Skip to main content

သြစတြေးလျနိုင်ငံ ကမ်းလွန်တွင် စွန့်ပစ်ခံရသည့် Yangtze Fortune သင်္ဘောပေါ်မှ သင်္ဘောဝန်ထမ်းများအတွက် ITF တရားမျှတမှု ဆောင်ကျဥ်းပေး – သင်္ဘောသားများ မရသေးသည့်လုပ်ခများ ပြန်ရ၊ အိမ်ပြန်ပို့ပေးခံရ

29 Mar 2023
Press Release

သြစတြေးလျနိုင်ငံ ကမ်းလွန်၌ စွန့်ပစ်ခံရသော သားတိရိစ္တာန်တင် သင်္ဘောပေါ် ပိတ်မိနေသော သင်္ဘောသားများကို နောက်ဆုံး၌ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF) ၏ ပံ့ပိုးမှုဖြင့် ၎င်းတို့၏ မရသေးသည့် လုပ်ခများ ပြန်ရရှိခဲ့ပြီး အိမ်သို့ပြန်ပို့ပေးခံခဲ့ရသည်။

သင်္ဘော Yangtze Fortune (IMO: 9336282) ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် သြစတြေးလျနိုင်ငံ ပြည်ထောင်စု တရားရုံးတော်က ဗစ်တိုးရီးယားပြည်နယ် ပို့ဒ်လန်၌ ဖမ်းဆီးခဲ့ပြီးနောက်များမကြာမီ သင်္ဘောကို ဟောင်ကောင်ပိုင်ရှင်များက စွန့်ပစ်ခဲ့သည်။ ထိုအချိန်မှစ၍ လများအတွင်း ITF သည် သင်္ဘော ဝန်ထမ်းများအား ပံ့ပိုးပေးရန်နှင့် ၎င်းတို့၏ မရရှိသေးသော လုပ်ခများ လုံးဝ ပြန်ရရှိရန် လုံးပန်းရာတွင် သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်း ဘေးကင်းလုံခြုံရေး အာဏာပိုင် (Australian Maritime Safety Authority (AMSA)) နှင့်အပြင် နိုင်ငံ၏ ပြည်ထောင်စု ရေကြောင်း တပ်ဖွဲ့အာဏာပိုင် (Admiralty Marshall) နှင့်အတူ လုပ်ကိုင်ပေးလျက်ရှိပါသည်။

လိုင်ဘေးရီးယန်းနိုင်ငံ အလံငှါးထားသည့် သင်္ဘောသည် မကြာသေးမီ နှစ်များအတွင်း သြစတြေးလျနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ပုံမှန် ကုန်သွယ်လမ်းကြောင်းအတိုင်း ပြေးဆွဲပြီးဖြစ်ပါသည်။ သင်္ဘော Fortune မှာ ဗစ်တိုးရီးယားပြည်နယ်၊ ပို့ဒ်လန်အနီးတွင် ကျောက်ချထားပြီး သင်္ဘောဝန်ထမ်းများကို ယမန်နှစ် စက်တင်ဘာလ သင်္ဘောအား ဖမ်းဆီးလိုက်ကတည်းကစ၍ သင်္ဘောဝန်ထမ်းများမှာ စိတ်ဓါတ် ကျဆင်းခဲ့သည်။ သင်္ဘောကိုယ်ထည်တွင် အက်ကြောင်းကို တွေ့ရှိချိန်၌ တရုတ်နိုင်ငံသို့ တင်ပို့မည့် သားတိရစ္ဆာန်တင် စီစဉ်ထားသည့် သင်္ဘောခရီးစဉ်ကို ပယ်ဖျက်ခဲ့သည်။

Yangtze Fortune သင်္ဘော

ယင်းနောက် ITF က အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (International Labour Organization (ILO)) သို့ သင်္ဘောစွန့်ပစ်ခြင်းကိစ္စ နို့တစ်စာကို တင်သွင်းရသည့်အဖြစ်သို့ စိုက်ရောက် ခဲ့ရသည်။ သင်္ဘောပိုင်ရှင်အပေါ် တင်ရှိနေသည့် ကြွေးမြီများအတွက် စင်ကာပူရှိ မြီရှင်များကလည်း သင်္ဘောကို ဦးတည်၍ ကြွေးမြီပြန်ရလိုမှုကို သြစတြေးလျနိုင်ငံ ပြည်ထောင်စု တရားရုံးတော်၌ တရားစွဲဆို ခဲ့ကြသည်။

