Skip to main content

သမဂ္ဂများသည် EU အနေဖြင့် သင်္ဘောသား လေ့ကျင့်သင်တန်း အောင်လက်မှတ်များအပေါ် အမှန်အကန် အကဲဖြတ်သောကြောင့် ဖိလစ်ပိုင်အလုပ် ငါးသောင်း (50,000) ဆုံးရှုံးမှုမှ ကယ်တင်လိုက်သည်ကို ကြိုဆို

23 Apr 2023
Press Release

EU ပင်လယ်ရေကြောင်း စောင့်ကြည့်ရေးအဖွဲ့သည် ဖိလစ်ပိုင်-အတည်ပြုထားသော သင်္ဘောဝန်ထမ်း အယောက် 50,000 အထိကို ဥရောပနိုင်ငံများ-ပိုင်ဆိုင်သည့် သင်္ဘောများပေါ် အလုပ်လုပ်ကိုင်ခြင်းမှ ပိတ်ပင်ခြင်းကို ဖျက်သိမ်းလိုက်သည့် ဆုံးဖြတ်ချက်အား သမဂ္ဂများက ကြိုဆိုနေပါသည်။

ဥရောပ ပင်လယ်ရေကြောင်း ဘေးကင်းလုံခြုံရေး အေဂျင်စီ (European Maritime Safety Agency (EMSA)) က လွန်ခဲ့သည့်အပတ်က ကြေငြာချက် ထုတ်ပြန်လိုက်သည်၊ ၎င်းအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် လေ့ကျင့်သင်တန်း ကျောင်းများမှ ထုတ်ပေးသည့် STCW အောင်လက်မှတ်များ (သင်တန်း စံချိန်စံညွှန်းများ၊ အတည်ပြုခြင်းနှင့် ကင်းစောင့်ခြင်း) ကို ဆက်လက် အသိအမှတ်ပြုမည်ဖြစ်ပါသည်၊ အဆိုပါကိစ္စကို နိုင်ငံ၏ သမ္မတက နိုင်ငံ၏ သင်္ဘောသားများ လေ့ကျင့်သင်တန်းပေးသည့်စနစ်ဖြစ်သည့် ဆယ်စုနှစ်-ကြာပြဿနာကို ဖြေရှင်းပေးရန် တောင်းဆိုပြီးနောက် ဤသို့ဖြစ်လာရသည်။

EU သည် နှစ်ပေါင်းများစွာ အတန်ကြာနေပြီဖြစ်သည့် လေ့ကျင့်သင်တန်း၏ အရည်အသွေးနှင့် တစ်သမတ်တည်းဖြစ်မှု နှစ်မျိုးလုံး အတွက် စိုးရိမ်ပူပန်မှုဖြစ်ခဲ့သည်၊ အချို့သင်တန်းဆင်းသူများက ခေတ်မှီသင်္ဘောများကို ကိုင်တွယ်နိုင်စွမ်းနှင့် အလုပ်ရှင်များထံမှ အခြားသော ထပ်ဆင့် သင်တန်းများ လိုအပ်ချက် စိုးရိမ်မှုများဖြစ်သည်။ ၂၀၀၆ ခုနှစ်ကတည်းကစ၍ EMSA က ပျော့ကွက်ဟာကွက်များ ဖော်ထုတ်ခဲ့ပြီး ၎င်းက စစ်ဆေးခဲ့သည့် စစ်ဆေးမှု ၁၃ ခု၌ ပြဿနာများကို ဆက်လက် တွေ့ရှိခဲ့သည်။ လွန်ခဲ့သည့် နှစ် အေဂျင်စီက လတ်တလော စစ်ဆေးမှုသည် နိုင်ငံ၏ နောက်ဆုံးအကြိမ် သတိပေးချက်သို့ ဦးတည်ခဲ့သည်။

ITF သည် ပြန်လည်ပြုပြင်မှုအပေါ် အကောင်းမြင်ဝါဒဖြစ်သည့် EMSA ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်သည်

