Skip to main content

အာရှ သင်္ဘောသား နယ်ပယ်များ ကာဗွန်ဓါတ်ငွေ့ လျှော့ချရေး စိန်ခေါ်မှုကို ဖြေရှင်းရန် တိုးမြှင့်လုပ်ဆောင်

26 May 2023
Press Release
The Philippines trains more seafarers than any other country. Cleo Bierneza is excited about what a Just Transition can mean for young crew. | (Photo credit: C.Bierneza/ITF)
ဖိလစ်ပိုင်နိုင်ငံသည် အခြားသော နိုင်ငံထက် သင်္ဘောသားများကို လေ့ကျင့်ပေးသည်။ Cleo Bierneza သည် မျှတသော ကူးပြောင်းရေးမှာ ငယ်ရွယ်သော သင်္ဘောဝန်ထမ်းများအတွက် ဘာကိုဆိုလိုကြောင်းနှင့်ပတ်သက်ပြီး စိတ်လှုပ်ရှားလျက်ရှိသည်။ | (ဓါတ်ပုံ ကရက်ဒစ်- C.Bierneza/ITF)


မနီလာ၊ ဖိလစ်ပိုင် (၂၀၂၃ ခုနှစ် မေလ ၁၆ ရက်)- ပင်လယ်ရေကြောင်းကဏ္ဍတွင် ကာဗွန်ဓါတ်ငွေ့ နိမ့်ကျပြီး လုံးဝ မထုတ်လွှင့်မှုကို လုပ်ဆောင်ရန်လိုအပ်သည့် ကျွမ်းကျင်မှုများဖြင့် မိမိတို့၏ ပင်လယ်ရေကြောင်း အလုပ်သမားများကို တတ်ကျွမ်းအောင်လုပ်ပေးရန်အတွက် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားကဲ့သို့သော အာရှတိုက်ရှိ နိုင်ငံများတွင်နေထိုင်လျက်ရှိသော သင်္ဘောသားများ၏ ပုံမှန် တိုးမြှင့်ဆောင်ရွက်နေမှုကို ဖိလစ်ပိုင် ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍ အာဏာပိုင် (Philippines' Maritime Industry Authority (MARINA)) မှ ကြီးမှူးကျင်းပသည့် ယနေ့တွင် စတင်မည့် နှစ်ရက်တာ- ညီလာခံသည် သင်္ဘောလုပ်ငန်းကဏ္ဍ၏ ကာဗွန်ဓါတ်ငွေ့ ထုတ်လွှင့်မှု လျှော့ချရေးအတွက် အခက်အခဲ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို စူးစမ်းရန် ရည်ရွယ်ပါသည်၊ သင်္ဘောသားများနှင့် ပင်လယ်ရေကြောင်း မျှတသော ကူးပြောင်းရေး (Maritime Just Transition) အတွက် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးပေးခြင်း အပါအဝင်ဖြစ်ပါသည်။

လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှု မြှင့်တင်ရေးအတွက် အစိုးရများနှင့် ပင်လယ်ရေကြောင်း အာဏာပိုင်များ၏ အချိန်မှီ အရေးယူလုပ်ဆောင်မှုသည် လေထုသန့်စင်သည့် သင်္ဘောလုပ်ငန်း ကူးပြောင်းရေးကြောင့် ၎င်းတို့၏ နိုင်ငံသား သင်္ဘောလုပ်ငန်းအတွက် အဆင့်မြင့် အလုပ်အကိုင် အခွင့်အလမ်းများကို ရရှိလာမည် ဖြစ်ပါသည်။ DNV ၏ လတ်တလော လေ့လာမှု က ခန့်မှန်းခဲ့သည်မှာ သင်္ဘောသား အယောက်ရေ ရှစ်သိန်း (800,000) သည် လောင်စာ၊ နည်းပညာများအပြင် အနာဂတ် သင်္ဘောများကို ကိုင်တွယ်ရန်အတွက် ၂၀၃၀ ခုနှစ်များ၏ နှစ်လယ်ပိုင်းလောက်မတိုင်မီ ထပ်ဆင့် လေ့ကျင့်မှု လိုအပ်ပါမည်။

