Skip to main content

အစိုးရများအနေဖြင့် ကမ္ဘာ့ကပ်ဘေးကြီးအတွင်း ကုန်စည်ဖြန့်ချီရေး ကွင်းဆက် သင်ခန်းစာများကို လေ့လာရန် တာဝန်ရှိသည် – ပင်လယ်ရေကြောင်း အစီရင်ခံစာ

29 Mar 2023
Press Release

အစိုးရများအနေဖြင့် မိမိတို့၏ နိုင်ငံသားများနှင့် ရာသီဥတုအတွက် အားကိုးအားထားရမည့် ပင်လယ် ရေကြောင်း ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များကို ပို့ဆောင်ပေးနိုင်ရန် ကမ္ဘာ့ကပ်ဘေးကြီးနှင့် ကပ်ဘေးလွန် ကာလမှ သင်ခန်းစာများကို လေ့လာသင့်ပါသည်၊ ဟု အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) က အစီရင်ခံစာ အသစ်တွင် တင်ပြထားသည်။

ဝက်ဘ်ဆိုက် သင်္ဘောသားများနှင့် နိုင်ငံ့ ပင်လယ်ရေကြောင်း မူဝါဒများအတွက် အခွင့်အလမ်းများ - ကမ္ဘာ့ကပ်ဘေးကြီး၏ အနိဌာရုံ နောက်ပိုင်း ရေကြောင်းပြခြင်း တွင် လုပ်ငန်းကဏ္ဍဆိုင်ရာ ကျွမ်းကျင်သူများက ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ ပို့ဆောင်နိုင်ရန် အစိုးရများ အဖို့ အဓိပ္ပါယ်ရှိသော နည်းလမ်းများ အဆိုတင်သွင်းထားသည့် ကိုဗစ်-၁၉ အတင်းအကျပ်များမှ ပေါ်ထွက်လာသည့် အရေးပါသော သင်ခန်းစာယူစရာများကို ဖော်ထုတ်ကြသည်။

ကမ္ဘာ့ကပ်ဘေးကြီး အတောအတွင်း နိုင်ငံ အများအပြားမှာရှိကြတဲ့ စားသုံးသူတွေနှင့် စီးပွားလုပ်ငန်းတွေဟာ ကုန်စည်နည်းပါးမှုအခြေအနေတွေကို ကြုံတွေ့ခဲ့ကြပါတယ်၊ ဆေးဝါးတွေနဲ့ လောင်စာ ဖြန့်ချီရေးတွေ အပါအဝင် ဖြစ်ပါတယ်၊ဟု Chris Given, အစီရင်ခံစာ ရေးသားသူများထဲမှ တစ်ဦးဖြစ်သူ ကနေဒါနိုင်ငံ အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများ သမဂ္ဂ ဘဏ္ဍာရေး အတွင်းဝန် (Secretary-Treasurer, Seafarers’ International Union of Canada (SIU Canada)) က ပြောကြားခဲ့သည်။

“သို့သော်လည်း ကျွန်တော်တို့ တွေ့မြင်ရတာက အခြားနိုင်ငံတွေမှာ အထူးသဖြင့် ပင်လယ်ရေကြောင်း မူဝါဒ ခိုင်မာတဲ့နိုင်ငံမှာ အစိုးရတွေအနေနဲ့ မိမိတို့ရဲ့ လူတွေ စားသုံးဖို့၊ လောင်စာရရှိဖို့အပြင် စီးပွားရေးနှင့် ကျန်းမာရေး ပြန်လည်ထူထောင်ပေးဖို့ ကောင်းကောင်း ချမှတ်ထားတဲ့ မူဝါဒနဲ့ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။”

အဘယ်ကြောင့် အချို့ နိုင်ငံများ ကြံ့ကြံ့ခိုင်နိုင်ကြသနည်း

ကမ္ဘာ့ကပ်ဘေးကြီးတစ်လျှောက်လုံးတွင် ကမ္ဘာ့သင်္ဘောလုပ်ငန်း၏ အမျာအပြားသော ကုန်တင်သေတ္တာများ သည် ပြန့်ကျဲနေကြပြီး လိုအပ်နေသည့်တိုင် ရှာမတွေ့ခဲ့ကြပါ။ ရလဒ်အားဖြင့် မကြုံစဖူး မြင့်မားသော သင်္ဘောကုန်တင်ခ စရိတ်ကြီးမားပြီး ဆိပ်ကမ်းများတွင် လျှော့ချ၍မရနိုင်လောက်အောင် သင်္ဘောများဖြင့် ပြည့်ကျပ်နေခဲ့သည်၊ ထို့ကြောင့် ကုန်ချောများ အကြီးအကျယ် နည်းပါးမှု ထုနှင့်ထည်နှင့် အလျင်အမြန် ပေါ်ပေါက်လာပြီး စားသုံးသူများအဖို့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ ပိုမိုပို့ဆောင်ပေးမှုအပေါ် မှီခိုရသည်။

