Skip to main content

အာဖရိက သင်္ဘောလုပ်ငန်းသည် ကာဗွန်ဓါတ်ငွေ့ နိမ့်ချသည့် ပြောင်းလဲရေးကို လုပ်နေစဉ် လေထုညစ်ညမ်းမှုကင်းသည့်လုပ်ငန်း ဦးဆောင်သူဖြစ်နိုင်သည်

28 Feb 2023
Press Release

UNGC, ICS, ITF တို့ထံမှ ပူးတွဲ မီဒီယာ ထုတ်ပြန်ချက်

ပင်လယ်ရေကြောင်း မျှတသော ကူးပြောင်းရေး အလုပ်တပ်ဖွဲ့ (Maritime Just Transition Task Force) မှ ကျွမ်းကျင်သူများသည် Accra မြို့၌ ယနေ့တွင် အာဖရိကရှိ ပင်လယ်ရေကြောင်း ခေါင်းဆောင်များအား ပြောကြားလိုက်သည်မှာ သင်္ဘောလုပ်ငန်း လေထုညစ်ညမ်းမှုကင်းရှင်းရေး ကူးပြောင်းရေးမှ မျှော်လင့်ထားသည့် အလုပ်အသစ်များ၏ ဝေစု ကြီးကြီးကျယ်ကျယ်နှင့်တကွ လေ့ကျင့်သင်တန်းပေးရေးများကိုယူရန်  ၎င်းတို့၏ အာဖရိကတိုက်ကို ကောင်းမွန်စွာ နေရာချပေးထားခဲ့သည်ဟုဆိုပါသည်။

Accra, Ghana – တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလုပ်ငန်းမှာ ကာဗွန်လောင်စာ နိမ့်ကျသည့်အဆင့်မှ လုံးဝ ကင်းရှင်းသည့်အဆင့်သို့ ကူးပြေားနေချိန်၌ အာဖရိကသည် သင်္ဘောသားများအား လေ့ကျင့်သင်တန်းပေးခြင်း ပြုရာ၌ ကမ္ဘာ့ဦးဆောင်သူ ဖြစ်လာရန် အခွင့်အလမ်းရရှိမည့်အပြင် ပေါ်ပေါက်လာမည့် လေထု ညစ်ညမ်းမှု ကင်းသည့် အလုပ်အသစ်အမြောက်အမြား ရရှိနိုင်မည်ဟု Accra မြို့တွင် ယနေ့ကျင်းပသည့် လေထုညစ်ညမ်းမှုကင်းသည့် သင်္ဘောလုပ်ငန်း ညီလာခံ (Green Shipping Conference) တွင် တက်ရောက်သူများအား ပြောကြားလိုက်ပါသည်။  

ညီလာခံကို ဂါနာနိုင်ငံ ပင်လယ်ရေကြောင်း အာဏာပိုင် (Ghana Maritime Authority) က ဒိန်းမတ်နိုင်ငံ ပင်လယ်ရေကြောင်း အာဏာပိုင် (Danish Maritime Authority) နှင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့  (UN’s International Maritime Organization (IMO)) တို့နှင့် ဖက်စပ်၍ ဦးစီးဆောင်ရွက်ပေးသည်။ သင်္ဘောလုပ်ငန်း၏ ညွှန်ကြားရေးမှူးချုပ်များ အများအပြား အပါအဝင် အာဖရိကဒေသ တစ်ဝန်းရှိ ပင်လယ်ရေကြောင်း အာဏာပိုင် ၁၇ ခုကို ကိုယ်စားပြုသော ကိုယ်စားလှယ်များ စုဝေးဆုံတွေ့ခဲ့ကြပါသည်။  လူဦးရေ ၁.၃ ဘီလီယံနှင့် စုစုပေါင်း ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု GDP ဒေါ်လာ $3.5 ထရီလီယံအားဖြင့် အာဖရိကသည် ကမ္ဘာ့အကြီးမားဆုံး တိုးတက်နေသည့် စျေးကွက်များအနက် တစ်ခုဖြစ်ပါသည်။