ဖိလစ်ပိုင် ပင်လယ်ရေကြောင်း သယ်ပို့ ကုမ္ပဏီ အလုပ်အမှုဆောင် အရာရှိ (Philippine Transmarine Carriers (PTC) CEO) နှင့် အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း အဖွဲ့ဝင် (International Chamber of Shipping (ICS)) ဖြစ်သူ Gerardo A. Borromeo ကပြောဆိုသည်မှာ “ကာဗွန်ဓါတ်ငွေ့ လျှော့ပါးရေးအတွက် သင်္ဘောလုပ်ငန်းရဲ့ စွမ်းဆောင်ရည်ဟာ ဒီသင်္ဘောတွေကို ဘေးကင်းပြီး ထိရောက်တဲ့ နည်းလမ်းနဲ့ မောင်းနှင် လည်ပတ်နိုင်တဲ့ အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်မှု မြင့်မားတဲ့ ပင်လယ်ရေကြောင်း အတတ်ပညာရှင်တွေ အပေါ် မှာ အထူးသဖြင့် မူတည်ပါတယ်။ ပင်လယ်ပြင် အသက်မွေးလုပ်ငန်းအတွက် ကျွမ်းကျင်မှုဟာ အဆင့်ဆင့်ပြောင်းလဲလာနေတယ်ဆိုတာ သံသယဖြစ်စရာ မလိုတော့ပါဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ မှန်ကန်တဲ့ ပညာရေးနဲ့ လေ့ကျင့်ရေးကို လုပ်ပေးဖို့ လိုအပ်ပါတယ်၊ ဒါမှ နောင်လာနောက်သား သင်္ဘောသားတွေ အနေနဲ့ ရှေးနှစ်ပေါင်းများစွာမှာ ပိုပြီးအသုံးပြုလာမယ့် သင်္ဘောပေါ်က လောင်စာနဲ့ နည်းပညာ အသစ်တွေကို ကိုင်တွယ်ဖို့အတွက် ကျွမ်းကျင်လာပြီး အဆင်သင့်ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။  အားလုံးကို အကျိုးဖြစ်ထွန်းမယ့် အနာဂတ် ကာဗွန်ဓါတ်ငွေ့ ထုတ်လွှင့်မှု နည်းပါးရေး ဒါမှမဟုတ် လုံးဝ မထုတ်လွှင့်ရေးဆီသို့ ကျနော်တို့ ကူးပြောင်းနေတဲ့အလျှောက် ပြောင်းလဲနေမှုနဲ့အညီ ပင်လယ်ရေကြောင်း လုပ်သားအင်အား တောင့်တင်းတဲ့ နိုင်ငံတွေအနေနဲ့ လိုက်လုပ်ရမှာဖြစ်ပါတယ်။”

MARINA ညီလာခံသည် ဒေသတွင်း ယူဆချက်အမြင်များ၊ လေထုညစ်ညမ်းမှု လျှော့ပါးရေး ဦးစားပေးရာများကို ဝေမျှပေးရန်အတွက် နည်းလမ်းကို ချမှတ်ပေးပြီး အရှေ့တောင် အာရှနှင့် ပစိဖိတ်ဒေသ၌ လေထုသန့်စင်သော သင်္ဘောလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ရန် လှုံ့ဆော်ပေးပါသည်။ ဤညီလာခံကို ဒိန်းမတ် ပင်လယ်ရေကြောင်း အာဏာပိုင် (Danish Maritime Authority) နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်း (International Maritime Organization (IMO)) တို့၏ ပူးပေါင်း လုပ်ဆောင်မှုဖြင့် စီစဉ်ပါသည်။ 

ပြောင်းလဲဆန်းသစ်နေသည့် ရည်မှန်းချက်များ

ကမ္ဘာ့သင်္ဘောသား  အယောက်ရေ 252,392 ယောက်အားဖြင့် - ကာဗွန်ထုတ်လွှင့်မှု နိမ့်ကျမှုမှ လုံးဝ မထုတ်သည် ကို ရှေ့ရှုသည့် လေ့ကျင့်ရေးစနစ်များသို့ နိုင်ငံ၏ စွမ်းရည်ကို ရွှေ့ပြောင်းပေးရန်အတွက် - ဖိလစ်ပိုင်နိုင်ငံတွင် နေထိုင်ကြသည့် တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောဝန်ထမ်းများ၏ 13.3% သည် ရာသီအတွက် လျာထားချက်များနှင့် ပတ်သက်၍ ပင်လယ်ရေကြောင်း ကဏ္ဍ၏ တိုးတက်မှုအပေါ် သက်ရောက်မှု ရှိပါလိမ့်မည်။  နိုင်ငံသည် သမ္မတ Marcos နှင့်အတူ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် တစ်ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်းရေးရာနှင့် ပတ်သက်၍သုံးပွင့်ဆိုင် အပြည်ပြည်ဆိုင်ရာ အကြံပေးကော်မတီ ကို ဖွင့်လှစ်၍ ကြိုတင်ပြင်ဆင်ရန် အဆင့်ဆင့်အချက်များကို လုပ်ဆောင်ခဲ့ပြီးဖြစ်ပါသည်။ ဖိလစ်ပိုင် သင်္ဘောသားများ၏ ကမ္ဘာတစ်ဝန်း ယှဥ်ပြိုင်မှုကို မည်သို့ အကောင်းဆုံး လုပ်ဆောင်မည်နှင့်ပတ်သက်၍ အကြံပေးခြင်းအပြင် ကော်မတီသည် ပင်လယ်ရေကြောင်း မျှတသော ကူးပြောင်းရေးအတွက် အနာဂတ် သင်္ဘောသားများ ကြိုတင်ပြင်ဆင်ရန် တိုင်းပြည်အတွက် အဓိက ဟစ်တိုင် တစ်ရပ်ဖြစ်ပါသည်။

