Skip to main content

အလုပ်သမားများသည် Maersk ထက် အခွန် ပိုမိုပေးကြရသည်- သုတေသန

29 Mar 2023
Press Release

၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်၊ လန်ဒန်/ကိုပင်ဟေဂင်

A.P. Moller – ကမ္ဘာအနှံ့ရှိ Maersk အလုပ်သမားများမှာ ၎င်းတို့ အလုပ်လုပ်ပေးရသည့် နိုင်ငံစုံ သင်္ဘောလုပ်ငန်းထက် အခွန် ပိုမိုမြင့်မားသောနှုန်းဖြင့် ပေးရလိမ့်မည်မှာ ဖြစ်နိုင်ဖွယ်ရှိသည်ဟု Maersk ၏ လာမည့် နှစ်ပတ်လည် အထွေထွေ ညီလာခံ (AGM) မတိုင်မီ ဆန်းစစ်မှုအသစ် လက်ရှိ ထုတ်ပြန်ချက်အရ ဆိုပါသည်။

အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်း ကုမ္ပဏီ အခွန်တာဝန်နှင့် သုတေသန ဌာန (Centre for International Corporate Tax Accountability and Research (CICTAR)) မှ သုတေသနမှူးများက ဖော်ထုတ် လိုက်သည်မှာ Maersk လုပ်ငန်းဆောင်ရွက်နေသော နိုင်ငံ အများအပြားတွင် ပုံမှန် အလုပ်သမား၏ ထူးခြားသည့် အခြေအနေတစ်ရပ်မှာ ၎င်းတို့သည် ဒိန်းမတ် ကုမ္ပဏီ အစီရင်ခံထားသည့် ၎င်းတို့၏ အမြတ်အစွန်းများအပေါ် ပေးရသည့် အခွန်ထက် ပိုမိုမြင့်မားသော အခွန်နှုန်းထားကို ပေးနေကြရသည် ဟုဆိုသည်။

တစ်ကမ္ဘာလုံးအားဖြင့် Maersk ၏ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် အခွန် မပေးဆောင်မီ အမြတ်ငွေ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ USD 49 ဘီလီယံ ရှိသည်။ သို့သော်လည်း ၎င်းသည် ၂၀၂၁ ခုနှစ်တွင် အမြတ်ငွေအပေါ် အခွန် 3.7 ရာခိုင်နှုန်းသာ ပေးခဲ့ရပြီး ယမန်နှစ်က 3 ရာခိုင်နှုန်းသာ ပေးခဲ့ရသည်။ အဆိုပါ ကိန်းဂဏန်းတွင် ၎င်း လုပ်ငန်းဆောင်ရွက်သည့် နိုင်ငံပေါင်း 130 တွင် ပေးခဲ့သည်ဟု အစီရင်ခံထားသော အခွန် ပါဝင်သည်။

ဝင်ငွေခွန် 39.1 ရာခိုင်နှုန်းနှင့် လုပ်ခများအပေါ် လူမှုဖူလုံရေး ထည့်ဝင်ငွေများ ပေးရသည့် ဒိန်းမတ် ပုံမှန် အလုပ်သမားတစ်ဦးနှင့် နှိုင်းယှဥ်သော် Maersk ပေးခဲ့ရသည့် အခွန်နှုန်းထက် ဆယ့်သုံးဆ ပိုမို မြင့်မား ပါသည်။