ဥရောပနိုင်ငံများရဲ့ သင်္ဘောပေါ် အလုပ်လုပ်မယ့် ကမ္ဘာ့ အကောင်းဆုံး ပင်လယ်ရေကြောင်း အတတ်ပညာရှင် 50,000 ဆုံးရှုံးရမယ့် အန္တရာယ်ကို ရှောင်ရှားပေးလိုက်တဲ့ EMSA ရဲ့ ပြန်လည်တည့်မတ်ပေးလိုက်တဲ့ ဒီဆုံးဖြတ်ချက်ကို မြင်တွေ့ရလို့ ကျနော်တို့ စိတ်သက်သာရာရပါတယ်၊” ဟု Stephen Cotton, အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) အထွေထွေ အတွင်းရေးမှူးက ပြောကြားလိုက်သည်။

“ဖိလစ်ပိုင် သင်္ဘောသားတွေ၊ သူတို့ရဲ့ မိသားစုတွေနှင့် သူတို့ရဲ့ သမဂ္ဂတွေလိုဘဲ ဥရောပ သင်္ဘောပိုင်ရှင်တွေကလည်း ဒီဆုံးဖြတ်ချက်ကို အလွန် ကြိုဆိုမယ်လို့ ကျနော် သေချာပါတယ်၊” ဟု သူက ပြောလိုက်သည်။

အကယ်၍ EMSA အနေဖြင့် ဖိလစ်ပိုင် အောင်လက်မှတ်များကို အသိအမှတ်ပြုခြင်းမှ ရပ်ဆိုင်းခဲ့လျှင် အဆိုပါ ပိတ်ပင်မှုသည် တိုင်းပြည်၏ စီးပွားရေးမှတစ်ဆင့် စီးပွားရေး လှိုင်းဒဏ်ကို ခံခဲ့ရပါလိမ့်မည်ဖြစ်သည်ဟု Cotton က ပြောကြားခဲ့သည်။ ၂၀၁၉ ခုနှစ် တစ်နှစ်တည်းတွင် အပြည်ပြည်ဆိုင်ရာ သင်္ဘောများပေါ် အလုပ်လုပ်သည့် သင်္ဘောဝန်ထမ်းများသည် အိမ်သို့ အမေရိကန်ဒေါ်လာ $6.54b ဘီလီယံကို ပို့ခဲ့သည်။[1]

“ဖိလစ်ပိုင်သင်္ဘောသားတွေအနေနဲ့ သူတို့ရဲ့ စွမ်းရည်၊ ကျွမ်းကျင်မှုနှင့် အတတ်ပညာရှင်စနစ်ကြောင့် လုပ်ငန်းကဏ္ဍမှာ တန်ဖိုးထားတယ်ဆိုတာ သံသယ မရှိပါဘူး- သင်္ဘောသား ရရာဇာစ်မြစ်အဖြစ် ကမ္ဘာ့ နံပါတ် တစ်ဆိုတာ ကောင်းတဲ့ အကြောင်းရင်းရှိပါတယ်။”

“စိတ်မကောင်းစွာနဲ့ဘဲ ဖိလစ်ပိုင်သင်္ဘောသားတွေ အားထားနိုင်ဖို့ လိုအပ်တဲ့ အရည်အသွေးနဲ့ အောင်လက်မှတ် ချီးမြှင့်တဲ့စနစ်တွေဟာ အခုအချိန်အခါတွေမှာ အားနည်းနေတာပါဘဲ၊” ဟု အထွေထွေ အတွင်းရေးမှူးက ပြောကြား လိုက်သည်။

ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton က ဖိလစ်ပိုင်နိုင်ငံတွင် ထုတ်ပေးသည့် သင်တန်းအောင်လက်မှတ်များကို ဆက်လက်အသိအမှတ်ပြုသည့် EMSA ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါသည် ဤသို့ဖြင့် ဖိလစ်ပိုင်သင်္ဘောသား 50,000 ကို ဥရောပနိုင်ငံများတွင် သင်္ဘောသား လုပ်ကိုင်ခြင်းမှ ပိတ်ပင်ထားခြင်းကို ကာကွယ်ပေးလိုက်ခြင်းဖြစ်သည်။ (ကရက်ဒစ်- ITF)

