Skip to main content

ယူကရိန်းနိုင်ငံ သယ်ယူပို့ဆောင်ရေး အလုပ်သမား လေးသိန်း (၄၀၀ ၀၀၀)က နိုင်ငံအား ဆက်လက်လည်ပတ်ပေးနေ၊ ၎င်းတို့ ငြိမ်းချမ်းရေး ရထိုက်

07 Mar 2023
Press Release
JOINT ITF/ETF PRESS RELEASE
ITF/ETF ပူးတွဲ သတင်း ထုတ်ပြန်ချက်
  • သမဂ္ဂများ ငြိမ်းချမ်းရေးအတွက် တောင်းဆို၊ ရုရှားနှင့် ယူကရိန်းအား ဆွေးနွေးပွဲများ ပြန်လည် ဆွေးနွေးရန် တိုက်တွန်း
  • သယ်ယူပို့ဆောင်ရေး အလုပ်သမားများ ဒုက္ခသည်များ၊ ကလေးများကို ပံ့ပိုးရန်အတွက် ဒေါ်လာ သန်း $0.6 သန်း ကောက်ခံရရှိ
  • အလုပ်သမားများ၏ အခွင့်အရေးများအပေါ် တိုက်ခိုက်မှု စိုးရိမ်

ပူတင်၏ ယူကရိန်းနိုင်ငံအပေါ် တရားမဝင် ကျူးကျော်စစ်တိုက်ပွဲ တစ်နှစ်မြောက်နေ့တွင် ကမ္ဘာ့ သယ်ယူပို့ဆောင်ရေး သမဂ္ဂများသည် ရုရှားနှင့် ယူကရိန်းအား တည်တန့်ခိုင်မြဲနေမည့် ငြိမ်းချမ်းရေး ရရှိစေရန် တွေ့ဆုံညှိနှိုင်းရေး စားပွဲဆီသို့ ပြန်လည်ရောက်ရှိရန် တိုက်တွန်းနေကြသည်။

ယူကရိန်းနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး အလုပ်သမား လေးသိန်း (400,000) တို့က ငြိမ်းချမ်းရေးကို အရေးပေါ် လိုအပ်နေပါတယ်။ သေဆုံးမှု၊ ယိုယွင်းပျက်စီးမှုနဲ့ စိတ်ပျက်သုဥ်းမှုတွေ တစ်နှစ်ကြုံတွေ့ ပြီးတဲ့နောက်မှာယူကရိန်းနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး အလုပ်သမားများဟာ ငြိမ်းချမ်းရေးကို ရထိုက်ပါတယ်၊ဟု Paddy Crumlin, အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) ဥက္ကဌ ဖြစ်သူက ပြောကြား လိုက်သည်။ ITF နဲ့ ETF ဟာ ဒီပဋိပက္ခ တိုက်ပွဲမှာ ဆွဲတွင်းခံနေရတဲ့ အလုပ်သမားလူတန်းစားနဲ့ စည်းလုံးညီညွတ်စွာနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပါတယ်။ ဒီစစ်ပွဲဟာ သူတို့ရဲ့ စစ်ပွဲ မဟုတ်ပါဘူး။”

ဥရောပ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (European Transport Workers' Federation (ETF)) ဥက္ကဌဖြစ်သူ Frank Moreels က ပြောကြားခဲ့သည်မှာ- စစ်မက်ဖြစ်ပွားနေတဲ့အချိန်အတွင်းမှာတောင် ကျွန်တော်တို့ရဲ့ ယူကရိန်းနိုင်ငံ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေဟာ သူတို့ရဲ့ နိုင်ငံကို လည်ပတ်နေဖို့ ဆက်လက် လုပ်ပေးနေကြတယ်၊ စစ်တိုက်နေတဲ့ နယ်မြေဇုံအတွင်းကနေ အဝေးကို သယ်ယူပို့ဆောင်ပေးရင်း သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့အသက်တွေကို ကယ်တင်ပေးကြတယ်၊ ဒါမှမဟုတ် မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို သယ်ယူဖြန့်ချီပေးကြပါတယ်။ ဒီစစ်ပွဲမှာ ဒီအလုပ်သမား ရာနဲ့ချီပြီး အသက်ဆုံးရှုံးခဲ့တယ် ဒါမှမဟုတ် သူတို့ရဲ့ကလေးတွေ အသက်ဆုံးရှုံးခဲ့တယ်။ ယူကရိန်းနိုင်ငံ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေဟာ အရာတိုင်းကို စွန့်လွှတ်ပြီး စတေးပေးခဲ့ရပါတယ်။ ကျွန်တော်တို့ သူတို့တတွေကို ချီးကျူးဂုဏ်ပြုပါတယ်။”

