Skip to main content

SIU သည် ဦးဆောင်မှု အပြောင်းအလဲနှင့်တကွ ဆက်လက်ရပ်တည်နေပြီး ရှေ့ဆက် ရင်ဆိုင်ရမည့် စိန်ခေါ်မှုအသစ်များကို နှစ်ခြိုက်နေ

28 Feb 2023
Press Release

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သည် အငြိမ်းစားယူလိုက်သည့်  မြောက်အမေရိကရှိ အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများ သမဂ္ဂ (Seafarers International Union (SIU)) ဥက္ကဌဖြစ်သူ  Michael Sacco နှင့် SIU ၏ ဥက္ကဌအသစ်အဖြစ် တစ်ညီတစ်ညွတ်တည်း ထောက်ခံမှုရရှိသူ David Heindel တို့အား ဂုဏ်ပြုလိုက်ပါသည်။

မြောက်အမေရိကတိုက်၏ အရှေ့ဖျား အပေါ်ပိုင်းနှင့်အောက်ပိုင်း၊ ပင်လယ်ကွေ့နှင့် အနောက်ဖက်ကမ်းခြေ၊ ကာရီဘီးယမ်းနှင့် အမေရိကတိုက်အလယ်ပိုင်း ဒေသတို့ရှိ ကုန်သွယ်ရေးဆိုင်ရာ ပင်လယ်ရေကြောင်း သင်္ဘောသားများ၊ ငါးဖမ်းသမားများနှင့် ပြည်တွင်း ရေကြောင်းပြ လုပ်သားများ အယောက်ရေ ရှစ်သောင်း (၈၀ ၀၀၀) ကျော်ကို ကိုယ်စားပြုထားသည့် ကိုယ်ပိုင်စီမံခွင့်ရှိသည့် အလုပ်သမား သမဂ္ဂ အဖွဲ့ ၁၂ ဖွဲ့ကို စုစည်းထားသော အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများ အဖွဲ့ချုပ် (Seafarers International Union (SIU)) ၏ ဥက္ကဌအဖြစ် Michael Sacco သည် အငြိမ်းစားယူလိုက်ပြီးဖြစ်ပါသည်။ သူသည် အသက် ၈၆ နှစ်ပြည့်မွေးနေ့၌ အဆိုပါ ဥက္ကဌတာဝန်တွင် ၃၅ နှစ် ဆောင်ရွက်ပြီးနောက် အနားယူလိုက်ပါသည်။

ITF သင်္ဘောသားများ ဌာန အကြီးအကဲဖြစ်သူ David Heindel ကို ၁၉၉၇ ခုနှစ်မှစ၍ SIU ၏ ဘဏ္ဍရေး ဆိုင်ရာ-အတွင်းရေးမှူးအဖြစ် လုပ်ငန်းတာဝန်များ ထမ်းဆောင်ခဲ့ပြီးနောက် ဥက္ကဌ အသစ်အဖြစ် တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့ကြသည်။

“ကျနော်တို့အနေနဲ့ Michael အပေါ်မှာ သူ့ရဲ့ အထူးကောင်းမွန်တဲ့ SIU ဦးဆောင်မှုနဲ့တကွ တစ်ကမ္ဘာလုံး မှာရှိတဲ့ သင်္ဘောသားတွေကို ရှေ့ဆုံးကနေပြီး ကာကွယ်ပေးတဲ့ သူ့အလုပ်အတွက် အလွန့်အလွန်ကို ကျေးဇူးတင်ရှိပါတယ်၊” ဟု Paddy Crumlin, ITF ဥက္ကဌက ပြောကြားလိုက်ပါသည်။ “Jones Act ကိုကာကွယ်ပေးဖို့ သူ့ရဲ့ ဆောင်ရွက်ချက်နဲ့ သန္နိဌာန် အပြင် သြစတြေးလျနိုင်ငံမှာ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး  cabotage in Australia ထူထောင်ပေးဖို့နှင့် ကမ္ဘာတစ်ဝန်းမှာ ထူထောင်ပေးဖို့ ကျွန်တော်တို့ကို ကူညီပေးတဲ့နေရာမှာ သူ့ရဲ့ တစ်သမတ်တည်း ပံ့ပိုးမှုတွေဟာဆိုရင် ဘယ်တော့မှ မှေးမိန်သွားမှာ မဟုတ်ပါဘူး။”