ITF နှင့် ၎င်း၏ ဖိလစ်ပိုင် အခြေစိုက် အဖွဲ့ဝင်များက မနီလာအတွက် တိုင်းပြည်၏ တစ်သမတ်တည်း မကျသည့် လေ့ကျင့်ရေး ရလဒ်များအပြင် သင်္ဘောဝန်ထမ်းများကို တစ်သမတ်တည်း မလေ့ကျင့်ပေးသည့် အဆင့်နိမ့် စွမ်းဆောင်သည့် သင်တန်းကျောင်းများကို ဖယ်ရှားပေးခြင်းအတွက် ဖြေရှင်းပေးရန် နှစ်ပေါင်းများစွာ တင်ပြ တောင်းဆိုနေကြသည်။

ITF သည် သင်တန်းမြှင့်တင်ရေးကိစ္စကို Marcos အစိုးရအား အကြံပေးနေလျက်ရှိ

ဘရားဆဲလ်နိုင်ငံ ဆုံးဖြတ်ချက် ချမှတ်သူများအနေဖြင့် သမ္မတ Ferdinand Marcos Jr အစိုးရအဖွဲ့၏ တိုင်းပြည်၏ နှစ်ရှည်ကြာ လေ့ကျင့်သင်တန်းပေးရေး ပြဿနာကို ဖြေရှင်းပေးရန် လတ်တလော ကြေငြာချက်ကို သိရှိခဲ့သည်ဟု နားလည်ခဲ့ပါသည်။

ချက်ချင်းလက်ငင်း အစီအမံများ ပို၍လုပ်ရမည့်အပြင် Marcos သည် ဒီဇင်ဘာလ၌ ပင်လယ်ရေကြောင်းလုပ်ငန်း ကဏ္ဍ ကျွမ်းကျင်သူများ ပါဝင်သည့် အဆင့်မြင့်-အကြံပေး ကောင်စီကို ဖွဲ့စည်းရန် အမိန့်ချခဲ့သည်။

ITF သင်္ဘောပိုင်ရှင်များ အသင်း (ICS) နှင့် အခြားသော လုပ်ငန်းကဏ္ဍ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် တစ်ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း ရေးရာများနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အကြံပေး ကော်မတီ (International Advisory Committee on Global Maritime Affairs (IACGMA)) အသစ်တစ်ရပ်ကို ဖွဲ့စည်းပါလိမ့်မည်။ ၎င်း၏ ပထမဦးဆုံး အလုပ်တာဝန်မှာ လေ့ကျင့်ရေးနှင့် အောင်လက်မှတ်ချီးမြှင့်ရေး လိုအပ်သည့် ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ အကြံပေးရမည်ဖြစ်နေသော်လည်း ယိုယွင်းပြီး ရှုပ်ထွေးသည့် ပင်လယ်ရေကြောင်း ကဏ္ဍပြဿနာများနှင့်ပတ်သက်၍ အစိုးရ ဝန်ကြီးဌာနများနှင့် အေဂျင်စီများ၏ အမျိုးမျိုးအဖုံဖုံနှင့် လုပ်ကိုင်ရမည့် ကော်မတီ၏ စွမ်းရည်မှာ တိုင်းပြည်၏ ပင်လယ်ရေကြောင်း ကဏ္ဍက ကြုံတွေ့နေရသည့် ရာသီဥတုနှင့် အခြားသော ဖိအားပေးနေလျက်ရှိသည့် ပြဿနာများကို သမဂ္ဂများနှင့် သင်္ဘောပိုင်ရှင်အုပ်စုများက မျှော်လင့်ရသည့် တိုးတက်မှုရမည်ဖြစ်သည့် ပုံစံဖြစ်ပါသည်။

Cotton က ပြောကြားခဲ့သည်မှာ အကြံပေး ကော်မတီသည် လုပ်ငန်းကဏ္ဍ၊ သင်္ဘောဝန်ထမ်းများနှင့် စည်းမျဥ်း ကြီးကြပ်သူများက တောင်းဆိုနေသော တိုးမြှင့်မှုကို ပို့ချပေးရန်အတွက် အမှန်အကန် လမ်းကြောင်းပေါ် ဖိလစ်ပိုင်နိုင်ငံ ယခု ရောက်ရှိနေပြီဖြစ်ကြောင်း လုပ်ငန်းကဏ္ဍက ပြသလိုက်သည့် နမူနာတစ်ခုသာ ဖြစ်ပါသည် ဟုဆိုသည်။