“သင်္ဘောပိုင်ရှင် အများအပြားဟာ ဒီဇိုင်းအသစ်၊ လောင်စာ နောက်တစ်မျိုးနဲ့မောင်းနှင်ပြီး နည်းပညာသစ်တွေ တပ်ဆင်ထားတဲ့ သင်္ဘောတွေကို ဝယ်ယူဖို့ မှာယူနေကြပါတယ်။ ဒီသင်္ဘောသစ်တွေကို ဝယ်ယူဖို့ ပိုပြီးမှာယူလာမှာဖြစ်ပါတယ်။ ဒါပေမဲ့ မေးစရာမေးခွန်းတစ်ခုက ဒီသင်္ဘောတွေကို မောင်းနှင်ပေးမယ့် သင်္ဘောဝန်ထမ်းတွေ ကျွန်တော်တို့မှာ ရှိပါသလား။ အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်းအသင်း တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောပိုင်ရှင်များ အုပ်စုမှာရှိတဲ့ ကုန်သွယ်ရေး မူဝါဒနဲ့ အလုပ်အကိုင် ရေးရာဆိုင်ရာ အကြီးတမ်း မန်နေဂျာဖြစ်သူ Helio Vicente ကမေးမြန်းပါတယ်။

Maritime Just Transition Task Force မှ လုပ်ဆောင်ခိုင်းသည့် သုတေသနက တွေ့ရှိခဲ့သည်မှာ အယောက်ရေ  ရှစ်သိန်း (800,000) မျှများပြားသည့် သင်္ဘောသားများအား ၂၀၃၀ နှစ်များပိုင်း အလယ်လောက်တွင် ထပ်ဆင့် အပို သင်တန်းများ ပို့ချပေးရန် လိုအပ်နိုင်ပါသည်၊ ဇူလိုင်လ၌ ပြင်သစ် သဘောတူစာချုပ်၏ 1.5°C မှန်းချက်နှင့်အညီ ၂၀၅၀ ခုနှစ်မတိုင်မီ သင်္ဘောလုပ်ငန်းအတွက် ကာဗွန်ထုတ်လုပ်မှု လုံးဝ မရှိရန် ဦးတည်ချက်ထားသည်ကို IMO က လက်ခံအတည်ပြုလိုက်ပါက ဟိုက်ဒရိုဂျင်နှင့် အမိုးနီးယားကဲ့သို့သော ကာဗွန်ဓါတ်ငွေ့ နိမ့်ကျမှုအဆင့် သို့မဟုတ် လုံးဝ မထုတ်သည့်အဆင့်ရှိ လောင်စာကို ကိုင်တွယ်ရန် လေ့ကျင့်သင်တန်းများ လိုအပ်နိုင်သည်။

အလုပ်တပ်ဖွဲ့ (The Task Force) ကျွမ်းကျင်သူများက ပြောဆိုသည်မှာ လုပ်ငန်းကဏ္ဍအနေဖြင့် ကာဗွန်လေထုညစ်ညမ်းမှုကို လျှော့ချပြီး ဓါတ်ဆီ၊ ဒီဇယ်ဆီများမှ ဇူလိုင် ဆုံးဖြတ်ချက်နှင့်အညီ ကာဗွန်ဓါတ်ငွေ့ နိမ့်ကျအဆင့်မှ လုံးဝ မထုတ်သည့်အဆင့်ရှိသည့် လောင်စာနောက်တစ်မျိုးကို အသုံးပြုသည့်အလျှောက် လေ့ကျင့်သင်တန်းနှင့် ပင်လယ်ရေကြောင်း အလုပ် အခွင့်အလမ်းများ တိုးပွားလာမည်ဖြစ်သည်ဟု ဆိုပါသည်။