MARINA ရှိ အစီအစဉ်ရေးဆွဲရေးအတွက် ဒုတိယ အုပ်ချုပ်ရေးမှူးဖြစ်သူ Sonia B Malaluan က ပြောကြား လိုက်သည်မှာ၊ “ဖိလစ်ပိုင် သင်္ဘောသားတွေမှာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအပေါ် လွှမ်းမိုးပေးတဲ့ နှစ်ရှည် သမိုင်းကြောင်းရှိပါတယ်၊ ကျနော်တို့အနေနဲ့ ကာဗွန်ဓါတ်ငွေ့ လျှော့ချရေးဆီ ကူးပြောင်းတဲ့အခါမှာ ဒီရှေးဟောင်း အစဉ်အလာကို ဆက်လက်ထိန်းသိမ်းမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီကူးပြောင်းရေးဟာ ပင်လယ်ရေကြောင်း ကဏ္ဍကို သေချာပေါက်အားဖြင့် အခက်အခဲအဖြစ် စိန်ခေါ်နေစဉ် စောစော လုပ်ဆောင်ပေးမည့်သူတွေအဖို့ ရယူနိုင်တဲ့ အခွင့်အလမ်းတွေ အမှန်တကယ်ရှိမှာဖြစ်တဲ့အပြင် ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ ကျွန်တော်တို့ရဲ့ သင်္ဘောသားတွေအတွက် အသီးအပွင့်တွေ ခံစားလာမယ့်အပြင် အဆင့်မြင့်အရည်အသွေးရှိတဲ့ အလုပ်တွေနဲ့ ရေရှည် သက်မွေးလုပ်ငန်းတွေကို ရရှိစေပါလိမ့်မယ်။”

အင်ဒိုနီးရှားအနေဖြင့် မိမိ၏ ပင်လယ်ရေကြောင်း လုပ်သားအင်အားထုကို ကျွမ်းကျင်မှု တိုးမြှင့်ပေးရန်အတွက် လုပ်ငန်းကဏ္ဍ၏ ပေါ်ပေါက်လာသည့် လိုအပ်ချက်များနှင့်အညီ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (International Labour Organization (ILO)) က ပို့ချပေးသည့် “အင်ဒိုနီးရှားနိုင်ငံရှိ ကောင်းကျိုးချမ်းသာ အစီအစဉ်အတွက် ကျွမ်းကျင်မှုများ” မှတစ်ဆင့်လည်း အကုန်ကျခံဆောင်ရွက်နေပြီးဖြစ်ပါသည်။ ကမ္ဘာ့သင်္ဘောသား အယောက်ရေ (143,702) 7.6% ခန့်ရှိသော သင်္ဘောသားများနေထိုင်ရာ နိုင်ငံသည် မိမိ၏ လေ့ကျင့်သင်တန်းပေးရေးကို ဗဟုသုတအပြင် အကောင်းဆုံး လုပ်ကိုင်ပုံများကို ဝေမျှပေးသည့် အပြည်ပြည်ဆိုင်ရာ ဖက်စပ်မှုများမှတစ်ဆင့် ခေတ်မှီအောင် လုပ်ဆောင်နေလျက်ရှိပါသည်။ ယူကေနိုင်ငံက ရန်ပုံငွေ ပံ့ပိုးပေးထားသည့် အစီအစဉ်တွင် အင်ဒိုနီးရှား နည်းပညာစုံပါဝင်သည့် ကဏ္ဍလေးရပ်၏ တစ်ခုစီအတွက် လုပ်ငန်းကဏ္ဍ အကြံပေး ဘုတ်အဖွဲ့တစ်ခုစီကို ဖွဲ့စည်းပေးခြင်း ပါဝင်ပါသည်။ ဤဖွဲ့စည်းမှုသည် ပညာရေးနှင့် လုပ်ငန်းကဏ္ဍအကြား နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ပေးရန်နှင့် သင်တန်းဆင်းများအတွက် ကျွမ်းကျင်သည့်အလုပ်အကိုင်များသို့ ရှင်းရှင်း လင်းလင်း တိုးတက်သွားစေရန် ရည်ရွယ်ပါသည်။ 