ဖိလစ်ပိုင်နိုင်ငံရဲ့ အောင်လက်မှတ် ချီးမြှင့်မှုဟာ ပထမတန်းစားနှင့် ကမ္ဘာ့ အဆင့်အတန်းမှီ တစ်သားတည်း ဖြစ်နိုင်မယ် ဆိုတာ ကျနော် ယုံကြည်မှုရှိပါတယ်။ နည်းလမ်း အတော်များများမှာ ဖိလစ်ပိုင်သင်္ဘောဝန်ထမ်းတွေဟာ အဆင့်အတန်း မှီနေပြီး ဖြစ်ပါတယ်၊” ဟု သူက ပြောကြားခဲ့သည်။

မျှတသော ကူးပြောင်းရေး၊ အလုပ်သင်ကိစ္စ ပြုပြင်ပြောင်းလဲ

Barcellona က ပြောကြားခဲ့သည်မှာ ITF သည် အစိုးရ ပါဝင်မှုနှင့်အတူ အကြံပေး ကော်မတီမှတစ်ဆင့် သင်တန်းပို့ချရေးနှင့် ရာသီဥတု ပြဿနာ နှစ်မျိုးလုံးကို တင်ပြပေးပါလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ပြဿနာများမှာ နီးနီးကပ်ကပ် ဆက်စပ်နေခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

လေ့ကျင့်သင်တန်းဟာ ပင်လယ်ပြင်မှာ အလုပ်လုပ်နေတဲ့လူတွေအတွက် ပိုပြီးအရေးမကြီးဘူးဆိုတာ ဘယ်တော့မှ မရှိခဲ့ပါဘူး၊ဟု Fabrizio Barcellona, ITF သင်္ဘောသားများ ဌာန ညှိနှိုင်းရေးအရာရှိက ပြောကြားခဲ့သည်။ ရာသီဥတု အပြောင်းအလဲဟာ သက္ကရာဇ် 2030 ခုနှစ် မတိုင်မီ သင်္ဘောသား အယောက် ရှစ်သိန်း (800,000) အတွက် လောင်စာအသစ်နဲ့ နည်းပညာအသစ်တွေကို ကိုင်တွယ်ဖို့ သင်တန်းပို့ချပေးဖို့ ဒါမှမဟုတ် ပြန်သင်တန်းပို့ချပေးဖို့ အတွက် လိုအပ်ချက်ကို တွန်းပို့ပေးနေပါတယ်။

ပိုကောင်းတဲ့ သင်တန်းပို့ချတဲ့စနစ်ရှိတဲ့ နိုင်ငံတွေဟာ ကမ္ဘာ့ သင်္ဘောသား စျေးကွက်ရဲ့ ပြောင်းလဲနေတဲ့ လိုအပ်ချက် တွေကို ပိုကောင်းအောင် ဖြည့်တင်းပေးနိုင်ပါလိမ့်မယ်။ ၎င်းနိုင်ငံတွေရဲ့ သင်္ဘောသားတွေဟာ ဒေါ်လာဘီလီယံနဲ့ချီတဲ့ နောင်လာမယ့်မျိုးဆက်-သင်္ဘောတွေကို ဝယ်ယူနေတဲ့ ပိုများပြားလာနေတဲ့ သင်္ဘောပိုင်ရှင်တွေကို ပိုပြီးတော့ ဆွဲဆောင်ပါလိမ့်မယ်။”

Barcellona က ပြောကြားခဲ့သည်မှာ ပိုမိုများပြားသည့် သင်္ဘောဝန်ထမ်းများသည် မိမိတို့၏ သက်မွေးဝမ်း အစဦးပိုင်းတွင် လက်ရှိခေတ် သင်္ဘောများတွင် တွေ့ရှိရမည့် အလျင်အမြန်ပြောင်းလဲနေသည့် နည်းပညာများနှင့် အကျွမ်းတဝင်ဖြစ်လာစေရန် သင်္ဘောပေါ် ပို၍နေထိုင်ပေးရန် လိုအပ်သည်ဟု ဆိုသည်။