ညီလာခံ ကိုယ်စားလှယ်များအား မိန့်ခွန်းပြောရင်း Vicente က ပြောကြားခဲ့သည်မှာ၊ “အရာရှိဦးရေဟာ လျှော့ကျလာခဲ့ပါပြီ၊ ၂၀၂၆ ခုနှစ် မတိုင်မီ နောက်ထပ် အရာရှိဦးရေ ကိုးသောင်း (90,000) နီးပါး လိုအပ်မှာဖြစ်ပါတယ်။ အာဖရိကအနေနဲ့ ဒီလိုအပ်တဲ့ သင်္ဘောသားတွေမကဘဲ ပိုပြီးတော့ ကမ္ဘာကို ဖြည့်ဆည်းပေးဖို့နဲ့ ကူညီပေးဖို့၊ အနာဂတ်အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို လေ့ကျင့်ပေးဖို့ အခွင့်အလမ်းတွေ ရမှာဖြစ်ပါတယ်။” သူက ပြောကြားခဲ့သည်မှာ သင်္ဘောသား လေ့ကျင့်ရေးအတွက် ကောင်းမြတ်သော ပင်လယ်ရေကြောင်း၏ အနာဂတ် တစ်ကမ္ဘာလုံးဆိုင်ရာ ဌာနကို အာဖရိကတွင် အခြေပြုနိုင်မည်ဖြစ်ပါသည်၊ ဒေသတစ်ခွင်အတွက် အလုပ် ပိုမိုအများအပြားနှင့်တကွ ပိုမိုကျယ်ပြန့်သည့် ကောင်းကျိုးများကို ယူဆောင်ပေးလာမည်ဖြစ်ပါသည်ဟုဆိုပါသည်။

“အာဖရိကအနေနဲ့ ဒီသင်္ဘောလုပ်ငန်း ပြောင်းလဲမှုရဲ့ နည်းဗျူဟာကျတဲ့ အခွင့်အလမ်းတွေကို တိုးပွားပေးနိုင်ပါတယ်။ ဒါပေမဲ ကျွန်တော်တို့ရဲ့ အကြံဉာဏ်က သင်တို့အနေနဲ့ အခုဒီနေ့ လှုပ်ရှားဖို့ လိုပါတယ်။”

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) အာဖရိက ဒေသပိုင်း အတွင်းရေးမှူးဖြစ်သူ Mohammed Dauda Safiyanu က ပြောကြားခဲ့သည်မှာ “သယ်ယူပို့ဆောင်ရေး ကဏ္ဍအပိုင်းမှာလိုဘဲ သင်္ဘောလုပ်ငန်းမှာ ကာဗွန်ဓါတ်ငွေ့ လျှော့ပါးရေးဟာ Just Transition နဲ့သာ သူ့ရဲ့လူတွေအတွက် အောင်မြင်ပါလိမ့်မယ်။” ဟုဆိုပါသည်။

ITF အာဖရိက ဒေသပိုင်း အတွင်းရေးမှူးဖြစ်သူ Mohammed Dauda Safiyanu | (Credit: ITF)

“ကျွန်တော်တို့ရဲ့ ဒေသ အာဖရိကဟာ အနာဂတ်ရဲ့ လုပ်သားအင်အားထု ဖွံ့ဖြိုးရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပြီး ကျွန်တော်တို့ရဲ့ အာဖရိက သင်္ဘောသားတွေဟာ အရည်အသွေး ကောင်းမွန်တဲ့ အလုပ်တွေနဲ့ အသေအချာ ပံ့ပိုးခံရမှာကိုလည်း သေချာစေရမှာဖြစ်ပါတယ်။ ဒီကူးပြောင်းရေးနဲ့ပတ်သက်ပြီး ရင်းနှီးဖို့အတွက် ကျွန်တော်တို့တွေဟာ အစိုးရတွေ၊ အလုပ်ရှင်တွေနဲ့ အလုပ်သမား သမဂ္ဂတွေ အတူတကွပါဝင်နေတဲ့ ဘက်အားလုံးကို စတင်ခေါ်ဆောင်ဖို့လိုအပ်ပါတယ်၊ အမျိုးမျိုးဖြစ်တဲ့ လေ့ကျင့်သင်တန်း၊ ကျန်းမာရေးနှင့် ဘေးကင်းရေးအပြင် ရင်းနှီးမြှုပ်နှံမှုကိစ္စတွေကို ညှိနှိုင်းဖို့ဖြစ်ပါတယ်။ ITF အနေနဲ့ အာဖရိက အောင်မြင်ဖို့ မြင်တွေ့လိုပြီး ကျွန်တော်တို့ အာဖရိကတိုက်ရဲ့ သင်္ဘောသားတွေ အောင်မြင်တာကို မြင်တွေ့လိုပါတယ်။ သင်္ဘောသားတွေဟာ ကမ္ဘာကြီးကို လှုပ်ရှားပေးပါတယ်၊” ဟု Safiyanu က ပြောကြားခဲ့သည်။