အလုပ်သမားများသည် Maersk ထက် အခွန်ပိုပေးရသလား ၏အဓိကကျသော တွေ့ရှိချက်များ-

  • ဒိန်းမတ်တွင် ပုံမှန် ဝင်ငွေရနေသည့် အလုပ်သမားတစ်ဦးသည် Maersk ပေးရသည့် အခွန်နှုန်း၏ 13 ဆကို ပေးရသည်
  • ဒိန်းမတ် အလုပ်သမားများသည် Maersk ပေးရသည့် အခွန်နှုန်းထက် ကိုးဆပို၍ ပေးနေရသည်
  • အာဂျင်တီးနား အလုပ်သမားများသည် Maersk ပေးရသည့် အခွန်နှုန်းထက် ရှစ်ဆ ပို၍ပေးနေရသည်
  • သြစတြေးလျန်း အလုပ်သမားများသည် ၎င်းတို့၏ ဝင်ငွေမှ အခွန် ပျမ်းမျှ 19.8 ရာခိုင်နှုန်း ပေးရသည်၊ Maersk ၏ အခွန်နှုန်းထက် ခြောက်ဆ ပို၍ပေးရသည်

“Maersk ဟာ ဒိန်းမတ်ရဲ့ အထင်ကရကြီးကျယ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ စီးပွားရေး အောင်မြင်မှုကို ကျွန်ုပ်တို့ ဂုဏ်ယူဝင့်ကြွားပေမဲ့လည်း ကျွန်တော်တို့အနေနဲ့ ဒိန်းမတ်မှာဖြစ်စေ ဒါမှမဟုတ် နိုင်ငံရပ်ခြားမှာဖြစ်စေ - Maersk ၏ အမြတ်ငွေတွေဟာ အလုပ်သမားတွေ သို့မဟုတ် အခွန်ထမ်းတွေရဲ့ ဆုံးရှုံးနှစ်နာမှုမှ မရရှိစေရပါ၊ဟု Karsten Kristensen, ဒိန်းမတ် သမဂ္ဂရှိ သယ်ယူပို့ဆောင်ရေး အုပ်စု 3F ၏ ဒုတိယ ဥက္ကဌက ပြောကြားခဲ့သည်။

“Maersk ရဲ့ အောင်မြင်မှုကို သူ့ရဲ့ အလုပ်သမားတွေအပြင် လူမှုအဆောက်အအုံ နှစ်ခုလုံးနှင့် အတူဝေမျှဖို့ လိုအပ်ပါတယ်။ ဒီကိန်းဂဏန်း အသစ်တွေဟာ ကုမ္ပဏီအနေနဲ့ အလုပ်သမားတွေ ပေးနေရတဲ့ အခွန်နှုန်းထက် ပိုမိုနိမ့်ကျတဲ့ နှုန်းထားကို ပေးရတာဟာ စိုးရိမ်နေရပါတယ်၊ဟု Kristensen က ပြောကြားခဲ့သည်။

Kristensen က ပြောလိုက်သည်မှာ ကုမ္ပဏီများက မျှမျှတတ ပါဝင်မပေးသည့်အခါဆိုလိုတာက လမ်းတွေနဲ့ ဆိပ်ကမ်းတွေလို မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေအတွက် ကုန်ကျငွေ ကျခံဖို့ အလုပ်သမားတွေ အပါအဝင် အခြား အခွန်ထမ်းတွေဆီက ဝင်ငွေခွန်တွေကနေတစ်ဆင့် မျှော်လင့်နေ ကြပါတယ်။ အဲ့ဒါဟာ ကော်ပိုရေးရှင်း ကုမ္ပဏီကြီးတွေရဲ့ နှစ်မျိုးနှစ်စာ စံနှုန်းတွေရဲ့ ရှင်းလင်းနေတဲ့ ကိစ္စဘဲဖြစ်ပါတယ်။ ဒိန်းမတ်လူထုအနေဖြင့် Maersk ထံမှ ပိုရဖို့ မျှော်လင့်ရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

ဒိန်းမတ်လူထု Maersk ၏ ကမ္ဘာ့ကပ်ဘေးကြီး အမြတ်ငွေ ဒေါ်လာ $9.4 ဘီလီယံမှ ခွဲဝေငွေ လက်လွှတ်ဆုံးရှုံး

