Skip to main content

နည်းပညာပြောင်းလဲမှုသည် အလုပ်သမား-ဦးဆောင်သည့် ပြောင်းလဲမှုဖြစ်ပါက သင်္ဘောလုပ်ငန်း အနေဖြင့် ပိုမို လေထုညစ်ညမ်းမှု ကင်းမဲ့၊ ပိုမို အန္တရာယ်ကင်းပြီး ပိုမိုထိရောက်မှုရှိမည်

05 Jun 2023
Press Release
Photo credit: Kristoffer C Molina
ဓါတ်ပုံ ကရက်ဒစ်- Kristoffer C Molina

31 May 2023 ၂၀၂၃ ခုနှစ် မေလ ရက်- သင်္ဘောသားများအနေဖြင့် အလိုအလျောက်မောင်းနှင်သည့် သင်္ဘောများကို ကုန်သွယ် သင်္ဘောများရှိ ပြဿနာအများအပြားကို ဖြေရှင်းပေးသည့် အခွင့်အလမ်းအဖြစ် အမြင်ရှိသော်လည်း သတိပေးလိုက်သည်မှာ နည်းပညာပြောင်းလဲမည့်အချိန်အခါ၌ ဆုံးဖြတ်ချက် ချမှတ်ရေးတွင် သင်္ဘောဝန်ထမ်း၏ ကျွမ်းကျင်မှုမှာ အခရာကျပြီး ပြောင်းလဲချက်များ ထိရောက်ရေးအတွက် ကုမ္ပဏီများနှင့် အစိုးရများအနေဖြင့် နည်းပညာမှာ ပွင့်လင်းမြင်သာပြီး စိတ်ချရ ကြောင်း သေချာစေရန် လိုအပ်မည်ဖြစ်သည်။ နည်းပညာ အကြီးအကျယ်ပြောင်းလဲချိန်၌ ဆုံးဖြတ်ချက် ချမှတ်ရာတွင် သင်္ဘောဝန်ထမ်းများ၏ ကျွမ်းကျင်မှုမှာ အခရာကျကြောင်း သေချာစေရန် အစိုးရများနှင့် ကုမ္ပဏီများက ပိုမို ပွင့်လင်း မြင်သာရန် လိုအပ်သည်။

ဤကိစ္စများမှာ ကိုးရီးယား ပင်လယ်ရေကြောင်း အဖွဲ့အစည်း (Korea Maritime Institute (KMI)) ၊ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမား အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) နှင့် ကိုးရီးယား ပင်လယ်ရေကြောင်းနှင့် ငါးဖမ်း နည်းပညာ အဖွဲ့  (Korea Institute of Maritime and Fisheries Technology (KIMFT)) တို့က ပူးတွဲထုတ်ဝေသည့် ပင်လယ်ရေကြောင်း အလိုအလျောက်မောင်းနှင်သော သင်္ဘောများ (Maritime Autonomous Surface Ships (MASS)) နှင့်ပတ်သက်သည့် သင်္ဘောသားများ၏ အမြင်များနှင့် မြော်မှန်းချက်များစုစည်းသော သုတေသန၏ အဆုံးအဖြတ်များဖြစ်ပါသည်။ သုတေသီများသည် သင်္ဘောသားများနှင့် သင်္ဘောသားများ၏ ကိုယ်စားလှယ် ၁၇ ဦးကို လူတွေ့ မေးမြန်းခဲ့သည်၊ ကုန်သွယ်သင်္ဘောများတွင် အလိုအလျောက်မောင်းနှင်စက် အဆင့် ပိုမိုတိုးပွားလာခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကြောက်ရွံ့စိုးရိမ်မှုများအပေါ် ပြောဆိုခွင့်များပေးခြင်းဖြင့်မေးမြန်းခဲ့ပါသည်။