ILO မှ နည်းပညာ အကြံပေး အရာရှိချုပ်ဖြစ်သူ Mary Kent က ပြောကြားလိုက်သည်မှာ “ကျွမ်းကျင်မှုများ အတွက် ဖက်စပ်မှု အစီအစဉ်မှ ဖက်စပ်လုပ်ကိုင်သူတွေဟာ ပင်လယ်ရေကြောင်း လုပ်ငန်း ကဏ္ဍမှာ ကောင်းမွန်တဲ့ သိက္ခာရှိရှိ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနေပါတယ်၊ အဲ့ဒါဟာ ဒေသတစ်ခွင်မှာ ပိုမိုကျယ်ပြန့်တဲ့ လူမှုရေး-စီးပွားရေး အကျိုးကျေးဇူးတွေ ရလာမှာဖြစ်ပါတယ်။ ကျမတို့အနေနဲ့ ဒီအစီအစဉ်က လေ့လာလို့ရတဲ့ သင်ခန်းစာတွေကို ဝေမျှပေးသွားဖို့ မျှော်လင့်ပါတယ်၊ ဒါကြောင့် တစ်ခြား ဒေသတွေမှာလည်း သူတို့ရဲ့ အနာဂတ် ပင်လယ်ရေကြောင်း လုပ်သားအင်အားထုကို ပြင်ဆင်ပေးတဲ့နေရာမှာ အကောင်းဆုံး နည်းလမ်းနဲ့ ပတ်သက်ပြီး အသိရှိရှိ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာဖြစ်ပါတယ်။”

သင်္ဘောသားများအား ပံ့ပိုးပေးခြင်း

အနာဂတ် ပင်လယ်ရေကြောင်း လုပ်ငန်းလည်ပတ်ခြင်းများမှာ ဒီဂျစ်တဲလ်နှင့် အလိုအလျှောက်လုပ်သည့် အလုပ်ပတ်ဝန်းကျင်ကို ပိုမိုသုံးစွဲမည့် လောင်စာအသစ်များနှင့် နည်းပညာအသစ်များဖြင့် သိသိသာသာ ပိုမို ရှုပ်ထွေးလာနိုင်ဖွယ်ရှိသည် - လေ့ကျင့်ရေး စံချိန်စံညွှန်းများ၊ သင်္ဘောသားများ (CTCW) စာချုပ်နှင့် လုပ်ထုံး အတွက် အောင်လက်မှတ်နှင့် စောင့်ကြပ်ခြင်း (Certification and Watchkeeping for Seafarers (STCW) convention and code) တို့အား သုံးသပ်ရန်ရှိသည့် သုံးသပ်မှုကို လွှမ်းမိုးနိုင်ဖွယ်ရှိသည့် အချက်ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) ရှိ သင်္ဘောသားများနှင့် ကုန်းလမ်း လမ်းပြဌာန ညှိနှိုင်းရေးအရာရှိဖြစ်သူ Fabrizio Barcellona က သတိပေးလိုက်သည်မှာ “ဖိလစ်ပိုင်အာဏာပိုင်များနှင့် အင်ဒိုနီးရှား အာဏာပိုင်များ၏ လုပ်ဆောင်ချက်များမှာ နှစ်သက်ဖွယ်ကောင်းသော်လည်း အနာဂတ် ကမ္ဘာ့ သင်္ဘောသား လုပ်သားအင်အားထုအား သင့်တော်သလို လုပ်ပိုင်ခွင့်ပေးရမည်ဆိုလျှင် အမြောက်အမြားလုပ်ရန် လိုနေပါသေးသည်။ လေ့ကျင့်ရေး အနေအထားကို တိုးမြှင့်အောင်လုပ်ခြင်းမှာ အလွန် လိုအပ်သည့် ပထမအချက်ဖြစ်ပါသည် - အထူးသဖြင့် STCW လိုက်နာမှုနှင့် တတ်ကျွမ်းမှုရှိခြင်းတို့နှင့်ပတ်သက်၍ စိုးရိမ်မှုပင်ဖြစ်ပါသည်။ ၎င်းကို လုပ်ပြီးနောက် သင်္ဘောပိုင်ရှင်များ၊ သမဂ္ဂများနှင့် အစိုးရတို့က ထောက်ခံသည့် အရည်အသွေးရှိပြီး ရေရှည်တည်တံ့မည့် အစီအစဉ်များပါရှိသော လက်တွေ့အလုပ်သင်များနှင့် အလုပ်သင် အရာရှိသင်တန်းအတွက် အသစ်၊ ခေတ်မှီပြီး လိုက်လျောညီထွေမည့် ပုံစံဖြင့် မြှင့်တင်ပေးရမည်ဖြစ်သည်။  ဤပါဝင်ပတ်သက်သူ အုပ်စုများအကြားတွင် ပူးပေါင်းလုပ်ဆောင်ခြင်းသည် ပင်လယ်ရေကြောင်းဆိုင်ရာ မျှတသော ကူးပြောင်းရေးကို အောင်မြင်ရန် မရှိမဖြစ် လိုအပ်ပြီး သင်္ဘောလုပ်ငန်း၌ ကမ္ဘာ့ဦးဆောင်သူအဖြစ် ရေရှည်တည်ရှိနေစေရန် ကာကွယ်ပေးမည်ဖြစ်ပါသည်။