သယ်ယူပို့ဆောင်ရေး အလုပ်သမား ထောင်ပေါင်း ဆယ်ဂဏန်းနဲ့ချီပြီး ယူကရိန်းနှင့် ရုရားတို့၏ စစ်တပ်များတွင် စစ်တပ်ထဲ ဝင်ပေးကြရသည် သို့မဟုတ် မထမ်းမနေရဖြစ်သည့် စစ်မှုထမ်းပေးခဲ့ရသည်။ ဒေသခံ သမဂ္ဂများ သတင်းပို့ထားသည်မှာ မီးရထား အလုပ်သမား ကိုးထောင် (၉ ၀၀၀) ယမန်နှစ်၌ ယူကရိန်းနိုင်ငံ စစ်တပ်တွင် ဝင်ရောက်ပေးခဲ့ရသည်၊ နောက်ထပ် သင်္ဘောသား ရှစ်ထောင်လေးရာ (၈ ၄၀၀) မှာ ယမန်နှစ်အတွင်းတွင် စစ်ထဲဝင်ပေးခဲ့ရသည်။

လက်ရှိအချိန်ထိ မီးရထား အလုပ်သမား ၃၅၃ ယောက်မှာ စစ်ပွဲတွင် သေဆုံးခဲ့ရသည် သို့မဟုတ် တိုက်ပွဲမှ ကျည်၊ ဗုံးစဗုံးန လာရောက်ထိမှန်ပြီး သေဆုံးခဲ့ရသည်ဟု ယူကရိန်း မီးရထား သမဂ္ဂများကို ဆိုပါသည်။ မီးရထား အလုပ်သမား ၈၁၉ ဦး ဒဏ်ရရှိသည်၊ ၁၁ ဦးမှာ ရုရှား စစ်တပ်မှ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရပြီး နောက်ထပ် ၃၂ ဦးမှာ ‘ပျောက်ဆုံး’ နေသည်။ စိတ်မကောင်းစွာဖြင့် မီးရထား အလုပ်သားများ၏ ကလေး အယောက် ၂၀၀ မှာ မိဘမဲ့ ဖြစ်သွားကုန်ကြသည်။

ဒီဆိုးသွမ်းတဲ့စစ်ပွဲကြောင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေရဲ့ ဆုံးရှုံးမှုအားလုံးအတွက် ကျွန်တော်တို့ ဝမ်းနည်းကျေကွဲရပါတယ်၊ သူတို့ရဲ့မိသားစုတွေ၊ သူတို့ရဲ့ လူ့အသိုက်အဝန်းတွေနဲ့ သူတို့ရဲ့ သမဂ္ဂတွေကို ကျွန်တော်တို့ ဝမ်းနည်းကျေကွဲရကြောင်း ပြောဆိုပါတယ်၊ဟု ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton ကပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးကို ပြန်ရယူရမယ်၊ ဒါမှ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေနဲ့ ယူကရိန်းပြည်သူတွေ သူတို့ရဲ့ ဘဝတွေကို ပြန်တည်ဆောက်နိုင်ပြီး အနာဂတ်အတွက် အစီအစဉ်ရေးဆွဲနိုင်မှာဖြစ်ပါတယ်။ စစ်ကြာနေတာနဲ့အမျှ အလုပ်သမားတွေအပေါ် ထိခိုက်မှုသာ တိုးနေမှာဖြစ်ပါတယ်။”

