Skip to main content

ILWU, ITF သည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ် (WA) ရှိ Tacoma ဆိပ်ကမ်းတွင် မြန်မာ သင်္ဘောသားများ၏ လုပ်ခများ ပြန်ရရှိရေးနှင့် ဘေးကင်းလုံခြုံရေးကို ကူညီပေး

28 Feb 2023
Press Release

Tacoma, WA — အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers Federation (ITF)) မှ စိစစ်ရေးမှူး Puget Sound ၏ အရေးယူလုပ်ဆောင်ချက် များမှာ အပြည်ပြည်ဆိုင်ရာ ကမ်းခြေနှင့် သိုလှောင်ရုံ သမဂ္ဂ ဒေသခံ ၂၃ (International Longshore and Warehouse Union (ILWU) Local 23) ထံမှ ပံ့ပိုးမှုအားဖြင့် လုပ်ခ အလွန်တရာ နိမ့်ချပေးခံရသည့် အပြင် သင်္ဘောသားများ၏ အခွင့်အရေးများအတွက် ရပ်တည်ပေးနေခြင်းကြောင့် သင်္ဘောသားများ၏ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်ခံရခြင်းအား ကြောက်ရွံ့နေကြသည့် ထိလွယ်ခိုက်လွယ် သင်္ဘောသားများအုပ်စုကို ကာကွယ်ပေးရန် ကူညီပေးခဲ့သည်။

ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် Tacoma ဆိပ်ကမ်းရှိ ပြည်ပပို့ စပါး ဂျုံ ကုန်တင်တစ်နေရာ၌ သင်္ဘောကုန်တင် နေသည့် ပင်လယ်ကူး စပါး ဂျုံတင်သင်္ဘော ASL Uranus (IMO: 9317511) သင်္ဘောပေါ်ရှိ သင်္ဘောသားများသည် ၎င်းတို့ လုပ်ခ အတိအကျ မရရှိခဲ့ကြောင်း တင်ပြရန်  ITF စိစစ်ရေးမှူးဖြစ်သူ Jeff Engels ကို ဆက်သွယ်ခဲ့သည်။ သင်္ဘောသားများဖြစ်သည့် ဗီယက်နမ်၊ တရုတ် နှင့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ အခြေစိုက်သော သင်္ဘောသား အေဂျင်စီရုံးဖြစ်သည့် တတိယ-ပုဂ္ဂိုလ်က အလုပ်ခန့်ထားခဲ့သည်။ ထိုသင်္ဘောကို တရုတ်နိုင်ငံတွင် အခြေစိုက်သည့် ကုမ္ပဏီဖြစ်ပြီး Liberia နိုင်ငံတွင် သင်္ဘောမှတ်ပုံတင်ထားကာ Agricore Group ကပိုင်ဆိုင်သည်။

Engels သည် သင်္ဘောသားများအတွက် ယခင် ကျန်ရှိနေသေးသော လုပ်ခများကို ပြန်ရရန် သင်္ဘောပိုင်ရှင် နှင့် သင်္ဘောကိုယ်စားလှယ်ကို ဆက်သွယ်ခဲ့ပြီး၊ ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် မတော်တလျော် သိမ်းဆည်း ထားသည့် လုပ်ခများကို ပြန်ပေးရန် ကုမ္ပဏီက သဘောတူညီခဲ့သည်။ Engels က ပြောကြားခဲ့သည်မှာ ၎င်းတို့၏ လုပ်ခ မရရှိမီ သင်္ဘောသားများက ITF ကို သတင်းပို့ခဲ့သည်မှာ ၎င်းတို့၏ မိသားစုများကို သင်္ဘောကုမ္ပဏီနှင့် ငှါးရမ်းသည့်ကိုယ်စားများက ဆက်သွယ်ခဲ့ကာ ၎င်းတို့အနေဖြင့် “ငွေပြန်ပေးရန်” လိုအပ်သည်ဟု ၎င်းတို့ကို ပြောခဲ့သည်ဟု ဆိုပါသည်။