အစိုးရများ၊ သမဂ္ဂများ၊ လေ့ကျင့်ရေး အဆောက်အအုံများနှင့် နောက်ထပ်စသဖြင့်တို့ကဲ့သို့ ပါဝင်ပတ်သက်သူများ အား အတူဆောင်ကျဥ်းပေးခြင်းမှာ မရှိမဖြစ် လိုအပ်ပါသည်ဟု ကုလသမဂ္ဂ ကမ္ဘာ့ကွန်ပက် သမုဒ္ဒရာဆိုင်ရာ အထူး အကြံပေးဖြစ်သူ Sturla Henriksen က ရှင်းပြသည်။ “ရာသီဥတု ပြဿနာကို တွန်းလှန်ရန် ကာဗွန်ဓါတ်ငွေ့ ထုတ်လွှင့်မှု လျှော့ချခြင်းမှာ မရှိမဖြစ် လိုအပ်ပြီး အာရှတိုက် နှင့် အာဖရိက တစ်ဝန်းရှိ သင်္ဘောသား နယ်ပယ်များက ၎င်းတို့၏ အလုပ်သမားများအား အနာဂတ် လေထုညစ်ညမ်းမှုကင်းသည့် စီမံချက်များအတွက် ကျွမ်းကျင်မှုများဖြင့် တတ်ကျွမ်းပေးခြင်းကို တိုက်တွန်းပါသည်။ ဤအဆင့်ဆင့်ပြောင်းလဲမှု၏ ကမ္ဘာလုံးဆိုင်ရာ သဘောသဘာဝ ဆိုလိုသည်မှာ မည်သူတစ်ဦးတစ်ယောက်ကမျှ အထီးတည်း ဤပြဿနာကို ရင်ဆိုင်ဖြေရှင်း ရမည် မဟုတ်ဘဲ ဤသို့ဖြေရှင်းပေးမည့် ပါဝင်ပတ်သက်သူများအား ပံ့ပိုးပေးရန်အတွက် Lloyd’s Register Foundation က အခြေခံအားဖြင့် ရန်ပုံငွေ ပံ့ပိုးပေးထားသည့် အပြည်ပြည်ဆိုင်ရာ မျှတသော ကူးပြောင်းရေး အလုပ်တပ်ဖွဲ့  (Maritime Just Transition Task Force) က အခြေခံ အရင်းမြစ်များ ဖြန့်ချိပေးရန် တာဝန်ယူထားပါသည်။” ဟုသူကပြောကြားသည်။

