Skip to main content

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ၂၀၂၂ ခုနှစ်- ITF သည် သန့်စင်ရေးဆိုင်ရာ အခွင့်အရေးများ လက်စွဲအိတ်ကို စတင်ဖြန့်ဖြူး

09 Mar 2022

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ၂၀၂၂ ခုနှစ်တွင် ကျွန်ုပ်တို့သည် သန့်စင်ရေးဆိုင်ရာ အခွင့်အရေးများ လက်စွဲအိတ် #IWD2022 ကို စတင်ဖြန့်ဖြူးပေးခြင်းကို ကြေညာပါသည်။

အဆိုပါအိတ်တွင် သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် သန့်စင်ရေးဆိုင်ရာ အခွင့်အရေးများ ရရှိရန်အတွက် ရင်းမြစ်ပစ္စည်းများပါရှိသည်၊ ကျန်းမာရေး အန္တရာယ်အကြောင်း အဓိက အချက်အလက်များ၊ ညှိနှိုင်းဆွေးနွေးပေးသူများအတွက် စစ်ဆေးရမည့်စာရင်းများ၊ ဆက်သွယ်ရမည့် ဘာသာစကားတို့အပြင် ပို၍များများ အပါအဝင် ဖြစ်ပါသည်။

သန့်စင်ရေးဆိုင်ရာ အခွင့်အရေးများမှာ လူ့အခွင့်အရေးများဖြစ်ကြသော်လည်း သယ်ယူပို့ဆောင်ရေး အလုပ်သမားများအဖို့ ရေအိမ်သာများနှင့် ဆေးကြောရေးအသုံးအဆောင်များ သုံးစွဲခြင်းကဲ့သို့ အခြေခံကိစ္စများကိုပင် ငြင်းဆိုခံရသည်မှာ အလွန်ကြာညောင်းနေပြီဖြစ်ပါသည်။

ညံ့ဖျင်းသော သန့်စင်ရေးကိစ္စများကြောင့် အလုပ်သမားများ၏ ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးနှင့် ဂုဏ်သိက္ခာတို့အတွက် ကုန်ကျစရိတ်များမှာ မြှင့်တက်လျက်ရှိသည်။

အဆိုပါပြဿနာမှာ အလွန် ကျယ်ပြန့်နေသည့်တိုင် သယ်ယူပို့ဆောင်ရေး အလုပ်သမားအများအပြားမှာ မိမိတို့၏ အခွင့်အရေးများ ချိုးဖောက်ခံနေရသည်ကို မသိပင် မသိကြဘဲ၊ သန့်စင်ရေးကိစ္စ သုံးစွဲမှု ညံ့ဖျင်းကြောင်း ပြောဆိုမှုကို ‘အလုပ်၏အစိတ်အပိုင်း’ ဖြစ်ပါသည်ဟူ၍ အလုပ်ရှင်များက ရှောင်ကွင်းနိုင်ကြသည်။ 

လက်စွဲအိတ် ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် စတင်ဖြန်ဖြူးပေးသည်၊ အမျိုးသမီးများ အတွက် သတ်မှတ်ပေးထားသည့် ရေအိမ်သာ သုံးစွဲခွင့်မရှိ၊ အမျိုးသမီးသုံး သန့်စင်ရေးပစ္စည်းများ သုံးစွဲခွင့်မရှိကဲ့သို့ အမျိုးသမီးများမှာ သန့်စင်ရေးနှင့်ပတ်သက်ပြီး အပိုဟန့်တားမှုများကို များသောအားဖြင့်ကြုံတွေ့နေရသောကြောင့်ဖြစ်ပါသည်။

ဤပြဿနာကို စီမံပေးရန်အတွက် အလုပ်သမားများအား စေ့ဆော်ပေးရန် အဆိုပါ လက်စွဲအိတ်တွင် ITF အဖွဲ့ဝင် သမဂ္ဂများ ဆောင်ရွက်ခဲ့သည့် အောင်မြင်သော သန့်စင်ရေး လှုံဆော်မှုများ  ၏နမူနာများလည်း ပါရှိပါသည်။

လက်စွဲအိတ် တွင်းရှိ ရင်းမြစ်ပစ္စည်း အများအပြားကို ကမ္ဘာအနှံ့ရှိ ကျွန်ုပ်တို့၏ အဖွဲ့ဝင် သမဂ္ဂများက ပူးပေါင်းလုပ်ဆောင်၍ စုဆည်းထားပြီး အဆက်မပြတ် ပြင်ဆင်ထည့်သွင်းပေးထားပါသည်။

