Skip to main content

‘ကြီးကြီးကျယ်ကျယ် အမြတ်အစွန်းသည် ကြီးကြီးကျယ်ကျယ် တာဝန်နှင့်တကွ ရလာမှာဖြစ်သည်’- ကိုပင်ဟေဂင် နှစ်ပတ်လည် အထွေထွေ အစည်းအဝေး (AGM) တွင် အလုပ်သမားအပေါ် ဖောက်ဖျက်ကျူးလွန်မှုများနှင့်ပတ်သက်၍ Maersk အား သမဂ္ဂများက ဝိုင်းဝန်းရှုပ်ချကြ

05 Apr 2023
Press Release

၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်၊ ကိုပင်ဟေဂင်

ကမ္ဘာ့အကြီးဆုံး သင်္ဘောလုပ်ငန်းစာရင်းဝင် ကုမ္ပဏီ၏ အလုပ်သမားများကို ကိုယ်စားပြုသော အလုပ်သမား သမဂ္ဂများသည် မှတ်တမ်းဝင် အမြတ်ငွေ ဒေါ်လာ $29 ဘီလီယံရသည့် Maersk ရုံးချုပ်သို့တိုက်ရိုက် အလုပ်သမားများ၏ အမှာစကားကို တင်ပြရန် ယနေ့ ကိုပင်ဟေဂင်မြို့သို့ ရောက်ရှိနေကြသည်။

အလွန် ဝေးလံလွန်းသည့် နယ်သာလန်၊ ယူအက်စ်အေ နှင့် သြစတြေးလျနိုင်ငံများမှ သမဂ္ဂများသည် Maersk အုပ်စု၏ စွမ်းဆောင်မှုအပေါ် အောက်ပါကိစ္စတို့အပါအဝင် ၁၂ လအတွင်း ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုရှိ အဓိက အလုပ်သမား ပြဿနာများနှင့်ပတ်သက်၍ ၎င်းတို့၏ သုံးသပ်မှုကို တင်ပြပါလိမ့်မည်-

  • ၂၀၂၂ ခုနှစ်တွင် အလုပ်ခွင်၌ Maersk အလုပ်သမားများနှင့် ကန်ထရိုက်လုပ်သူ ကိုးဦး အသက်ဆုံးပါးခဲ့သည်
  • Maersk ၏ ဆွဲသင်္ဘော ဌာန Svitzer က သြစတြေးလျနိုင်ငံ၌ အလုပ်သမားများ၏ လုပ်ခကို 47% လျှော့ချရန် ကြိုးပမ်းခြင်း
  • Svitzer သည် အာဂျင်တီးနားနိုင်ငံတွင် တစ်ဆင့်ခံ ကန်ထရိုက်ပေးခြင်းအားဖြင့်လည်း လုပ်ခများနှင့် အလုပ်လုပ်ကိုင်ရာအခြေအနေများကို ထိခိုက်နေပါသည်
  • Maersk သည် သမဂ္ဂများနှင့် အလုပ်အကိုင်လုပ်ခ စုပေါင်း ညှိနှိုင်းခြင်းကို ငြင်းဆိုခြင်းအားဖြင့် မိမိ၏ ကိုယ်ပိုင် တန်ဖိုးထားရာကို ချိုးဖောက်နေသည်
  • Maersk သည် မိမိ၏ ၂၀၂၃ ခုနှစ် နှစ်စဉ် အစီအရင်ခံစာမှ “သမဂ္ဂ” ဆိုသော စကားလုံးကို အသုံးပြုရန် လျှော့ချခဲ့သည်။
  • သုတေသီများက မကြာသေးမီက တွေ့ရှိခဲ့သည်မှာ Maersk သည် အလုပ်သမားများ ပေးသည့် အခွန်ထက် များစွာနိမ့်ကျသော နှုန်းထားဖြင့် ပေးသည်

