Skip to main content

ITF သည် မက်ဒီတာရေးနီးယမ်းပင်လယ်မှ အန္တရာယ်မကင်းသည့် သင်္ဘော လုပ်ငန်းကို ဖယ်ရှားရန်ကြိုးပမ်းမှုတွင် အဆိုးဝါးဆုံး အလံငှါးနိုင်ငံ လေးခု ကို ပစ်မှတ်ထားလျက်ရှိ

20 Mar 2023
Press Release

မက်ဒီတာရေးနီးယမ်း ပင်လယ်တစ်လျှောက်လုံးတွင် လာမည့် ရှစ်ပတ်အတွင်း အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF))၊ သင်္ဘောသးများ သမဂ္ဂများနှင့် ဆိပ်ကမ်းအာဏာပိုင်များထံမှ စိစစ်ရေးမှူးအဖွဲ့တစ်ဖွဲ့သည် Cook Islands, Palau, Sierra Leone နှင့် Togo နိုင်ငံတို့၏ အလံငှါးတင်ထားသော သင်္ဘော တစ်ထောင်အထိကို ဘေးကင်းလုံခြုံရေး၊ သင်္ဘောအား ပြုပြင်ထိန်းသိမ်းထားရေးနှင့် သင်္ဘောသားများ၏ လူမှုဖူလုံရေးကိစ္စ စိစစ်မှုများဖြင့် အဓိကပစ်မှတ်ထား၍ စိစစ်သွားပါမည်။

မဒီတာရေးနီးယမ်း ပင်လယ်ပြင်မှာ စံချိန်စံညွှန်း နိမ့်ကျတဲ့ သင်္ဘောလုပ်ငန်းကြောင့် သင်္ဘောသားတွေရဲ့ လုပ်ခတွေနဲ့ အလုပ်လုပ်ကိုင်ရတဲ့အခြေအနေတွေကို နိမ့်ကျနေအောင်လုပ်နေပါတယ်၊ အဲ့ဒါတွေဟာ သင်္ဘောဝန်ထမ်းတွေရဲ့ အသက်တွေအပေါ် အန္တရာယ်ရှိနေပြီးတော့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်အပေါ် အန္တရာယ်ရှိနေပါတယ်၊ဟု ITF စိစစ်ရေးမှုးချုပ်ရုံး ညှိနှိုင်းရေးအရာရှိ Steve Trowsdale က ပြောကြား လိုက်သည်။

ဒီအလံငှါးတွေဟာ တခြားနိုင်ငံတွေက ကိုင်တွယ်မှာ မဟုတ်တဲ့ သင်္ဘောတွေကို မှတ်ပုံတင်ဖို့ သင်္ဘောပိုင်ရှင် တွေဆီက ငွေတွေယူကြပါတယ်။ အဲဒီ့သင်္ဘော အများအပြားဟာ ဟောင်းနွမ်းနေတဲ့ သင်္ဘောတွေဖြစ်ပြီး ပိုင်ရှင်တွေက ထိန်းသိမ်းထားတာ အလွန် ညံ့ဖျင်းကြပါတယ်။ ဒီသင်္ဘော အတော်များများ တွေဟာ အန္တရာယ်ရှိပြီး ကူးသန်းသွားလာဖို့ မသင့်တော်ပါဘူး၊သူက ပြောခဲ့သည်။

ဤသို့စိစစ်ဖို့အတွက် ကြိုးပမ်းမှုသည် ဆန်းစစ်မှုအသစ်တစ်ကြောင့် ပေါ်ထွက်လာပြီး တင်ပြသည်မှာ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သင်္ဘောဝန်ထမ်း စွန့်ပစ်မှု အဖြစ်အပျက် အခုပေါင်း ၁၀၀ ကျော်တွင် အလံငှါးနိုင်ငံ မှတ်ပုံတင်ထားသည့် မှတ်ပုံတင် လေးခု ပါဝင်သည်ဟုဆိုပါသည်။