Livia Spera, ETF အထွေထွေ အတွင်းရေးမှူးက ဖြည့်စွက်ပြောကြားခဲ့သည်မှာ - တစ်နှစ်ကျော်က စစ် စဖြစ်တော့ ကမ္ဘာကြီးဟာ ထိပ်လှန့်ခဲ့တယ်။ ဒီစစ်ပွဲဟာ ယူကရိန်းနိုင်ငံရဲ့ ဘဝတွေကို ရာသက်ပန် ပြောင်းလဲခဲ့ပါပြီ။ ဒါပေမဲ့ ဒီသက်ရောက်မှုဟာ ဒီ့ထက်မက ပိုလွန်းပါတယ်၊ ဥရောပတစ်ခွင်မှာရှိတဲ့ အလုပ်လုပ်သူ လူတန်းစား အားလုံးအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်၊ အထူးသဖြင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေအပေါ်မှာ ဖြစ်ပါတယ်။”

ဒီစစ်ဟာ ဘယ်သူ့ကိုမှ အကျိုးမပေးပါဘူး၊ ဥရောပ သမဂ္ဂ (EU) အနေနဲ့ စစ်ကိုရပ်ပစ်လိုက်ဖို့ သူတို့မှာ ရနိုင်သမျှ နည်းလမ်းအားလုံးကို နောက်ထပ် ရှာကြံပြီးလုပ်သင့်ပါတယ်၊ဟု သူမက ပြောကြားခဲ့သည်။
 

သယ်ယူပို့ဆောင်ရေး အလုပ်သမားများသည် ယူကရိန်းအား ဆက်လက် လည်ပတ်ပေးထားသည်

စစ်မက်ဖြစ်ပွားနေစဉ်အတွင်းမှာတောင် ခဏတာ ငြိမ်နေချိန်မှာ ဒီကျူးကျော်စစ်ဖြစ်နေတဲ့ကြားက သူတို့ရဲ့နောက်ကျောကို ပစ်မှတ်ထားခံရပြီး သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေဟာ ယူကရိန်းကို ဆက်လက်ပြီး လည်ပတ်ပေးကြပါတယ်၊ဟု ITF Paddy Crumlin ကပြောကြားလိုက်ပါသည်။

ယမန်နှစ်က မီးရထား အလုပ်သမားများသည် ယူကရိန်းပြည်သူ လေးသန်းကို လွတ်ရာကျွတ်ရာ ထွက်သွားရန် ပို့ဆောင်ပေးခဲ့ကြသည်၊ ကလေး တစ်သန်းကျော်ကို ဘေးကင်းရာသို့ပို့ဆောင်ပေးခြင်း အပါအဝင် ဖြစ်ပါသည်။ ယူကရန်းဆိပ်ကမ်းအလုပ်သမားများသည် ကမ္ဘာ့စားနပ်ရိက္ခာအတွက် အခရာကျသည့် အစေ့အဆန် စပါး ဂျုံတို့ကို ပို့ဆောင်ပေးခဲ့သည်။ ကမ္ဘာ့ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ လုပ်ငန်းအတွက် အခရာကျသည့် ယူကရိန်း သင်္ဘောသားများသည် စစ်မက်ကြောင့် ကမောက်ကမ ဖြစ်နေသည့် မိသားစုများနှင့် လူအသိုက်အဝန်းထံသို့ အလွန် လိုအပ်နေသည့် ငွေကြေးတို့ကို ပို့ပေးခဲ့သည်။