ထို့ကြောင့် အတန်းအစား သတ်မှတ်ခြင်းအတွက်နှင့် အရာရှိများအတွက် နိုင်ငံ၏ အလုပ်သင်ကိစ္စနှင့် အလုပ်သင်အရာရှိ လေ့ကျင့်ရေးစနစ်ကို အဓိကအားဖြင့် တိုးမြှင့်မှုလုပ်ရန် ITF သည် အကြံပေးနေလျက်ရှိသည်။ ဖိလစ်ပိုင်အနေဖြင့် အလုပ်ရှင်နှင့် လေ့ကျင့်သင်တန်းကျောင်းများအကြား ယာယီအားဖြင့် ပြုပြင်ရန်လိုအပ်နေသော ဖရိုဖရဲဖြစ်နေသည့် အလုပ်သင်ကိစ္စနှင့် အလုပ်သင်အရာရှိ အစီအမံ ပုံစံမှ သင်္ဘောပိုင်ရှင်များ၊ သမဂ္ဂများနှင့် အစိုးရတို့က ထောက်ခံသည့် အရည်အသွေးရှိ၊ ကြာရှည်ခံသည့် အစီအစဉ်များပါဝင်သည့် ခေတ်မှီပြီး ညှိနှိုင်းပူပေါင်းသည့် ပုံစံ အသစ်သို့ ပြောင်းလဲခြင်းကို အဖွဲ့ချုပ်အနေဖြင့် မြင်တွေ့လိုပါသည်။

ITF သင်္ဘောသားများ ဌာန ညှိနှိုင်းရေးအရာရှိ Fabrizio Barcellona (ကရက်ဒစ်- ITF)

အရာရှိများနှင့် အဆင့်အတန်းသတ်မှတ်ချက်များမှတစ်ဆင့် ပုံဖော်သည့် ပိုပြီး အံဝင်ခွင်ကျပြီး အရည်အသွေး တာဝန်ခံသည့် စနစ်အားဖြင့် တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းပါလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ဥရောပရှိ ထိုသူများကဲ့သို့ သင်္ဘောပိုင်ရှင်များအနေဖြင့် ဖိလစ်ပိုင် သင်္ဘောသားများတွင် ခေတ်မှီ သင်္ဘောများက လိုအပ်သည့် တတ်ကျွမ်းမှုပညာများ ရှိကြသည်ဟု ပိုမို စိတ်ချလက်ချနိုင်မည်ဖြစ်ပါသည်။

ITF ၏ အမြင်ရှိ ခေါင်းပုံဖြတ်သည့် လျော်ကြေးတောင်းရန် လှုံ့ဆော်သည့်ရှေ့နေများ

မျှတသော ကူးပြောင်းရေး (Just Transition) နှင့် သင်တန်းပို့ချရေးဆိုသည်မှာ ဖိလစ်ပိုင် အစိုးရအဖို့ သင်္ဘောသားများ အတွက် အလုပ်အကိုင်နှင့် သာယာကောင်းမွန်ရေးကို တိုးမြှင့်အောင်လုပ်ပေးရာ၌ လိုအပ်သည့် မူဝါဒဆိုင်ရာ စိန်ခေါ်မှုများ၏ ပြဿနာ နှစ်ရပ်အဖြစ် ရှိနေပါသည်။

ITF သည် လျော်ကြေးတောင်းခံရန် လှုံ့ဆော်သည့် ရှေ့နေများဟု ခေါ်ဝေါ်သူများက သင်္ဘောသားများအပေါ် သားကောင်အဖြစ် အမဲလိုက်နေသည်ဟု မြင်သာသည့် ဖိလစ်ပိုင်နိုင်ငံ၏ ယိုယွင်းပျက်စီးနေသည့် သင်္ဘောသား အလုပ်ခွင် လျော်ကြေးစနစ်ကို ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်ကို တင်ပြရန်ကိုလည်း စီစဉ်ခဲ့ပါသည်။

