Skip to main content

မိမိ၏ ကိုယ်ပိုင် ပြည်ဝင်ခွင့်ဗီဇာ စည်းမျဥ်း အပြောင်းအလဲအတွက်ကူးပြောင်းပေးရန် ကြိုတင်ပြင်ဆင်ရေးကို UK ပျက်ကွက်၊ ငါးဖမ်း သင်္ဘောဝန်ထမ်းများ နှစ်နာမည့် အန္တရာယ်ရှိနေ

22 May 2023
Press Release
Suella Braverman with Border Force officials in the Port of Grangemouth, Scotland in January this year. | (Photo credit: Suella Braverman / Twitter)
ဤနှစ် ဇန်နဝါရီလတွင် Scotland နိုင်ငံ၊ Grangemouth ဆိပ်ကမ်း၌ နယ်စပ်တပ်ဖွဲ့ အာဏာပိုင်များနှင့် အတူ။ | (ဓါတ်ပုံကရက်ဒစ်- Suella Braverman / Twitter)

UK အစိုးရသည် ပြည်ဝင်ခွင့် ဗီဇာ စည်းမျဥ်းများအပေါ် မိမိ၏ ပြောင်းလဲချက်များအတွက် တိတိကျကျ ကြိုတင်ပြင်ဆင်ပေးရန် ပျက်ကွက်ခဲ့သည်၊ ယခုသော် လုပ်ခနည်း ရွှေ့ပြောင်းလုပ်သား ငါးဖမ်းသမားများအနေဖြင့် အစိုးရ၏ နှောင့်နှေးမှုများ နှင့် ကျွမ်းကျင်မှု မရှိခြင်းကြောင့် အနှစ်နာခံကြရမည်ဖြစ်ပါသည်။

ပြည်ထဲရေး အတွင်းဝန် Suella Braverman ကြေညာသည့် ပြောင်းလဲချက်မှာ နိုင်ငံရပ်ခြားမှ ငါးဖမ်းသမားများကို စုဆောင်းခြင်းနှင့် အလုပ်ခန့်အပ်ခြင်းတို့နှင့်ပတ်သက်၍ စည်းမျဥ်းများကို တင်းကျပ်ထားသည်။ ၎င်းကြောင့် ငါးဖမ်း သင်္ဘောပိုင်ရှင်များအတွက် UK ရေပိုင်နက်တွင် သင်္ဘောသားများ၏ ကူးပြောင်းဗီဇာ အသုံးပြုခြင်း မှာ တရားမဝင်ဟု ပြဌာန်းရာရောက်သည်။

ယခင်က UK ငါးဖမ်းသင်္ဘောပိုင်ရှင်များက ၄၈ နာရီအတွင်း UK ရေပိုင်နက်အတွင်းမှ ထွက်ခွာမည့် အပြည်ပြည်ဆိုင်ရာ သင်္ဘောများသို့ တက်ရောက်မည့် သင်္ဘောသားများအပေါ် ကူးပြောင်းဗီဇာအရ အမြတ်ထုတ် နေလျက်ရှိသည်။ ဆိုလိုသည်မှာ ဆယ်စုနှစ်ကျော်ကျော် သင်္ဘောပိုင်ရှင်များသည် နိုင်ငံခြား သင်္ဘောသားများအား UK  နိုင်ငံသား အနည်းဆုံးလုပ်ခထက် သုံးဆ နည်းသည့်လုပ်ခဖြင့် ပေးနေခဲ့ကြသည်၊ အလုပ်သမားများမှာ UK နိုင်ငံတွင် အလုပ်လုပ်နေသည် မဟုတ်ဟု အကြောင်းပြခြင်းကြောင့်ဖြစ်သည်။ ၎င်းမှာ မကြခဏဆိုသလို သင်္ဘောဝန်ထမ်းများ သည် UK ငါးဖမ်းဆိပ်ကမ်းများ၌ အခြေပြုသည့် သင်္ဘောများပေါ် အလုပ်လုပ်ပြီး နေထိုင်နေသည့်တိုင် ဖြစ်ပါသည်။