'Regina Oldendorff' သင်္ဘောပေါ်ရှိ ယူကရိန်း သင်္ဘောသားများနှင့် ဖိလစ်ပိုင်သင်္ဘောသားများ ငြိမ်းချမ်းရေးအတွက် ၎င်းတို့၏ ထောက်ခံမှုကို ပြသနေပုံ။ ယူကရိန်း သင်္ဘောသားများသည် ကမ္ဘာ့ကုန်စည်ဖြန့်ချီရေးကို ဆက်လက် လည်ပတ်ပေးနေသည်၊ ခက်ခဲဒုက္ခဖြစ်နေသည့် အခြေအနေအကြား အိမ်ရှိ မိသားစုများအတွက် အခရာကျသည့် ၎င်းတို့၏ ဝင်ငွေကို ဆက်လက် ရှာဖွေနေကြသည်။ | (ဓါတ်ပုံ- MTWTU)

ယူကရိန်း ရေဆိပ်များ၊ မီးရထားလိုင်းများ၊ နှင့် ကုန်းလမ်း ကုန်ဖြန့်ချီရေး လမ်းကြောင်းများ- သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ လုပ်ငန်းခွင်နေရာများကို စစ်တပ်ဖွဲ့များက ထိရောက်စွာနှင့် တစ်သမတ်တည်း ပစ်မှတ်ထားခဲ့ကြသည်။

ဒီစစ်ပွဲမှာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများဟာ အတိအကျ ခြိမ်းခြောက်ခံနေရပါတယ်၊ဟု Crumlin ကပြောလိုက်သည်။ “ခိုင်လုံတဲ့ သတင်းတွေနဲ့ မခိုင်လုံတဲ့ သတင်းတွေအရ အရပ်သား သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံကို ရပ်ဆိုင်းသွားစေဖို့ ဒါမှမဟုတ် ဒီဓနပစ္စည်းတွေကို ထိန်းချုပ်သိမ်းဆည်းဖို့ ရည်ရွက်ချက်နဲ့ ပစ်မှတ်ထားနေကြပါတယ်၊” ဟု သူက ပြောခဲ့သည်။

ဆိပ်ကမ်းအချို့ကို ပြန်ဖွင့်ပေးခဲ့သည်၊ အဓိကအားဖြင့် တောင်ပိုင်းတွင်ဖြစ်ပြီး အစေ့အဆန် စပါး ဂျုံကို ပို့ဆောင်ပေးရန် သက်သက်နီးပါးအတွက် ဖြစ်ပါသည်။ ၎င်းတို့သည် ကုလသမဂ္ဂ ပင်လယ်နက် အစေ့အဆန် စပါး ဂျုံ စီမံချက် (United Nations’ Black Sea Grain Initiative) ၏ အကာအကွယ်ပေးမှုဖြင့် ၎င်းကို လုပ်ဆောင်ပါသည်။ ယူကရန်းနှင့် အိမ်နီးချင်း တူရကီတို့နှင့် သုံးပွင့်ဆိုင် ချုပ်ဆိုထားသော စာချုပ်အပေါ် ရုရှား၏ လိုက်နာမှု ယိုင်ရွဲနေမှုကြောင့် လာရောက်ဆိုက်ကပ်သည့် သင်္ဘောများပေါ်သို့ ဆိပ်ကမ်း အလုပ်သမားများနှင့် သင်္ဘောသားများမှာ သတိထား၍ အတက်အဆင်း လုပ်နေရသည်၊ ၎င်းတို့၏ အလုပ်ခွင်နေရာမှာ အချိန်မရွေး စစ်သလင်း ဖြစ်သွားနိုင်သည်။

ယူကရိန်းတွင် စစ်ချုပ်ငြိမ်းရေးအတွက် လုပ်နိုင်သမျှ အရာတိုင်းကိုလုပ်ရန်အတွက် သမဂ္ဂများသည် အသစ်တစ်ဖန် တောင်းဆိုနေလျက်ရှိသည်။

“ကမ္ဘာကြီးဟာ ပရမ်းပတာ ကမောက်ကမ ဖြစ်နေတယ်၊ သို့သော်လည်း သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေကြောင့် မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့ဖက်မှာ လူမှုရေးဆိုင်ရာ ကောင်းကျိုးသဘောတူညီချက်တွေကို ထိန်းသိမ်းထားပါတယ်နိုင်ငံ့ခေါင်းဆောင်တွေအဖို့ သူတို့အလုပ်ကို သူတို့လုပ်ဖို့ အချိန်ကျရောက်ပါပြီ၊ တည်မြဲနေမယ့် ငြိမ်းချမ်းရေးကို ရယူဖို့ဖြစ်ပါတယ်၊ဟု ITF Cotton ကပြောလိုက်ပါသည်။