တစ်ချိန်တည်းမှာပင် သင်္ဘောသား အယောက် လေးသိန်း (၄၀၀,၀၀၀) အထိမှာ ကမ္ဘာ့ကပ်ဘေးကြီးအတွင်း ကုန်ပိုင်း ကန့်သတ်ချက်များကြောင့် သင်္ဘောများပေါ်တွင် ပိတ်မိနေကြပြီး အိမ်မပြန်နိုင်ကြသည့်အပြင် သင်္ဘောဝန်ထမ်းအသစ်များနှင့် အစားထိုး၍ မရနိုင်ခဲ့ကြပါ။ မောပန်းနေပြီး အားအင်ကုန်ခန်းနေသည့် သင်္ဘောသား အချို့မှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း အပြင်းအထန်ဆုံး ရောက်နေချိန်၌ သင်္ဘောပေါ်တွင် တစ်နှစ်ကျော်ကြာ ပိတ်မိနေခဲ့ကြသည်။

“ပဋိပက္ခတွေအကြားမှာ တချို့နိုင်ငံတွေဟာ အရေးပါတဲ့ ကုန်စည်တွေ သယ်ဆောင်ပေးဖို့နဲ့ ကုန်စည် ဖြန့်ချီရေးကွင်းဆက်တွေကို ပို့ဆောင်ပေးဖို့အတွက် နိုင်ငံပိုင်အလံလွှင့်ထူထားသော သင်္ဘောအုပ်စုတွေကို အသုံးချနိုင်ခဲ့ကြပါတယ်။ အဲ့ဒါတွေဟာ တစ်နေရာရာမှာ ပြည့်ကျပ်နေသေးတဲ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက် တွေဘဲဆိုတာ ကျွန်တော်တို့ သတိထားရပါမယ်၊ဟု Given က ပြောကြားခဲ့သည်။

ဒီအစီရင်ခံစာကို ရေးသားတဲ့အခါမှာ ဘာဖြစ်လို့လဲတစ်ချို့နိုင်ငံတွေဟာ မြန်မြန်ဆန်ဆန်နဲ့ ခိုင်ခိုင်မာမာနဲ့ ပြန်ထူထောင်နိုင်လာကြပြီး အခြားနိုင်ငံတွေမှာတော့ ဒီအကျပ်အတည်းတွေကြောင့် အလွန်ဆိုးဆိုးဝါးဝါး ကြုံတွေ့ခဲ့ကြရတယ်ဆိုတော့ ကွာခြားချက်က ဘာလဲဆိုပြီး ကျွန်တော်တို့ မေးခဲ့ပါတယ်။”

အစိုးရများအနေဖြင့် ပြင်းထန်လွန်းပြီး မလိုအပ်သည့် အန္တရာယ်ကို ရှောင်ကြဉ်နိုင်သည်

ညံ့ဖျင်းသော အစီအစဉ်ရေးဆွဲခြင်းနှင့် မူဝါဒကြောင့် အကျပ်အတည်းအကြား ခက်ထန်သည့် ပင်လယ် ရေပြင်နှင့် ရေကြောင်းပြဆက်သွယ်ရန် ရုန်းကန်နေရသည့် အစိုးရများမှ ခက်ခက်ခဲခဲ သင်ခန်းစာများကို လေ့လာဆည်းပူးခဲ့ရသည်ကိုလည်း အစီအရင်ခံစာတွင် မှတ်တမ်းတင်ထားပါသည်။

သြစတြေးလျနိုင်ငံတွင် နည်းဗျူဟာကျသည့် သင်္ဘောအုပ်စု အားနည်းမှုက ဆိုလိုခဲ့သည်မှာ ပြည်ထောင်စု အစိုးရအနေဖြင့် တိုင်းပြည်၏ စီးပွားလုပ်ငန်းများကိုသာ အကဲခတ်ကြည့်နေနိုင်ပြီး စားသုံးသူများအနေဖြင့် သင်္ဘောလုပ်ငန်း ဝန်ဆောင်မှုများအတွက် မယုံကြည်နိုင်လောက်အောင် မတည်ငြိမ်သည့် ကမ္ဘာ့စျေးကွက် အပေါ် ဓါးစားခံဖြစ်ခဲ့ရသည်။ စီးပွားလုပ်ငန်းများ၊ အိမ်ထောင်စုများနှင့် အများပြည်သူ ကဏ္ဍတို့မှာ စျေးကွက်များနှင့် ၎င်းတို့၏ မှတ်တမ်းတင်လောက်အောင်-ကြီးမြင့်သော စျေးနှုန်းများ၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိခဲ့ကြသည်၊ တိုင်းပြည်၏ စီးပွားရေး သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အရေးပါသည့် ကုန်ပစ္စည်းများအတွက်ပင် ဖြစ်ပါသည်။