ဤလစ်ကွက်ဟာကွက်ကို ကျဥ်းမြောင်းအောင်လုပ်သည့် လှုပ်ရှားမှုအား ကြိုဆိုပါသည်၊ သမဂ္ဂများ၊ ပင်လယ်ရေကြောင်း ကုသိုလ်ဖြစ်များနှင့် ပညာပါရမီရှင်များတို့၏ နှစ်ရှည်ကြာ လှုံ့ဆော်မှုကြောင့် ဖြစ်လာရသည်။ အလုပ်သမား ခေါင်းပုံဖြတ်မှုမှာ ဤလုပ်ငန်းကဏ္ဍ၌ မည်မျှ ကျယ်ပြန့်လာခဲ့သည်ကို ယမန်နှစ်က ဤအုပ်စု၏ သုတေသနက ဖော်ထုတ်ခဲ့သည်။  နိုင်ငံခြား သင်္ဘောဝန်ထမ်းများက လူမျိုးရေးအရ ခွဲခြားနှိပ်စက်မှု ကြုံတွေ့ရခြင်း နှင့် အလုပ်အကိုင်စာချုပ်ထက် အချိန်နာရီ များစွာကျော်လွန်ပြီး သမားရိုးကျ အလုပ်ခိုင်းစေခံခဲ့ရခြင်းကို သတင်းပို့ခဲ့ကြသည်။ ဆိုလိုသည်မှာ ပျမ်းမျှ တစ်နာရီလုပ်ခမှာ £3 ကျော်မျှသာသာ ဖြစ်ခဲ့ပါသည်။ သုတေသီများက ‘ခေါင်းပုံဖြတ်မှု ကွင်းဆက်’ ကို တွေ့ရှိခဲ့သည်၊ ကူးပြောင်းဗီဇာ၏ လစ်ကွက်ဟာကွက်ကြောင့် ပွင်းလင်းမြင်သာမှု အားနည်းချက်မှ စတင်ခြင်းဖြစ်ပါသည်။

မမျှမတ ပြစ်ဒဏ်ခတ်ခြင်း- အပြစ်လွှဲချခြင်း

ညံ့ဖျင်းသော စီစဉ်မှုနှင့် သတိပြုမှု အားနည်းခြင်းမှာ ကူညီပေးမည်ဟု ရည်မှန်းခဲ့သော်ငြားလည်း အလုပ်သမားများ အဖို့ ကောင်းသောပြောင်းလဲချက်ပင် မကောင်းသောသတင်းဖြစ်နိုင်သည်ဟု ဆိုလိုသည်။

ပြည်ထဲရေး အတွင်းဝန် Suella Braverman MP သည် အစိုးရ၏ စည်းမျဥ်းအသစ်များကို အရေးယူဆောင်ရွက် လိမ့်မည်ဖြစ်သည့် နယ်စပ်တပ်ဖွဲ့အာဏာပိုင်များ၏ နှိမ်နှင်းမှုမှ ကြိုတင်ပြင်ဆင်ရန် သက်ဆိုင်သည့် ငါးဖမ်းသမားများနှင့် အလုပ်ရှင်များအား အချိန် ၂၄ နာရီထက်နည်း၍ အချိန်ပေးထားပါသည်။

လှုံ့ဆော်သူများထံသို့ ပေးပို့သည့်စာတွင် နယ်စပ်တပ်ဖွဲ့အနေဖြင့် ယူကေ ရေပိုင်နက်၌ တရားမဝင် အလုပ်လုပ် နေကြောင်း တွေ့ရှိသည့် ငါးဖမ်းသမား တစ်ဦးစီအတွက် အလုပ်ရှင်များအား ဒဏ်ငွေ  £20,000 GBP တပ်ရိုက်မည် ဟု Braverman က ဖော်ပြထားသည်-