Trowsdale ကပြောခဲ့သည်မှာ ITF သို့မဟုတ် ၎င်း၏ အဖွဲ့ဝင် သမဂ္ဂများက တာဝန်မဲ့ သင်္ဘောပိုင်ရှင်များ ကြောင့် ဖြစ်ပွားသည့် သင်္ဘောစွန့်ပစ်သည့်ကိစ္စများကဲ့သို့ ပြဿနာများကို ဖြေရှင်းပေးရန် သင်္ဘောပေါ် တက်ရောက်သည့်အခါတိုင်း များသောအားဖြင့် – “အဲဒီအခါမှာ ဒီအလံငှါးတွေဟာ ပုန်းအောင်း နေကြပါတယ်သူတို့တွေ ပိုက်ဆံယူပြီး ထွက်ပြေးနေကြပါပြီး။

သုံးနှစ်အတွင်း Cook Islands, Palau, Sierra Leone, နှင့် Togo အလံငှါးများသည် အောက်ပါ ကိစ္စများအတွက် တာဝန်ရှိခဲ့ကြပါသည်-

  • သင်္ဘောစွန့်ပစ်မှု အခု ၃၃ ခု၊ သင်္ဘောသား အယောက် ၁၀၀ ကျော် ဒုက္ခရောက်သည်၊ အများအပြားမှာ လုပ်ခ မရ၊ အစားအစာ ရေ မရရှိကြ သို့မဟုတ် အိမ်ပြန်ရန် နည်းလမ်း မရရှိခဲ့ကြပါ။[1]
  • လုပ်ခ မပေးခြင်းအားဖြင့် သင်္ဘောသားများထံမှ လိမ်လည်လိုက်သည့် ငွေပေါင်း 5,500,000 USD ရှိသည်၊ ၎င်းကို နောက်မှ ITF က သင်္ဘောသားများကိုယ်စား အလံငှါး သင်္ဘောပိုင်ရှိများထံမှ တွေ့ရှိခဲ့သည်။[2]
  • ဥရောပ ဆိပ်ကမ်းနိုင်ငံ စည်းကမ်းကြီးကြပ်ရေး ထိန်းချုပ်မှု အေဂျင်စီရုံးများက ပျက်ကွက်မှုပေါင်း သို့မဟုတ် ဖမ်းဆီးထိန်းသိမ်းမှုပေါင်း 5,203 ခု ကို ထုတ်ပြန်ခဲ့သည်။[3]

ITF ၏ကြိုးပမ်းမှုများကို ပြင်သစ်နိုင်ငံ ဒေသခံအလိုက်စီစဉ်ပေးထားသည့် ဆိပ်ကမ်းနိုင်ငံ ထိန်းချုပ်ရေး အေဂျင်စီရုံးများက အင်အားတိုးချဲ့ထောက်ပို့ပေးပါလိမ့်မည်၊ ဟု Trowsdale က ပြောကြားခဲ့ပါသည်။

၎င်းတို့သည် အဆိုပါ အလံငှါးနိုင်ငံ လေးခုကိုလည်း ပစ်မှတ်ထား စိစစ်သွားပါလိမ့်မည်။ အလံအငှါး လွှင့်ထူ ထားသည့် သင်္ဘောများကို ဥရောပနှင့် အာရှ-ပစိဖိတ်ရှိ နိုင်ငံ အများစု၏ ဆိပ်ကမ်းများသို့ ဝင်ရောက်လာခြင်းကို Paris နှင် Tokyo MOUs နှစ်ခုလုံးက အဓိပ္ပါယ်ရှိသည့် ပိတ်ပင်ခဲ့သော သို့မဟုတ် သတိထားရသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါသည်။ 

Sierra Leone က မကြာသေးမီက တင်ပြခဲ့သည်မှာ ၎င်းအနေဖြင့် တိုးတက်မှုများကို လုပ်ခဲ့ပြီးဖြစ်သည် ဟုဆိုသည်။ ၂၀၂၂ ခုနှစ် ဇွန်လတွင် ၎င်းသည် Paris MOU နာမည်ပျက်စာရင်း (အန္တရာယ် အလွန့်အလွန်များ) အဆင့်မှ သတိချပ်ရမည့်စာရင်း (အန္တရာယ် အလွန်များ) အဆင့်သို့ပြောင်းရွှေ့ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း West African နိုင်ငံ (၎င်း၏ မှတ်ပုံတင်မှာ မက်ဒီတာရေးနီးယမ်းရှိ ကျွန်းတစ်ကျွန်းဖြစ်သော Cyprus မှ နေ၍မှတ်ပုံတင်သည်) မှာ Tokyo MOU လတ်တလော အဖြစ်ဆုံး နာမည်ပျက်စာရင်း က ထုတ်ပြန်ထားသည့် အလံသုံးနိုင်ငံအနက် တစ်ခုသာဖြစ်ပါသည်။