ကျင်းပမည့် လေ့ကျင့်သင်တန်း

သင်္ဘောသားများနှင့် ပင်လယ်ရေကြောင်း ပညာရေးနှင့်တကွ လေ့ကျင့်သင်တန်းပေးသူများအတွက် သက်ဆိုင်ရာ လေ့ကျင့်သင်တန်း အရာပစ္စည်းများဖြင့် ကာဗွန်ဓါတ်ငွေ့လျှော့ချရေးအတွက် သင်္ဘောသား လေ့ကျင့်သင်တန်း အခြေခံ လုပ်ငန်းစဉ်ကို ရေးဆွဲရန် အားထုတ်မှုအသစ်ကို ပင်လယ်ရေကြောင်း မျှတသော ကူးပြောင်းရေး အလုပ်တပ်ဖွဲ့၏ လုပ်ငန်းစဉ်အဆင့် ၂ အရ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ထုတ်လွှင့်ရန် မျှော်လင့်ထားပါသည်။ ပင်လယ်ရေကြောင်း ပတ်ဝန်းကျင်ဌာန၏ IMO ညွှန်ကြားရေးမှူးဖြစ်သူ Arsenio Dominguez က ဖော်ပြရှင်းလင်းသည်မှာ၊ “ရာသီဥတုအပြောင်းအလဲကို တွန်းလှန်ရာမှာ ကမ်းပေါ်မှာရှိတဲ့ ရုံးခန်းတွေအပြင် ပင်လယ်ပြင်မှာရှိတဲ့ သင်္ဘောတွေ နှစ်ဖက်လုံးပါဝင်တဲ့ ပင်လယ်ရေကြောင်း နယ်ပယ်တစ်လျှောက်လုံးမှာ အရေးယူလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ သင်္ဘောသားတွေဟာ လေထုသန့်စင်တဲ့ သင်္ဘောလုပ်ငန်း စီမံချက်တွေမှာ IMO က ဖွဲ့စည်းပေးထားတဲ့ အခမဲ့ တက်ရောက်ရတဲ့ အွန်လိုင်း သင်တန်းတွေအချို့ တက်ရောက်တာနဲ့အတူ မိမိတို့ကျရာအခန်းကဏ္ဍမှာ ပါဝင်လုပ်ဖို့ စိတ်အားထက်သန်တယ်ဆိုတာဟာ သူတို့ရဲ့ နေ့စဉ် စီမံချက်တွေ ပတ်ဝန်းကျင်အပေါ် ဘယ်လို သက်ရောက်မှုရှိတယ်ဆိုတဲ့ ဗဟုသုတကို သင်္ဘောဝန်ထမ်းတွေ အနေနဲ့ တိုးပွားစေမယ်လို ကျနော်တို့ သိပါတယ်။”

သင်္ဘောသားများသည် IMO ၏အခမဲ့ စွမ်းအင်ထိရောက်သည့် သင်္ဘော လည်ပတ်ရေး လေ့ကျင့်သင်တန်း အစီအစဉ်ကို ကုလသမဂ္ဂ ရာသီဥတု အပြောင်းအလဲ လေ့လာရေး ဖက်စပ်မှု (UN Climate Change Learning Partnership) ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။

------------------------------------------------------------------------------------------------------
 

တည်းဖြတ်သူများသို့ အမှာစာ-

Maritime Just Transition Task Force အကြောင်း

ပင်လယ်ရေကြောင်း မျှတသော ကူးပြောင်းရေး အလုပ်တပ်ဖွဲ့ (Maritime Just Transition Task Force) ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ၌ COP26 အတွင်း အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း (International Chamber of Shipping (ICS))၊ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF))၊ ကုလသမဂ္ဂ တစ်ကမ္ဘာလုံးဆိုင်ရာ တာဝန်ရှိရှိ လုပ်ငန်းလုပ်ကိုင်မှု စာချုပ်အဖွဲ့ (the United Nations Global Compact)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့  (International Labour Organization (ILO)) နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့ (International Maritime Organization (IMO)) တို့က တည်ထောင်ဖွဲ့စည်းခဲ့သည်။ အလုပ်တပ်ဖွဲ့ (The Task Force) သည် သင်္ဘောလုပ်ငန်းကဏ္ဍ၏ မျှတပြီး လူသားကို အလေးထားသော ကာဗွန်ဓါတ်ငွေ့ လျှော့ပါးရေးဆီသို့ ပံ့ပိုးပေးရန် ရည်မှန်းထားသည်။ အလုပ်တပ်ဖွဲ့သည် မူလ ရန်ပုံငွေ ပံ့ပိုးပေးသူဖြစ်သည့် Lloyd’s Register Foundation နှင့် အစီအစဉ် ဖက်စပ်ပေးသူဖြစ်သည့် Singapore Maritime Foundation တို့အား ကျေးဇူးတင်ရှိပါသည်။ ပင်လယ်ရေကြောင်း မျှတသော ကူးပြောင်းရေး အလုပ်တပ်ဖွဲ့ (Maritime Just Transition Task Force) နှင့်ပတ်သက်သည့် အချက်အလက်အပိုကို ကုလသမဂ္ဂ တစ်ကမ္ဘာလုံးဆိုင်ရာ တာဝန်ရှိရှိ လုပ်ငန်းလုပ်ကိုင်မှု စာချုပ်အဖွဲ့ (UN Global Compact)  ၊ အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း (International Chamber of shipping) ၏  နှင့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation)  တို့တွင် တွေ့ရှိနိုင်ပါသည်။