အစိုးရရဲ့ ပေရှည်နေမယ့် အနေအထားကတော့ နိုင်ငံခြားသားတွေဟာ ယူကေ ရေပိုင်နက်မှာ အလုပ်လုပ်ဖို့ ခွင့်ပြုချက် လိုအပ်မယ်လို့ဆိုပြီး ယူကေမှာ အလုပ်လုပ်ဖို့ ကူးပြောင်းဗီဇာဟာ ဘယ်တော့မှ သင့်တော်တဲ့ ဗီဇာ မဖြစ်ခဲ့ပါဘူး၊ဟု သူမက ရေးသားခဲ့သည်။ “… နိုင်ငံသား နှင့် နယ်စပ် အက်ဥပဒေ ၂၀၂၂ ခုနှစ် (Nationality and Borders Act 2022) ပြဌာန်းချက် (ယူကေ ရေပိုင်နက်မှာ အလုပ်လုပ်ခြင်း) မှာ ကျွန်မတို့ရဲ့ အနေအထား ရှင်းနေပါတယ်….ယူကေ ရေပိုင်နက်မှာ အလုပ်အများစုကို လုပ်ကြတဲ့ နိုင်ငံခြားသားတွေကို အလုပ်ခန့်ဖို့ ကူးပြောင်းဗီဇာကို ခေတ်အဆက်ဆက် အသုံးပြုတာဟာ သူတို့အနေနဲ့ တရားမဝင် အလုပ်လုပ်နေတာဘဲ ဖြစ်ပါတယ်။ ပြည်ထဲရေးရုံးဟာ ပင်လယ်ပြင်မှာ တွေ့ရှိနေရတဲ့ အလုပ်သမား ခေါင်းပုံဖြတ်မှု တိုးမြှင့်နေတဲ့ အကြောင်းကိုလည်း စိုးရိမ်နေပါတယ်၊ လုပ်ငန်းကဏ္ဍအနေနဲ့ ဒီကိစ္စကို အရေးပေါ် တွန်းလှန်ရမယ်။

Braverman ၏သတိပေးချက်သည် အကောင်အထည်ဖော်ပေးမည့် အစီအစဉ်မရှိဘဲ သို့မဟုတ် အလုပ်ရှင်များနှင့် ငါးဖမ်းသမားများအနေဖြင့် ဒဏ်ငွေနှင့် ပြည်နှင်ဒဏ်ခတ်ခြင်းတို့ကို ရှောင်ရှားရန်အတွက် မည်သည့်အရာလုပ်ရန် လိုအပ်ကြောင်း အခြေခံကျသည့် လမ်းညွှန်ချက် မရှိဘဲ သတိပေးခဲ့ခြင်းဖြစ်သည်။

ITF သည် အဂ်လန်၊ စကော့တလန်၊ နှင့် မြောက်ပိုင်း အိုင်ယာလန်သို့ သင်္ဘောသားများအနေဖြင့် ပြည်နှင်ဒဏ် မခံရအောင် လုပ်ရန်လိုအပ်သည့်အရာများအပြင် တရားဝင် ကျွမ်းကျင်လုပ်သား ဗီဇာ (Skilled Worker Visa) အသစ်ကို မည်သို့လျှေက်ရမည်တို့နှင့်ပတ်သက်၍ လမ်းညွှန်ချက်ပေးရန် ရောက်ရှိခဲ့သည်။ လက်ကမ်းစာစောင်များ ကို ဘာသာစကား ဆယ့်နှစ်မျိုးဖြင့် ဘာသာပြန်ဆိုထားသည်။

ကိစ္စအများစုတွင် အလုပ်ရှင်များသည် နယ်စပ်တပ်ဖွဲ့နှင့် ပြဿနာတစ်စုံတစ်ရာ မဖြစ်စေရန်ရှောင်ရှားသည့် အနေဖြင့် သင်္ဘောဝန်ထမ်းများကို ချက်ချင်း အိမ်ပြန်ပို့ပါလိမ့်မည်။ ဥပဒေ ချိုးဖောက်သည့်သူများကို တွေ့ရှိခြင်းမှာ အလုပ်သမားများအပေါ် အာဏာပိုင်များမှ မကောင်းသော အရေးယူမှုကို ဖော်ထုတ်ပေးရာရောက်မည့် အန္တရာယ် ရှိပါသည်။