“အလုပ်အကိုင်လုပ်ခ စုပေါင်း ညှိနှိုင်းရေးကို သမဂ္ဂတွေနဲ့ လုပ်ဖို့ ငြင်းဆိုလိုက်တာဟာ Maersk အဖို့ ကုမ္ပဏီရဲ့ ဒီအရေးကြီးတဲ့ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးကို ထိန်းသိမ်းပေးရမယ်ဆိုတဲ့ ကတိကဝတ်ဖြစ်တဲ့ သူ့ရဲ့ ကိုယ်ပိုင် တန်ဖိုးထားရာကို ချိုးဖောက်နေတာဘဲဖြစ်ပါတယ်၊” ဟု အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (ITF) အတွက် ပင်လယ်ရေကြောင်း ညှိနှိုင်းရေးမှူးဖြစ်သူ Jacqueline Smith က ပြောကြားလိုက်သည်။ ITF သည် သင်္ဘောသားများ၊ ဆိပ်ကမ်းအလုပ်သမားများ၊ ဆွဲသင်္ဘောနှင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ ဖြစ်ကြသည့် Maersk ၏ အလုပ်သမားများကို ကိုယ်စားပြုသည့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ သမဂ္ဂများ အဖွဲ့ချုပ်ဖြစ်ပါသည်။

“Maersk က Svitzer သြစတြေးလျနဲ့ Svitzer အာဂျင်တီးနားကို လုပ်ငန်းလည်ပတ်နေတဲ့ မန်နေဂျာတွေက Maersk ရဲ့ တန်ဖိုးကို လှောင်ပြောင်နေတာ ခွင့်ပြုတာကို ကျွန်တော်တို့ စိုးရိမ်နေပါတယ်။ ဥရောပမှာ အလုပ်သမားနဲ့ ရာသီဥတု ပြောင်းလဲရေးအပေါ် တိုးမြှင့်လုပ်ကိုင်မယ်လို့ စျေးကွက်ဟစ်ကြွေးနေတဲ့အခါ တန်ဖိုးထားရာကို တစ်မျိုး သတ်မှတ်ပြီး တစ်ခြား ကမ္ဘာတစ်ဖက်မှာ အလုပ်သမားတွေအပေါ် အမှန်တကယ် ဆက်ဆံပုံအတွက် တန်ဖိုးထားရာ နောက်တစ်မျိုး သတ်မှတ်လို့ မရနိုင်ပါဘူး။ သမဂ္ဂတွေလို၊ ဆက်ဆံတဲ့ဖောက်သည်တွေဟာ ကမ္ဘာ့စီးပွားရေးတစ်လျှောက်လုံးမှာ တစ်သမတ်တည်းကို မျှော်လင့်ကြပါတယ်။”

ကုမ္ပဏီ၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ဤနှစ်၌ အဝေးရောက် အွန်လိုင်းဖြင့်သာ ကျင်းပသည်၊ ရုံးတွင်း ပြန်လည်ပြုပြင်နေစဉ် လူတွေ့အစည်းအဝေးကို $40 ဘီလီယံ ကုမ္ပဏီက မစီစဉ်ပေးနိုင်ပါဟု အကြောင်းပြခဲ့သည်။ နောက်ဆက်တွဲအဖြစ် Maersk စီမံအုပ်ချုပ်ရေးဌာနက သမဂ္ဂများအား မိမိတို့၏ စိုးရိမ်မှုများပါရှိသည့် အလုပ်သမား စာတမ်းအား ယမန်နှစ်များကဲ့သို့ ဖတ်ကြားရမည့်အစား စာဖြင့်ရေးသား၍ ကုမ္ပဏီသို့ ပို့ပေးရန် ဖိတ်ကြားခဲ့သည်။

ITF Maersk Network Coordinator Kulsoom Jafri ပြောလိုက်သည်မှာ သမဂ္ဂများအနေဖြင့် Maerskနှင့် ၎င်း၏ ရုံးခွဲများထံမှ ယမန်နှစ်က မြင်တွေ့ခဲ့ရသည်ထက် AP Moller – Maersk ထံမှ တစ်သမတ်တည်းဖြစ်မှုကို ပို၍ မျှော်လင့်သည်ဟုဆိုသည်။