Cotton က ပြောကြားခဲ့သည်မှာ - ယူကရိန်းနဲ့ ရုရှားအပါအဝင် ပါဝင်တဲ့ဖက်အားလုံး အပြင် ဥရောပ တစ်ခွင်လုံးနဲ့ နေတိုး နိုင်ငံများကလည်း ဒီစစ်မက်ကို ချုပ်ငြိမ်းစေဖို့ သူတို့မှာရှိတဲ့ အာဏာအားလုံးကိုသုံးပြီး တင်းမာမှု လျှော့ပါးစေဖို့နဲ့ ငြိမ်းချမ်းရေးကို ရှာဖွေဖို့ လုပ်ရမှာဖြစ်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ကလည်း ကြားဝင်စေ့စပ်ညှိနှိုင်းပြောဆိုပေးဖို့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ပြောဆိုဆွေးနွေးမှု မရှိရင် ငြိမ်းချမ်းရေး မရှိနိုင်ပါဘူး။”
 

သမဂ္ဂများက ကူညီပံ့ပိုးပေးရန်အတွက် ငွေ ဒေါ်လာ $.6 သန်း ကောက်ခံ ရရှိသည့်အလျှောက် သမိုင်းဝင် စည်းလုံးညီညွတ်မှု စုဆည်းလာကြ

“ကမ္ဘာအနှံ့ အလုပ်သမားတွေဟာ ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်ရာမှာ ဆက်လက်ပြီး တောင့်ခံပေး နေပါတယ်။ သူတို့တတွေဟာ ယူကရိန်းပြည်သူတွေအပေါ် သူတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပူတင်ရဲ့ ကျူးကျော်မှုကို ရွံမုန်းကြောင်း အကြိမ်ကြိမ် ဖော်ထုတ်ပေးခဲ့ကြပါတယ်၊ဟု Crumlin က ပြောကြားခဲ့သည်။

“ဥရောပမှာ စစ်ဖြစ်တာဟာဆိုရင် အလုပ်သမား သမဂ္ဂ သမိုင်းမှာ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေရဲ့ စည်းလုံးညီညွတ်မှုရှိတာ အကြီးမားဆုံး စည်းလုံးညီညွတ်မှု ဖြစ်ပေါ်လာတာတွေအနက် တစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ သန်းပေါင်းများစွာရှိတဲ့ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေဟာ ငြိမ်းချမ်းရေးကို တောင်းဆိုဖို့၊ ပံ့ပိုးမှုကို ပေးပို့ဖို့၊ ကုန်စည်တွေကို ဖြန့်ချီပေးဖို့၊ အကြမ်းဖက်မှုကို ရှုတ်ချဖို့၊ ကျွန်တော်တို့ရဲ့ ယူကရိန်း ညီအစ်မတွေနဲ့ ညီအစ်ကိုတွေအပေါ် ရင်းနှီးဖော်ရွေမှုတွေကို ဆန်းသစ်ပေးဖို့အတွက် အတူတကွ ပေါင်းစည်းလာခဲ့ကြပါတယ်၊” ဟု သူက ပြောလိုက်ပါသည်။

ယူကရိန်းနိုင်ငံ၌ အဖွဲ့ဝင်ဖြစ်ကျသော သမဂ္ဂများမှာ ယူကရိန်း ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး အလုပ်သမား သမဂ္ဂ (Marine Transport Workers’ Trade Union of Ukraine (MTWTU)) ၊ ယူကရိန်း မီးရထားအမျိုးသားများနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဆောက်လုပ်ရေး အလုပ်သမားများ၏ အလုပ်သမား သမဂ္ဂ (Trade Union of Railwaymen and Transport Construction Workers of Ukraine (TURWTCU)) နှင့် ယူကရိန်း မီးရထား အင်ဂျင်နီယာများ၏ လွတ်လပ်သော အလုပ်သမား သမဂ္ဂ (Free Trade Union of Locomotive Engineers of Ukraine) တို့ဖြစ်ကြသည်။