ဖက်စပ်သူများ အကြောင်း
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူး ကနဦးလုပ်ဆောင်ချက်အဖြစ်
ကုလသမဂ္ဂ တစ်ကမ္ဘာလုံးဆိုင်ရာ တာဝန်ရှိရှိ လုပ်ငန်းလုပ်ကိုင်မှု စာချုပ်အဖွဲ့ (United Nations Global Compact) သည် နေရာတိုင်းတွင်ရှိနေသည့် ကုမ္ပဏီများအား ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများနှင့် နည်းဗျူဟာများကို လူ့အခွင့်အရေးများ၊ အလုပ်သမား၊ ပတ်ဝန်းကျင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး နယ်ပယ်များ၌ အခြေခံမူ ၁၀ ချက်နှင့်အညီ တစ်သားဖြစ်စေရန် လှုံ့ဆော်မှုတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ စီးပွားလုပ်ငန်း၏ တစ်ကမ္ဘာလုံးဆိုင်ရာ စုပေါင်း သက်ရောက်မှုကို အခြေခံ စည်းမျဥ်း ၁၀ ခုအား ပြောင်းလဲနိုင်သည့် တာဝန်ခံသော ကုမ္ပဏီများနှင့် သက်ရှိပတ်ဝန်းကျင်မှတစ်ဆင့် ထိန်းသိမ်းခြင်းအားဖြင့်နှင့် တည်တဲ့နေမည့် ဖွံ့ဖြိုးမှုဆိုင်ရာ ပန်းတိုင်များကို ဆောင်ကျဥ်းပေးခြင်းအား ပိုမိုအရှိန်အဟုန် မြှင့်တင်ရန်နှင့် တိုင်းထွာရန် ဖြစ်ပါသည်။ နိုင်ငံပေါင်း ၁၀၁ နိုင်ငံကျော်၌ အခြေချပြီး လက်မှတ်ရေးထိုးပါဝင်နေသည့် ကုမ္ပဏီ တစ်သောင်းရှစ်ထောင် (18,000) ကျော်နှင့် စီးပွားလုပ်ငန်း-မဟုတ်သည့် ပါဝင်သူ သုံးထောင်ရှစ်ရာ (3,800) အပြင် ဒေသခံ ကွန်ရက် ၆၅ ခု ပါဝင်သည့် ကုလသမဂ္ဂ တစ်ကမ္ဘာလုံးဆိုင်ရာ တာဝန်ရှိရှိ လုပ်ငန်းလုပ်ကိုင်မှု စာချုပ်အဖွဲ့ (UN Global Compact)သည် ကမ္ဘာ့အကြီးဆုံး ခိုင်မြဲတည်တံ့နေမည့် စုပေါင်းဖွဲ့စည်းထားသည့် စီမံချက်ချက် ဖြစ်သည် — ကောင်းမွန်သော ကမ္ဘာ့လောကကြီးအတွက် စုပေါင်းထားသည့် စီးပွားလုပ်ငန်း တစ်ကမ္ဘာလုံးဆိုင်ရာ တာဝန်ရှိရှိ လုပ်ငန်းလုပ်ကိုင်မှု စာချုပ်အဖွဲ့ (Global Compact) တစ်ခုဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ (The International Chamber of Shipping (ICS)) သည် ကုန်ကူးသန်းသည့် သင်္ဘောပိုင်ရှင်များနှင့် လုပ်ငန်းလုပ်ကိုင်သူများအတွက် အဓိက အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး အသင်းအဖွဲ့ဖြစ်သည်၊ အားလုံးသော လုပ်ငန်းကဏ္ဍများနှင့် ကုန်သွယ်ရေးများနှင့်တကွ ကမ္ဘာ့ကုန်သွယ် သင်္ဘောများ၏ 80% ကျော်ကို ကိုယ်စားပြုလျက်ရှိပါသည်။
 