ပင်လယ်ရေကြောင်း ကထိကနှင့် သင်္ဘောသားဖြစ်သူ သင်္ဘောမာလိန်းမှူး Catherine Haizel က ပြောကြားခဲ့သည်မှာ-“အစိုးရတွေနဲ့ အလုပ်ရှင်တွေဟာ ပင်လယ်ပြင်မှာ ကျွန်တော်တို့ ဘာလိုအပ်တယ်ဆိုတဲ့ အကြောင်းကို အမျိုးသမီး သင်္ဘောသားတွေဆီက နားထောင်ဖို့လိုပါတယ်။ သင်္ဘောသား အဖြစ်နဲ့ ပင်လယ်ရေကြောင်း လေ့လာမှုများရဲ့ သင်ကြားပို့ချသူအဖြစ် နှစ်ပေါင်းများစွာအရ ကျွန်မ သိနေတာကတော့ အရည်အသွေးရှိတဲ့ လေ့ကျင့်သင်တန်း၊ အခြေအနေတွေနဲ့ ကောင်းကျိုးတွေဟာ တစ်မူထူးခြား ဖြစ်ပေါ်ကြပါတယ်။ ကျွန်မတို့ရဲ့ လုပ်ငန်းကဏ္ဍကို တိုးတက်အောင်လုပ်ဖို့  Just Transition အတွက် ကြီးမားတဲ့ အလားအလာတွေကို မြင်ရတဲ့အတွက်ကြောင့်မို့ ကျွန်မတို့အနေနဲ့ အမျိုးသမီးတွေကို ပိုမို ဆွဲဆောင်နိုင်မှာဖြစ်သလို အာဖရိက သင်္ဘောသားတွေကို ပိုမို ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။”

ဂါနာနိုင်ငံအတွက် ITF စိစစ်ရေးမှူးဖြစ်သူ  Captain Catherine Haizel | (Credit: ITF)

သင်္ဘောမာလိန်မှူး Haizel သည် ဂါနာနိုင်ငံအတွက် ITF စိစစ်ရေးမှူးလည်း ဖြစ်သည်။ သူမသည် ဂါနာနိုင်ငံရှိ ဒေသတွင်း ပင်လယ်ရေကြောင်း တက္ကသိုလ် (Regional Maritime University) ၌ ကထိက တစ်ဦးဖြစ်ပြီး ဂါနာနိုင်ငံ ကုန်သွယ်ရေးကြောင်း အရာရှိများ အသင်း (Ghana Merchant Navy Officers’ Association) ၏ အဖွဲ့ဝင် တစ်ဦးဖြစ်ပါသည်။