လူအစားထိုး အသိဉာဏ် ဖြစ်ပျက်ပြောင်းလဲမှုတွေဟာ လုံးဝ အလိုအလျောက် မောင်းနှင်မယ့် သင်္ဘောတွေကို ဖြစ်နိုင်အောင် လုပ်ပေးနေကြပါတယ်၊ဟု David Heindel ITF ၏ သင်္ဘောသားများ ဌာန အကြီးအကဲက ပြောဆိုလိုက်သည်။ ဒီသင်္ဘောတွေကို အစမ်း မောင်းနှင်ခဲ့ပြီးပါပြီး၊ သို့သော်လည်း သင်္ဘောသား အများစုကတော့ လာမယ့်နှစ်အတော်အကြာ အတွင်းမှာ လက်တွေ့ဖြစ်လာဖို့ မမြင်ကြသေးပါဘူး။ ကျွန်တော်တို့ မြင်တွေ့လိုတာကတော့ အလိုအလျောက် မောင်းနှင်တဲ့ အဆင့်တွေဟာ ဖြည်းဖြည်းချင်း တိုးမြှင့်လာမယ့် ဆင့်ကဲဖြစ်စဉ်ကိုပါဘဲ။ ဒီကိစ္စကို ခြိမ်းခြောက်မှု တစ်ရပ်အနေနဲ့ မစဉ်းစားသေးဘဲ၊ သမဂ္ဂတွေက ယုံကြည်တာကတော့ သင်္ဘောလုပ်ငန်းဟာ ပိုအန္တရာယ်ကင်းမယ်၊ ကျွမ်းကျင်မှု ပိုရမယ်၊ ပိုမိုကောင်းမွန်တဲ့ အလုပ်ဖြစ်မယ်၊ ရာသီဥတုပြောင်းလဲမှု ဆိုတာတွေလို ကြီးကျယ်တဲ့ပြဿနာတွေကို ရင်ဆိုင်ဖို့ လုပ်ငန်း ကဏ္ဍကို ပိုမိုကောင်းတဲ့ နေရာမှ ချမှတ်ပေးတဲ့ အခွင့်အလမ်းလို့ဘဲ မှတ်ယူကြပါတယ်။”

အမှန်စစ်စစ် သုတေသနက ညွှန်ပြတာက သင်္ဘောသားတွေရဲ့ စွမ်းရည်တွေနဲ့ တတ်ကျွမ်းမှုတွေဟာ သင်္ဘောလုပ်ငန်းအနေနဲ့ ဆက်လက် တိုးမြှင့်လာတဲ့အလျောက် အနည်းဆုံး ၂၀၄၀ ခုနှစ်အထိ ဆက်လက် တိုးမြှင့်နေပါလိမ့်မယ်၊ သို့သော်လည်း အလိုအလျောက် မောင်းနှင်စက်တွေကြောင့် အလုပ်အကိုင်ရရှိရေး နှုန်းထားတွေဟာ အနည်းငယ် တုံ့ဆိုင်းနေမယ်လို့ သိထားကြပါတယ်။

“ကမ္ဘာ့အမြင်ကတော့ လုပ်ငန်းကဏ္ဍရဲ့ ကာဗွန်ဓါတ်ငွေ့ထုတ်လွှင့်မှုကို လျှော့ပါးသွားစေဖို့ ပိုမိုသန့်ရှင်းပြီး ပိုမို လေထုညစ်ညမ်းမှု နည်းပါးဖို့ ကျွန်တော်တို့ လိုအပ်ပါတယ်၊ ဒီအခက်အခဲကို နည်းပညာအသစ်က အထောက်အကူပြုနိုင်မယ်ဆိုရင် အဲဒါကို ကျွန်တော်တို့ ကြိုဆိုရမှာပါ။ သို့သော်လည်း လုပ်ငန်းကဏ္ဍအနေနဲ့ သင်္ဘောသားတွေ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ အရေးပေါ် အန္တရာယ်ကင်းရေးနဲ့ ကျန်းမာရေး ပြဿနာတွေကိုလည်း ဖြေရှင်းပေးရမယ်၊ သောက်သုံးရေ အခြေခံအဆင့် ရရှိရေးကနေ နည်းပညာအသစ်နဲ့အဟောင်းကို ကိုင်တွယ်မယ့် သင့်တော်တဲ့ စွမ်းရည်တွေ ရရှိရေးအထိဘဲ ဖြစ်ပါတယ်။ ဒီအခက်အခဲအားလုံး ကို ဖြေရှင်းဖို့ဆိုတာဟာ အလုပ်သမားတွေရဲ့ အားထုတ်မှုတွေ လိုအပ်ပါတယ်။"

