Skip to main content

မနီလာ၌ ကျင်းပမည့် ညီလာခံတွင် သင်္ဘောသားများမှာ အဓိက ဆွေးနွေးခံရမည့် ကိစ္စဖြစ်လာ

06 Jun 2023
Press Release
  • အလုပ်ရှင်များ (IMEC) ၊ သင်္ဘောပိုင်ရှင်များ (ICS) နှင့် သမဂ္ဂများ (ITF) သည် သင်္ဘောသားနေ့ပြီးနောက် ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မနီလာမြို့၌ ကျင်းပမည့် သင်္ဘောသား ညီလာခံသို့ စုစည်းလာကြပါမည်။ 
  • အနာဂတ် သင်္ဘောလုပ်ငန်း လိုအပ်ချက်များနှင့် ကိုက်ညီမည့် သင်္ဘောသားများ၏ အခန်းကဏ္ဍကူးပြောင်းရေး အောင်မြင်ရန်အတွက် လိုအပ်သည့် အချက်အလက်အကြောင်းချင်းရာများကို မီးမောင်းထိုးပြရန် ရည်မှန်းထားကြပါသည်။ 
  • ကြီးမှူးကျင်းပပေးမည့် နိုင်ငံအဖြစ် ဖိလစ်ပိုင်နိုင်ငံသည် သင်္ဘောသားများနှင့်စပ်လျဥ်းသည့်ကိစ္စများ၌ ဤနှစ် အသက်ဆိုင်ဆုံး ညီလာခံများအနက် တစ်ခုတွင် ဦးဆောင်မှုကို ၂၀၅၀ ခုနှစ် သင်္ဘောသားများအတွက် လိုအပ်ချက်များကို အလေးအနက်ထားရင်း ဆက်လက် ပြသမည်ဖြစ်သည်။  

၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်၊ လန်ဒန်- အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း (International Chamber of Shipping (ICS)) ၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်သမားများ ကောင်စီ လီမိတက် (International Maritime Employers’ Council Ltd. (IMEC)) နှင့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) တို့သည် သင်္ဘောသားများအား ဆက်လက် အလေးထားနေမည့် အနာဂတ် လုပ်ငန်းကဏ္ဍကို ပုံဖော်ရေးအပေါ် သီးသီးသန့်သန့် အာရုံစိုက်ဆွေးနွေးပေးမည့် ညီလာခံကို ကျင်းပရန်အတွက် ပူးပေါင်းနေလျက်ရှိသည်- အဆိုပါ ညီလာခံကို မနီလာမြို့၌ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပပါမည်။ 

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (International Labour Organization (ILO)) ၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Gilbert F. Houngbo ဆိုသူက  အနာဂတ် သင်္ဘောလုပ်ငန်း ပုံဖော်ရေး - သင်္ဘောသား ၂၀၅၀ ခုနှစ် (Shaping the Future of Shipping – Seafarer 2050’) ဟု အချိန်အခါနှင့်လိုက်ဖက်သည့် အမည်ရသော ညီလာခံကို ဖွင့်လှစ်ပေးပါမည်၊ ၎င်းညီလာခံမှာ အနာဂတ် သင်္ဘောလုပ်ငန်း လိုအပ်ချက်များနှင့် ကိုက်ညီမည့် သင်္ဘောသားများ၏ အခန်းကဏ္ဍ အောင်မြင်ရေး အတွက် လိုအပ်သည့် အချက်အလက်အကြောင်းချင်းရာများကို မီးမောင်းထိုးပြရန် ရည်ရွယ်ပါသည်။ ၎င်းတွင် ပညာပေးခြင်း၊ လေ့ကျင့်ပေးခြင်း၊ စွမ်းဆောင်ရည်နှင့် ကြံ့ခိုင်မှု တည်ဆောက်ခြင်း၊ သင်္ဘောသားများ စုဆောင်းခြင်းနှင့် ထိန်းသိမ်းထားခြင်းတို့ ပါဝင်မည့်အပြင် ကူးပြောင်းရေးမှာ လုံခြုံ၊ မျှတပြီး လူသားကို အလေးထားသည် ကူးပြောင်းမှုကို သေချာစေခြင်းပါဝင်ပါသည်။ သင်္ဘာသား စုဆောင်းရေးနှင့် ထိန်းသိမ်းထားရေးမှာ လက်ရှိအချိန်၌ အခရာကျသည်၊ ၂၀၂၆ ခုနှစ် မတိုင်မီ သင်္ဘောလုပ်ငန်းသည် ကုန်သွယ်ရေး ဆက်လက် စီးဆင်းနေရန်အတွက် နောက်ထပ် သင်္ဘောသား အယောက် ကိုးသောင်း (၉၀ ၀၀၀) လိုအပ်မည်ဟု ခန့်မှန်းထားခြင်းကြောင့်ဖြစ်ပါသည်။ 