ဒီနှစ်မှာ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို ရွှေ့ဆိုင်းပြီး အစုရှယ်ယာပါတဲ့ သမဂ္ဂတွေအပါအဝင် အစုရှယ်ယာဝင်တွေကို ပုံမှန်လုပ်နေကျအတိုင်း စိုးရိမ်မှုတွေပြောဖို့အတွက် ဟန့်တားလိုက်သော်လည်း ကျွန်မတို့ အမှာစကားကို လူကိုယ်တိုင် ပေးပို့ဖို့ ကိုပင်ရေဂင်ကို ရောက်လာကြပါတယ်။” ဟု သူမက ပြောကြားလိုက်သည်။

“Maersk အနေနဲ့ သိဖို့လိုအပ်တာက ကောင်းတဲ့အချိန်ဖြစ်ဖြစ် ဆိုးတဲ့အချိန်ဖြစ်ဖြစ် အလုပ်သမား သဘောထား အသံဟာ တစ်သမတ်တည်းဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ အမြဲလိုလို အမှန်ဖက်ရပ်တည်မယ့် မိတ်ဆွေအဖြစ် ရှိနေပါမယ်- သူတို့ရဲ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တွေ စီးဆင်းပေးနေတဲ့ အလုပ်လုပ်သူလူတန်းစားအပေါ် သူတို့ရဲ့ စွမ်းဆောင်ချက်နဲ့ ပြုလုပ်မှုအတွက် အကျိုးကိုထည့်တွက်စေရမှာဖြစ်ပါတယ်၊ဟု Smith ကပြောကြားလိုက်သည်။

ဒိန်းမတ်ပြည်သူများသည် တစ်သမတ်တည်းရှိသည့် အခွင့်အရေးများ နည်းလမ်းကို မျှော်လင့်ကြသည်

ITF Maersk သမဂ္ဂများ ကွန်ရက်၏ ဥက္ကဌနှင့် Transport Group, 3F ၏ ဒုတိယ ဥက္ကဌဖြစ်သူ Karsten Kristensen က အစုရှယ်ယာဝင်များနှင့် Maersk ၏ မိခင်နိုင်ငံရှိ အများပြည်သူက အလံနိုင်ငံကုမ္ပဏီ အနေဖြင့် မိမိ၏ အောင်မြင်မှုကို အလုပ်သမားအင်အားစုနှင့် ကျယ်ကျယ်ပြန့်ပြန့် လူမှုအသိုက်အဝန်းအား ဝေမျှခံစားခွင့်ပေးရန် မျှော်လင့်ခဲ့ကြသည် ဟု ပြောကြားခဲ့သည်။

ယနေ့ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးမှာ အဖြူအမည်း သဲသဲကွဲကွဲ ပေါ်လွင်သွားတာက Maersk အုပ်စုဟာ လွန်ခဲ့တဲ့နှစ်မှာ အမြတ်ငွေ အမေရိကန်ဒေါ်လာ $29 ဘီလီယံ ရခဲ့ပါတယ်။ ဒါဟာဆိုရင် အင်မတန် ကြီးမားတဲ့ ငွေကြေးဘဲဖြစ်ပါတယ်။ ဒီအောင်မြင်မှုဟာ မိမိရဲ့ အလုပ်သမားတွေအပြင် လူ့အသိုက်အအုံ နှစ်ခုလုံးနဲ့ ဝေမျှခံစားရမယ့် အောင်မြင်မှု ဖြစ်ဖို့လိုအပ်ပါတယ်၊” ဟု Kristensen ကပြောကြားခဲ့သည်။ 