Togo, Cook Islands, Palau နှင့် Sierra Leone အလံများမှာ ယခုအခါပင်လယ်ပြင်၌ အဆိုးဝါးဆုံး

ဒီသင်္ဘောတွေဟာ မဒီတာရေးနီးယမ်း ပင်လယ်ပြင်မှာ လုပ်ကိုင်နေတဲ့ အဆိုးဝါးဆုံး အလံငှါးတွေဘဲ ဖြစ်ပါတယ်၊အဲလ်ဂျီးရီးယား သယ်ယူပို့ဆောင်ရေး သမဂ္ဂ (Algeria’s transport union FNTT) အတွင်းရေးမှူး နှင့် အာရပ်ကမ္ဘာဒေသအတွက် ITF ဒုတိယ ဥက္ကဌ ဖြစ်သူ Seddik Berrama ကပြောကြား ခဲ့သည်။

Berrama ကပြောခဲ့သည်မှာ အဆိုပါ အလံငှါးနိုင်ငံ လေးခုမှာ Paris နှင့် Tokyo MOUs တို့က ထုတ်ပြန်ထားသည့် နှစ်စဉ် အရည်အသွေးရှိသော ယုံကြည်ရသည့်စာရင်းတွင် ပါဝင်ခဲ့ပုံ မရဟု ပေါ်လွင်ခဲ့ ပါသည်။[4]

ကမ္ဘာ့ အဓိက ဆိပ်ကမ်း နိုင်ငံ ထိန်းချုပ်ရေး အေဂျင်စီရုံး အုပ်စုအဖွဲ့များက ဤအလံငှါးများမှာ အရည်အသွေး မရှိကြဟု ပြောခဲ့ကြသည်။ အဆိုပါ အလံငှါးများမှာ အလွန်- သို့မဟုတ် အလွန့်အလွန် အန္တရာယ်များသည်ဟု ၎င်းတို့က ပြောခဲ့သည်။ အဲလ်ဂျီးရီးယားမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဆိပ်ကမ်း အသိုက်အဝန်းတွေလို သန့်ရှင်းအန္တရာယ်ကင်းတဲ့ပင်လယ်ပြင်ကို အားထားနေရတဲ့ ကျွန်တော်တို့တတွေ အတွက် လက်မခံနိုင်သလိုဘဲ သင်္ဘောသားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် လက်မခံ နိုင်ပါဘူး၊ဟု Berrama ကပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ကျွန်တော်တို့ရဲ့ ဆိပ်ကမ်းတွေမှာ ပုံမှန် မြင်တွေ့နေရတဲ့ စံချိန်စံနှုန်း နိမ့်ကျတဲ့ သင်္ဘောနမူနာတွေကို ဖော်ထုတ်ဖို့ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့တတွေ သင်္ဘောပေါ်မှာ ရှိတဲ့ သင်္ဘောသားတွေ ကြုံတွေ့နေရတဲ့ အလံငှါးတွေက လျစ်လျူရှုနေကျဖြစ်တဲ့ စက်ဆုတ်မှုတွေကို စကားဖြန့်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့တတွေဟာ စံချိန်စံနှုန်း နိမ့်ကျတဲ့ သင်္ဘောတွေကို လက်မခံနိုင်ဘူး ဆိုတဲ့ ခိုင်မာတဲ့ သတင်းစကားကို ပေးပို့ရာရောက်ပါလိမ့်မယ်။”

                                          

Berrama အနေဖြင့် အဖွဲ့ဝင်များက Togo, Cook Islands, Palau နှင့် Sierra Leone တို့က မက်ဒီတာရေးနီးယမ်း တစ်ဝိုက်တွင် လုပ်ဆောင်နေသည့် အရည်အသွေးနိမ့်ကျလွန်းအောင် ကုန်ကျ စရိတ် လျှော့ချပြိုင်ဆိုင်မှုအကြောင်း စိုးရိမ်နေရခြင်းမှာ ၎င်းတို့တစ်ခုတည်း မဟုတ်ပါ။