ယခုသော် ယူကေ အလံလွှင့်ထူထားသည့် ယူကေ ကုမ္ပဏီများက အလုပ်ခန့်ထားသည့် EEA-မဟုတ်သော ငါးဖမ်းသမား အယောက်ရေ နှစ်ထောင် ယူကေတွင် ရှိနေကြသည်၊ ယူကေ နိုင်ငံတွင်းသို့ ကူးပြောင်းဗီဇာဖြင့် ဝင်ရောက်လာခြင်းဖြစ်သည်။ အတော်များများမှာ ယူကေမှ အတင်းပြန်ရလိမ့်မည်ဖြစ်ပြီး အလုပ်ပါမစ် အမှန်အကန်အတွက် အဂ်လိပ်စာ စစ်ဆေးမှု သတ်မှတ်ချက်ကြောင့် ပြန်လာနိုင်တော့မည် မဟုတ်ပါ၊ဟု ITF ၏ ငါးဖမ်းလုပ်ငန်း ကျွမ်းကျင်သူဖြစ်သည့်အပြင် ယူကေအတွက် ဦးဆောင်လှုံ့ဆော်သူဖြစ်သူ Chris Williams ကပြောကြား လိုက်သည်။

ဒီလူတွေဟာ အလုပ်စာချုပ်တွေကို လက်မှတ်ထိုးပြီးတော့ ရိုးရိုးသားသား လာခဲ့ကြတယ်၊ လုပ်ငန်းကဏ္ဍအတွက် အလုပ်ကြိုးစားလုပ်ပေးကြတယ်၊ ယမန်နေ့က ဒါမှမဟုတ် အလုပ်ခန့်ခံရတဲ့အချိန်မှာ မရှင်းလင်းဘဲ ခုဒီနေ့ကျမှဘဲ လူဝင်မှု ဗီဇာဟာ တရားမဝင်ဘူးလို့ သိကြရပါတယ်။

ဒီရှေးဟောင်းဝါဒီ အစိုးရဟာ ဒီ ငါးဖမ်းသမားတွေကို ညတွင်းချင်း အထုပ်အပိုးပြင်ပြီး သူတို့ရဲ့ အလုပ်စာချုပ် လက်ကျန်ရက်တွေအတွက် လုပ်ခ တစ်ပြားတစ်ချပ်မှ မရတော့ဘဲ လက်ဗလာနဲ့ ဒီနိုင်ငံက ထွက်သွားပေးဖို့ မျှော်လင့်နေတာဟာ အင်မတန် မယုံကြည်နိုင်စရာပါဘဲ။

ဂါနာ၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ သိရိလင်္ကာနှင့် အင်ဒိုနီးရှား နိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားငါးဖမ်းသမားတွေဟာ လုပ်ငန်းအနေနဲ့ ဒေသခံဖြစ်တဲ့ ဒါမှမဟုတ် ယူကေ လုပ်ခပေးရတဲ့ သူတွေကို မငှါးတဲ့အချိန်အခါအတွင်းမှာ ယူကေရဲ့ ငါးဖမ်းလုပ်ငန်း မှာ အဓိက ကျောထောင့်နောက်ခံဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ မမေ့ဖို့လိုပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဗြိတိသျှဟာ သူတို့တွေအပေါ်မှာ ကျေးဇူးရှိပါတယ်၊” ဟု သူက ပြောကြားလိုက်သည်။

ပင်လယ်စာ လုပ်ငန်းနဲ့ ယူကေ အစိုးရဟာ ဒီအလုပ်သမားတွေကို နောက်ထပ် ဒုက္ခမပေးဖို့ တာဝန်ရှိပါတယ်လို့ ITF အနေနဲ့ ခိုင်ခိုင်မာမာ အမြင်ရှိပါတယ်ဒီအလုပ်သမားတွေဟာ ခေါင်းပုံဖြတ်ခံနေရပြီးတော့ နိမ့်ကျတဲ့ လုပ်ခနဲ့ အခိုင်းခံနေရတာကို အချိန်အတန်ကြာအောင် လျစ်လျူရှုခံနေကြရတဲ့ အလုပ်သမားတွေပါ။

နိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားငါးဖမ်းသမားတွေဟာ ယူကေလုပ်ငန်းရှင်တွေအနေနဲ့ ဒေသခံဖြစ်တဲ့ ဒါမှမဟုတ် ယူကေ လုပ်ခပေးရတဲ့ သူတွေကို မငှါးတဲ့အချိန်အခါအတွင်းမှာ ယူကေရဲ့ ငါးဖမ်းလုပ်ငန်း မှာ အဓိက ကျောထောင့်နောက်ခံဖြစ်ခဲ့သည်။ 

ငါးဖမ်းသမားများကို ထောက်ခံပံ့ပိုးမည့် အဆင့်အဆင့်အချက်များကို လုပ်ရမည်

Williams ကပြောကြားလိုက်သည်မှာ ကျွမ်းကျင်လုပ်သား ဗီဇာ (skilled worker visa) စနစ်သို့ ကူးပြောင်းနေစဉ် အလုပ်သမားများအား ပြစ်ဒဏ် မခတ်မည့် အဆင့်ဆင့်အချက်များကို လုပ်ငန်းကဏ္ဍနှင့် ယူကေ အစိုးရအနေဖြင့် လုပ်ဆောင်ရန်အတွက် နောက်မကျသေးကြောင်း ပြောလိုက်ပါသည်။

အမှန်တကယ်ပြောင်းလဲပေးနိုင်သည့် ပြဌာန်းချက်တစ်ခုမှာ ယူကေတွင် လက်ရှိအလုပ်လုပ်ကိုင်နေလျက်ရှိသည့် သင်္ဘောဝန်ထမ်းများအား အလုပ်လုပ်ခြင်းမှ ရပ်ဆိုင်းပြီး အိမ်ပြန်ရမည်ဟု လုပ်ခိုင်းမည့်အစား နိုင်ငံအတွင်း၌ပင် ကျွမ်းကျင်လုပ်သား ဗီဇာအသစ်ကို လျှောက်ခွင့်ပြုရန်ဖြစ်သည်ဟု သူက ပြောလိုက်သည်။

ဤသို့ဖြင့် သင်္ဘောဝန်ထမ်းများအနေဖြင့် ပြည်ထဲရေးရုံး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေစဉ် ၎င်းတို့၏ မိသားစုများအတွက် ဆက်လက် အလုပ်လုပ်နိုင်ပြီး ဝင်ငွေ ရှာဖွေခွင့်ရမည်ဖြစ်ပါသည်။ အခြား လျှောက်ထားသူများ အတွက် ယူကေ ပြည်တွင်းမှနေ၍ လျှောက်ခွင့်ပြုခြင်း မှာရှိထားပြီးဖြစ်ပါသည်။ Williams က ပြောကြားလိုက်သည်မှာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များကို ထိန်းထားခြင်းနှင့် EEA -မဟုတ်သည့် အလုပ်သမားများအပေါ် ရှင်းရှင်းလင်းလင်း မူတည်နေသည့် ပြည်တွင်း ငါးဖမ်းလုပ်ငန်းကဏ္ဍအတွက် အဆက်ပြတ်တောက်ခြင်းကို ရှောင်ရှားခြင်းမှာ အဓိပ္ပါယ်ရှိသည်ဟုဆိုသည်။