ITF Maersk Network ဥက္ကဌနှင့် Transport Group, 3F ၏ဒုတိယ ဥက္ကဌဖြစ်သူ Karsten Kristensen. တစ်ယောက်သေဆုံးသည့် အရေအတွက်မှာ အလွန်များသည်ဟု သူက ပြောသည်၊ ၂၀၂၂ ခုနှစ်တွင် Maersk အလုပ်သမားများနှင့် တဆင့်ခံ ကန်ထရိုက်လုပ်သူ ကိုးဦး သေဆုံးခဲ့သည်။

“ကြီးကြီးကျယ်ကျယ် အမြတ်အစွန်းသည် ကြီးကြီးကျယ်ကျယ် တာဝန်နှင့်တကွ ရလာရမှာဖြစ်တယ်။ အဲဒါဟာ ကောင်းသော အချိန်အခါဖြစ်ပါတယ်၊ Maersk အနေနဲ့ အကြောင်းပြစရာ မရှိပါဘူး ဒါပေမဲ့ ကမ္ဘာ့နေရာတိုင်းမှာ မိမိရဲ့တန်ဖိုးထားရာများနှင့်အတူ နေရမှာဖြစ်ပါတယ်။ ဒိန်းမတ်နဲ့ နိုင်ငံရပ်ခြားတွင် ဖြစ်ပါတယ်။

Kristensen ၏ ဝေဖန်ချက်များကို လတ်တလော သတင်း တွင် ကုမ္ပဏီသည် ဒိန်းမတ်အပါအဝင် ၎င်းလုပ်ငန်းလည်ပတ်သည့် နိုင်ငံများ၌ အလုပ်သမားများထက် အခွန် ပိုမိုနိမ့်ကျသော နှုန်းထားဖြင့် ပေးသည် ဟုဆိုသည်။ အခွန် ပွင့်လင်းမြင်သာရေး ဌာန CICTAR မှ သုတေသီတို့က တွေ့ရှိခဲ့သည် မှာ ဒိန်းမတ်နိုင်ငံတွင် ပျမ်းမျှဝင်ငွေ ရှာဖွေသည့် အလုပ်သမားတစ်ဦးသည် Maersk ပေးရသည့် အခွန်နှုန်းထက် 13 ဆ ပိုပေးရသည်ဟု ဆိုသည်။

“Svitzer သြစတြေးလျရဲ့ စီမံအုပ်ချုပ်ရေးဌာနဟာ အလုပ်အကိုင်လုပ်ခ စုပေါင်း ညှိနှိုင်းရေးအပေါ် လက်မခံနိုင်ဆုံးဖြစ်တဲ့ တိုက်ခိုက်မှုကို သူတို့ဖာသာ ‘Maersk’အကျိုးလုံးလုံးအတွက် ဥပဒေပြုဖို့ ကျွန်တော်တို့ရဲ့ အပေါင်းအဖော်တွေဆီက ကြားရတာ ကျွန်တော်တို့အဖို့ အံ့သြရတဲ့ နောက်ထပ်တစ်နှစ်ဖြစ်ရပါတယ်။

MUA နိုင်ငံလုံးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးဖြစ်သူ Jamie Newlyn သည် ကိုပင်ဟေဂင်မြို့တွင် ITF Maersk Network ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရောက်ရှိနေသည်။ Maersk-ပိုင်ဆိုင်သည့် Svitzer သည် ယူကေနိုင်ငံရှိ အလုပ်သမားများ လုပ်ခတိုးမြှင့်ပေးရေးတွင် ပါဝင်ခဲ့သော်လည်း တောင်ပိုင်းအစွန်း ကုမ္ပဏီက သြစတြေးလျနိုင်ငံရှိ MUA နှင့် အခြား ဆွဲသင်္ဘော အလုပ်သမားများ အားထားနေရသည့် အလုပ်အကိုင်လုပ်ခ စုပေါင်း ညှိနှိုင်းရေးကို ဖျက်သိမ်းရန် ကြိုးစားနေဆဲဖြစ်သည်။