ပင်လယ် မြောက်ပိုင်း ကမ်းခြေတစ်လျှောက်ရှိ ကရိုးရှား သင်္ဘောသားများ သမဂ္ဂ (Seafarers’ Union of Croatia (SUC)) သည် သင်္ဘောသားများအတွက် အလံငှါးများက ဖန်တီးနေသော အန္တရာယ်များနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် တိုးပွားနေခြင်းကို နှစ်ပေါင်းများစွာ တင်ပြခဲ့ပြီးဖြစ်ပါသည်။ ITF ၏ ၂၀၁၈ ခုနှစ် ညီလာခံက တင်ပြချက်တစ်ခုကို ထောက်ခံအတည်ပြုခဲ့သည်မှာ ပင်လယ်ရေပြင်မှာ “အသုံးချလွယ်ကူသည့် ပင်လယ်ပြင်ကြေညာခြင်းဖြစ်သည့်အပြင် စံချိန်စံနှုန်း နိမ့်ကျသည့် သင်္ဘောလုပ်ငန်း ဇစ်မြစ်ကြောင့် ညစ်ညမ်းသော မက်ဒီတာရေးနီးယမ်းကို သန့်စင်ပေးရန် လှုံ့ဆော်မှုကို ဦးတည်ဆောင်ရွက်ရန် ITF ကို တာဝန်ပေးခဲ့သည်။

Seddik Berrama, FNTT အထွေထွေ အတွင်းရေးမှူးနှင့် (အာရပ်ကမ္ဘာ) ITF ဒုတိယ ဥက္ကဌ က ၂၀၂၀ ခုနှစ် ကမ္ဘာ့ကပ်ဘေးကြီး ဆိုက်ကပ်နေစဉ်အတွင်း Algiers, Algeria သို့ ဆိုက်ကပ်လာသော သင်္ဘောဝန်ထမ်းများသို့ အသုံးအဆောင်ပစ္စည်းများ ပေးကမ်းသည်။

ဖြစ်ရပ် လေ့လာမှု- Haifa မြို့၌ Sierra Leone-အလံငှါးလွှင့်ထူထားသော Kassandra သင်္ဘောပေါ် အစာရေစာမရှိဘဲ စွန့်ပစ်ခံထားရသော သင်္ဘောဝန်ထမ်းများ

Sierra Leone-အလံငှါးလွှင့်ထူထားသော အထွေထွေကုန်တင် သင်္ဘောကို မကြာသေးမီက Haifa မြို့တွင် အစ္စရေး ဆိပ်ကမ်းနိုင်ငံ ထိန်းချုပ်ရေး က ၂၃ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်၊ အဆိုပါအချိန်၌ Kassandra (IMO: 9118276) သင်္ဘောတွင် တည်ဆောက်ရေး၊ ရေကြောင်းလမ်းညွှန်၊ မီးဘေးအန္တရာယ် လုံခြုံရေး အချက် ၄၆ ချက်နှင့် သင်္ဘောသား လူမှုဖူလုံရေး ချို့ယွင်းချက်များ တွေ့ရှိခဲ့ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်း ခဲ့ရသည်။

သင်္ဘောသားများသည် ပျက်နေသည့် ရေခဲသည့် ရေခဲသေတ္တာများနှင့်အတူ စွန့်ပစ်ခံထားရသည်၊ ဆိုလို သည်မှာ ၎င်းတို့သည် ပူပြင်းနေသည့် မက်ဒီတာရေးနီးယမ်း အပူလိုင်းအောက်တွင် အစားအစာများကို မပျက်မသိုးအောင် ထားနိုင်စွမ်းနည်းလမ်း မရှိခဲ့ဟုဆိုလိုသည်။