သင်္ဘောကိုယ်စားလှယ်သည် ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် ငွေသား ဒေါ်လာ $73,458 ကို သင်္ဘောပေါ် ယူဆောင်လာပြီး သင်္ဘောသား 15 ဦးအား ပေးခဲ့သည်။ ကာကွယ်မှုတစ်ရပ်အနေဖြင့် သင်္ဘောမာလိန်မှူးသည် မြွက်ဟကြေညာလွှာတစ်စောင်ကို လက်မှတ်ထိုးခဲ့သည်၊ သင်္ဘောသားများနှင့် ၎င်းတို့၏ မိသားစုများကို ၎င်းတို့ရရန်ရှိသည့် လုပ်ခနှုန်းရရန် ၎င်းတို့၏ အခြေခံ အခွင့်အရေး တောင်းဆိုသည့်အတွက် နာမည်ပျက် စာရင်း မထည့်သွင်းရန်၊ အနှောင့်အယှက်မပေးရန်၊ အနိုင်မကျင့်ရန် သို့မဟုတ် မခြိမ်းခြောက်ရန် သဘောတူပေးခြင်း၊ ၎င်းတို့၏ အန္တရာယ်ကင်းသော ခရီးလမ်းကြောင်းကို အာမခံခြင်း၊ နှင့် နောက်တစ်ကြိမ် ဆိုက်ကပ်မည့် ဆိပ်ကမ်း၌ သင်္ဘောသားများအား အိမ်ပြန်ပို့ပေးရန် ကတိပြုခြင်းတို့ကို သဘောတူသည့် မြွက်ဟကြေညာချက်ဖြစ်သည်။ ငွေပေးခြင်းနှင့် မြွက်ဟကြေညာချက်ကို စပါး ဂျုံ ပြည်ပပို့ ကုန်တင်နေရာမှ ITF နှင့် စီမံရေး ကိုယ်စားလှယ်များက သက်သေအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

ITF စိစစ်ရေးမှူး Jeff Engles နှင့် ကျေးဇူးတင်နေကြသော ASL Uranus သင်္ဘောသားများ| (Credit: ITF/ILWU)

ဤသို့အာမခံထားသော်လည်း သင်္ဘောသားများအနေဖြင့် သင်္ဘောမှာ အမေရိကန်ပြည်ထောင်စု ရေပိုင်နက်မှ ထွက်ခွာသည်နှင့်တစ်ပြိုင်နက် ငွေပြန်အပ်ရမည်ဟု ၎င်းတို့၏ မိုဘိုင်းဖုန်းသို့ ခြိမ်းခြောက်စာများရရှိကြောင်း ၎င်းတို့က ITF သို့ အကြောင်းကြားခဲ့သည်ဟု Engels က ပြောကြားခဲ့သည်။ သင်္ဘောသည် Tacoma မှ တရုတ်နိုင်ငံသို့ သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ နေ့လည်ပိုင်းတွင် ထွက်ခွာရန် စီစဥ်ထားသည်။ Engels ၏အဆိုအရ၊ ITF ၏ ကာကွယ်ပေးမှု မရှိလျှင် ၎င်းတို့၏ အသက်များမှာ သင်္ဘော တရုတ်နိုင်ငံသို့ ရောက်ရှိသည်နှင့် အန္တရာယ်ရှိနိုင်သည်ဟု စိုးရိမ်ပူပန်မှုကို သင်္ဘောသားများက တင်ပြခဲ့ကြသည်။

သင်္ဘောကုန်တင်ကုန်ချ သမဂ္ဂများ၊  ILWU အပါအဝင်တို့က ဝါရှင်တန် ပြည်နယ် လွှတ်တော်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့၊ အမေရိကန်ပြည်ထောင်စု ကမ်းခြေစောင့် တပ်ဖွဲ့၊ နှင့် ဥပဒေ အာဏာပိုင်တို့ထံ အကယ်၍ သင်္ဘောသားများမှာ ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် သင်္ဘောပေါ်မှ အစောင့်အကြပ်ဖြင့် ဆင်းခိုင်းပြီး အိမ်သို့တိုက်ရိုက် ပြန်စေရန်လိုအပ်လျှင် လုပ်နိုင်စေရန် စာရေးသားပေးပို့ခဲ့ကြသည်။