ကိုဗစ်-၁၉ နဲ့ ကုန်စည်ဖြန့်ချီမှု ကွင်းဆက် အံ့မခန်းထိပ်လှန့်စရာတွေ ပေါ်ထွက်လာတဲ့နောက်မှာ ကျွန်တော်တို့ရဲ့ ကမ္ဘာ့ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တွေဟာ ဘယ်လောက်ပြိုကွဲလွယ်တယ်ဆိုတာကို ပြတာပါဘဲ၊ဟု David Heindel, ITF သင်္ဘောသားများ ဌာနခွဲ ဥက္ကဌနှင့် မြောက်အမေရိက သင်္ဘောသားများ၏ အပြည်ပြည်ဆိုင်ရာ သမဂ္ဂ ဥက္ကဌ (Seafarers’ International Union of North America (SIU)) က ပြောကြားခဲ့သည်။

ဉာဏ်အမြော်အမြင်ရှိတဲ့ တိုင်းပြည်ရဲ့ ပင်လယ်ရေကြောင်း မူဝါဒတွေဟာ တိုင်းပြည်ရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင် ကောင်းကျိုးတွေကို ကာကွယ်ပေးဖို့အတွက် အရေးကြီးတဲ့ အာမခံချက်တွေဘဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ ဖြစ်ပျက်ခဲ့ပြီးတဲ့နောက်မှာ မိမိလူတွေအတွက် အာမခံချက် မလိုလားတဲ့ အစိုးရဟာ ဘယ်လိုအမျိုးအစားတွေပါလဲ။” ဟု Heindel က ပြောကြားခဲ့သည်။

အမြော်အမြင်မရှိတဲ့ တိုင်းပြည်ရဲ့ ပင်လယ်ရေကြောင်း မူဝါဒတွေ မရှိရင်၊ အစိုးရတွေဟာ သူတို့ရဲ့ စီးပွားရေးတွေနဲ့ သူတို့ရဲ့ လူမှုအသိုက်အဝန်းတွေကို အကြီးအကျယ်နှင့် မလိုလားအပ်တဲ့ – အန္တရာယ် များစေပါတယ်ဟု သူက ပြောလိုက်သည်။ နောက်တစ်နည်း ရှိပါသေးတယ်။

ITF သယ်ယူပို့ဆောင်ရေးလုပ်ပိုင်ခွင့် အလုပ်တပ်ဖွဲ့ (Cabotage Task Force Washington, D.C) သည် ဤအပတ်၌ တွေ့ဆုံကြသည်၊ ၎င်းတို့သည် ပင်လယ်ရေကြောင်း ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ ပို့ဆောင်ပေးခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့ကပ်ဘေးကြီးမှ သင်ခန်းစာများကို အစိုးရများအတွက် ဖော်ထုတ်ပေးထားသည့် အစီအရင်ခံစာ အသစ်ကို အတည်ပြုပေးခဲ့သည်။  | (ဓါတ်ပုံ- ITF, 2023)

ပိုမိုကောင်းမွန်သော အနာဂတ်အတွက် စီစဥ်ခြင်း

Heindel ကပြောလိုက်သည်မှာ အချို့နိုင်ငံများအနေဖြင့် ကြိုတင်ပြင်ဆင်ထားခြင်းမရှိသော တိုင်းပြည်၏ ပင်လယ်ရေကြောင်းဆိုင်ရာ ကဏ္ဍ၏ အားနည်းချက်များကို ၎င်းတို့အနေဖြင့် မှတ်သားနာယူခဲ့ကြောင်း ပြသခဲ့ကြပြီးဖြစ်ပါသည်။ ဘရာဇီးလ်၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ ပနားမား၊ တောင်အာဖရိက၊ ယူကေ နှင့် ယူအက်စ်အေ နိုင်ငံတို့က ၎င်းတို့၏ ပြည်တွင်း ဥပဒေပြဌာန်းခြင်းနှင့် စီစဉ်ခြင်းတို့တွင် သယ်ယူပို့ဆောင်ရေးလုပ်ခွင့်နှင့် အခြား အမြော်အမြင်ရှိသော နိုင်ငံ့ ပင်လယ်ရေကြောင်း မူဝါဒများကို ပိုမိုပံ့ပိုးပေးရန် လတ်တလော လုပ်ဆောင်ချက်များကို အစီရင်ခံစာက မီးမောင်းထိုးပြထားသည်။