ထိုအချိန်မှာ သြဂုတ်လ အတွင်း ဖြစ်ခဲ့ပြီး အလွန် ပူပြင်း၍ စိုစွတ်သော ရာသီဖြစ်ပါသည်၊ဟု ITF စိစစ်ရေးမှူး Assaf Hadar ကပြောကြားခဲ့သည်။ အစားအစာတွေဟာ နည်းပါးပြီး သင်္ဘောပေါ်မှာ ဟင်းသီးဟင်းရွက် အချို့သာ ရှိပါတယ်။ ခရီးစဉ်ကို ဆက်သွားဖို့ မလုံလောက်ပါဘူး။ ဒီလိုအဖြစ်အပျက်တွေ ကတော့ ဒီအလံငှါးတွေအတွက် သမားရိုးကျပါဘဲ။”

Hadar သည် Cook Islands, Palau, Sierra Leone နှင့် Togo နိုင်ငံတို့တွင် မှတ်ပုံတင်ထားသည့် သင်္ဘောအားလုံးကို ပင်လယ်ပြင်တစ်ခုလုံးအလိုက် ပြင်းပြင်းထန်ထန် စိစစ်ပေးသည့် ITF စိစစ်ရေးမှူး နှစ်ဒါဇင်ထဲမှ တစ်ဦးဖြစ်ပါသည်။ 

ဒီအလံအငှါးတွေဟာ မက်ဒီတာရေးနီးယမ်းမှာ အလုပ်လုပ်တဲ့ သင်္ဘောသားတွေအတွက် ကြီးမားတဲ့ ပြဿနာတစ်ရပ်ဘဲ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ပြောရရင် အဆိုးဝါးဆုံး သင်္ဘောပိုင်ရှင်တွေ ဟာ ဒီအလံငှါးတွေကို အသုံးပြုကြပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီပုံစံနဲ့ သင်္ဘောသားတွေကို ဆိုးဆိုးဝါးဝါး လုပ်နိုင်မယ် ဒါမှမဟုတ် ဘေးကင်းလုံခြုံရေး စည်းမျဥ်းတွေကို ဖြတ်လမ်းလိုက်နိုင်မယ်လို့ ထင်နေကြ ပါတယ်။ ကောင်းပါပြီ၊ သူတို့ အဲ့လို မလုပ်နိုင်ပါဘူး – ITF ဆိုတာ ရှိနေသမျှ မလုပ်နိုင်ပါဘူး။ ဟု Hadar ကပြောခဲ့သည်။

Haifa အခြေစိုက် ITF စိစစ်ရေးမှူး Assaf Hadar I (ဓါတ်ပုံ- ITF)

1. ILO သင်္ဘော စွန့်ပစ်မှု အချက်အလက်- ITF စိစစ်ရေးမှူးချုပ်၏ သင်္ဘောစွန့်ပစ်မှု အချက်အလက်

2. ITF စိစစ်ရေးမှူးချုပ်၏ လုပ်ခ ပြန်ရခြင်း အချက်အလက်

3. Paris MOU, 2020-22

4. ဝက်ဘ်ဆိုက် Paris MOU အရ-နှစ်စဉ် စိတ်ချရသည့်စာရင်း၊ သတိချပ်ရမည့်စာရင်းနှင့် နာမည်ပျက်စာရင်း အသစ်တို့ကို Paris MoU နှစ်စဉ် အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။ The “စိတ်ချရ, သတိချပ် နှင့် နာမည်ပျက် (WGB) စာရင်းကို အပြည့်အစုံ တင်ပြထားသည်၊ အရည်အသွေးရှိသော အလံများမှ အန္တရာယ် မြင့်မား သို့မဟုတ် အလွန် မြင့်မားသည်ဟု ယူဆရသော စွမ်းဆောင်ရည် ညံ့ဖျင်းသည့် အလံများအထိဖြစ်တင်ပြထားသည်။ ၎င်းတို့ကို ၃-နှစ်ဆက်တိုက် ကာလတွင် အလံများအတွက် အနည်းဆုံး အကြိမ် ၃၀ စိစစ်မှုများဖြင့် စုစုပေါင်း စိစစ်မှုနှင့် ဖမ်းစီးထိန်းသိမ်းရေး စုစုပေါင်းအပေါ် အခြေခံထားသည်။

ပြီးပြီး

 ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်း တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာကို လည်ပတ်ပေးနေသည့် အမျိုးသမီး အမျိုးသား သန်း နှစ်ဆယ်ခန့်၏ သဘောထားဖြစ်ပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.