အောင်မြင်သော သမဂ္ဂ လှုံ့ဆော်မှုများ၏ ပိုမိုများပြားသော နမူနာများကို ဝေမျှပေးရန်အတွက် ကျေးဇူးပြု၍ sanitation@itf.org.uk ကိုဆက်သွယ်ပါ၊ သို့မှသာ ကျွန်ုပ်တို့အနေဖြင့် ဤလက်စွဲအိတ်မှတစ်ဆင့် ဖြန့်ဝေပေးနိုင်မည်ဖြစ်သည်။

အဆိုပါလက်စွဲအိတ်တွင် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ သန့်စင်ရေး စာတမ်း ပါရှိသည်။

၂၀၁၉ ခုနှစ်တွင် ၎င်းကိုဖြန့်ချိကတည်းကစ၍ သယ်ယူပို့ဆောင်ရေး အလုပ်သမား အားလုံးအတွက် သင့်တော်သော သန့်စင်ရေးသုံး အသုံးအဆောင်များရရှိရေးအတွက် လှုံ့ဆော်မှုတစ်ရပ် ဆောင်ရွက်ရန် ကျွန်ုပ်တို့သည် အဖွဲ့ဝင်များနှင့်အတူ လုပ်ကိုင်ပေးလျက်ရှိပါသည်။

သယ်ယူပို့ဆောင်ရေး အလုပ်သမားများအား ၎င်းတို့ ရထိုက်သည့် ဘေးကင်းလုံခြုံရေးနှင့် ဂုဏ်သိက္ခရှိမှုကို ခွင့်ပြုစေရန် ကမ္ဘာအနှံ့ရှိ အလုပ်ရှင်များအနေဖြင့် ပိုမို၍ လုပ်ကိုင်နိုင်ပြီး လုပ်ကိုင်ပေးရမည်။

ကျွန်ုပ်တို့၏ သန့်စင်ရေးဆိုင်ရာ အခွင့်အရေးများ လှုပ်ရှားစေ့ဆော်သူ လက်စွဲအိတ် ကို ဤအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ဖြန့်ဖြူးပေးခြင်းဖြင့် သင်တို့၏ စည်းလုံးညီညွတ်မှုကို ပြသပေးခြင်းအတွက် ကျေးဇူးတင်ပါသည်။
 

Twitter ပို့စ်- 

အိမ်သာပစ္စည်း၊ နားချိန် မရှိ။

သန့်စင်ရေးညံ့၊ အလုပ်သမားအားလုံးထိခိုက်အမျိုးသမီးများကမ်းကုန်ထိခိုက်။

သန့်စင်ရေးပိုကောင်းအောင် စေ့ဆော်သူအားလုံးအတွက် သန့်စင်ရေး လက်စွဲအိတ်#IWD2022ကို @ITFglobalunion ကဖြန့်ချီ 👉https://bit.ly/sanitationtoolkit ည်းလုံးမှုဖြင့် RT👊
 

Whatsapp ပို့စ်- 

ဟေး၊ ကမ္ဘာအနှံ့ သန်းနှင့်ချီသော သယ်ယူပို့ဆောင်ရေး အလုပ်သမားများသည် ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် ဘေးကင်းလုံခြုံရေးမှာ ညံ့ဖျင်းသော သန့်စင်ရေးကြောင့် နစ်နာနေလျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers Federation) သည် ဤ သန့်စင်ရေးဆိုင်ရာ အခွင့်အရေးများ လက်စွဲအိတ် (Sanitation Rights Toolkit) ကို စတင်ဖြန့်ဖြူးလိုက်ပြီးဖြစ်သည်၊ ၎င်းတွင် အလုပ်သမားများအတွက် မိမိတို့၏ အခွင့်အရေးများကို သိရှိရန်နှင့် ပိုမိုကောင်းမွန်သော သန့်စင်ရေးအတွက် စီမံရန်အတွက် အဓိကကျသော အချက်အလက်များ ပါရှိသည်။ ၎င်းကို သင် ဤနေရာတွင် ကြည့်ရှုနိုင်သည် 👉 https://bit.ly/sanitationtoolkit 
 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.