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ် ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာကို ရွှေ့လျားပေးနေသော အမျိုးသမီး အမျိုးသား သန်းပေါင်း ၂၀ ကျော်နီးပါးတို့၏ ပြောဆိုသံဖြစ်သည်၊ ပြည်တွင်းကုန်သွယ်ရေးနှင့် အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်းတွင် လုပ်ကိုင်နေသော သင်္ဘောသား တစ်သန်းကျော်တို့ အပါအဝင်ဖြစ်ပါသည်။
 

မူလ ရန်ပုံငွေ ပံပိုးသူ အကြောင်း
Lloyd’s Register Foundation သည် သီးခြားလွတ်လပ်သော ကမ္ဘာလုံးဆိုင်ရာ ကုသိုလ်ဖြစ် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး သီးခြားဖွဲ့စည်းမှုနှင့် ဘေးကင်းလုံခြုံသော ကမ္ဘာလောကကြီးကို တည်ဆောက်ရေးဟူသော အရေးကြီး သည့် လုပ်ငန်းရည်မှန်းချက်နှင့်အတူဖြစ်ပါသည်။ ကျွန်ုပ်တို့သည် စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် အစားအစာ ကဲ့သို့သော နယ်ပယ်များတွင် ခေတ်သစ် လူ့ဘောင်အဖွဲ့အစည်းက အားထားနေရသည့် အခရာကျသော အခြေခံ အဆောက်အအုံအပေါ် အန္တရာယ်ကို လျှော့ချပေးပြီး ဘေးကင်းလုံခြုံမှုကို တိုးမြှင့်ပေးသည်။ ဤကိစ္စကို ကျွန်ုပ်တို့က အဆင့်မြင့် အရည်အသွေးရှိသော သုတေသနအား ပံ့ပိုးပေးခြင်း၊ အသုံးချမှုအတွက် နည်းပညာ အရှိန်အဟုန်မြှင့်တင်ပေးခြင်းနှင့် ပညာရေးနှင့် အများပြည်သူ ကမ်းလှမ်းဆက်သွယ်ခြင်းမှတစ်ဆင့် လုပ်ဆောင် ပေးပါသည်။ ကျွန်ုပ်တို့၏ တစ်မူထူးခြားသည့် ဖွဲ့စည်းပုံမှာ သိသာထင်ရှားသော ကုန်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Lloyd’s Register (LR) အား ကျွန်ုပ်တို့ ပိုင်ဆိုင်သည်ဟူသော အကြောင်းချင်းရာမှ ဖြစ်ပေါ်လာပါသည်။ ကျွန်ုပ်တို့သည် လုပ်ငန်းမစ်ရှင်အတူတူကို ဝေမျှဖလှယ်ကြပြီး ကမ္ဘာလောကကြီးအား ဘေးကင်းလုံခြုံသောနေရာ အဖြစ် ဖန်တီးရန် အတူလက်တွဲလုပ်ကိုင်ကြမည်ဖြစ်ပါသည်။

 

အစီအစဉ် ဖက်စပ်သူအကြောင်း
၂၀၀၄ ခုနှစ်တွင် တည်ထောင်ထားသည့် စင်္ကာပူ ပင်လယ်ရေကြောင်း ဖောင်ဒေးရှင်း (SMF) သည် အများဆိုင်ရာ နှင့် ပုဂ္ဂလိကဆိုင်ရာ ကဏ္ဍများအကြားတွင် ပေါင်းကူးဆက်သွယ်ပေးသည့် တံတားတစ်ခုဖြစ်သည်၊ စင်္ကာပူကို အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း စင်တာ (အိုင်အမ်စီ) (International Maritime Centre (IMC)) အဖြစ် ဖွဲ့စည်းရေးနှင့် တိုးမြှင့်ဆောင်ရွက်ရေး လုပ်ငန်းမစ်ရှင်နှင့်တကွ ဆက်လက် တိုးတက်မှုအတွက် စင်္ကာပူနိုင်ငံ ၏ အနေအထားကို ကျွမ်းကျင်သူ လမ်းကြောင်းအား ဆွဲဆောင်ရန်၊ လုပ်ကိုင်ရန်နှင့် ကြီးထွားဖွံ့ဖြိုးရန် လုပ်ငန်းမစ်ရှင်တို့ကို အောင်မြင်စေရန်ဖြစ်ပါသည်။ 

 

သတင်း စုံစမ်းမှုများ
Namrata Nadkarni
Intent Communications Ltd
Namrata@intentcommunications.co.uk
+44(0)7598025513

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.