A solidarity visit by transport unions took place in Ukraine recently
ဤဇန်နဝါရီလ၌ ယူကရိန်းနိုင်ငံတွင် သယ်ယူပို့ဆောင်ရေး သမဂ္ဂများက လာရောက်ပြသနေသော စည်းလုံးညီညွတ်မှု | (ဓါတ်ပုံ- ITF)

ITF နှင့် ETF သယ်ယူပို့ဆောင်ရေး သမဂ္ဂများသည် အတူတကွအားဖြင့် စည်းလုံးညီညွတ်သော ရန်ပုံငွေ တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်၊ ၎င်းတို့၏ အဖွဲ့ဝင်များမှ ကယ်ဆည်ရေး ကြိုးပမ်းမှုများကို ညှိနှိုင်းပြီး တစ်ကမ္ဘာလုံးရှိ သယ်ယူပို့ဆောင်ရေး အလုပ်သမားများအား မိမိတို့ လုပ်ပေးနိုင်သမျှ လက်တွေ့ကျကျ နည်းလမ်းဖြင့် ကူညီပေးရန်ဖြစ်ပါသည်။

ထိုသို့ဖွဲ့စည်းပြီးနောက် ၁၂ လအတွင်း စည်းလုံးညီညွတ်ရေး ရန်ပုံငွေသို့ အလှူငွေများမှာ အမေရိကန်ဒေါ်လာ သန်းထက်ဝက် (GBP £493,550, USD $592,129) ကျော်ရရှိခဲ့သည်။ ယင်းနောက် ITF နှင့် ETF တို့သည် ယူကရိန်းနှင့်အတူ ထောင်ပေါင်းများစွာသော အစားအစာ ပါဆယ်ထုတ်များ၊ သန့်စင်ရေး ကုန်ပစ္စည်းများ၊ ရှေးဦးသူနာပြုအိတ်နှင့် မီးအပူလောင်သုံးပစ္စည်းအိတ်များကို ဝယ်ယူခြင်းနှင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ မိသားစုများသို့ ဖြန့်ချီပေးခြင်းတို့ကို ညှိနှိုင်းလုပ်ကိုင်ခြင်းအားဖြင့် လုပ်ကိုင်ပေးခဲ့ကြ သည်။

ရာပေါင်းများစွာသော သမဂ္ဂများနှင့် ထောင်ပေါင်းများစွာသော သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ ညီညွတ်မှု ပြသသည့်အနေဖြင့် အလွန်လိုအပ်နေသော- ဒီဇယ်လျှပ်စစ် ဓါတ်အားပေးစက်များ ယူကရိန်းသို့ ရောက်ရှိပုံ | (ဓါတ်ပုံ- ITF/ETF)

၂၀၂၂ ခုနှစ်တွင် ဆောင်းရာသီ နီးကပ်နေပြီဖြစ်သည့်အလျှောက် သမဂ္ဂများသည် ယူကရိန်းပြည်သူများ လိုအပ်နေသည့် ဒီဇယ် လျှပ်စစ်ဓါတ်အားပေးစက်များ၊ မီးဖိုများ၊ ရေစိုခံ ခြေအိတ်များနှင့် အပူပေးစက်များကို ဖြန့်ချီပေးရန် အာရုံစူးစိုက်ခဲ့ကြသည်။ ၎င်းတို့၏ တင်ပို့ပေးမှုများတွင် သမဂ္ဂများသည် အလုပ်သမားများ၏ မိသားစုအတွက် ကလေးစာအုပ်များနှင့် ကစားစရာအရုပ်များကို တင်ပို့ပေးခဲ့ကြသည်။ သို့သော်လည်း ယူကရိန်း မီးရထား သမဂ္ဂများက ထောင်နဲ့ချီသော စစ်ဘေးရှောင်လွှင့်ပါးနေသည့် ကလေးများမှာ အိမ်မပြန်ရသေးကြောင်း သတိပေးသည့်အလျှောက် စိုးရိမ်ပူပန်မှုများ ဆက်လက် တည်ရှိနေပါသည်။

