Skip to main content

P&O Ferries သင်္ဘောကုမ္ပဏီ၏ အလုပ်သမားဖြုတ်ပစ်ခြင်းမှာ အလုပ်သမားများ၏ အခွင့်အရေးများနှင့် ၎င်းတို့၏ ကိုယ်ပိုင်စံနှုန်းများကို DP World ကုမ္ပဏီက ထိတ်လန့်ဖွယ် ကောင်းအောင် လျစ်လျူရှုလိုက်ကြောင်း ပြသ

22 Mar 2022
Press Release

DP World ကုမ္ပဏီသည် ‘အလုပ်တည်မြဲရေးနှင့် လူများ၊ လူ့အသိုက်အဝန်းများနှင့် မိမိတို့ လုပ်ငန်း လည်ပတ်သည့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို တာဝန်ရှိသော နည်းလမ်းအရ ဦးစားပေး’ သည့် အလုပ်သမား အခွင့်အရေးများနှင့် အလုပ်များကို ထောက်ခံပံ့ပိုးသော လူမှုရေးဆိုင်ရာနှင့် ကော်ပိုရေးရှင်း အဖွဲ့အစည်းဆိုင်ရာ တာဝန်ရှိမှုကို အလေးအနက်ထားသည့် တိုးတက်လျက်ရှိသော စီးပွားလုပ်ငန်းတစ်ခုအဖြစ် မိမိကိုယ်မိမိ မြင်သာအောင်လုပ်သည်။ ယခုသော် ကုမ္ပဏီသည် သင်္ဘောသား အယောက် ၈၀၀ ကို ၎င်း၏ လုပ်ငန်းခွဲဖြစ်သည့် P&O Ferries ကုမ္ပဏီက ရက်ရက်စက်စက် အလုပ်ထုတ်ပစ်ပြီးနောက် ဆိုးဝါးသော မေးခွန်းများကို ဖြေဆိုရမည်ဖြစ်သည်။

မတ်လ ၁၇ နေ့တွင် P&O Ferries ကုမ္ပဏီသည် ဗြိတိသျှ အခြေစိုက် သင်္ဘောသား အယောက် ၈၀၀ ကို အသင့်အသံသွင်းထားသော ဇွမ်းမ် (Zoom) တွေ့ဆုံပွဲဖြင့် မိနစ် ၃၀ ကြိုတင်အကြောင်းကြား၍ အလုပ် ထုတ်ပစ်ခဲ့သည်။ ကုမ္ပဏီသည် ၎င်း၏ လုပ်သားထုအင်အားကိုသော်လည်းကောင်း သို့မဟုတ် ၎င်းတို့၏ သမဂ္ဂများကို သော်လည်းကောင်း ဆွေးနွေးမှု တစ်စုံတစ်ရာ မပြုလုပ်ဘဲ ဆုံးဖြတ်ချက် ချခဲ့သည်။

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers' Federation (ITF)) နှင့် ဥရောပ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (European Transport Workers' Federation (ETF)) တို့သည် P&O Ferries ကုမ္ပဏီ၏ အနာဂတ်အရေးနှင့် ပတ်သက်၍ အဖွဲ့ဝင်များဖြစ်သည့် RMT နှင့် Nautilus International တို့နှင့် အဓိပ္ပါယ်ရှိသော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် DP World ကုမ္ပဏီအား တောင်းဆိုနေလျက်ရှိသည်။

ဒီရက်စက်တဲ့ စက်ဆုပ်ဖွယ် လုပ်နည်းအမျိုးအစားတွေဟာ ထင်ပေါ်မကျော်ကြားတဲ့ ပက်ထရစ် အငြင်းပွားမှုနဲ့ အလားတူဘဲ ဖြစ်ပါတယ်၊ အဲ့ဒါဟာ ခေတ်နောက်ကျပြီး ရှုပ်ချရမယ့် စီမံခန့်ခွဲရေး ပုံစံထက်ပိုပြီး ဘာမျှ အရာမထင်ပါဘူး၊” ဟု ITF ဥက္ကဌ နှင့် ITF's ဆိပ်ကမ်းအလုပ်သမားများဌာန အကြီးအကဲဖြစ်သူ Paddy Crumlin က ပြောကြားခဲ့သည်။