ITF ၏ သြစတြေးလျနိုင်ငံဆိုင်ရာ စိစစ်ရေးမှူးချုပ် ညှိနှိုင်းရေးအရာရှိ Ian Bray က ဒီဇင်ဘာလ၌ ပြောကြားခဲ့သည်မှာ ဖစ်လိပိုင်နိုင်ငံမှ အားလုံးဖြစ်ကြသော သင်္ဘောဝန်ထမ်း အယောက် 30 ကျော်သည် ပိတ်စို့ခံရသည့် သင်္ဘောပေါ်၌ ၎င်းတို့၏ အလုပ်ရှင်မှ စွန့်ပစ်ခြင်းကို ခံနေခဲ့ရသည်ဟုဆိုသည်။

ဒီအလုပ်သမားတွေဟာ အလုပ်ရှင်တွေက ထိန်ချန်ထားတဲ့ သူတို့ရဲ့ လျော်ကြေးတွေနဲ့ လုပ်ခတွေကို ပြန်ရရှိဖို့ အတွက် သင်္ဘော ရောင်းချတဲ့ကိစ္စပြီးတဲ့တိုင် စွန့်ပစ်ခံထားရတဲ့ သင်္ဘောပေါ် နေပေးရတာ ဖြစ်ပါတယ်၊ ဟု Bray က ပြောကြားခဲ့သည်။

မှတ်တမ်း စုစုပေါင်းက ညွှန်းပြသည်မှာ ပိတ်မိနေသည့် သင်္ဘောသားများ၏ မရသေးသော လုပ်ခများမှာ ဒေါ်လာ တစ်သန်း၏ လေးပုံတစ်ပုံကျော် ရှိသည်ဟုဆိုသည်။ ITF ၏ လုပ်ခမှတ်တမ်း မူခင်း ထောက်လှမ်းရေး ကလည်း ဖော်ပြသည်မှာ သင်္ဘောဝန်ထမ်းများ၏ ယမန်နှစ် စက်တင်ဘာလနှင့် သြဂုတ်လ နှစ်လအတွက် လုပ်ခများကို အလုပ်သမားများ၏ ခွင့်ခံစားခွင့်များနှင့် ကုမ္ပဏီ၏ အိုနာစာ ရန်ပုံငွေအတွက် လျာထားသည့် ငွေများကိုသုံး၍ ပေးခဲ့ရသည်ဟုဆိုသည်။

ခန့်မှန်းခြေ သင်္ဘောဝန်ထမ်း အယောက် 20 ခန့်ရှိသော ကနဦး အဖွဲ့ကို ဇန်နဝါရီလတွင် ပို့ဒ်လန်မှ ထွက်ခွာ ခွင့်ပြုခဲ့သော်လည်း သြစတြေးလျနိုင်ငံ ဥပဒေအရ အရေးပေါ်အခြေအနေတစ်ရပ်ရပ်ကို တုံ့ပြန်ပေးရန် အတွက် သင်္ဘောဝန်ထမ်း 16 ဦး သင်္ဘောပေါ်နေပေးရန် လိုအပ်ပါသည်။ 

Yangtze Fortune သင်္ဘောပေါ်ရှိ သင်္ဘောသားများ

ကျန်ရစ်နေသည့် မူလ သင်္ဘောဝန်ထမ်းများမှာ ယနေ့တွင် နောက်ဆုံးအကြိမ်အားဖြင့် ပို့ဒ်လန်ရှိ ကမ်းပေါ် တက်လာမည်ဖြစ်ပြီး မဲလ်ဘုန်းသို့ ခရီးဆက်ကာ မနီလာသို့ ဆက်သွားရန် လေယာဥ်ပေါ်တက်မည် ဖြစ်ပါသည်။ သင်္ဘောပိုင်ရှင်အသစ်၏ အစားဝင်ရောက်မည့် သင်္ဘောဝန်ထမ်းများနှင့် ၎င်းတို့ကို ယခု အစားထိုးပေးလိုက်ပြီဖြစ်ပါသည်။

ITF သည် သြစတြေးလျ ရေပိုင်နက်တွင် လပေါင်းများစွာ ပိတ်မိနေသည့် သင်္ဘောဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့် ကောင်းမွန်ရေးကို သေချာစေရန် ဆောင်ရွက်ပေးခဲ့သော်လည်း အရေးပါစွာဖြင့် ဒေသခံ စိစစ်ရေးမှူးချုပ် အဖွဲ့က ITF ကဏ္ဍနှင့် တရားဥပဒေ ဝင်ရောက်စွက်ဖက်မှု မရှိလျှင် သင်္ဘောဝန်ထမ်းများထံမှ မတရားလုယူခံရနိုင်သည့် လုပ်ခတရားမျှတမှုကို ဆောင်ကျဥ်းပေးခဲ့ပါသည်။

ပြီးပြီ။

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်း တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာကို လည်ပတ်ပေးနေသည့် အမျိုးသမီး အမျိုးသား သန်း နှစ်ဆယ်ခန့်၏ သဘောထား ဖြစ်ပါသည်။

မီဒီယာ အဆက်အသွယ်-: media@itf.org.uk

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.