နည်းပညာအသစ်သို့ပြောင်းလဲခြင်းကို မျှတအောင် လုပ်ပေးခြင်း

Heindel ထောက်ပြသည်မှာ သင်္ဘောလုပ်ငန်း လည်ပတ်သည့် နည်းလမ်းမှာ နည်းပညာ တိုးမြှင့်လာမှုများနှင့် ရာသီဥတု ပြဿနာကို တုံ့ပြန်ရာ၌ ရေရှည်တည်တံ့သုံးစွဲနိုင်မည့် လောင်စာ ရင်းမြစ်ဆီသို့ အရေးပေါ် ကူးပြောင်းရေး နှစ်မျိုးလုံးကြောင့် ကျွန်တော်တို့ အလွန်ကြီးမားလွန်းသည့် နည်းပညာ ပြောင်းလဲရေးဆီ ကူးပြောင်းနေပြီဖြစ်ပါသည် သူက ပြောလိုက်သည်မှာ အလုပ်သမား-ဦးဆောင်သည့် မျှတသော ကူးပြောင်းရေးနှင့် ပင်လယ်ပြင်၌ ကောင်းမွန်သော အလုပ်လုပ်ကိုင်ရာ အခြေအနေများကို ကာကွယ်ပေးသည့် နည်းပညာကို သေချာစေမည့် ၎င်းတို့၏ လက်တွေ့ကျသော နေ့စဉ် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံအများစုကို သေချာပေးစေခြင်းအားဖြင့် ကျွန်ုပ်တို့ သင်္ဘောသားများ၏ အမြင်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

ဒါကြောင့် ဒီအစီရင်ခံစာဟာ အလွန် အရေးကြီးပါတယ်၊ဟု Heindel က ပြောလိုက်သည်။ စည်းမျဥ်းများနဲ့ သင်္ဘော လည်ပတ်ရေးအတွက် လိုအပ်တဲ့ ပြောင်းလဲချက်တွေနဲ့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို ပါဝင်ပတ်သက်သူအားလုံးက လိုက်နာပေးဖို့အတွက် အဲ့ဒါဟာ နည်းပညာအသစ်တွေ အလုပ်ဖြစ်ဖို့အတွက် မျှော်လင့်နေသူတွေရဲ့ အမြင်တွေ ကျွန်ုပ်တို့ ထည့်သွင်းပေးဖို့ အခရာကျပါတယ်။

လုပ်ငန်းကဏ္ဍသည် အမျိုးမျိုးသော ကျွမ်းကျင်မှုများနှင့် တတ်ကျွမ်းမှုများ လိုအပ်ပါမည် ထို့ကြောင့် လေ့ကျင့် သင်တန်းပေးခြင်းမှာ အရေးပါသည့် ကဏ္ဍဖြစ်လာပါလိမ့်မည်။ သုတေသနတွင် လူတွေ့မေးမြန်းခံရသည့် သင်္ဘောသားများ သည် ကျွမ်းကျင်မှု အသစ်များကို လေ့လာဆည်းပူးရန်နှင့် ၎င်းတို့၏ အလုပ် အရည်အသွေးအပေါ် ရှိလာမည့် သက်ရောက်မှု အကြောင်းနှင့်ပတ်သက်၍ အလွန် အမြင်ကောင်းကြပါသည်။ သို့သော် လုပ်ငန်းကဏ္ဍသည် သင်တန်းပို့ချပေးရန်အတွက် ရန်ပုံငွေ မတည်ပေးခြင်း၊ ပြောင်းလဲလာနေသည့် ပြောင်းလဲချက်များအတွက် သင်္ဘောသားများအား ကြိုတင်ပြင်ဆင်ပေးခြင်း ကို လုံလောက်သလောက် လုပ်ကိုင်ပေးနေခြင်း မရှိဟု ၎င်းတို့က ခံစားခဲ့ကြသည်။

၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့တွင် အစီရင်ခံစာကို ၁၀၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့ ၏ ပင်လယ်ရေကြောင်း လုံခြုံရေး ကော်မတီ (International Maritime Organization’s (IMO) Maritime Safety Committee (MSC)) ညီလာခံတွင် တင်သွင်းခဲ့သည်၊ ၎င်းညီလာခံသည် ပင်လယ်ရေကြောင်း ရေပေါ် အလိုအလျောက် မောင်းနှင်မည့် သင်္ဘောများ (MASS) ၏ သက်ရောက်မှုနှင့် လိုအပ်နိုင်သည့် စည်းမျဥ်းကြီးကြပ်ရေးနှင့် အခြားသော ပြောင်းလဲချက်များကို စုံစမ်းစစ်ဆေးနေလျက်ရှိပါသည်။ သုတေသနသည် အခြားသော အရာများအပြင် ဝေးလံခေါင်းပါးသော နေရာများမှ သင်္ဘောများအား သင်္ဘောသားများက မောင်းနှင်လာရေးအတွက် လိုအပ်သည့် တတ်ကျွမ်းမှုများအကြောင်း လာမည့် ရက်အနည်းငယ်အတွင်း ဆွေးနွေးပွဲများအတွက် သင့်တော်သော အခြေခံအကြောင်းအရာမျာကို တင်ပြပါလိမ့်မည်။

ဒီအစီရင်ခံစာဟာ သင်္ဘောလုပ်ငန်းမှာ လူသား အခြေခံ လုပ်ဆောင်မယ့် ပြောင်းလဲဖြစ်စဉ်အတွက် အလုံးစုံ ပံ့ပိုးပေး လိမ့်မယ်လို့ ကျွန်တော်တို့ ရိုးရိုးသားသား မျှော်လင့်ပါတယ်၊”  Dr Jong-Deog Kim, ကိုးရီးယား ပင်လယ်ရေကြောင်း အဖွဲ့ ဥက္ကဌ ကပြောလိုက်သည်။ ဒီအစီရင်ခံစာဟာ ပင်လယ်ရေကြောင်း ရေပေါ် အလိုအလျောက် မောင်းနှင်မည့် သင်္ဘောများ (maritime autonomous surface ships (MASS)) စတင်ခြင်းနှင့် အကောင်အထည်ပြေးဆွဲရေးကို အကြီးအကျယ် သက်ရောက်မှုရှိမယ့် သင်္ဘောသားတွေအတွက် လိုအပ်တဲ့ စည်းမျဥ်းကြီးကြပ်ရေး ဖြစ်ပေါ်မှုနဲ့အတူ လူသားဆန်သော အသိဉာဏ် (AI) ကိစ္စမှာ ပင်လယ်ရေကြောင်း သွားလာရေး လုပ်ငန်းကဏ္ဍကို ပံ့ပိုးပါလိမ့်မယ်။

Min-Jong Kim, ကိုးရီးယား ပင်လယ်ရေကြောင်း ငါးဖမ်းလုပ်ငန်းနှင့် နည်းပညာ အဖွဲ့ (Korea Institute of Maritime Fisheries and Technology) ဥက္ကဌက ပြောလိုက်သည်မှာ-  ဒီအစီရင်ခံစာဟာ ပင်လယ်ရေကြောင်း ရေပေါ် အလိုအလျောက် မောင်းနှင်မယ့် သင်္ဘောတွေကို အသုံးပြုဖို့အတွက် ထားရှိတဲ့ မျှော်လင့်ထားချက်တွေ၊ အသိရှိမှုတွေနဲ့ အခက်အခဲတွေကို မီးမောင်းထိုးပြထားပါတယ်၊ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးမှာ ရှေ့တန်းက လုပ်ဆောင် ပေးနေတဲ့ သင်္ဘောသားတွေရဲ့ ပြောဆိုတဲ့အမြင်တွေကို စုစည်းထားပါတယ်၊ အဲဒါဟာ ပင်လယ်ရေကြောင်း ရေပေါ် အလိုအလျောက် မောင်းနှင်တဲ့ သင်္ဘောတွေ (MASS) မောင်းနှင်ရေးအတွက် တရားဝင် စည်းမျဥ်းတွေကို ထူထောင်နေချိန်မှာ အဖိုးထိုက်တန်ပါတယ်၊ ပြီးတော့ မျှော်လင့်ရတာက သင်္ဘောသားတွေ ပါဝင်တဲ့ လူသားကဏ္ဍကို မြှင့်တင်ပေးခြင်းအားဖြင့်  အန္တရာယ်ကင်းတဲ့ MASS မောင်းနှင်ရေးရဖို့အတွက် ပံ့ပိုးပေးပါလိမ့်မယ်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.