သင်္ဘောပိုင်ရှင်များနှင့် သင်္ဘောမန်နေဂျာ အမြောက်အများတို့မှာ ဖိလစ်ပိုင် သင်္ဘောသားများအား အလုပ်ခန့်အပ်ခြင်းကို ရှောင်ရှားခြင်းသို့ ဦးတည်မည့် မမှန်ကန်သည့် တရားတဘောင်ကိစ္စများကို အလုပ်ရှင်က ကြောက်ရွံ့ကြသည်။

ဒီလျော်ကြေးတောင်းရန် လှုံ့ဆော်သည့် ရှေ့နေများ’ – ဒီရှေ့နေတွေဟာ သင်္ဘောသားတွေရဲ့ အကျိုးအတွက် စိတ်ဆန္ဒ အမြဲအားဖြင့် ရှိကြတာ မဟုတ်ပါဘူး၊” Barcellona က ရှင်းပြခဲ့သည်။ ရှေ့နေ အတော်များများဟာ သူတို့ရဲ့အကျိုး အတွက် အလုပ်ရှင်ဆီက တရားရုံး-ပြင်ပ ကြေအေးငွေ ရအောင် သင်္ဘောသားတွေကို ခုတုံးအဖြစ် အသုံးပြု ကြပါတယ်

Barcellona က ပြောကြားခဲ့သည်မှာ သင်္ဘောသားများအနေဖြင့် ၎င်းတို့အား ကတိပြုထားသည့် ကြေအေးငွေအတွက် စောင့်ဆိုင်းနေစဉ် ဂုတ်သွေးစုတ်တဲ့ အတိုးနှုန်းဖြင့် ကျင့်ဝတ်နှင့် မညီညွတ်သည့် ချေးငွေများကို သင်္ဘောသားများအား ထုတ်ချေးသည်မှာ ရှေ့နေ သို့မဟုတ် ၎င်းတို့၏ ရှေ့နေရုံးအတွက် သမားရိုးကျအလုပ်ဖြစ်သည်ဟု ဆိုပါသည်။ လက်တွေ့အားဖြင့် ကြာရှည်စောင့်ဆိုင်းနေရခြင်းဆိုလိုသည်မှာ ရှေ့နေအခကြေးများနှင့် တိုးများနေသည့် အတိုး ငွေများမှာ သူတို့လက်ခံရရှိရန် မျှော်လင့်ခဲ့သည့် ငွေကြေးမှ ဖြတ်တောက်ခံရမည်ဟု ဆိုလိုပါသည်။

ီမံရေး ကိုယ်စားလှယ် အချိန်ကျော်လွန်နေသည့် ပြုပြင်ပြောင်းလဲရေးကို ရှင်းလင်းခြင်း

ITF သည် သင်္ဘောသားခန့်အပ်ခြင်း သို့မဟုတ် စီမံရေးကိုယ်စားလှယ်များ ကြီးကြပ်ရေး ဖိလစ်ပိုင်နိုင်ငံ စနစ်ကို ပြောင်းလဲပေးရန် တောင်းဆိုနေကြသည်။ သင်္ဘောသားများကိုယ်စား ရိုးသားစွာနှင့် ထိရောက်စွာ အများအပြားက လုပ်ကိုင်ပေးကြသော်လည်း သင်္ဘောသားများအပေါ် အကြိမ်ကြိမ် ပျက်ကွက်နေသည့် ကိုယ်စားလှယ် အနည်းအကျဥ်း ကျန်ရှိနေသေးသည်။

အပြည်ပြည်ဆိုင်ရာ သင်္ဘောများပေါ်တွင် အလုပ်ရှာဖွေသည့် သင်္ဘောဝန်ထမ်း အားလုံးသည် သင်္ဘောပေါ်၌ နေရာချပေးစေရန် ကိုယ်စားလှယ်ကို အသုံးပြုရန် လိုအပ်ပါသည်။ သင်္ဘောပေါ် ရောက်သည်နှင့် ၎င်းတို့၏ လုပ်ခ အများစုကို ကိုယ်စားလှယ်မှ တစ်ဆင့် အိမ်သို့ပို့ပေးရသည် (လုပ်ခပေးသွင်းမှုများဟုခေါ်သည်)။ ကိုယ်စားလှယ် အများအပြားသည် သင်္ဘောဝန်ထမ်းများအား လုပ်ခပေးသွင်းမှုများ ရောက်ရှိလာသောအခါ မမျှတသော ငွေလဲလှယ် နှုန်းများဖြင့် လဲလှယ်ပေးသည်၊ သင်္ဘောသားများအား ၎င်းတို့ ကျသင့်စေသည့် အခကြေးအပြင် ကော်မရှင်အခကြေး နှစ်ဆကို ကျသင့်စေသည်။