"အလုပ်ကြိုးစားလုပ်တဲ့ သင်္ဘောသား ၈၀၀ ကို အလုပ်ဖြုတ်လိုက်တဲ့ DP World ကုမ္ပဏီရဲ့ အကြင်နာ တရားမဲ့တဲ့ ဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ ဂုဏ်သိက္ခာကို ရက်ရက်စက်စက် တိုက်ခိုက်လိုက်တာပါဘဲ၊” ဟု Crumlin က ပြောကြားခဲ့သည်။ “အဲ့လိုလုပ်တာဟာ သူတို့တတွေအနေနဲ့ ဥပဒေတွေကို ချိုးဖောက်နေကြပြီးတော့ သူတို့ကုမ္ပဏီရဲ့ စံနှုန်းတွေနဲ့ကိုက်ညီဖို့ကို ပျက်ကွက်နေကြတာပါဘဲ။”

ထို့ပြင် ETF ဥက္ကဌဖြစ်သူ Frank Moreels က သမဂ္ဂ အဖွဲ့ဝင်-မဟုတ်သည့် အလုပ်သမားများနှင့် အစားထိုးလိုက်ခြင်းမှာ အသင်းအဖွဲ့ လွတ်လပ်မှုအပေါ် အလုပ်သမားများ၏ အခွင့်အရေးများအား အခြေခံကျကျ ဖောက်ဖျက်ရာရောက်ကြောင်း ညွှန်ပြရင်း  ဤသို့ပြောဆိုလိုက်သည်။

“သူတို့ရဲ့ အစားထိုးအလုပ်လွှဲပြောင်းတဲ့အစီအစဉ်ဟာ စုတ်ပြတ်နေပါတယ်။ သူတို့ရဲ့ မူရင်း လုပ်နည်းဟာ အလုပ်ဖြုတ်ပစ်လိုက်တဲ့အလုပ်သမားတွေကို ရုရှားနဲ့ယူကရိန်း သင်္ဘောသားတွေနဲ့ အစားထိုးဖို့ဖြစ်တယ်လို့ ဥရောပတစ်ခုလုံးမှာ သတင်းတွေ ပြန့်နေပါတယ်၊” ဟု Moreels က ပြောကြားခဲ့သည်။ “ကျနော်တို့ အခု မြင်တွေ့နေရတာကတော့ Paradise Papers လို့ကျော်ကြားတဲ့ ငွေကြေးစာရွက်စာတမ်း ပေါက်ကြားမှုကြီးနဲ့ အချိတ်အဆက်ရှိတဲ့ ငွေကြေးတရားမဝင် ဆောင်ရွက်တဲ့ ကော်ပိုရေးရှင်းကတစ်ဆင့် နှစ်ပတ်-ကန်ထရိုက်နဲ့ သင်္ဘောသားတွေကို အလုပ်ခန့်ဖို့အတွက် ဖလောင်းဆန်မှုတစ်ရပ်သာ ဖြစ်ပါတယ်။”

၂၀၁၉ ခုနှစ်တွင် DP World ကုမ္ပဏီသည် ကုလသမဂ္ဂ တစ်ကမ္ဘာလုံးဆိုင်ရာ စာချုပ် (UN's Global Compact (UNGC)) ကို လက်မှတ်ထိုး အဖွဲ့ဝင်ခဲ့သည်။ ၎င်း၏ အလုပ်တည်မြဲရေးဆိုင်ရာ ကိုယ်ပိုင် မူဝါဒတွင် ဖော်ပြထားသည်မှာ- "DP World ဟာ ကုလသမဂ္ဂ တစ်ကမ္ဘာလုံးဆိုင်ရာ စာချုပ် (United Nations Global Compact (UNGC)) အဖွဲ့ဝင်ဖြစ်ပြီးတော့ အဖွဲ့ရဲ့ အခြေခံ စည်းမျဥ်း ၁၀ ချက်ဖြစ်တဲ့ လူ့အခွင့်အရေး၊ အလုပ်သမား၊ ပတ်ဝန်းကျင်နဲ့ လာဘ်ပေးလာဘ်ယူအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတွေကို လက်မှတ်ထိုးထားတယ်။ UNGC ကိုလက်မှတ်ထိုးတဲ့အတွက်  DP World ဟာ  မိမိရဲ့ လုပ်ကိုင်ပုံနည်းလမ်းတွေနဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ဒီအခြေခံစည်းမျဥ်းတွေနဲ့ကိုက်ညီအောင်လုပ်ဖို့ တာဝန်ရှိပါတယ်။”