Sacco ၏ ဦးဆောင်မှုအောက်တွင် စည်းလုံးညီညွတ်မှုကို တည်ဆောက်ခဲ့

Sacco သည် SIU သမဂ္ဂအား မည်သည့်အခါနှင့်မျှ မတူအောင် ပိုမိုတောင့်တင်းခိုင်မာ၊ ပိုမို သန္နဌာန်ချ၊ ပိုမိုအလေးထားခဲ့ပြီး အနားယူသွားပါသည်။ သူသည် လုပ်ခပြဿနာများစွာ၊ တစ်ကမ္ဘာလုံးဆိုင်ရာ ဖိအားပေးမှုများစွာနှင့် ကိုဗစ်-၁၉ အတင်းအကျပ်များကို ဖြတ်ကျော်ပြီး လမ်းညွှန်ပေးခဲ့သည်၊ အလုပ်သမားများကို ခေါင်းပုံဖြတ်ရန် ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များကို လက်ဝါးကြီးအုပ်မည့် အလုပ်ရှင်များအား တန်ပြန်ရန် ရင်ဆိုင်ရန် ဒေသတွင်းရှိ သမဂ္ဂ စည်းလုံးညီညွတ်ရေးကို တည်ဆောင်ပေးခြင်းအားဖြင့် ဆောင်ရွက်ခဲ့ပါသည်။

“Dave အနေနဲ့ တက်မကိုကိုင်ပြီး ဦးဆောင်မယ့် တောင့်တင်းပြီး အတွေ့အကြုံရင့်ကျက်တဲ့ ဦးဆောင်မှု ပုံစံမျိုးနဲ့အတူ SIU ဟာ နောင်လာနောက်သား မျိုးဆက်သစ် အဆက်ဆက်အထိ ဆက်လက် ရပ်တည်သွားမှာဆိုတဲ့ သတင်း ကြားရတာ အလွန်ကောင်းပါတယ်၊” ဟု Crumlin က ပြောကြားခဲ့ပါသည်။ “ကျနော့်ဟာ Dave နဲ့ နှစ်ပေါင်းများစွာ နီးနီးကပ်ကပ် အတူအလုပ်လုပ်ခဲ့ပြီး သူဟာ ရဲစွမ်းသတ္တိနဲ့ သန္နိဌာန် အခိုင်အမာရှိတဲ့ အလုပ်သမား သမဂ္ဂ ဦးဆောင်သူ၊ အလံငှါးနိုင်ငံ လှုံ့ဆော်မှုမှဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းဖြစ်စေ ဒါမှမဟုတ် ITF ရဲ့ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဖြစ်စေတို့မှ တစ်ဆင့် နေရာတိုင်းမှာရှိတဲ့ ပင်လယ်ရေကြောင်းနှင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေအတွက် အသားကျနေပြီ ဖြစ်တဲ့ တော်လှန်ရေးသမားအဖြစ် တည်ရှိတယ်ဆိုတာ ကျနော်သိပါတယ်။ သင်္ဘောသားများ ယုံမှတ်အပ်နှံအဖွဲ့ ဥက္ကဌအဖြစ် ပင်လယ်ရေကြောင်း အလုပ်သမား အားလုံးအတွက် သူ့ရဲ့ပံ့ပိုးမှုဟာ အကြီးအကျယ်အထိ ရောက်ရှိပြီးထိရောက်မှု ရှိပါတယ်။”

Heindel သည် Piney Point, Maryland တွင်ရှိသည့် လေ့ကျင့်ရေးကျောင်းမှ ပညာဆုံးခန်းပြီးနောက် သူ၏ သမဂ္ဂအလုပ်ကို ၁၉၇၃ ခုနှစ်တွင် စတင်လုပ်ခဲ့သည်။ သူသည် သူ၏မွေးရပ်နယ်မြေ New Orleans တွင် ကင်းလှည့်သမားအဖြစ် မလုပ်ကိုင်မီ နှစ်ပေါင်းအတော်ကြာ ကုန်သင်္ဘောပေါ်တွင် အင်ဂျင်နီယာ တစ်ဦးဖြစ်ခဲ့ပြီးနောက် Philadelphia တွင် ဆိပ်ကမ်း ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သည်။ ၎င်းအချိန်မှစ၍ သူသည် မြောက်အမေရိကနှင့် အပြည်ပြည်ဆိုင်ရာအားဖြင့် သမဂ္ဂ လှုပ်ရှားမှု၌ အကြီးတမ်း တာဝန်ယူရတဲ့ အခန်းကဏ္ဍများစွာကို ကိုင်စွဲခဲ့ပါသည်။