Local 23 ဥက္ကဌ  Jared Faker က ပြောကြားခဲ့သည်မှာ အကယ်၍ သင်္ဘောသားများက သင်္ဘောပေါ်မှ ဆင်းလိုလျှင် Tacoma ရှိ အယောက်ရေ နှစ်ထောင် (၂ ၀၀၀) နီးပါးရှိသော ILWU ကမ်းခြေတစ်လျှောက် အလုပ်သမားများမှာ ဤသို့ဖြစ်ပွားစေရန်အတွက် ဗျူရိုကရက်အာဏာပိုင်များ၏ အမိန့်ကို စောင့်ဆိုင်းစရာ မလိုပါဟု ဆိုပါသည်။ “သင်္ဘောသားတွေဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ကွင်းဆက်မှာ မမြင်နိုင်တဲ့ အချိတ်အဆက်တစ်ခုဖြစ်ပြီး မတော်မတရားပြုခံရမှုနဲ့ ခေါင်းပုံဖြတ်ခံရမှုအတွက် ထိလွယ်ခိုက်လွယ် ကြပါတယ်၊” ဟု Faker က ပြောကြားခဲ့သည်။ “Tacoma ဆိပ်ကမ်းရှိ အလုပ်သမားတွေအနေနဲ့ ဒီအလုပ်သမားတွေရဲ့ အသက်တွေ အန္တရာယ်ရှိနေချိန်မှာ ဒီသင်္ဘောကို ဘယ်နေရာကိုမှ ထွက်မသွားစေလိုပါဘူး။”

ITF စိစစ်ရေးမှူး Jeff Engles oversees သည် သင်္ဘောသားများထံမှ ထိမ်ချန်ထားသည့် လုပ်ခငွေ ဒေါ်လာ USD $75,000 ကို ကြီးကြပ်စောင့်ရှောက်ထားသည်၊ အထူးသဖြင့် မြန်မာနိုင်ငံလိုမျိုး စည်းမျဥ်းကြီးကြပ် ခံရမှု နည်းပါးသည့် သင်္ဘောကိုယ်စားလှယ်များအပေါ် သင်္ဘောသားများက အားထားရသည့်ကိစ္စတွင် ဤလုပ်ငန်းကဏ္ဍ၌ လုပ်လေ့ရှိသည့် ပဋိဉာည်စာချုပ် အပြန်အလှန်ချုပ်ခြင်းအားဖြင့် ကြီးကြပ်ပေးထား ပါသည်။ | (Credit: ITF/ILWU)

ဆွဲသင်္ဘော အလုပ်သမားများ၊ ရေကြောင်းပြများ၊ နှင့် ကမ်းခြေ လုပ်ငန်းလိုင်း အလုပ်သမားများထံမှ ပံ့ပိုးမှုနှင့်အတူ သင်္ဘောသားများ ကျေနပ်လောက်အောင် ဖြေရှင်းပြီးသည်အထိ သင်္ဘောမှာ နေပေးခဲ့ရသည်။ Engels ကပြောကြားခဲ့သည်မှာ Liberian အလံနိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးက သင်္ဘောပေါ်တက်သွားပြီး သင်္ဘောဝန်ထမ်းများနှင့် လေးနာရီကြာ တွေ့ဆုံမေးမြန်းပြီးနောက် ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် ဖောက်ဖျက်မှု ငါးခု ထုတ်ပြန်ပေးခဲ့မှုကြောင့် Liberian အလံငှါးခြင်းကို သိမ်းဆည်းရန် ပေါ်ပေါက်ခဲ့သည်။

ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် ITF ၊ သင်္ဘောပိုင်ရှင်များ၊ နှင့် Liberian အလံတင်နိုင်ငံတို့ သဘောတူညီချက် တစ်ရပ်ကို ရရှိခဲ့ကြသည်၊ သင်္ဘော၏ ပိုင်ရှင်များနှင့် ၎င်းတို့၏ စီမံရေး ကိုယ်စားလှယ်များအနေဖြင့် သင်္ဘောသားများ၏ လုပ်ခများကို ကာကွယ်စောင့်ရှောက်ပေးရန်နှင့် သင်္ဘောသားများ၏ လုံခြုံရေးကို အာမခံရန်ဖြစ်သည်။