Maersk သည် အလုပ်သမား သဘောထားအသံကို ယခင်ကထက် ယခု ပို၍ နားထောင်ရန် လိုအပ်သည်

“Maersk ရဲ့ ဆွဲသင်္ဘောဌာနဖြစ်တဲ့ Svitzer ဟာ ယူကေနိုင်ငံမှာ အလုပ်သမားတွေနဲ့ လုပ်ခ 10 ရာခိုင်နှုန်းကျော် တိုးမြှင့်ပေးမှုကိစ္စကို ဆွေးနွေးနိုင်တယ်၊ သြစတြေးလျနိုင်ငံမှာ မလုပ်ပါဘူး၊ သူ့ရဲ့ အလုပ်သမား အင်အားထုရဲ့ ရေရှည်လိုက်နာခဲ့တဲ့ အလုပ်အကိုင်လုပ်ခ စုပေါင်း ညှိနှိုင်းရေးကို ဖျက်သိမ်းဖို့ ကြိုးစားနေကြတယ်၊ မည်သို့သဘောရှိပါသလဲ။ ဟု Kulsoom Jafri, ITF Maersk ကွန်ရက် ညှိနှိုင်းရေးမှူးနှင့် ပင်လယ်ရေကြောင်း ဦးဆောင် လှုံ့ဆော်သူ ကမေးမြန်းခဲ့သည်။

အဲလိုလုပ်တာရဲ့ နောက်ဆက်တွဲက ကမ္ဘာ့ကပ်ဘေးကြီးရဲ့ သူရဲကောင်းတွေဖြစ်တဲ့ ဒီအလုပ်သမားတွေကို ဥပဒေအရ အနည်းဆုံး လုပ်ခ သတ်မှတ်ရေး စာချုပ်ဆီသူတို့ရဲ့ အနည်းဆုံး သင်္ဘောဝန်ထမ်း အရေအတွက်နဲ့ အသက်အန္တရာယ် ရှိတာတွေကနေ ဝေးရာရောက်အောင် တွန်းပို့ပေးပါလိမ့်မယ်။

အနာဂတ် သင်္ဘောလုပ်ငန်း ကဏ္ဍ ယခုအခါမှာ ယခင်ကထက်ပိုပြီး မသေချာ မရေရာမှုနဲ့အတူ၊ Maersk အနေနဲ့ အလုပ်သမား သဘောထားအသံကို ကျွန်တော်တို့ စိုးရိမ်မှုတွေ တင်ပြနေတဲ့အချိန်မှာ နားထောင်ပေးဖို့ လိုအပ်ပါတယ်။

ကုမ္ပဏီဟာ သူ့ရဲ့မန်နေဂျာတွေက လုပ်သားအင်အားထုထက် ဗဟုသုတ ပိုမိုနည်းပါးတဲ့ လုပ်ငန်းကဏ္ဍမှာ ကုမ္ပဏီက ရယူတဲ့ ဓနပိုင်ဆိုင်မှု ဘီလီယံနဲ့ချီပြီး ဝယ်ယူခဲ့ပါတယ်။ ယခင်နှစ်တွေလို ကျွန်တော်တို့ ကိုပင်ဟေဂင်မြို့ကို လာခဲ့ကြပါတယ်၊ ဘာလို့လဲဆိုတော့ ထောင်ပေါင်း ဆယ်ဂဏန်းနှင့်ချီတဲ့ Maersk အလုပ်သမားတွေက ကျွန်တော်တို့ အတွက် ပြောဆိုဖို့အတွက် ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က AP Moller Maersk ဆီက တစ်သမတ်တည်း လုပ်ဖို့အတွက် တောင်းဆိုဖို့ဖြစ်ပါတယ်၊ဟု Jafri ကပြောကြားခဲ့သည်။
 

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာကို လည်ပတ်ပေးနေသည့် အမျိုးသမီး အမျိုးသား သန်း နှစ်ဆယ်ခန့်၏ သဘောထားဖြစ်ပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.