"သူတို့ နှစ်မျိုးလုံး လုပ်လို့မရနိုင်ပါဘူး၊" ဟု အလုပ်သမားများ အငြိမ်းစား ရန်ပုံငွေဆိုင်ရာ ကော်မတီ၏ တွဲဖက် ဥက္ကဌလည်းဖြစ်သူ Crumlin က ပြောကြားခဲ့သည်။ "တစ်မိနစ်မှာ သူတို့ဟာ လူ့အခွင့်အရေးတွေနဲ့ ESG အခြေခံ စည်းမျဥ်းတွေကို ထောက်ခံတယ်လို့ ပြောတယ်၊ နောက်တစ်မိနစ်မှာ အလုပ်သမား ၈၀၀ ကို မိနစ် ၃၀ ကြိုအကြောင်းကြားပြီး အလုပ်ထုတ်ပစ်ကြတယ်။”

မတ်လ ၂၈ ရက်နေ့တွင် ITF သည် P&O သင်္ဘောသားများကိစ္စကို ဒူဘိုင်းမြို့တွင်ကျင်းပမည့် UNGC ဘုတ် အဖွဲ့အစည်းအဝေး၌ တင်ပြပေးမည်ဖြစ်ပြီး ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton က ဤကိစ္စကို ဦးစားပေးကိစ္စတစ်ခုအနေဖြင့် ဆွေးနွေးရန် DP World CEO Sultan Ahmed Bin Sulayem ကို ကမ်းလှမ်းခဲ့သည်။ ရာနှင့်ချီသော သမဂ္ဂများနှင့် ထောင်နှင့်ချီသော အလုပ်သမားများ လက်မှတ်ရေးထိုးထားပြီး Sultan Ahmed bin Sulayem ထံသို့လိပ်မူထားသော တစ်ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်စာ တစ်စောင်ကိုလည်း Cotton က ပေးပို့ပါလိမ့်မည်

"Sultan Ahmed bin Sulayem အနေနဲ့ သူရဲ့ ကုမ္ပဏီအပေါ် နောက်ထပ် ဂုဏ်သိက္ခာ ကျဆင်းမှာကို ရှောင်ကြဉ်ဖို့နဲ့ ဒီအလုပ်သမားတွေရဲ့ အခြေခံ အလုပ်သမား အခွင့်အရေးတွေကို လေးစားပေးဖို့ လုပ်ပါလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်၊” ဟု Crumlin က ပြောကြားခဲ့သည်။

ဇွမ်းမ် (Zoom) တွေ့ဆုံပွဲဖြင့် အလုပ်ထုတ်ပစ်ရာ၌ ဤကိစ္စဟာ “ခိုင်မာတဲ့” ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ ပြောင်းလဲချက်မရှိဘဲ စီးပွားလုပ်ငန်းဟာ“ အောင်မြင်သော စီးပွားလုပ်ငန်းဖြစ်မည် မဟုတ်ကြောင်း P&O Ferries က အလုပ်သမားများအား ပြောကြားခဲ့သည်။

အမှန်စစ်စစ် P&O Ferries' ၏ပိုင်ရှင်ဖြစ်သူ DP World ကုမ္ပဏီသည် ရောဂါကပ်ဘေးကြီးအတွင်း ဝင်ငွေနှင့်အမြတ်အစွန်း မှတ်တမ်းတင်လောက်အောင် ရရှိခဲ့သည်၊ ယမန်နှစ်က ဝင်ငွေ ဒေါ်လာ ၁၀.၈ ဘီလီယံ ($10.8bn) နှင့် အမြတ်ငွေ ဒေါ်လာ ၁.၂ ဘီလီယံ ($1.2bn) ရရှိခြင်းကြောင့် ယခင်နှစ်နှင့်နှိုင်းယှဥ်လျှင် အမြတ်ငွေမှာ ၃၃% ပိုမိုများသည်။ ကုမ္ပဏီသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်းမှာပင် အစုဝင်များအား အစုပေါ်အမြတ် သန်းပေါင်း ၃၇၆.၁ သန်း ($376.1 million) ပေးခဲ့ပြီးဖြစ်သည်။

တိုင်းမ် (The Times) မဂ္ဂဇင်းနှင့် အခြား ရင်းမြစ်များက သတင်းပို့ခဲ့သည်မှာ DP World ကုမ္ပဏီအနေဖြင့် ရောဂါကပ်ဘေးကြီးအတွင်း အစိုးရထံမှ ရရှိခဲ့သည့် ပံ့ပိုးမှုမှာ အရေးပေါ် ရန်ပုံငွေအားဖြင့် ပေါင်စတာလင်ငွေ သန်း ၃၀  (£30 million) ၊ နှင့် အခွန်ထမ်း ပံ့ပိုးပေးထားသည့် နားခွင့် အစီအစဉ်မှတစ်ဆင့်အပါအဝင်ကို DP World ကုမ္ပဏီ၏ ဘဏ်တိုက်ထဲသို့ ရောက်ရှိခဲ့သည်ဟုဆိုသည်။

