Skip to main content

Hobbs နှင့် Whistles ပိုင်ရှင်က ကုန်စည်ဖြန့်ချီရေး ကွင်းဆက် သယ်ယူပို့ဆောင်ရေးတစ်လျှောက်လုံးတွင် ထိုက်သင့်သော ဂရုတစိုက်ကြိုးစား ဆောင်ရွက်ရန် လူ့အခွင့်အရေးကို လိုက်နာရန် ပထမဦးဆုံး ကတိပြု

24 Apr 2023
Press Release
  •    TFG Brands London သည် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation) နှင့် သမိုင်းဝင် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး
  •  ကုန်အမှတ်တံဆိပ်များ၏ ပိုင်ရှင် Hobbs နှင့် Whistles အပါအဝင် TFG သည် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်ပေးရန် အစီအမံ မူကြမ်းကို ထူထောင်ပေးသည့် ပထမဦးဆုံး ဖက်ရှင်ကုမ္ပဏီဖြစ်သည်။ 

လန်ဒန် — Hobbs နှင့် Whistles အပါအဝင် ကုန်အမှတ်တံဆိပ်များကို ပိုင်ဆိုင်သည့် ဖက်ရှင် အုပ်စုသည် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) နှင့် ၎င်း၏ သဘောတူစာချုပ်မျိုး ပထမဦးဆုံးကို လက်မှတ်ရေးထိုးခဲ့သည်၊ ၎င်းသဘောတူချက်မှာ ၎င်း၏ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များတွင် သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် လူ့အခွင့်အရေးများ ဆိုင်ရာ အန္တရာယ်များကို ဟန့်တားပေးခြင်း၊ လျှော့ပါးပေးခြင်းနှင့် ဖြေရှင်းပေးခြင်းတို့နှင့်ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ပေးရန်ဖြစ်သည်။

TFG သည် Hobbs, Whistles, Phase Eight နှင့် Inside Story စသည့်ကုမ္ပဏီများဖြင့် ဖွဲ့စည်းထားသော အွန်လိုင်း လက်လီရောင်းချသည့် ဖက်ရှင် အုပ်စုဖြစ်ပါသည်။ ၎င်းသည် ITF နှင့် ၎င်း၏ သင်္ဘောကုန်တင်လုပ်သားများ၊ ကုန်သယ်ယူပို့ဆောင်လုပ်သားများနှင့် သိုလှောင်ရေးလုပ်မားများအပါအဝင် – ကုန်စည်ဖြန့်ချီရေး ကွင်းဆက် တစ်လျှောက်လုံးမှ အလုပ်သမားအခွင့်အရေးများအပေါ် မတော်မတရားပြုကျင့်မှုများအား အမြစ်ဖြတ်ချေမုန်းရေး ပူးပေါင်းဆောင်ရန်အတွက် ဖက်စပ်လုပ်ကိုင်ပေးမည့် ပထမဦးဆုံး ဖက်ရှင်လက်လီရောင်းချသည့် ကုမ္ပဏီဖြစ်ပါသည်။

ဖက်ရှင်ကုမ္ပဏီအများအပြားသည် တည်တံ့မြဲနေစေမည့် ကတိပြုမှုများဖြင့် ကတိပြုနေကြသော်လည်း ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တစ်လျှောက်တွင် အလုပ်သမားဆိုင်ရာ ဖောက်ဖျက်မှုများနှင့် အလုပ်သမား ခေါင်းပုံဖြတ်မှုကို တစ်ဆင့်ခံ ကန်ထရိုက်လုပ်သူများက များသောအားဖြင့် ကျူးလွန်ခဲ့ကြသည်၊ အဆိုပါကျူးလွန်မှုမှာ ကုမ္ပဏီ၏ ထိုက်သင့်သော ဂရုစိုက်ကြိုးစားဆောင်ရွက်မှု ပုံစံမှ သာမန်အားဖြင့် ရှောင်ကွင်းသွားကြသည်။ လတ်တလော စုံစမ်းစစ်ဆေးမှု  အရ၊  ဥရောပရှိ ကုန်တင်သည့် တစ်ဆင့်ခံကန်ထရိုက်လုပ်သူများသည် ကမ္ဘာ့ ကပ်ဘေးကြီးအတွင်း စိစစ်မှုများနှင့် ထိန်းချုပ်မှုများ နည်းပါးခြင်းအားဖြင့် နှိပ်စက်ခြင်းကြောင့် ယာဥ်မောင်းသူ အများအပြားမှာ တစ်လလျှင်  €100-600 ကဲ့သို့အနည်းအကျဥ်းသာ ရရှိကြပြီး 48-နာရီလုံးလုံး မရပ်မနားဘဲ အပတ်ပေါင်းများစွာ လုပ်ခဲ့ကြရသည်။