Maersk သည် ကမ္ဘာ့ကပ်ဘေးကြီးနှင့် ၎င်းကြောင့်ပေါ်ပေါက်သော ကုန်စည်ဖြန့်ချီရေး ကွင်းဆက် အလွန်အသည်းအသန်ဖြစ်နေသည့်ကာလ မှတစ်ဆင့် အလွန့်အလွန် အကျိုးအမြတ်ရခဲ့သည်။ ကုမ္ပဏီ၏ တစ်ကမ္ဘာလုံးဆိုင်ရာ အမြတ်ငွေများမှာ ၂၀၂၀ ခုနှစ် မှစ၍ သိသိသာသာ မြင့်တက်လာခဲ့သည်၊ CICTAR ၏ တင်ပြချက်အရ နှစ်-နှစ်အတွင်း ၂၆ ဆကျော် ဆတိုးများပြားလာသည်။

သို့သော်လည်း ဒိန်းမတ် အခွန်ထမ်းများအနေဖြင့် ပွင့်လင်းချိန်တွင် အကြီးအကျယ် လက်လွှတ်ဆုံးရှုံးခဲ့ ရသည်။ အဘယ်ကြောင့်ဆိုသော် အခြားသော စီးပွားလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ မိခင်နိုင်ငံတွင် ၎င်းတို့၏ အမြတ်အစွန်း အများစု သို့မဟုတ် အားလုံးအပေါ် ကုမ္ပဏီအခွန်နှုန်းများ သမားရိုးကျအားဖြင့် ပေးရသည်နှင့် နှိုင်းယှဥ်သော် Maersk သည် ဒိန်းမတ် မိခင်နိုင်ငံ၌ အလွန်နိမ့်ကျသော တန်ချိန် အခွန်နှုန်းဖြင့် ပေးခဲ့ရသည်။[1]

သုတေသနမှူးများက ခန့်မှန်းတွက်ချက်လိုက်သည်မှာ ဒိန်းမတ်လူထုသည် အခွန်ရငွေ အမေရိကန်ဒေါ်လာ တစ်ဆယ် ဘီလီယံနီးပါး လက်လွှတ်ဆုံးရှုံးခဲ့ရသည်၊ အကယ်၍သာ Maersk ၏ အမြတ်ငွေများကို သာမန်အလုပ်သမား ပေးသည့်အခွန်နှုန်းထားလောက်ဖြင့် အခွန်စည်းကြပ်ခဲ့လျှင် လူထုအနေဖြင့် အကျိုး ဖြစ်ထွန်းနိုင်ခဲ့ရလိမ့်မည်ဖြစ်ပါသည်။

၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ဒိန်းမတ်၏ စံပြုထားသော ကုမ္ပဏီ အခွန်စည်းကြပ်နှုန်းထား 22% အစား တန်ချိန် အခွန်စည်းကြပ်ပုံစံကို အသုံးပြုခြင်းကြောင့် ဒိန်းမတ်သည် အခွန်ရငွေ ခန့်မှန်းခြေ $9.4 ဘီလီယံ ဆုံးရှုံးခဲ့ရသည်။

ဒီကမ္ဘာ့ကပ်ဘေးကြီးဟာ Maersk အတွက် အလွန်ကြီးမားတဲ့ စီးပွားရေး အခွင့်အလမ်းကြီးတစ်ရပ် ဖြစ်ခဲ့ ပါတယ်၊ဟု Jason Ward, အခွန် ပွင့်လင်းမြင်သာမှု ဌာန (CICTAR) ဆန်းစစ်ရေးမှူးချုပ်က ပြောကြားခဲ့သည်။ ကုမ္ပဏီဟာ ၂၀၂၀ ခုနှစ်ကစပြီး တန်ချိန်အားဖြင့် အနည်းငယ်သာ ပိုပြီး သယ်ယူပို့ဆောင် ပေးခဲ့သော်လည်း ကုမ္ပဏီအနေနဲ့ သူ့ရဲ့ စီးပွားရေးကို ဒိန်းမတ်ရဲ့ တန်ချိန်နှုန်းအရ အခွန်စည်းကြပ်မှုကြောင့် သိသိသာသာ အမြတ်အစွန်း ပိုရနိုင်ခဲ့ပါတယ်။