သမုဒ္ဒရာ၊  UN Global Compact ၊ အထူး အကြံပေးဖြစ်သူ Sturla Henriksen ကပြောကြားခဲ့သည်မှာ - “လေထုညစ်ညမ်းမှု-နိမ့်တဲ့ တစ်ကမ္ဘာလုံးရဲ့စီးပွားရေးစနစ်ဆီ ရွှေ့လျားဖို့ဆိုတာက ကဏ္ဍအပိုင်းအခြား တစ်ခုလုံးမှာ သန်းပေါင်း ဆယ်ဂဏန်းနဲ့ချီပြီး အရည်အသွေးမြင့်တဲ့ လေထုညစ်ညမ်းမှုကင်းတဲ့ အလုပ်အသစ် တွေ ဖန်တီးရပါလိမ့်မယ်။ Just Transition မှသေချာအောင်လုပ်ပေးတဲ့ လေထုညစ်ညမ်းမှုကင်းတဲ့ စီးပွားရေးမှ တစ်ဆင့် အာဖရိကမှာ အနာဂတ်ရဲ့ လေထုညစ်ညမ်းမှုကင်းတဲ့ အလုပ်တွေအပေါ် ရင်းနှီးမြှုပ်နှံမယ့် အခွင့်အလမ်းရရှိမှာဖြစ်ပါတယ်။ အစိုးရတွေဟာ ယခု ဒီနွေရာသီမှာ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့ထံ လာရောက်ပြီးတော့ ပါရီစာချုပ် (Paris Agreement) ရဲ့ 1.5ºC ကိုရရှိဖို့ ၂၀၃၀ ခုနှစ်နှင့် ၂၀၄၀ ခုနှစ်တွေရဲ့ လျှာထားချက်တွေကို တောင့်ခံပေးထားခြင်းနဲ့အတူ ၂၀၅၀ ခုနှစ်မတိုင်မီ ရည်မှန်းထားတဲ့ ကာဗွန်ဓါတ်ငွေ့ လျှော့ပါးရေးကို ထုတ်လုပ်မှု လုံးဝ ကင်းစင်ရေးနှင့်ပတ်သက်ပြီး ညှိနှိုင်းရမှာဖြစ်ပါတယ်။ ဒါဆိုရင် အနာဂတ် လေထုညစ်ညမ်းမှုကင်းတဲ့ အလုပ်တွေကို ပံ့ပိုးဖို့ သင်္ဘောသား လေ့ကျင့်သင်တန်းပို့ချရေးနှင့် ကျွမ်းကျင်မှုတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့်ပေးရာရောက်ပါလိမ့်မယ်။ လေထုညစ်ညမ်းမှုကင်းတဲ့ အလုပ်ကို ဖန်တီးဖို့ဆိုတာ အသေးစား စီးပွားလုပ်ငန်းတွေနဲ့ အလယ်အလတ် စီးပွားလုပ်ငန်းတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နိုင်ပါတယ်၊ ပြီးတော့ UN Global Compact Africa Strategy က လုပ်ဆောင်ဖို့အတွက် တည်တံ့ခိုင်မြဲမယ့် လမ်းပြမြေပုံကို ရေးဆွဲပေးထားပါတယ်။”

အလုပ်တပ်ဖွဲ့ (The Task Force) အနေဖြင့်  ရည်မှန်းထားသည့် သဘောတူညီမှု ရရှိရန်နှင့် အနာဂတ်၏ လေထုညစ်ညမ်းမှုကင်းသော အလုပ်များကို ဖော်ထုတ်ရန်အတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှု ဖွင့်ပေးရန် အရေးကြီးသော အချိန်အခါအဖြစ် ဇူလိုင်လတွင်မျှော်လင့်ပါသည်။


ပြီးပြီ။

တည်းဖြတ်သူများသို့ အမှာစာ-

Maritime Just Transition Task Force အကြောင်း

ပင်လယ်ရေကြောင်း မျှတသော ကူးပြောင်းရေး အလုပ်တပ်ဖွဲ့ (Maritime Just Transition Task Force) ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ၌ COP26 အတွင်း အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း (International Chamber of Shipping (ICS))၊ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF))၊ ကုလသမဂ္ဂ တစ်ကမ္ဘာလုံးဆိုင်ရာ တာဝန်ရှိရှိလုပ်ငန်းလုပ်ကိုင်မှု စာချုပ်အဖွဲ့ (the United Nations Global Compact)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့  (International Labour Organization (ILO)) နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့ (International Maritime Organization (IMO)) တို့က တည်ထောင်ဖွဲ့စည်းခဲ့သည်။ အလုပ်တပ်ဖွဲ့ (The Task Force) သည် သင်္ဘောလုပ်ငန်းကဏ္ဍ၏ မျှတပြီး လူသားကို အလေးထားသော ကာဗွန်ဓါတ်ငွေ့ လျှော့ပါးရေးဆီသို့ ပံ့ပိုးပေးရန် ရည်မှန်းထားသည်။ အလုပ်တပ်ဖွဲ့ (The Task Force) သည် အဓိက ရန်ပုံငွေပံ့ပိုးပေးသူဖြစ်သည့်  Lloyd’s Register Foundation, နှင့် ၎င်း၏ အစီအစဉ် ဖက်စပ်လုပ်ကိုင်ပေးသူ  Singapore Maritime Foundation တို့အား အထူးကျေးဇူးတင်ရှိပါသည်။ ပင်လယ်ရေကြောင်း မျှတသော ကူးပြောင်းရေး အလုပ်တပ်ဖွဲ့ (Maritime Just Transition Task Force) နှင့်ပတ်သက်သည့် အချက်အလက်အပိုကို ကုလသမဂ္ဂ တစ်ကမ္ဘာလုံးဆိုင်ရာ တာဝန်ရှိရှိ လုပ်ငန်းလုပ်ကိုင်မှု စာချုပ်အဖွဲ့ (UN Global Compact)  ဝက်ဘ်ဆိုက် ၊ အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း (International Chamber of shipping) ၏ ဝက်ဘ်ဆိုက် နှင့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation) ဝက်ဘ်ဆိုက် တို့တွင် တွေ့ရှိနိုင်ပါသည်။

