Skip to main content

ITF နှင့် ETF တို့က P&O အား အစုလိုက်အပြုံလိုက် အလုပ်ထုတ်ပယ်ခြင်း နှင့် အလုပ်ကို ပြင်ပကန်ထရိုက်ပေးခြင်းအပေါ် ပြစ်တင်ရှုတ်ချ

21 Mar 2022
Credit: Wikimedia Commons
Credit: Wikimedia Commons

တစ်ကမ္ဘာလုံးဆိုင်ရာနှင့် ဥရောပ ပင်လယ်ရေကြောင်း သမဂ္ဂများသည် ကူးတို့သင်္ဘောလုပ်ငန်းရှင် P&O Ferries ကုမ္ပဏီအား ၎င်း၏ ယူကေ အခြေစိုက် သင်္ဘောသားလုပ်သားထုကို ဖယ်ရှားပြီး သမဂ္ဂဝင် မဟုတ်ကြသည့် အေဂျင်စီလုပ်သားများထံ အလုပ်လွဲပြောင်းပေးမည်ဟူသော သတင်းကြေညာချက်အပေါ် မကျေနပ်ဒေါသထွက် ပြစ်တင်ရှုတ်ချကြောင်း တင်ပြခဲ့ကြသည်။

P&O Ferries ကုမ္ပဏီအနေဖြင့် ယနေ့ စောစောပိုင်း “ကုမ္ပဏီ သတင်းကြေညာချက် ပြင်ဆင်သောအနေဖြင့်” ဝန်ဆောင်မှုများကို ရပ်ဆိုင်းခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) နှင့် ဥရောပ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (European Transport Workers’ Federation (ETF)) တို့ထံ သတင်းပို့ခဲ့သည်။ နေ့လည်ပိုင်း၌ ကုမ္ပဏီသည် ၎င်းတို့၏ သင်္ဘောများပေါ် လုပ်ကိုင်လျက်ရှိသည့် အလုပ်သမား အယောက် 800 ကို ချက်ချင်း အလုပ်ထုတ်ဖယ်ခဲ့သည်ဟု သတင်းမီဒီယာများသို့ ကြေညာခဲ့သည်။

သမဂ္ဂများဖြစ်ကြသည့် RMT နှင့် Nautilus တို့သည် မိမိတို့၏ အဖွဲ့ဝင်အလုပ်သမားများအား သင်္ဘောပေါ်၌ ဆက်လက်နေထိုင်စေရန် ညွှန်ကြားခဲ့ပြီး ကြိုတင်အကြောင်းစာထုတ်ပြန်ခြင်းမရှိဘဲ ခန့်မှန်းခြေ အလုပ်ပေါင်း 800 ကို ကျော်မကောင်း ကြားမကောင်းဖြစ်စေသည့် ပြင်ပအလုပ်လွဲပြောင်းပေးခြင်းအား ရပ်ဆိုင်းပေးရန်အတွက် ယူကေ အစိုးရထံမှ ချက်ချင်း ဝင်ရောက်စွက်ဖက်ပေးစေရန် တောင်းဆိုလျက်ရှိသည်။