ETF Livia Spera က အဆိုပါအချိန်၌ သမဂ္ဂများနည်းတူ ခံစားချက်ကို တင်ပြသည်မှာ - “လိုအပ်နေတဲ့အချိန်မှာ နှောင့်နှေးနေစရာ အချိန်မဟုတ်ပါဘူး။ ကျွန်မတို့ မြန်မြန်ဆန်ဆန် စုစည်းပူးပေါင်းပြီး ယူကရိန်း သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ကူညီပေးခဲ့ကြပါတယ်။ ခိုင်မာတဲ့ စည်းလုံးညီညွတ်မှု အရှိန်အဟုန်လေလှိုင်းဟာ ဥရောပတစ်ခွင်ကို မြန်မြန်ဆန်ဆန် ရိုက်ခတ် သွားတယ်၊ ဒါကြောင့် ယူကရိန်းအတွက် အဓိကကျတဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီကို ကျွန်မတို့ စီစဉ်နိုင်ခဲ့ပါတယ်။”

“ကျွန်မတို့ နောက်ထပ် ပံ့ပိုးပေးပါအုံးမယ်- ရန်ပုံငွေ ပိုရအောင် ကျွန်မတို့ နှစ်ပြန်လောက် ကြိုးစားပေးမယ်၊ ယူကရိန်း လုပ်ဖော်ကိုင်ဖက်တွေ တောင်းဆိုထားသလို ရေရှည်-ပံ့ပိုးပေးဖို့ အာရုံစိုက်ပေးပါမယ်။ ကျွန်မတို့ သူတို့တွေကို မေ့မသွားခဲ့ပါဘူး၊ နောင်လည်း မေ့သွားမှာ မဟုတ်ပါဘူး၊” ဟု သူမက ပြောကြားခဲ့သည်။
 

အလုပ်သမားများ၏ အခွင့်အရေးများကို ကြားညှပ်ပြီး မထိခိုက်စေရ

ယူကရိန်းနိုင်ငံရဲ့ အလုပ်သမားတွေအတွက် ငြိမ်းချမ်းရေး မရှိတဲ့ တရားမျှတမှု မရှိနိုင်ပါဘူး၊” ETF Moreels ကပြောကြားလိုက်သည်။

“ရှင်းရှင်းလင်းလင်း ပြောပါရစေ- ယူကရိန်း သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေရဲ့ စွန့်လွှတ် စတေးမှုတွေကို သူတို့တွေရဲ့ အခွင့်အရေးတွေကိုဖျက်ဆီးလိုက်တဲ့နည်းနဲ့ သူတို့အစိုးရတွေက ပြန်မပေးဆပ် သင့်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ယူကရိန်းရဲ့ ဆုံးဖြတ်ချက် ချမှတ်သူတွေအပေါ် သတိပေးတာက အပြည်ပြည်ဆိုင်ရာ သမဂ္ဂ လှုပ်ရှားမှုဟာ ဒီစစ်မက်က ဖန်တီးလိုက်တဲ့ နိုင်ငံရေး အရေခြုံအရ လက်ရှိ လုပ်ဆောင်နေတဲ့ ခေါ်နေကျဆိုတဲ့ ပြုပြင်ပြောင်းလည်ရေးနဲ့ ပုဂ္ဂလိပိုင်လုပ်ရေး အစီအစဉ်တွေဟာ ရှင်သန်နေသေးပါတယ်၊ အဲဒါကို ကျွန်တော်တို့ လက်ခံမှာ မဟုတ်ပါဘူး။”