ITF ကိုယ်စားလှယ်များသည် လုပ်ငန်းကဏ္ဍ အုပ်စုများနှင့်တကွ ပင်လယ်စာ ကုမ္ပဏီများနှင့် လာမည့် အပတ်များတွင် တွေ့ဆုံရန်ရှိပါသည်၊ ဗီဇာအပြောင်းအလဲကြောင့် အလုပ်စာချုပ် ပြတ်တောက်ခြင်းခံရသူများ အတွက် သက်သာချောင်ချိရေးကိစ္စများ ဆွေးနွေးရန်ဖြစ်ပါသည်။ ဆွေးနွေးစဉ် ITF သည် ယူကေလုပ်ငန်းတွင် လက်ရှိအလုပ်လုပ်ကိုင်နေသည့် သင်္ဘောဝန်ထမ်းများအတွက် အခမဲ့ သို့မဟုတ် စရိတ်စိုက်ပေးမည့် အင်္ဂလိပ်စာ သင်တန်းကို အဆိုပြုပါလိမ့်မည်၊ သို့မှသာ ကျွမ်းကျင်လုပ်သား ဗီဇာ (Skilled Work Visa) အင်္ဂလိပ်စကား တတ်မြောက်မှု သတ်မှတ်ချက်များကို ၎င်းတို့အနေဖြင့် ကျော်လွှားနိုင်မည်ဖြစ်ပါသည်။

သူက ပြောလိုက်သည်မှာ အစိုးရ၏ အပြောင်းအလဲကြောင့် ခက်ခဲနေသည့် ရွှေ့ပြောင်းလုပ်သားငါးဖမ်းသမားများ အနေဖြင့် ကျွမ်းကျင်လုပ်သား ဗီဇာ (Skilled Work Visa) အသစ် ကိုလျှောက်မည်ဖြစ်ပြီး ယူကေ၏ ငါးဖမ်းလုပ်ငန်း ကဏ္ဍကို ဆက်လက် ပံ့ပိုးပေးသွားမည်ကို မျှော်လင့်ပါသည်၊သို့သော် အခုအချိန်မှာတော့ ယူကေ အလုပ်အကိုင် ဥပဒေရဲ့ ကာကွယ်မှု အပြည့်အဝနဲ့အတူ ဖြစ်ရပါမယ်သူတို့အနေနဲ့ အမြဲရနေခဲ့သလို ဖြစ်ရပါမယ်၊ဟု သူကပြောလိုက်သည်။
 

ပြီးပြီး

မှတ်ချက်များ-

  • ITF နှင့် UK ၏ ဦးဆောင် ပင်လယ်ရေကြောင်း ကုသိုလ်ဖြစ် သင်္ဘောသားများ၏ ကုသိုလ်ဖြစ်အဖွဲ့အစည်း (Seafarers’ Charity) ၊ ကုန်သည်ရေကြောင်း ကောင်းကျိုးချမ်းသာ ဘုတ်အဖွဲ့ (Merchant Navy Welfare Board) ၊ ငါးဖမ်းသမားများ မစ်ရှင် (Fishermen’s Mission) နှင့် စတဲလာ မာရစ် (Stella Maris) တို့သည် ၎င်းတို့၏ စုပေါင်းစိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ ပြည်ထဲရေးရုံးသို့ မတ်လ ၆ ရက်နေ့တွင် စာရေးပေးပို့ခဲ့ကြပြီး ပြည်ထဲရေး အတွင်းဝန်ထံမှ ဧပြီလ ၂၄ ရက်နေ့တွင် ပြန်စာကို လက်ခံရရှိခဲ့သည်။
  • ITF ၏ သင်္ဘောသားများ ကူးပြောင်းဗီဇာနှင့်ပတ်သက်၍ လှုံ့ဆော်မှုကြောင့် ယူကေ လုပ်ငန်းကဏ္ဍတွင် စနစ်တကျ ခေါင်းပုံဖြတ်မှုကို ၂၀၂၂ ခုနှစ်၌ ဖော်ထုတ်ပေးခဲ့သည်- https://www.itfglobal.org/en/reports-publications/one-way-ticket-labour-exploitation
  • ITF ငါးဖမ်းသမားများ ဌာနခွဲ ကျွမ်းကျင်သူဖြစ်သည့်အပြင် ယူကေ လှုံ့ဆော်မှု ဦးဆောင်သူဖြစ်သည့် Chris Williamsသတင်းစာရှင်းလင်းပွဲကို ဤတွင် တွင်ရရှိနိုင်သည်။

