Skip to main content

တစ်နှစ်ပြည့်လာသော်လည်း- P&O ကူးတို့လုပ်ငန်း၏ တရားမဝင် အလုပ် ထုတ်ပစ်ခြင်းများအပေါ် အရေးယူမှုပျက်ကွက်ခြင်းမှာ UK အလုပ်သမားများ၏ အခွင့်အရေးများ ကျဆင်းနေကြောင်းကို ပြသလျက်ရှိ

20 Mar 2023
Press Release

၂၀၂၃ ခုနှစ် မတ်လ ၁၆ ရက်၊ လန်ဒန်/ဘရာဆဲလ်စ်

P&O ကူးတို့လုပ်ငန်းက UK သင်္ဘောသား ၇၈၆ ယောက်ကို တရားမဝင် အလုပ်ထုတ်ပစ်ခဲ့ သည်မှာ တစ်နှစ်ပြည့်ပြီးနောက် ဥရောပနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂများသည် နိုင်ငံ၏ လက်ရှိအဖြစ်ဆုံး ဝန်ကြီးချုပ်ဖြစ်သူ Rishi Sunak အား ဥပဒေ ချိုးဖောက်ပြီး ဗြိတိသျှ အလုပ်သမားများ၏ အလုပ်သမား အခွင့်အရေးများကို ချိုးဖောက်သည့် ကော်ပိုရေးရှင်းများကို ဖြိုခွင်းပေးရန် တောင်းဆိုလျက်ရှိပါသည်။

တစ်နှစ်ပြည့်သွားသော်လည်း P&O ကူးတို့လုပ်ငန်းမှ အစုလိုက်အပြုံလိုက် အလုပ်ထုတ်ပစ်ခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီအပေါ် သို့မဟုတ် ၎င်း၏ ယုတ်ညံ့သည့် ဗဟိုအလုပ်အမှုဆောင် အရာရှိ Peter Hebblethwaite အပေါ် UK က အတိအကျ ပြစ်ဒဏ် မချ၊ ဒဏ်ငွေ မတပ်ရိုက်၊ စွဲချက်များ မတင်ခဲ့တာကို မယုံကြည်နိုင်လောက်အောင်ဖြစ်ရပါတယ်၊ဟု Stephen Cotton အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) က ပြောကြားလိုက်ပါသည်။

စည်းရုံးပြီး အော်ကြီးဟစ်ကျယ်ပြောနေသော်လည်း၊ Rishi Sunak က P&O ၏ လုပ်ရပ်များမှာ ထိပ်လှန့်ဖွယ်ကောင်းသည်ဟု သမုတ်နေသော်လည်း အဆိုပါ သတင်းရှင်းလင်းပွဲရဲ့ ပွဲရပ်သိမ်း သွားတာနဲ့ ဒီကုမ္ပဏီကို အမှန်တကယ် အရေးယူရမယ့်ကိစ္စဟာ လုံးဝလျစ်လျူရှုလိုက်တယ်ဆိုတာ UK အစိုးရက သင်သေထူပြသရာ ရောက်ပါတယ်။”

ITF အထွေထွေ အတွင်းရေးမှူး Stephen Cotton က ယမန်နှစ်၌ မီဒီယာအား စည်းလုံးညီညွတ်မှု ချီတက်ဆန္ဒပွဲတွင် အလုပ်ဖြုတ်ပစ်ခံရသည့် သင်္ဘောသားများအတွက် ပြောဆိုသည်။ | (ဓါတ်ပုံ- ITF)

Cotton က ပြောလိုက်သည်မှာ Hebblethwaite က ဗြိတိသျှ ပါလီမန် ကြားနာမှုတွင် သူ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း၊ နောက်ထပ် ချိုးဖောက်မည်ဖြစ်ကြောင်း ဝန်ခံခဲ့ သည့်တိုင် UK အစိုးရထံမှ အရေးယူမှု အားနည်းချက်သည် ပို၍ပင် ထိပ်လှန့်ဖွယ်ကောင်းလှပါသည်ဟုဆိုသည်။

