည့် အန္တရာယ်ကို တစ်ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝိုင်းအား သတိပေးခဲ့ပြီးဖြစ်ပါသည်။ ဘေးကင်းပြီး လုံခြုံသည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ချောမွေ့စေရန် အသေးစိတ် လုပ်ထုံးလုပ်နည်းများကို ထူထောင်ခဲ့သော်လည်း ယနေ့ထိတိုင် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ခွင့်ပြုရန် လုံခြုံသည့် လမ်းကြောင်း ပေးအပ်ရာ၌ လက်တစ်ဆုတ်စာ နိုင်ငံများကသာ ဦးဆောင်ခဲ့ပါသည်။

 “အများစုသော ကမ္ဘာ့ အစိုးရများသည် ထောင်ပေါင်း ရာနှင့်ချီသော သင်္ဘောသားများကို ကမ္ဘာတစ်ဝန်း သင်္ဘောများပေါ်၌ လပေါင်းများစွာ ပစ်ပယ်ထားခဲ့ကြသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့အား အလုပ်ခန့်ထားသည့် ကုမ္ပဏီများက အိမ်ပြန်ပို့ရေးအတွက် အလွန် စျေးနှုန်းကြီးမားသော လေယာဥ် စင်းလုံးငှါးရန် လုပ်ပေးသည့်တိုင် သူတို့၏ အလုပ်စာချုပ် အဆုံးသတ်ချိန်၌ သူတို့အိမ်ပြန်ရန်ကို ငြင်းပယ်ခဲ့သောကြောင့်ဖြစ်ပါသည်။  Mauritius သမ္မတ နိုင်ငံသည် ၎င်း၏ ကိုယ်ပိုင် နိုင်ငံသားများကိုပင် အိမ်ပြန်လာရန် ခေါ်ဆောင်လာမည့် လေယာဥ်များအား ဆင်းခွင့်ပြုရန် ငြင်းပယ်ခဲ့သည့် အဆိုပါ အစိုးရ တစ်ရပ်ဖြစ်ပါသည်။ သူတို့အား အဆိုပါကိစ္စအတွက် မည်သည့်အချိန်တွင် တာဝန်ရှိကြောင်း သတ်မှတ်မည်နည်း။

 “အမြောက်အမြားသော အစိုးရများသည် အရေးယူဆောင်ရွက်ရန် တုန့်ဆုတ်ခဲ့ကြသည်၊ အခြားသူများအား အပြစ်ပုံရန် အားထုတ်ခဲ့ကြသည်၊ ထို့ပြင် သင်္ဘောသားများအား သင်္ဘောမှ အဆင်းအတက်လုပ်ရန် လုပ်ငန်းကဏ္ဍမှ ကြိုးပမ်းမှုများကို အားတက်သရော စိတ်အနှောင့်အယှက်ပေးခဲ့သည်။

 “Wakashio သင်္ဘော၊ ၎င်း၏ သင်္ဘောဝန်ထမ်းများနှင့် Mauritian လူများနှင့် ပတ်ဝန်းကျင်၏ ကျေကွဲဖွယ်ရာဖြစ်ရပ်ဆိုးသည် မောပန်းပြီး ပင်ပန်းနွှမ်းနယ်နေသည့် လူသားများကို အဆုံးအစမရှိ အလုပ်လုပ်ကိုင်နေစေရန် မျှော်လင့်ထားသည့်အခါ ဖြစ်ပွားနိုင်သည့်အရာကို ကျွန်ုပ်တို့အားလုံးအတွက် သတိပေးချက်တစ်ခု ဖြစ်ပါသည်။ သင်္ဘောသားများအား ၎င်းတို့၏ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ သာယာဝပြောရေးကို ပျက်ပြားစေအောင် ဆက်လက် အလုပ်လုပ်ခိုင်းစေရန်မှာ တည်တံ့မည် မဟုတ်သည့်အပြင် လက်မခံနိုင်ပါ- အမှားအယွင်းသည် ဖြစ်ပွားပါလိမ့်မည်။ ဤကဲ့သို့သော မတော်တဆ ဖြစ်ရပ်များ ဖြစ်ပွားပါလိမ့်မည်။

 “ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအပေါ် အားထားသည့်၊ မိမိတို့၏ ပင်လယ်ရေကြောင်း ပတ်ဝန်းကျင်များကို တန်ဖိုးထားသည့်၊ အလံတင်နိုင်ငံဖြစ်ရခြင်းမှ အတ္တဆန်ဆန် အကျိုးအမြတ်ရရှိသော်လည်း လိုအပ်သည့်အခါ ခေါင်းဆောင်မှု မပေးသည့် နိုင်ငံများအတွက် အချိန်တန်ပြီဖြစ်ပါသည်- ရပ်တည်ပေးကြပါ။ တစ်စုံတစ်ခုခုကို လုပ်ပါ။ သို့မဟုတ် သင့်လက်များပေါ်တွင်လည်း ရေနံနှင့် သွေးများ ပေကြံနေပါလိမ့်မည်၊” ဟု Dave Heindel က ပြောကြားခဲ့သည်။

 

 

  

 

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.