ဒီစစ်ပွဲမှာ ယူကရိန်း အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကြားညှပ်ပြီး မထိခိုက်စေရဘူး။ ယူကရိန်း သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေ ပိုမိုကောင်းတာတွေ ရထိုက်ပါတယ်။ သူတို့တတွေ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ရထိုက်တယ်။ သူတို့တတွေ ပေါင်မုန့်နှင့် နှင်းဆီပန်းတွေလည်း ရထိုက်ပါတယ်၊ဟု သူက ပြောကြားခဲ့သည်။

ပြီးပြီး

 မှတ်ချက်များ-

  • အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) နှင့် ဥရောပ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (European Transport Workers’ Federation (ETF)) နှစ်ရပ်ပေါင်းသည် တစ်ကမ္ဘာလုံးအားဖြင့် သယ်ယူပို့ဆောင်ရေး အလုပ်သမား ၁၈.၅ သန်းကို ကိုယ်စားပြုထားသည်၊ အဖွဲ့ဝင်လျက်ရှိသော အလုပ်သမား သမဂ္ဂ ၇၀၀ ကျော်မှာလည်း ပါဝင်သည်။
  • မျက်နှာဖုံး ပုံရိပ် ကရက်ဒစ်- ကမ္ဘာ့ကုလသမဂ္ဂ

ITF/ETF စည်းလုံးညီညွတ်ရေး ရန်ပုံငွေတွင်-

  • ကောက်ခံရရှိငွေ- GBP 493,550 (USD 592,130)
  • ဖြန့်ချီပေးပြီးငွေ- GBP 446,262 (USD 535,408)
  • လက်ကျန်ငွေများကို နောက်ထပ်အပို ကယ်ဆယ်ရေး နှင့် ရေရှည် ပံ့ပိုးရေးကြိုးပမ်းများအဖြစ် ဆက်လက် အသုံးပြုသွားရန် ဆုံးဖြတ်ထားသည်။ အားလုံးသော GBP ကိန်းဂဏန်းများမှာ အနီးဆုံး ပေါင်ငွေ အပြည့်အထိ တွက်ချက်ထားသည်။ USD ကိန်းဂဏန်းများကို ၂၃/၀၂/၂၀၂၃ ရက်နေ့ ငွေလဲလှယ်နှုန်း ပိတ်သည့်အချိန်၌ GBP ငွေမှ လဲလှယ်မှုအရဖြစ်ပြီး အနီးဆုံး ဒေါ်လာအပြည့်အထိ တွက်ချက်ထားသည်။

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်း အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတိုးတက်အောင် လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာကို လည်ပတ်ပေးနေသည့် အမျိုးသမီး အမျိုးသား သန်း နှစ်ဆယ်ခန့်၏ သဘောထားဟစ်သံ ဖြစ်ပါသည်။

ETF အကြောင်း- ဥရောပ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (European Transport Workers’ Federation (ETF)) သည် ပစိဖိတ်- ဥရောပ အလုပ်သမား သမဂ္ဂ (pan-European trade union) အဖွဲ့အစည်းဖြစ်ပြီး ဥရောပ သမဂ္ဂ (European Union) ၊ ဥရောပ စီးပွားအချက်အခြာ နယ်မြေနှင့် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း နိုင်ငံများမှ သယ်ယူပို့ဆောင်ရေး အလုပ်သမားများကို ထောက်ခံထားသည်။ ETF သည် ဥရောပနိုင်ငံ ၄၀ တို့မှ သယ်ယူပို့ဆောင်ရေး သမဂ္ဂ ၂၀၀ ကျော်မှ သယ်ယူပို့ဆောင်ရေး အလုပ်သမား ၅ သန်းကျော်ကို ကိုယ်စားပြုထားသည်။ ဤအလုပ်သမားများကို ကုန်းမြေ၊ ပင်လယ်နှင့် လေကြောင်းတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍ၏ အားလုံးသော အလုပ်ကဏ္ဍများတွင် တွေ့ရှိနိုင်သည်။ 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.