Heindel သည် ဆက်လက်၍ ရုန်းကန်နေရဆဲဖြစ်သည်

“ITF မှာရှိတဲ့ ကျွန်တော်တို့အားလုံးဟာ Dave အပေါ် သူ့ရဲ့ တာဝန်အသစ်ကို သူလက်ခံယူတဲ့ အလျှောက် အလွန်အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်၊” ဟု Stephen Cotton, ITF အထွေထွေ အတွင်းရေးမှူးက ပြောကြားခဲ့သည်။ “သူဟာ မမောမပန်းစွာနဲ့ဘဲ အမေရိကန်ပြည်ထောင်စု ပြည်တွင်း လုံခြုံရေးဌာန (US Department of Homeland Security)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့  (International Labour Organization)၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့ (International Maritime Organization) နှင့် လုပ်ကိုင်ပေးခဲ့ပါတယ်၊ သင်္ဘောသားတွေရဲ့ အခွင့်အရေးတွေ၊ လုပ်ခတွေ၊ နဲ့ အလုပ်လုပ်ကိုင်ရာ အခြေအနေတွေ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တိုးတက်စေဖို့ အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းရေး ဟစ်တိုင်အဖွဲ့ (International Bargaining Forum) နဲ့အပြင် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်သမားများ ကောင်စီ (International Maritime Employers' Council) တို့မှတစ်ဆင့် ဆွေးနွေးညှိနှိုင်းမှုများကို ဦးဆောင်ပေးရင်း လုပ်ခဲ့ပါတယ်။”

“Dave ဟာ သင်္ဘောသားတွေအနေနဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ဦးဆောင်ပြီး ဖြေရှင်းပေးနေရပါတယ်၊ အပြည်ပြည်ဆိုင်ရာ သင်္ဘောပိုင်ရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပွဲတွေ လုပ်ပေးတာကအစ ရာသီဥတု အပြောင်းအလဲ ကိုရင်ဆိုင်တွန်းလှန်ပေးရတာကအဆုံး အလုပ်သမားတွေ အတွက် တရားမျှတမှုရဖို့နည်းလမ်းနဲ့ လုပ်ပေးရပါတယ်။ ITF မှာ ကျွန်တော်တို့တတွေဟာ သူ့အနေနဲ့ အဲ့ဒီအခက်အခဲတွေကို ဆက်လက် တွန်းလှန်ပါလိမ့်မယ်လို့ သိရှိကြပါတယ်။”
 
Heindel ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် United Seamen’s Service Admiral of the Ocean Sea (AOTOS) ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်ခဲ့ပါသည်၊ ကမ္ဘာအနှံ့ရှိ သင်္ဘောသားများအတွက် SIU နှင့် ITF တွင် သူ၏ အလုပ်ကို အသိအမှတ်ပြုသည့်အနေဖြင့် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

Jacqueline Smith, ITF ၏ ပင်လယ်ရေကြောင်း ညှိနှိုင်းရေးမှူးဖြစ်သူက ဂုဏ်ပြုမိန့်ခွန်းတွင် သူမ၏ ပြောဆိုသံကို ဖြည့်စွက်ခဲ့သည်-

“သင်္ဘောသားတွေနဲ့ အခြားပင်လယ်ရေကြောင်း အလုပ်သမားတွေကို ကာကွယ်ပေးဖို့အတွက် Dave ရဲ့ စိတ်ထက်သန်မှုဟာ သူ့ကို အလွန်ကောင်းမွန်တဲ့ SIU ဥက္ကဌ ဖြစ်ဖို့ လမ်းခင်းပေးမှာဖြစ်ပါတယ်။ Mike နဲ့ Dave တို့ရဲ့  ကြိုးကြိုးစားစားလုပ်ပေးတဲ့ ကျယ်ကျယ်ပြန့်ပြန့် သမဂ္ဂ လှုပ်ရှားမှုရဲ့ ခက်ခဲတဲ့အလုပ်အတွက် ကျေးဇူးတင်ပါတယ်၊ Dave ရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်မတို့အနေနဲ့ မြင့်မားတဲ့ အောင်မြင်မှု အသစ်တွေဆီကို ရောက်ဖို့ လုပ်နိုင်မယ်လို့ ကျွန်မ သိပါတယ်။”

SIU ၏ Great Lakes နယ်မြေနှင့် ပြည်တွင်း ရေကြောင်း ကဏ္ဍတွင် ဘဏ္ဍာရေးဆိုင်ရာ-အတွင်းရေးမှူးနှင့် ဒု-ဥက္ကဌအဖြစ် အသီးသီးခန့်အပ်ခံရသော Tom Orzechowski နှင့် Bryan Powell တို့ကိုလည်း ITF ဂုဏ်ပြုဝမ်းမြောက်ကြောင်း ပြောကြားလိုက်ပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.