ထိုက်သင့်သော ဂရုတစိုက်ကြိုးစားလုပ်ကိုင်မှု လူ့အခွင့်အရေးများအတွက် ကုန်စည်ဖြန့်ချီရေးကွင်းဆက်အား အတိအကျ စိစစ်ခြင်းလုပ်ရာ၌ ပေါ့ဆမှုသည် အလုပ်လုပ်ကိုင်ရာ ကျင့်ဝတ်များအပေါ် ကတိကဝတ်  မှာ သုံးစွဲသူများအဖို့ တတိယ အရေးအကြီးဆုံး သင့်တော်သည့် အကြောင်းခံအဖြစ် ကုမ္ပဏီများအပေါ် ငွေကြေးဆိုင်ရာအရနှင့် ဂုဏ်သတင်းဆိုင်ရာအရ ဆုံးရှုးမှုသို့ ဖြစ်ပေါ်စေပါသည်။

TFG နှင့် ITF အကြား လုပ်ဆောင်ချက် သဘောတူစာချုပ် (Memorandum of Understanding) အားဖြင့် နှစ်ဖက်လုံးသည် TFG မှလုပ်ခိုင်းသည့် အားလုံးသော သယ်ယူပို့ဆောင်ရေး တိုက်ရိုက်လုပ်ငန်းနှင့် တစ်ဆင့်ခံ ကန်ထရိုက်လုပ်ခိုင်းမှု တစ်ရပ်လုံး၌ အလုပ်သမားဆိုင်ရာ အခွင့်အရေး အန္တရာယ်များကို စိစစ်ရန် အတူပူးပေါင်း လုပ်ကိုင်မည့်အပြင် စီးပွားလုပ်ငန်းနှင့် လူ့အခွင့်အရေးများနှင့်ပတ်သက်၍ ကုလသမဂ္ဂ လမ်းညွှန်သည့် အခြေခံစည်းမျဥ်းများ၊ နိုင်ငံစုံ လုပ်ငန်းရှင်များနှင့် လူမှုရေးဆိုင်ရာ မူဝါဒနှင့်စပ်ဆိုင်သည့် ILO သုံးပွင့်ဆိုင် အခြေခံစည်းမျဥ်း ကြေငြာချက်၊ နိုင်ငံစုံလုပ်ငန်းရှင်များအတွက် OECD လမ်းညွှန်များနှင့် ITF ကုန်စည်ဖြန့်ချီရေး ကွင်းဆက် အခြေခံစည်းမျဥ်းများ နှင့်အညီ တုံ့ပြန်ပေးပါလိမ့်မည်။

TFG သည် သယ်ယူပို့ဆောင်ရေး ကဏ္ဍတစ်ရပ်လုံး၌ ထိုက်သင့်သည့် ဂရုစိုက်ကြိုးစားဆောင်ရွက်ရန် လူ့အခွင့်အရေးဖြစ်စဉ်ကို သမဂ္ဂနှင့် အဓိပ္ပါယ်ရှိရှိ ဆက်သွယ်လုပ်ဆောင်ရန် ကတိပြုခဲ့ပြီး MOU အားဖြင့် ITF ပါဝင်သည့် နည်းပညာဆိုင်ရာ အလုပ်လုပ်ကိုင်ရေးအုပ်စုကို ဖွဲ့စည်းလိုက်သည်။

MOU ပြဌာန်းချက်အရ ITF လုပ်ဆောင်ရသည့် သက်ရောက်မှု စိစစ်ရေးကြောင့် TFG အား ၎င်း၏ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်ကို ပိုမိုအတိအကျ မြင်တွေ့လာသည် အထူးသဖြင့် ၎င်း၏ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ အလုပ်လုပ်ကိုင်ရာ အခြေအနေများကိုဖြစ်ပါသည်။ ITF သည် လက်တွေ့ စမ်းစစ်မှု အများအပြားကို ဆောင်ရွက် စိစစ်ခဲ့သည်၊ ကုန်စည်ဖြန့်ချီရေး ကွင်းဆက် တစ်လျှောက်လုံးရှိ အလုပ်သမားများနှင့် ၎င်းတို့၏ လက်တွေ့ကြုံ တွေ့ရသည့် အတွေ့အကြုံများအကြောင်း ပြောဆိုခြင်းဖြစ်သည်။ 