“ယနေ့ သတင်းဟာ ထိတ်လန့်ဖွယ်ကောင်းပါတယ်။ အတင်းမာဆုံးအနေနဲ့ ပြောရရင် ကျနော်တို့ P&O ကို ပြစ်တင်ရှုတ်ချပါတယ်။ ကြိုတင်အကြောင်းကြားစာ မထုတ်ပြန်ဘဲ သစ္စာစောင့်ထိန်းနေတဲ့ သင်္ဘောသားအင်အားစုရဲ့ အလုပ်တွေ ဆုံးရှုံးစေတဲ့လုပ်ရပ်ကို ကျနော်တို့ လက်ခံမှာ မဟုတ်ပါဘူး။ ကုမ္ပဏီဟာ မိမိရဲ့ လုပ်သားအင်အားစု တစ်ခုလုံးကို ၂၄ နာရီထက်နည်းတဲ့ အကြောင်းကြားမှုနဲ့ ဘယ်လိုလို့ အလုပ်ဖြုတ်ပစ်နိုင်သလဲဆိုတာ ကျနော်တို့ အနေနဲ့ မေးခွန်း ထုတ်ကိုထုတ်ရပါမယ်၊” ဟု ITF အထွေထွေအတွင်းရေးမှူး Stephen Cotton က ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့ သမဂ္ဂတွေဟာ P&O နဲ့ သူတို့ရဲ့ အဓိက အစုရှယ်ယာဝင်တွေဖြစ်တဲ့ DP World ထံကနေ နောက်ထပ် သတင်းတွေကို စောင့်နေကြပါတယ်- ဒါပေမဲ့ ITF နှင့် ETF တို့က ဒီအလုပ်သမားတွေရဲ့ အလုပ်တွေကို ကာကွယ်ပေးဖို့ ထောက်ခံမှုရရှိရေးအတွက် ရပ်တည်ပေးဖို့ အဆင်သင့်ရှိနေကြပါတယ်။ ဗြိတိန် အခြေစိုက် သင်္ဘောသားတွေကို ဖယ်ရှားပြီး အစားထိုးပေးဖို့ စောင့်ဆိုင်းနေကြတဲ့ ဘတ်စ်ကားအစီးလိုက်တွေမှာပါတဲ့ သမဂ္ဂဝင်-မဟုတ်တဲ့ သင်္ဘောဝန်ထမ်းတွေနဲ့ ဖမ်းဆီးရေးအတွက် လေ့ကျင့်ထားတဲ့ လုံခြုံရေးအဖွဲ့တွေဟာ Dover နှင့် Hull မှာ ထိုင်နေကြကြောင်း သတင်းတွေအတွက် ကျနော်တို့ အလွန် စိုးရိမ်ပူပန်ကြပါတယ်။”

ရောဂါကပ်ဘေးကြီးအတွင်းမှာ ယူကေ အခွန်ထမ်းတွေရဲ့ ပေါင်စတာလင်ငွေကြေး ထောင်ပေါင်းများစွာကို အိပ်ထောင်ထဲ ထည့်သွားခဲ့တဲ့ ကုမ္ပဏီ P&O ဟာ သင်္ဘောသားတွေကို အတင်းအကျပ် ဖယ်ရှားဖို့ ရည်ရွယ်တာကို ကျနော်တို့ ထိတ်လန့်မိပြီး ဒေါသထွက်မိပါတယ်၊” ဟု Cotton ကပြောကြားခဲ့သည်။

RMT သည် ယနေ့တွင် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်၊ ဝေဖန်မှုအကြား၌ အလုပ်များကို ကာကွယ်ပေးရန် ကုမ္ပဏီအား တောင်းဆိုခြင်းဖြစ်သည်။ အဖွဲ့ဝင် သင်္ဘောသားများအား မိမိတို့၏ သင်္ဘောများပေါ်၌ မိမိတို့၏ အလုပ်များကို “အလုပ်ပိတ်သိမ်းခြင်း” လုပ်လိုက်သည် သို့မဟုတ် လုပ်မည့်အန္တရာယ်ရှိသည် နှင့်တစ်ပြိုင်နက် ဆက်လက်နေစေရန် ညွှန်ကြားခဲ့သည်ဟု သမဂ္ဂက ပြောကြားခဲ့သည်။