တန်ချိန်နှုန်းအရ အခွန်ကို ကုမ္ပဏီပေးခဲ့ခြင်းမှာ ၂၀၂၀ ခုနှစ်တွင် သုံးလပတ်လျှင် အမေရိကန် ဒေါ်လာ USD 100 သန်းခန့်မှ ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ USD 200-250 သန်းခန့် တိုးမြှင့်ခဲ့ပါသည်။

Ward ကပြောခဲ့သည်မှာ Maersk သည် ကုမ္ပဏီသည် အခွန်ဆောင်ရာ၌ ပိုမို၍ ပွင့်လင်းမြင်သာမှုရှိနေခြင်းကို ပိုမိုကောင်းမွန်စွာ လုပ်နိုင်ခဲ့ပါသည်။ သူတို့အနေနဲ့ အချို့နေရာတွေမှာ ပေးခဲ့တဲ့ အခွန်စုစုပေါင်း အခွန်အမျိုးအစားအချို့ကို တင်ပြသော်လည်း Maersk က အခြား ဒိန်းမတ် နှင့် ဥရောပ နိုင်ငံစုံတွေရဲ့ နမူနာကို လိုက်နာသင့်ပြီး ပေးခဲ့တဲ့ အခွန်အားလုံးနှင့် လုပ်ငန်းဆောင်ရွက်တဲ့ နိုင်ငံတိုင်းမှာရှိတဲ့ အခြေခံ ငွေကြေး အချက်အလက်တွေကို သတင်းပို့သင့်ပါတယ်၊ဟု သူကပြောကြားခဲ့သည်။

Ward သည် ကုမ္ပဏီအား ၎င်းတို့၏ ငွေစာရင်းများကို ကမ္ဘာ့အစီရင်ခံခြင်း စီမံကိန်း (Global Reporting Initiative (GRI)) အခွန် စံချိန်စံနှုန်းနှင့်အညီ စာရင်းပြုစုရန် တောင်းဆိုခဲ့သည်၊ ၎င်းတွင် နိုင်ငံ-တစ်ခု-ချင်းအလိုက် အစီရင်ခံခြင်း ပါဝင်သည်။ ၎င်းကို ဇူလိုင်လမှစ၍ သြစတြေးလျနိုင်ငံတွင် လုပ်ငန်း လည်ပတ်နေသော ကုမ္ပဏီအားလုံး Maersk အပါအဝင်သည် စည်းမျဥ်းအသစ်များ အာဏာတည်လာ သည်နှင့် လိုက်နာရန်လိုအပ်ပါသည်။

ITF သည် နှစ်ပတ်လည် အထွေထွေ ညီလာခံတွင် အလုပ်သမားများ၊ အခွန်ထမ်းများ အတွက် မမျှမတမှုကို စိန်ခေါ်ရန်ရှိသည်

“Maersk အုပ်စုရဲ့ အစုဝင်တွေက ဤအစီရင်ခံစာ တွေ့ရှိချက်များမှာ ရေရှည်တည်တံ့နေဖို့အတွက် ကုမ္ပဏီရဲ့ အများပြည်သူတာဝန်ခံမှုတွေအပေါ် ဘယ်လိုအကျုံးဝင်မလဲဆိုတာ မေးမြန်းပါလိမ့်မယ်၊ဟု Kulsoom Jafri အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers'​ Federation (ITF)) ဦးဆောင် လှုံ့ဆော်သူက ပြောကြားခဲ့သည်။