P&O ကူးတို့လုပ်ငန်းသည် ၂၀၂၂ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ၎င်း၏ အလုပ်သမားများကို အသင့်အသံသွင်းပြီးဖြစ်သည့် Zoom မှတစ်ဆင့် အလုပ်ထုတ်ပစ်သည့်အခါ ဥပဒေကိ ချိုးဖောက်ခဲ့သည်၊ အလုပ်ရှင်များအနေဖြင့် ဤကိစ္စအတွက် အလုပ်သမား သမဂ္ဂများနှင့် ဆွေးနွေးရမည်ဆိုသည့် နိုင်ငံ၏ ပြဌာန်းချက်ကို လျစ်လျူရှုခဲ့ခြင်းဖြစ်သည်၊ ဤကိစ္စ၌ သမဂ္ဂများမှာ RMT နှင့် Nautilus International တို့ဖြစ်ကြသည်။ သင်္ဘောဝန်ထမ်းများကို မျက်နှာဖုံးများ ဝတ်ဆင်ထားသည့် လုံခြုံရေး အစောင့်အကြပ်များ ဖြင့် ခြံရံ၍ သင်္ဘောပေါ်မှ ဆင်းခိုင်းခဲ့ပြီး အလွန် လုပ်ခ နည်းနည်းပေး၍ခန့်အပ်ထားသော သမဂ္ဂ အဖွဲ့ဝင် မဟုတ်သော နိုင်ငံခြားမှ အလုပ်သမားများ ဖြင့် အလျင်အမြန် အစားထိုးခဲ့သည်။

အစီအစဉ်အရ အလုပ်သမား အသစ်များကို UK နိုင်ငံသား အနည်းဆုံး လုပ်ခထက် လုပ်ခနည်း၍ ပေးရပြီး အန္တရာယ် မကင်းတော့ဟု ယူဆရသည့် အချိန်အထိတိုင်အောင် အလွန်ကြာကြာ အလုပ် တာဝန်များကို လုပ်စေရန် မျှော်လင့်ထားသည်။

ကုမ္ပဏီတစ်ခုဟာ အရှက်မရှိဘဲ ဥပဒေကို ချိုးဖောက်တဲ့အခါနဲ့ နိုင်ငံတော် အနိမ့်ဆုံး လုပ်ခ ပြဌာန်းဥပဒေကို ချိုးဖောက်တဲ့အခါ ဗြိတိသျှအစိုးရဟာ မိမိနိုင်ငံသားတွေရဲ့ အခွင့်အရေးတွေအတွက် ရပ်တည်ပေးဖို့နဲ့ ဥပဒေချိုးဖောက်တဲ့ စုံနိုင်ငံသားတွေအပေါ် ဆန့်ကျင်ဖို့ တစ်ဦးတစ်ယောက်အနေနဲ့ မျှော်လင့်ပါလိမ့်မယ်၊" ဟု ဥရောပ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (European Transport Workers’ Federation) အထွေထွေ အတွင်းရေးမှူးဖြစ်သူ Livia Spera က ပြောကြားလိုက်သည်။

မိမိရဲ့ နိုင်ငံသားတွေအပေါ်မှာ တရားဝင် နဲ့ ပဋိဉာည်ဆိုင်ရာ ကာကွယ်ပေးမှုတွေကို သဘောအလျှောက်ဆိုတဲ့ ပေါ့ပေါ့ဆဆ သုံးစွဲတာကို အလုပ်ရှင်တွေကို ခွင့်ပြုလိုက်တာအားဖြင့် UK အစိုးရဟာ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ဘေးကင်းလုံခြုံရေးနဲ့ လုပ်ခတွေအတွက် စျေးနှုန်းနည်းနည်းနဲ့ပြိုင်ဆိုင်ခွင့်ကို မီးစိမ်းပြလိုက်ရာရောက်ပါတယ်ပြီးတော့ အဲ့ဒါဟာ ဥရောပတစ်ခွင်မှာ စံချိန်စံနှုန်းတွေကို နိမ့်ကျအောင် လုပ်ရာရောက်ပါတယ်၊သူမက ပြောလိုက်သည်။