အစိုးရများသည် ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တွင် ခေါင်းပုံဖြတ်မှုကို စောင့်ကြပ်ကြည့်ရှုမှုအား ပိုမိုလုပ်ဆောင် နေကြပါသည်။ ၂၀၂၁ ခုနှစ်တွင် ဂျာမဏီနိုင်ငံသည် ကုန်စည်ဖြန့်ချီရေး ကွင်းဆက် ထိုက်သင့်သော ဂရုစိုက်ကြိုးစား လုပ်ဆောင်မှု အက်ဥပဒေ ကို ပြဌာန်းခဲ့သည်၊ နော်ဝေး၊ နယ်သာလန်နှင့် ပြင်သစ်နိုင်ငံတို့ကလည်း အလားတူ ဥပဒေများကို ပြဌာန်းခဲ့သည်။ EU သည် ပို၍ပင် ကြံ့ခိုင်မည့် ကုန်စည်ဖြန့်ချီရေး ကွင်းဆက် ဥပဒေကို ပြဌာန်းရန် စဉ်းစားနေလျက်ရှိသည်၊ ၎င်းဥပဒေကို ၂၀၂၂ ခုနှစ်တွင် သွတ်သွင်းခဲ့သည်။

TFG သည် ၎င်း၏ ကုန်စည်ဖြန့်ချီရေး ကွင်းဆက် တစ်လျှောက်လုံးတွင် အလုပ်လုပ်ကိုင်ရာ အခြေအနေများအတွက် မြင့်မားသော စံချိန်စံညွှန်းကို အကောင်အထည်ဖော်ခဲ့ပြီးဖြစ်သည်။ Covid-19 ကာလတစ်လျှောက်လုံးတွင် TFG သည် ၎င်း၏ ကုန်စည်များကို သယ်ဆောင်ပေးသည့် သင်္ဘောများပေါ်ရှိ သင်္ဘောသားများမှာ ၎င်းတို့၏ အလုပ်ကန်ထရိုက်များနှင့်အညီ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ဘေးကင်းစွာ လုပ်နိုင်ရန် သေချာစေပါသည်။ သင်္ဘောများပေါ်၌ အလုပ်ကန်ထရိုက် ၁၅ လလောက်များနေသည့် ၂၄ လကျော် ပိတ်မိနေသော အချို့သင်္ဘောသားများကိစ္စတွင် TFG က ဤနည်းလမ်းကို ဦးဆောင်ခဲ့ပါသည်။

Steve Cotton, ITF ၏ အထွေထွေ အတွင်းရေးမှူက ဝေဖန်ပြောဆိုလိုက်သည်မှာ -

“ကျနော်တို့ ပိုင်ဆိုင်တဲ့ အရာတိုင်းဟာ ကျနော်တို့ရဲ့ တံခါးဝကို ဒါမှမဟုတ် ကျနော်တို့ရဲ့ ရပ်ကွက်တွင်း စတိုးဆိုင်ကို သယ်ယူပို့ဆောင်ရေး အလုပ်သမားများက သယ်ယူပို့ဆောင်ပေးကြပါတယ်။ ဒါပေမဲ့ ကုန်စည်ပို့ဆောင်ရေး ကွင်းဆက်မှာရှိတဲ့ နေ့စဉ်ဖြစ်ပျက်နေတဲ့ ခေါင်းပုံဖြတ်မှုဟာ လက်ခံလို့မရနိုင်ပါဘူး၊ အထူးသဖြင့် ‘တည်တံ့ကြံ့ခိုင်ရေး’ အဖြစ် စျေးကွက်ကြော်ငြာနေတဲ့ ကုန်အမှတ်တံဆိပ်ကုမ္ပဏီတွေက လုပ်တဲ့ကိစ္စတွေဘဲဖြစ်ပါတယ်။ စိစစ်မှုမရှိတဲ့ ဒီလုပ်ကိုင်ပုံတွေဟာ တည်တံ့ကြံ့ခိုင်ရေး- ပထမ ဆိုတဲ့ ကုန်အမှတ်တံဆိပ်တွေအတွက် ကြီးမားတဲ့ ငွေကြေးဆိုင်ရာနှင့် ဂုဏ်သတင်းကျော်ကြားမှု နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိပါလိမ့်မယ်။