သတင်းမှာ “ဗြိတိန် အလုပ်သမားများအား သစ္စာဖောက်ခြင်း” ဖြစ်ခဲ့သည်၊ အထွေထွေအတွင်းရေးမှူး Mark Dickinson က ကုမ္ပဏီ၏ အပြုအမူကို ရှုတ်ချလိုက်ပြီး အလုပ်များကို ကာကွယ်ပေးရန်အတွက် တိုက်ပွဲဝင်သွားမည်ကို အာမခံလိုက်သည်ဟု Nautilus International က  ပြောကြားခဲ့သည်။ ဘာမျှ ဆွေးနွေးမှု မရှိ၊ P&O က ကြိုတင်အကြောင်းစာပေးခြင်း မရှိ။ ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေကို ကာကွယ်ဖို့ Nautilus International ရဲ့ ရင်းမြစ် အပြည့်အဝကို အဆင်သင့်လုပ်ထားဖို့ သေချာပါတယ်။ နောက်ထပ် အကြောင်းမကြားမချင်း ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေဟာ သင်္ဘောပေါ်မှာ ဆက်နေဖို့ ကျနော်တို့ ညွှန်ကြားထားပါတယ်။”

“ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သမဂ္ဂတွေဟာ ယနေ့ ဒီအလုပ်သမားတွေနဲ့အတူ ရပ်တည်နေပါတယ်။ ကျနော်တို့ရဲ့ ခြေရင်းမှာ စစ်မက်ဖြစ်ပွားမှုနဲ့တကွ ကမ္ဘာကြီးဟာ ရောဂါကပ်ဘေးကြီးကနေ ပြန်လည်နာလန်ထစပြုနေချိန်မှာဘဲ P&O အနေနဲ့ အလုပ်သမားထုတစ်ရပ်လုံးကို ဖယ်ရှားနိုင်တယ်ဆိုတဲ့ ဒီကိစ္စဟာ အမှန်တကယ် စိတ်ပျက်စရာကောင်းပါတယ်၊” ဟု ETF အထွေထွေအတွင်းရေးမှူးဖြစ်သူ Livia Spera ကပြောကြားခဲ့သည်။

“ပင်လယ်ရေးကြောင်း သမဂ္ဂတွေအနေနဲ့ ဒီဆိုးဆိုးဝါးဝါး အလုပ်ဖျက်သိမ်းမှုတွေကို ဟန့်တားပေးဖို့ ကျနော်တို့ လုပ်နိုင်သမျှ အရာတိုင်းကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လုပ်ပေးပါလိမ့်မယ်။ P&O အနေနဲ့ ၎င်းရဲ့ အတင်းအကျပ်ရဲတင်းလွန်းပြီး အကြင်တရားမဲ့တဲ့ အလုပ်လွဲပြောင်းနေတဲ့ လုပ်ရပ်ကို ပြန်တည့်မတ်ပေးဖို့ ကျနော်တို့က P&O ကုမ္ပဏီရဲ့ အစုရှယ်ယာဝင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနှင့် ဖောက်သည်တွေကို လှုံ့ဆော်ပေးပါမယ်။ ဒီသင်္ဘောသားတွေရဲ့ အခွင့်အရေးတွေကို ရှင်းရှင်းလင်းလင်းဘဲ ဖောက်ဖျက်ခဲ့ပါတယ် - ပြီးတော့ ယူကေနိုင်ငံလို အဓိကအားဖြင့် ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံမှာ ဒီကိစ္စ ဖြစ်ပျက်နိုင်တယ်ဆိုတာ အလွန်အံ့အားသင့်စရာကောင်းပါတယ်။”

သူတို့တွေရဲ့ အလုပ်သမားတွေကို ခြုံခိုတိုက်ခိုက်မယ့်အစား တရားမျှတတဲ့ ဖြေရှင်းချက် ရှာဖို့နဲ့ ဒီအလုပ်သမားတွေအပေါ် ဒီလိုရှင်းလင်းတဲ့ မတရားမှုကို အဆုံးသတ်ဖို့ အတွက် ယူကေ သမဂ္ဂတွေနဲ့ အရေးပေါ် တွေ့ဆုံဖို့ ကျနော်တို့ P&O ကုမ္ပဏီကို ပြင်းပြင်းထန်ထန် တောင်းဆိုပါတယ်၊” ဟု Spera ကပြောကြားခဲ့သည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.