အလုပ်ဖြုတ်ခံထားရသော သင်္ဘောသားများနှင့်အတူ ကမ္ဘာ့ စည်းလုံးညီညွတ်မှု

P&O ကူးတို့လုပ်ငန်းဟာ ဥရောပ ကူးတို့လုပ်ငန်းကဏ္ဍအတွက် အရှက်တကွဲဖြစ်ရပါတယ်၊ ဟု ETF Spera က ပြောလိုက်သည်။ ကျမတို့အနေနဲ့ P&O နဲ့ဖြစ်ခဲ့တဲ့ကိစ္စကို အရမ်းအလေးအနက်ထားပါတယ်၊ ဒါကြောင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေဟာ လွန်ခဲ့နှစ် ညီလာခံမှာ ဗဟိုအလုပ်အမှုဆောင် အရာရှိ Peter Hebblethwaite ကို ဥရောပ တစ်ခွင်ရှိ အဆိုးဝါးဆုံး အလုပ်ရှင် အဖြစ် မဲပေးဆုံးဖြတ် ခဲ့ကြပါတယ်။

ထိုကတည်းကစ၍ UK နှင့် တစ်ကမ္ဘာလုံးရှိ သမဂ္ဂများသည် ထိုကုမ္ပဏီနှင့် ထိုဦးဆောင်မှုဟာ အလုပ်သမားတွေအပေါ် အရှက်ကင်းစွာ ဆက်ဆံမှုအတွက် တာဝန်ရှိသည်ဟု ဆက်လက် ခံယူထားခဲ့သည်။

ဧပြီလ၌ ITF Cotton သည် လက်မှတ်ပေါင်း တစ်သောင်း (10,000) ရေးထိုးထားသည့် အသနားခံစာကို P&O ၏ ဒူဘိုင်း-အခြေစိုက် ပိုင်ရှင် DP World ထံသို့ ပို့ချပေးခဲ့သည်။ ယင်းနောက် အောက်တိုဘာလတွင် သမဂ္ဂများသည် Hebblethwaite ကို လုပ်ငန်းကဏ္ဍ၏ လာမည့် ကူတို့သယ်ပို့ ညီလာခံ၌ ဦးဆောင် မိန့်ခွန်းမြွက်ကြားပေးသူအဖြစ်မှ ဗြုန်းစားကြီး ဖယ်ရှား လိုက်သည် ကို လှုံ့ဆော်ပေးခဲ့သည်။

Hebblethwaite ကို ကမ္ဘာ့ အဆိုးဝါးဆုံး အလုပ်ရှင်အဖြစ် သရဖူဆောင်းခဲ့ခြင်း အားဖြင့် P&O သြဇာအာဏာရှိရာမှ ကျဆုံးမှုကို ဒီဇင်ဘာလ၌ ကျင်းပသည့် ITUC ၏ ညီလာခံတွင် အတည်ပြုခဲ့သည်။

ကုမ္ပဏီကြီးများ ဥပဒေ ချိုးဖောက်ခြင်းကို ဟန့်တားရန် တရားဝင် ပြဌာန်းချက်နည်းလမ်းများ လိုအပ်

သမဂ္ဂများသည် ကူးတို့လုပ်ငန်းများ ရှေ့ဆက် လုပ်ငန်းတည်တံ့ရေးအတွက် ဥပဒေပြုလွှတ်တော် Westminster ထံမှ ပြောင်းလဲပြင်ဆင်ပြဌာန်းချက်များကို တောင်းဆိုလျက်ရှိသည်။

ဒေသဆိုင်ရာအားဖြင့် UK အစိုးရအနေဖြင့် အဓိကကျသည့် ကူးတို့ လမ်းကြောင်းတစ်လျှောက် စံချိန်စံနှုန်းများကို သေချာစေရန်နှင့် ကုန်ကျစရိတ်နည်းနည်းဖြင့် ပြိုင်ဆိုင်မှုကို ရှောင်ကြဉ်ရန် သေချာစေရန် အတွက် အနီးအနားရှိ နိုင်ငံများနှင့် နှစ်ဖက် သဘောတူစာချုပ်များ ချုပ်ရန် လိုအပ်ပါသည်။