ယူအက်စ်နိုင်ငံမှာသာ မကဘဲ အခြား တစ်နေရာရာမှာလိုဘဲ ဒီအကျပ်အတည်းတစ်လျှောက်လုံးမှာ ကျွန်တော်တို့ ပြည်တွင်း သင်္ဘောလုပ်ငန်းကဏ္ဍရဲ့ ထင်ပေါ်လွန်းတဲ့ စွမ်းဆောင်ချက်က ပြသတာဟာ ခင်ဗျားတို့အနေနဲ့ ခင်ဗျားတို့ရဲ့လူတွေအပေါ်မှာ ရင်းနှီးမြှုပ်နှံပေးတဲ့အခါ ခင်ဗျားတို့ရဲ့ အလုပ်ရုံနဲ့ လုပ်ငန်းကဏ္ဍဟာ ခင်ဗျားအနေနဲ့ ကမ္ဘာ့ စီးပွားရေး ကျဆင်းနိုင်မယ့် ကိစ္စရပ်မှာ ခင်ဗျားတို့ရဲ့ နိုင်ငံသားတွေအတွက် လုပ်ဆောင်ပေးဖို့ ပိုမိုကြိုတင်ပြင်ဆင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ကိစ္စမှာ အောင်မြင်တဲ့အကြောင်းဘဲဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ ပိုပြီးတော့ လုပ်နိုင်ပါတယ်၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အရေးပါတဲ့ ကဏ္ဍကို ပိုမိုများပြားတဲ့ အစိုးရတွေက ပံ့ပိုးပေးခြင်းနဲ့အတူဖြစ်ပါတယ်၊သူက ပြောခဲ့သည်။

ITF ပင်လယ်ရေကြောင်း ညှိနှိုင်းရေးမှူးဖြစ်သူ Jacqueline Smith က သဘောတူခဲ့သည်။ တစ်ကယ်လို့ ကာဗွန်ဓါတ်ငွေ့ ထုတ်လုပ်မှုကို အန္တရာယ်ကင်းသည့်အဆင့်အထိ လျှော့ချပေးဖို့ စိန်ခေါ်မှုကို စုပေါင်းပြီး တိုးမြင့်လုပ်ဆောင်တဲ့အခါမှာ သင်္ဘောလုပ်ငန်းအနေနဲ့လည်း ၎င်းတို့လုပ်ရမယ့်အပိုင်းကို လုပ်ဖို့ လိုအပ်ပါတယ်။ သို့သော်လည်း တစ်ကယ်လို့ သင်္ဘောသားတွေအနေနဲ့ လောင်စာတွေနဲ့ အနာဂတ် သင်္ဘောတွေကို ကိုင်တွယ်ဖို့ သင့်တော်တဲ့ ကျွမ်းကျင်မှုတွေ မရှိရင် ကျွန်တော်တို့ လုပ်နိုင်မှာ မဟုတ်ပါဘူး။

Smith က ပြောလိုက်သည်မှာ လုပ်ငန်းကဏ္ဍအနေနဲ့ အလျင်အမြန် ကာဗွန် လျှော့ချသည်နှင့်အမျှ သင်္ဘောသား အယောက် ရှစ်သိန်း (၈၀၀,၀၀၀) မှာ ၂၀၃၀ ခုနှစ် မတိုင်မီ လေ့ကျင့်သင်တန်း သို့မဟုတ် အကျွမ်းတဝင်ဖြစ်နေမှု ပုံစံတစ်မျိုးမျိုးဖြင့် လိုအပ်ပါမည်။

ယခုအခါမှာ အစိုးရတွေအဖို့ အမြော်အမြင်ရှိမယ့် နိုင်ငံ့ ပင်လယ်ရေကြောင်း မူဝါဒတွေကို ချမှတ်ပေးခြင်းအားဖြင့် အနာဂတ်ကို ရင်းနှီးမြှုပ်နှံဖို့ အချိန်ကျရောက်ပြီဖြစ်ပါတယ်။ သူတို့အနေနဲ့ ဒါတွေကို လူတွေအတွက်သာ မကဘဲ ကမ္ဘာကြီးအတွက်လည်း လုပ်ပေးသင့်ပါတယ်၊” Smith က ပြောကြားခဲ့သည်။

မှတ်ချက်များ-

  • အစီရင်ခံစာကို ဤနေရာတွင် ရရှိနိုင်ပါသည် https://www.itfglobal.org/en/reports-publications/opportunities-seafarers-and-national-maritime-policies-navigating-beyond-chaos
  • Chris Given သည် သင့်တော်သော နိုင်ငံ့ ပင်လယ်ရေကြောင်း မူဝါဒများကို ဆွေးနွေးရန်နျင့် တိုးမြင့်ပေးရန် ကမ္ဘာ့ သင်္ဘောသားများ သမဂ္ဂများအတွက် ဟစ်တိုင်ဖြစ်သည့် ITF’s Cabotage Task Force ၏ ဥက္ကဌလည်း ဖြစ်ပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.