Engels သည် အပြီးသတ် သဘောတူညီချက်ကို သင်္ဘောသားများထံ တင်ပြပေးခဲ့သည်၊ သင်္ဘောသားများ အနေဖြင့် အမေရိကန်နိုင်ငံ၌ သင်္ဘောမှ ဆင်းလိုသည် သို့မဟုတ် တရုတ်နိုင်ငံသို့ ဆက်လက် သွားပြီးနောက် ၎င်းမှ အိမ်ပြန်လိုသည်ကို မိမိတို့ဖာသာ ဆုံးဖြတ်နိုင်ရန်ဖြစ်သည်။ သင်္ဘောသားများ၏ လုံခြုံရေးနှင့် လုပ်ခများကို ကာကွယ်ပေးရန် ITF မှ ဆက်လက် စောင့်ကြပ်ကြည့်ရှုပေးခြင်း အပါအဝင် ဖြစ်သည့် ကာကွယ်ပေးမှုအသစ်ကို ဆွေးနွေးပြီးနောက် သင်္ဘောသားများသည် ၎င်းတို့၏ သင်္ဘောခရီးစဉ်ကို ဆက်လက် လိုက်ပါသွားရန် မဲခွဲဆုံးဖြတ်လိုက်ကြပါသည်။

“ဒီ ရလဒ်အဖြေဟာ ဖြစ်နိုင်ခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ အဖွဲ့အစည်းမျိုးစုံ၊ တစ်နေကုန်တစ်ညလုံး အလုပ်လုပ်နေတာတွေကြောင့်၊ အပြင် ILWU Local 23 လို ခိုင်မာတောင့်တင်းတဲ့ အလုပ်သမား သမဂ္ဂတွေက သင်္ဘောသားတွေအတွက် ရပ်တည်ပေးဖို့ လိုလိုလားလားရှိနေတာတွေကြောင့် ဖြစ်ပါတယ်၊” ဟု Engels ကပြောကြားခဲ့သည်။

“သင်္ဘောပိုင်ရှင်တွေနဲ့ ကိုယ်စားလှယ်တွေဟာ ‘မှန်ကန်တဲ့အရာကို လုပ်ခဲ့ပါတယ်’ ဘာလို့လဲဆိုတော့ သူတို့တွေဟာ Tacoma နှင့် အနောက်ဘက်ကမ်းခြေမှာရှိတဲ့ တစ်ခြား ဆိပ်ကမ်းတွေသာမကဘဲ ဆိပ်ကမ်း အလုပ်သမားတွေ စည်းလုံးတဲ့ ကမ္ဘာအနှံ့ ဆိပ်ကမ်းတွေမှာ ဆက်လက် အလုပ်လုပ်ချင်လို့ပါဘဲ၊” ဟု Faker က ဖြည့်စွက်ပြောကြားပါသည်။ “ကျွန်တော်တို့အနေနဲ့ သင်္ဘောသားတွေအပေါ် မတော်မတရားပြုတာ ဒါမှမဟုတ် နှိပ်စက်တာကို သည်းခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ITF ကတစ်ဆင့် ဒီသင်္ဘောသားတွေရဲ့ လုံခြုံရေးကို ဆက်လက်ပြီး စောင့်ကြပ်ကြည့်ရှုနေပါမယ်၊ သင်္ဘောသားတွေအနေနဲ့ သူတို့ရဲ့ လုပ်ခတွေနဲ့ တကွ လုံလုံခြုံခြုံ အိမ်ပြန်မှာကို သေချာစေဖို့ပါ။”

 

ဤထုတ်ပြန်ချက်အပြည့်အစုံကို ILWU ၏ ခွင့်ပြုချက်ဖြင့် ထုတ်ဝေသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.