Jafri ကပြောခဲ့သည်မှာ ကမ္ဘာ့ကပ်ဘေးကြီးအတွင်း ရခဲ့သည့် အမြတ်ငွေများကို Maersk လို နိုင်ငံစုံ ကုမ္ပဏီက ဘဏ်သွင်းခဲ့ကြသည့်အခါ စံချိန်စံညွှန်း နှစ်မျိုးနှစ်စား ရှိခဲ့သည်၊ များသောအားဖြင့် အလုပ်သမားများ၏ ကြိုးစားလုပ်ကိုင်မှုနှင့် ထိုအလုပ်သမားများထက် ပိုမိုနိမ့်ကျသည့် အခွန်နှုန်းပေးခြင်း ကြောင့် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာဘဲ Maersk ဟာ သူ့အလုပ်သမားတွေနဲ့ ပစ္စည်းပေးသွင်းသူတွေ အပေါ်မှာ ဖိအားတိုးပြီးပေးခဲ့ပါတယ်အထူးသဖြင့် ကမ္ဘာ့တောင်ဖက်အခြမ်းမှာ ဖြစ်ပါတယ်။

Kulsoom Jafri addresses Maersk shareholders at the company’s 2022 AGM in Copenhagen on behalf of the ITF and its union affiliates
Kulsoom Jafri သည် Maersk အစုဝင်များကို ကိုပင်ဟေဂင်မြို့၌ ၂၀၂၂ ခုနှစ် ကုမ္ပဏီ၏ နှစ်ပတ်လည် ညီလာခံတွင် ITF နှင့် အဖွဲ့ဝင် သမဂ္ဂများကိုယ်စား မိန့်ခွန်းပြောကြားသည်။

“Maersk ဟာ အမြတ်အစွန်း ကြီးကြီးကျယ်ကျယ် ရခဲ့တယ်၊ ဘာလို့လဲဆိုတော့ သင်္ဘောသားတွေ၊ ဆိပ်ကမ်းအလုပ်သမားတွေ၊ ဆွဲသင်္ဘောဝန်ထမ်းတွေနှင့် ကုန်ကားမောင်းသူတွေရဲ့ အံ့မခန်း အလုပ်ကြိုးစားမှု ကြောင့်ဖြစ်ပါတယ်။ နှစ်ရှည်လများ လုပ်ခ တိုးမရတဲ့ Maersk အုပ်စု အလုပ်သမားတွေအဖို့ ဒီသတင်းဟာ မျက်နှာကိုပိတ်ရိုက်လိုက်သလို ဖြစ်ပါလိမ့်မယ်။

Jafri ကပြောကြားခဲ့သည်မှာ ကုမ္ပဏီက နှစ်ပတ်လည် အထွေထွေ ညီလာခံကို အွန်လိုင်းဖြင့်သာ ကျင်းပမည်ဟု ပြောင်းလိုက်ပြီး သမဂ္ဂများအပါအဝင် အစုဝင်အုပ်စုများက ဤနှစ် ရှင်းတမ်းများကို ကိုယ်တိုင် ဖတ်ကြားခြင်းအား ပိတ်ပင်ပြီးနောက် ITF အနေဖြင့် Maersk ESG စွမ်းဆောင်မှုနှင့်ပတ်သက်သည့် ၎င်း၏ အစီရင်ခံစာကို လာမည့်အပတ်၌ လူကိုယ်တိုင် ပေးပို့မည်ဖြစ်ပါသည်။

ပြီးပြီး

မှတ်ချက်များ-

  • CICTAR ၏ အလုပ်သမားများ Maesk ထက် အခွန် ပိုပေးရသလား တင်ပြပုံကို ဤနေရာတွင် အပြည့်အစုံတွေ့ရှိနိုင်ပါသည်။

References:

[1] ၂၀၀၁ ခုနှစ်မှစ၍ သင်္ဘောကုမ္ပဏီများအပေါ် စံနှုန်းသတ်မှတ်ထားသည့် ကုမ္ပဏီအခွန် စည်းကြပ်ခြင်းအစား ဒိန်းမတ်နိုင်ငံသည် အသားတင် တန်ချိန်လျှင် ပုံသေ နှုန်းထားဖြင့် တန်ချိန်အခွန် ကောက်ခံခဲ့သည်။ သတင်းရရာဇာစ်မြစ်- CICTAR, 2023)

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.