“TFG London ဟာ စက်ရုံကနေ သုံးစွဲသူတွေအထိ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ပြဿနာများကို ဖြေရှင်းပေးဖို့ ခိုင်မာပြီး လိုအပ်တဲ့ အဆင့်ဆင့်အချက်တွေကို လုပ်ဆောင်ခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ သူတို့ရဲ့ ဦးဆောင်မှုကို ချီးကျူးဂုဏ်ပြုပါတယ်၊ ပြီးတော့ ကုန်အမှတ်တံဆိပ်ကုမ္ပဏီအားလုံးကို သူတို့ရဲ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များမှာ ဖုံးကွယ်နေတဲ့ လူ့အခွင့်အရေးတွေနဲ့ အလုပ်သမား အခွင့်အရေးတွေကို ဖော်ထုတ်ပေးဖို့ သမဂ္ဂတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပေးဖို့ တိုက်တွန်းပါတယ်။”

Justin Hampshire, TFG Brands London ၏ အလုပ်အမှုဆောင်အဖွဲ့ အရာရှိချုပ်က ပြောဆိုလိုက်သည်မှာ -

“ITF ဟာ Covid-19 ကမ္ဘာ့ကပ်ဘေးကြီး အစဦးကတည်းကစ၍ TFG London ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ဖက်စပ်သူ ဖြစ်ခဲ့ပါတယ်၊ ကနဦးအားဖြင့် သင်္ဘောသားတွေရဲ့ လူသားချင်းစာနာတဲ့ ပဋိပက္ခကိုဖြေရှင်းပေးဖို့ ပူးပေါင်းဆောင်ရွက် ပေးမည့်အပြင် ကျနော်တို့အတွက် မြင်နိုင်စွမ်း အကန့်အသတ်ရှိတဲ့ ကျနော်တို့ရဲ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်မှာ နားလည်မှုရဖို့ ကူညီပေးမှာဖြစ်ပါတယ်။

“TFG London ဟာ ကျနော်တို့ရဲ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တွေမှာ သယ်ယူပို့ဆောင်ရေးနဲ့စပ်လျဥ်းတဲ့ အန္တရာယ်တွေကို ဖော်ထုတ်ပေးခြင်း၊ လျှော့ပါးပေးခြင်းနဲ့ ဖြေရှင်းပေးခြင်းကို အာရုံစိုက်ပူးပေါင်းလုပ်ဆောင်ပေးဖို့ သတ်မှတ်ပေးတဲ့ ဒီပူးတွဲ MOU စာချုပ်ကို လက်မှတ်ထိုးရတာကို အလွန်နှစ်ခြိုက်ပါတယ်။  ITF အတွက် ကျနော်တို့ရဲ့ ပံ့ပိုးမှုဟာ တစ်ကမ္ဘာလုံးရဲ့ အလုပ်လုပ်ကိုင်တဲ့ အခြေအနေတွေကို တိုးမြှင့်ပေးဖို့ လုပ်ရာမှာ ပံ့ပိုးပေးဖို့နဲ့ အခြား လုပ်ငန်းကဏ္ဍ လုပ်ဖော်ကိုင်ဖက်တွေကို တိုးမြှင့်ဆောင်ရွက်ပေးဖို့ တိုက်တွန်းပေးဖို့ အနည်းအကျဥ်းဖြင့် လုပ်ပေးပါမယ် လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။”

----

TFG အကြောင်း- TFG London သည် တောင်အာဖရိက လက်လီရောင်းချသည့် ဦးဆောင် စီးပွားလုပ်ငန်းဖြစ်ပြီး Foschini Group Limited (TFG) ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ TFG သည် ၂၀၁၅ ခုနှစ်တွင် UK စျေးကွက်သို့ Phase Eight, Whistles, Hobbs ကိုရယူပြီး ယင်းနောက် Inside Story ကို ထပ်တိုးထည့်သွင်းပြီး ဝင်ရောက်လာ ခဲ့သည်၊ ယူကေ၌ ကျနော်တို့ အားကျလောက်သည့် အအောင်မြင်ဆုံး ထိပ်တန်းအဆင့် အမျိုးသမီးဝတ်နှင့် အိမ်သုံး အမှတ်တံဆိပ်များဖြစ်ပါသည်။

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သင်္ဘောသား တစ်သန်းကျော် အပါအဝင် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.