ကိုယ်စားလှယ်များသည် သင်္ဘောသားများအား တာဝန်မဲ့သော သင်္ဘောပိုင်ရှင်များနှင့် အကယ်၍ အလုပ်ရှင်က သင်္ဘောသားများကို ပေးရန်ရှိသည့် လုပ်ခများကို ပေးရန် ငြင်းဆိုသည့်အခါကဲ့သို့ ပေါ့ဆသော အလုပ်ရှင်၏ စက်ဆုတ်ဖွယ် အကျိုးဆက်အလားအလာမှ ကာကွယ်ပေးရမည်ဖြစ်သည်။ ဤကိစ္စ၌ ကိုယ်စားလှယ်များသည် ဝင်ရောက်စွက်ဖက်ပြီး ရရန်ရှိသည့် လုပ်ခများကို ပြန်ရအောင်လုပ်ပေးရန်ဖြစ်ပါသည်။

ဖိလစ်ပိုင် ကိုယ်စားလှယ် စနစ်မှာ စာရွက်စာတမ်းပေါ်၌ ကောင်းနေသော်လည်း မသေချာ မရေရာသည့် လုပ်ငန်း ကဏ္ဍတွင် အလုပ်သမားများအား အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်သည့် အများအပြားသော ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (Maritime Labour Convention) အခြေခံ စည်းမျဥ်းများ၏ ထိရောက်မှုကိစ္စအတွက် လက်တွေ့၌ စည်းမျဥ်းများကို အာဏာသက်ရောက်စေရန် တိုင်းပြည်၏ ညံ့ဖျင်းမှုက ဆိုလိုသည်မှာ ကိုယ်စားလှယ် အများအပြားသည် သင်္ဘောဝန်ထမ်းများအား ပျက်ကွက်စေသည့်အပြင် ဥပဒေကို ချိုးဖောက်နေသော်လည်း ဆက်လက်၍ လုပ်ကိုင်နေနိုင်ခြင်းဖြစ်သည်။

ဤအခြေအနေကြောင့် ITF အဖို့ သင်္ဘောသား သမဂ္ဂများက အဆိုးဝါးဆုံးဟု ယူဆထားသည့် ကိုယ်စားလှယ်များကို သင်္ဘောသားများက ရှောင်ကြဥ်ရန်အတွက် ရည်ရွယ်ထားသည့် ဝက်ဘ်ဆိုက် ITFShipBeSure.org ကို ထူထောင်ပေးရန် ဦးတည်ခဲ့ပါသည်။

ဒီကိစ္စတွေဟာ ဖိလစ်ပိုင်သင်္ဘောသားတွေကို ပံ့ပိုးပေးဖို့ ITF ရဲ့ လုပ်စရာ စာရင်းမှာ အလေးထားတဲ့အတွက် ဖိလစ်ပိုင်တွေအနေနဲ့ လာမယ့် ဆယ်စုနှစ်တွေအထိ ပင်လယ်ရေကြောင်း ဦးဆောင်သူတွေအဖြစ် ဆက်လက် တည်ရှိနေနိုင်ပါမယ်၊ဟု သူက ပြောကြားခဲ့သည်။


ပြီးပြီ။

မှတ်ချက်များ-

မျက်နှာဖုံး ပုံရိပ် ကရက်ဒစ်- အာရှနှင့် ပစိဖိတ် တက္ကသိုလ်

ရည်ညွှန်းအထောက်အထားများ-

[1] ဖိလစ်ပိုင် သမ္မတနိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သည့် Bangko Sentral ng Pilipinas (BSP) အရ ဖိလစ်ပိုင် သင်္ဘောသားများသည် ၂၀၁၉ ခုနှစ် တစ်နှစ်တည်းတွင် အမေရိကန်ဒေါ်လာ USD $6.53 ဘီလီယံကို ပို့ပေးခဲ့သည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.