ဖက်စပ်သူများ အကြောင်း

Un Global Compact (ကုလသမဂ္ဂ တစ်ကမ္ဘာလုံးဆိုင်ရာ တာဝန်ရှိရှိ လုပ်ငန်းလုပ်ကိုင်မှု စာချုပ်အဖွဲ့) အကြောင်း
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူး ကနဦးလုပ်ဆောင်ချက်အဖြစ် ကုလသမဂ္ဂ တစ်ကမ္ဘာလုံးဆိုင်ရာ တာဝန်ရှိရှိ လုပ်ငန်းလုပ်ကိုင်မှု စာချုပ်အဖွဲ့ (United Nations Global Compact) သည် နေရာတိုင်းတွင်ရှိနေသည့် ကုမ္ပဏီများအား ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများနှင့် နည်းဗျူဟာများကို လူ့အခွင့်အရေးများ၊ အလုပ်သမား၊ ပတ်ဝန်းကျင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး နယ်ပယ်များ၌ အခြေခံမူ ၁၀ ချက်နှင့်အညီ တစ်သားတည်းဖြစ်စေရန် လှုံ့ဆော်မှုတစ်ရပ်ဖြစ်သည်။ နိုင်ငံပေါင်း ၁၆၀ ကျော်တွင် အခြေစိုက်သည့် ကုမ္ပဏီပေါင်း တစ်သောင်းခုနှစ်ထောင် (၁၇ ၀၀၀) ကျော်နှင့် ကုမ္ပဏီ မဟုတ်သည့် ပါဝင်သူ သုံးထောင်ရှစ်ရာ (၃ ၈၀၀) ကျော် တို့ဖြင့်၊ အဖွဲ့သည် ကမ္ဘာပေါ်၌ အကြီးမားဆုံး တည်တံ့ခိုင်မြဲနေမည့် ဖွဲ့စည်းထားသော ကနဦးလုပ်ဆောင်ချက်ဖြစ်ပါသည်။

ITF အကြောင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာကို ရွှေ့လျားပေးနေသော အမျိုးသမီး အမျိုးသား သန်းပေါင်း ၂၀ ကျော်နီးပါးတို့၏ ပြောဆိုသံဖြစ်သည်၊ ပြည်တွင်းကုန်သွယ်ရေးနှင့် အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်းတွင် လုပ်ကိုင်နေသော သင်္ဘောသား တစ်သန်းကျော်တို့ အပါအဝင်ဖြစ်ပါသည်။

ICS အကြောင်း

အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ (The International Chamber of Shipping (ICS)) သည် ကုန်ကူးသန်းသည့် သင်္ဘောပိုင်ရှင်များနှင့် လုပ်ငန်းလုပ်ကိုင်သူများအတွက် အဓိက အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး အသင်းအဖွဲ့ဖြစ်သည်၊ အားလုံးသော လုပ်ငန်းကဏ္ဍများနှင့် ကုန်သွယ်ရေးများနှင့်တကွ ကမ္ဘာ့ကုန်သွယ် သင်္ဘောများ၏ 80% ကျော်ကို ကိုယ်စားပြုလျက်ရှိပါသည်။

မျက်နှာဖုံး ပုံရိပ် ကရက်ဒစ်- South African Maritime Safety Authority

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.