မိမိနိုင်ငံ၌ RMT နှင် Nautilus တို့သည် သင်္ဘောသားများ၏ လုပ်ခများ ဥပဒေကြမ်းကို ပြင်ဆင် ပြဌာန်းချက်များ လုပ်ပေးရန်အတွက် ဖိအားပေးနေလျက်ရှိသည်။ အစိုးရ၏ အဆိုပြုသည့် ဥပဒေ မှာ လုပ်ငန်းလည်ပတ်သူများအနေဖြင့် ၎င်းတို့၏ ကူးတို့များမှာ UK ရေပိုင်နက်တွင် ရှိနေစဉ် UK နိုင်ငံတော် အနည်းဆုံး လုပ်ခဖြင့် ပေးစေရန် ဥပဒေအာဏာ တည်ရပါလိမ့်မည်။ သို့သော် အခရာကျသည့် အလုပ်အကိုင်နှင့် အန္တရာယ်ကင်း အခြေအနေများနှင့်ပတ်သက်၍ သမဂ္ဂများနှင့် လုပ်ငန်းလည်ပတ်သူများ အကြား သဘောတူညီချက်များကိုလည်း ဥပဒေက ပြဌာန်းပေးသင့်သည်၊ ဥပမာ ပင်လယ်ပြင်၌ နေရမည့် အချိန် အတိုင်းအတာကို အများဆုံး သတ်မှတ်ချက်များ ကဲ့သို့ဖြစ်သည်။

ပြင်ဆင်ပြဌာန်းချက်ဖြင့်ပင် ဥပဒေအသစ်အနေဖြင့် ၎င်းဖာသာ မတရား အလုပ်ထုတ်ပစ်ခြင်းများ ထပ်တလည်လည်လုပ်ခြင်းကို ဟန့်တားရန် လုံလောက်မည် မဟုတ်ပါသည်ကို စိုးရိမ်မိကြပါသည်။ ထို့ကြောင့် လုပ်ငန်းခွင်တွင် ဥပဒေ ပြဌာန်းချက် အသစ်များ လိုအပ်ပါသည်။

၎င်းတို့ အဆိုပြုသည့် ဥပဒေသည် P&O ကူးတို့လုပ်ငန်းကို ဟန့်တားခဲ့လိမ့်မည် မဟုတ်ပါ၊ဟု ITF Cotton ကပြောခဲ့သည်။

နောက်ထပ် အလုပ်ထုတ်ပစ်တာတွေကို ကာကွယ်ဖို့ တရားမျှတမှုကို ရင်ဆိုင်ဖို့အတွက် ဒီအမှုမှာ ဖြစ်ခဲ့သလို ထွက်ပေါက်ရှာဖို့ ကုမ္ပဏီကြီးတွေရဲ့ စွမ်းရည်ကို UK အစိုးရအနေနဲ့ ဖြိုခွင်းရမှာဖြစ်ပါတယ်။

ဥပဒေမှာ ကျွန်တော်တို့အတွက် ရှိနေပြီးဖြစ်တဲ့ အခွင့်အရေးတွေကို အလုပ်သမားတွေနဲ့ သမဂ္ဂတွေက အတည်ပြုဖို့ ဖြစ်နိုင်ခြေကို UK အစိုးရအနေနဲ့ လုပ်ပေးဖို့ လိုအပ်ပါတယ်၊ ဒါမှ P&O ကူးတို့လုပ်ငန်းတွေလို ကုမ္ပဏီတွေဟာ လက်တွေ့မှာ ဥပဒေကို လိုက်နာကလွဲလို့ ရွေးချယ်ရာ ရှိမှာမဟုတ်ပါဘူး၊ဟု သူက ပြောလိုက်သည်။

ပြောင်းလဲပြင်ဆင်ပြဌာန်းချက်များကို ရှာဖွေနေစဉ် လုပ်ထုံးလုပ်နည်းများကို အလုပ်ရှင်များက လိုက်နာခဲ့ကြောင်း သင့်တော်သလို ပြသခဲ့သည်အထိ သမဂ္ဂများသည် အလုပ်ဖြုတ်ပစ်ခြင်းကို သက်ရောက်မှု မရှိစေရန် အာဏာအသစ်အားနှင်းခံရသည့် UK တရားရုံးများထံမှ ယာယီ တားမြစ်အမိန့်ကို လျှောက်ထားနိုင်မည်ဖြစ်သည်။ အလုပ်သမားများကို အကယ်၍ ၎င်းတို့က အမှန်တကယ် မှားယွင်း အလုပ်ဖြုတ်ခဲ့ပါကလည်း ပြန်လည် အလုပ်ခန့်ပေးနိုင်မည်ဖြစ်သည်။