“တကယ်လို့ ကုမ္ပဏီမှာ အမှန်တကယ် အခက်အခဲဖြစ်ခဲ့တယ်ဆိုရင် ၊ ဖြစ်လည်းမဖြစ်ဘဲ၊ ၎င်းတို့အနေနဲ့ သမဂ္ဂတွေကို ချဥ်းကပ်ခဲ့သင့်ပါတယ်။ ဒီလိုနဲ့ မျှတပြီး သင့်တော်တဲ့ ဆွေးနွေးမှုတွေအတွက် အချိန်ရမှာဖြစ်ပါတယ်၊ ဒီအလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်ဖို့အပြင် P&O Ferries' ရဲ့ ခရီးသည်တွေဟာ မကောင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် အဆင်မပြေ မဖြစ် သို့မဟုတ် အန္တရာယ်မဖြစ်အောင် သေချာပေးစေမှာဖြစ်ပါတယ်၊" ဟု Moreels က ပြောကြားခဲ့သည်။

“စီးပွားရေးအရနှင့် ကျင့်ဝတ်အရ ဒီအခြေအနေဟာ ကျနော်တို့အတွက် လက်မခံနိုင်ပါ - ဒါ့အပြင် အလုပ်ပြုတ်ခဲ့တဲ့ သင်္ဘောသား ၈၀၀ အဖို့ အမှန်တကယ် လက်မခံနိုင်ပါဘူး။ အခွန်ထမ်း ရန်ပုံငွေ ပေါင်စတာလင်ငွေ သန်း ၃၀ (£30 million) ကျော် လက်ခံရရှိတဲ့အပြင် မှတ်တမ်းတင်လောက်အောင် အမြတ်ငွေ ရကြောင်း ကြေညာနေတဲ့ ကုမ္ပဏီဟာ တရားတယ်လို့ ဒီကိစ္စကို ဘယ်လို ပြောနိုင်မှာလဲ။ ဒါမှမဟုတ် ဒီကိစ္စကို ဘယ်လိုလုပ်ပြီး လွတ်ပြေးနိုင်မှာလဲ။

"ရုံးတွင်းစာ တစ်စောင် ပေါက်ကြားခဲ့တာကတော့ အလုပ်သမားတွေကို အလုပ်ထုတ်ပစ်မယ့် P&O Ferries ရဲ့အကြံအစီကို အဆိုပါညတွင်မှာဘဲ ဝန်ကြီးတွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ သူတို့က ဟန့်တာပေးဖို့ ဘာမျှမလုပ်ခဲ့ပါဘူး။ ခေတ်ကြီးကြန့်ကြာနေတဲ့အထိ နိုင်ငံရေး အပေါ်လွှာအရေခြုံတွေက အလုပ်သမားလူတန်းစာကို ခြေချနင်းပြီး ချမ်းသာသူတွေကို ပိုချမ်းသာအောင် လုပ်ပေးနေကြပါတယ်။ ဒီပြဿနာကို စည်းတားထားပါလိမ့်မယ်- အစိုးရတွေ အရေးယူရမှာဖြစ်ပါတယ်၊” Moreels က ပြောကြားခဲ့သည်။

ITF ဥက္ကဌ Paddy Crumlin က ရှင်းရှင်းလင်းလင်း ပြောသည်မှာ- “အလုပ်ပြုတ်သွားတဲ့ အလုပ်သမား ၈၀၀ တွေရဲ့ အကျိုးအတွက် ကုမ္ပဏီနဲ့သမဂ္ဂတွေအကြားမှာ တွေ့ဆုံဆွေးနွေးပွဲကို ဖန်တီးပေးဖို့ ကျနော်တို့  အဆင်သင့်ဖြစ်ပြီး လိုလိုလားလားရှိပါတယ်၊ ဒါပေမဲ့ ဒီအလုပ်သမားတွေရဲ့ အလုပ်တွေကို ကာကွယ်ပေးဖို့လိုအပ်တဲ့အခါမှာ DP World ရဲ့ တစ်ကမ္ဘာလုံး လုပ်ငန်းလည်ပတ်မှုတွေမှာ အဓိပ္ပါယ်ရှိတဲ့ စည်းလုံးညီညွတ်မှုကို ပြသဖို့ကိုလည်း ကျနော်တို့ အဆင်သင့်လုပ်ထားပါမယ်။”

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.