သင်္ဘောသားများ ကူးပြောင်းဗီဇာ အကြောင်း

  • သင်္ဘောသားများ ကူးပြောင်းဗီဇာ (STV) ကို ၄၈ နာရီအတွင်း ယူကေ ရေပိုင်နက်မှ ထွက်ခွာမည့် သင်္ဘောပေါ် လိုက်ပါမည့် သင်္ဘောသားများ အတွက် ရည်ရွယ်ထားသည်။  
  • ဟာကွက်လစ်ကွက်များကြောင့် ငါးဖမ်းသင်္ဘောပိုင်ရှင်များပင်လယ်စာ ဖြန့်ချိသူများနှင့် လက်လီရောင်းချသူများအပါအဝင်သည် ရွှေ့ပြောင်းလုပ်သားငါးဖမ်းသမားများအား ယူကေ နိုင်ငံသား တရားဝင် အနည်းဆုံး လုပ်ခ၏ သုံးပုံတစ်ပုံသာသာဖြင့် လုပ်ခပေးပြီး ပေါင်စတာလင်ငွေ သန်းပေါင်းများစွာ ရှာကြပါသည်။
  • ကူးပြောင်းဗီဇာ အသုံးချခြင်းမှာ ရိုးသားဖြောင့်မတ်သည်ဟု လုပ်ငန်းကဏ္ဍက အများသိ ကြေညာ သော်လည်း ဆယ်စုနှစ်-ကြာ အစိုးရ၏ ဆုံးဖြတ်ချက် ကြန့်ကြာမှုကြောင့် သင်္ဘောပိုင်ရှင်အချို့အဖို့ ပြည်နှင်ဒဏ်ပေးရနိုင်သည်ကို အသုံးချ၍ လုပ်ခနည်း ငါးဖမ်းသင်္ဘောသားများအပေါ် ပိုမို အခွင့်အာဏာ သုံးခွင့်ရခဲ့ကြသည်။ သင်္ဘောသားများအား ၎င်းတို့ကို ဆော်ကား သို့မဟုတ် အနိုင်ကျင့်သည်တိုင် အလုပ်ရှင်ပြောင်းလဲခြင်းကို တားမြစ်ထားကြသည်။
  • တရားဝင် လူဝင်မှု အဆင့်အတန်း မရှိခြင်းကြောင့် သင်္ဘောဝန်ထမ်းများမှာ ၎င်းတို့လုပ်ကိုင်နေရသည့် သင်္ဘောများပေါ် များသောအားဖြင့် နေကြရပါသည်။ ၎င်းတို့အနေဖြင့် NHS ရခွင့်မရှိပါ သို့မဟုတ် ကမ်းပေါ်ရှိ အခြား ကျန်းမာရေး ဝန်ဆောင်မှုများ ရခွင့်မရှိပါ။
  • အာဏာဟန်ချက်မညီခြင်းကြောင့် အကယ်၍ သင်္ဘောဝန်ထမ်းများအနေဖြင့် အချိန်ရှည်လျားစွာ အလုပ်လုပ်ရန် ငြင်းဆိုပါက သို့မဟုတ် အာဏာပိုင်များအား မကျေနပ်ချက် တိုင်တန်းပါက အချို့ အလုပ်ရှင်များအနေဖြင့် ပြည်နှင်ဒဏ် သို့မဟုတ် ဥပဒေနှင့် ပြဿနာကိုအကြောင်းပြ ခြိမ်းခြောက်ခြင်းဖြင့် ခေါင်းပုံဖြတ်မှု ပျံ့နှံ့နေကြသည်။ 

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာကို လည်ပတ်ပေးနေသည့် အမျိုးသမီး အမျိုးသား သန်း နှစ်ဆယ်ခန့်၏ သဘောထားဖြစ်ပါသည်။ 

မီဒီယာ အဆက်အသွယ်- media[at]itf.org.uk

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.