ETF Spera က ပြောကြားခဲ့သည်မှာ အားလုံးသော အလုပ်သမားများအနေဖြင့် အလုပ်ရှင်များက စည်းမျဥ်းများကို တိမ်းရှောင်သည့်အခါ မိမိတို့ကိုယ်တိုင် ရပ်တည်နိုင်ရန် တရားဝင်နှင့် လုပ်ငန်းကဏ္ဍ ပြဌာန်းချက်လုပ်နည်းများ လိုအပ်ပါသည်ဟုဆိုသည်။ ကျမတို့ရဲ့အမြင်အရပြောရရင် ကုမ္ပဏီကြီးတွေအဖို့ အလုပ်သမားတွေကို ခေါင်းပုံဖြတ်တဲ့နေရာမှာ ဗြိတိသျှတွင်သာ မကဘဲ ဥရောပ တစ်ခွင်မှာလည်း အလွန်လွယ်ကူနေတာကိုတွေ့ရပြီး အလုပ်သမားတွေအနေနဲ့ ပြန်တုံ့ပြန်ဖို့ အလွန်ခက်ခဲတာကို တွေ့ရပါတယ်။

“မျှမျှတတဖြစ်ဖို့အတွက် ဟန်ချက်ပြန်ညှိမှု မရှိဘဲ ဗြိတိသျှဟာ သယ်ယူပို့ဆောင်ရေးမှာ အလုပ်သမား နည်းပါးမှု ပိုမို နက်ရှိုင်းလာမယ့် အန္တရာယ်ရှိပြီး လိုအပ်တဲ့ ဖြေရှင်းချက်ရဖို့ ကိစွစမှာ ကြီမားတဲ့ ဒါမှမဟုတ် နိုင်ငံရပ်ခြား ကုမ္ပဏီကြီးတွေဖြစ်ရလိမ့်မှာ မဟုတ်ပါဘူး၊” ဟု သူမက ပြောလိုက်သည်။

ပြီးပြီး

နိုင်ငံတော် မီးရထား၊ ပင်လယ်ရေကြောင်းနှင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ သမဂ္ဂ (National Union of Rail, Maritime and Transport Workers (RMT)) နှင့် Nautilus International အဖွဲ့ နှစ်ခုလုံးသည် ITF နှင့် ETF တို့၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်း တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင် လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာကို လည်ပတ်ပေးနေသည့် အမျိုးသမီး အမျိုးသား သန်း နှစ်ဆယ်ခန့်၏ သဘောထား ဖြစ်ပါသည်။

ETF အကြောင်း- ဥရောပ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (European Transport Workers’ Federation (ETF)) သည် ပစိဖိတ်- ဥရောပ အလုပ်သမား သမဂ္ဂ (Pan-European trade union) အဖွဲ့အစည်းဖြစ်ပြီး ဥရောပ သမဂ္ဂ (European Union) ၊ ဥရောပ စီးပွားအချက်အခြာ နယ်မြေနှင့် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း နိုင်ငံများမှ သယ်ယူပို့ဆောင်ရေး အလုပ်သမားများကို ထောက်ခံထားသည်။ EtF သည် ဥရောပနိုင်ငံ ၄၀ တို့မှ သယ်ယူပို့ဆောင်ရေး သမဂ္ဂ ၂၀၀ ကျော်မှ သယ်ယူပို့ဆောင်ရေး အလုပ်သမား ၅ သန်းကျော်ကို ကိုယ်စားပြုထားသည်။ ဤအလုပ်သမားများကို ကုန်းမြေ၊ ပင်လယ်နှင့် လေကြောင်းတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍ၏ အားလုံးသော အလုပ်ကဏ္ဍများတွင် တွေ့ရှိနိုင်သည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.