ညီလာခံတွင် အစိုးရ ဝန်ကြီးများ၊ စည်းမျဥ်းကြီးကြပ်သူများ၊ သင်္ဘောပိုင်ရှင်များ၊ အလုပ်ရှင်များ၊ သမဂ္ဂများ၊ လုပ်ငန်းကဏ္ဍ ဦးဆောင်သူများနှင့် နည်းပညာနှင့် အခြေခံ အဆောက်အအုံ ဖြန့်ချီပေးသူများတို့သည် သင်္ဘောသားများ၏ ၂၀၅၀ ခုနှစ် လိုအပ်ချက်များကို ဆွေးနွေးပါလိမ့်မည်။ ကမ္ဘာ့သင်္ဘောသား အများဆုံး ဖြန့်ချီပေးသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်သည် အနာဂတ် သင်္ဘောသား လုပ်သားအင်အားထုအကြောင်း ဆွေးနွေးရန်အတွက် ပြီးပြည့်စုံသည့် တည်နေရာတွင် ရှိနေပါသည်။ 

ဖိလစ်ပိုင် သယ်ယူပို့ဆောင်ရေး ဌာန အတွင်းရေးမှူးဖြစ်သူ Jaime Bautista က ဝေဖန်လိုက်သည်မှာ- 

“လာမယ့် မနီလာမြို့ ညီလာခံဟာဆိုရင် သင်္ဘောလုပ်ငန်းမှာ အဓိကအချက်အခြာဖြစ်ပြီးတော့ ဖိလစ်ပိုင်အတွက် နိုင်ငံတစ်နိုင်ငံ အဖြစ် အချက်အခြာကျပါတယ်။ ဖိလစ်ပိုင်ဟာ ကမ္ဘာ့ သင်္ဘောလုပ်ငန်း အချက်အခြာနေရာဆိုတာ အများသိဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ သင်္ဘောသားတွေဟာ အနာဂတ် သင်္ဘောလုပ်ငန်းရဲ့ အစိတ်အပိုင်းတစ်ရပ်သာမကဘဲ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးတစ်ရပ်လည်း ဖြစ်ပါတယ်။ ယခုအခါမှာ လုပ်ငန်းကဏ္ဍအနေနဲ့ လေထုညစ်ညမ်းမှုကင်းပြီး ဒီဂျစ်တဲလ် ပိုပြီးလုပ်မယ့် ပတ်ဝန်းကျင်ဆီ ကူးပြောင်းနေတဲ့အလျောက် ကျနော်တို့ဟာ ၂၀၅၀ ခုနှစ်မှာ ရာသီဥတု မှန်းချက်တွေနဲ့ ပေါ်ပေါက်လာမယ့် နည်းပညာအသစ်တွေရဲ့မှန်းချက်တွေနဲ့အတူ လမ်းစပ်ကူးမှတ်ကူးနေရာမှာ ရှိနေကြပါတယ်၊  ညီလာခံကို လာရောက်ကြမယ့် လုပ်ငန်းကဏ္ဍရဲ့ ဦးဆောင်သူတွေ အများအပြားကို တွေ့ရတာ ကျနော် အားကျပါတယ်၊ ဒေသအတွင်းမှာရှိတဲ့ ဝန်ကြီးတွေကို ဒီဆွေးနွေးပွဲကြီးမှာ ပါဝင်ဖို့ တိုက်တွန်းပါတယ်။ ဇွန်လမှာ ကျနော်တို့ရဲ့ သင်္ဘောသားတွေရဲ့ အနာဂတ်ကို ဆွေးနွေးဖို့ ကျနော် မျှော်လင့်ပါတယ်။” 

ဤဖိတ်ခေါ်သည့် ညီလာခံသည် လုပ်ငန်းကဏ္ဍကူးပြောင်းရေး၌ မူလဘူဒ သင်္ဘောလုပ်ငန်းနှင့် ကမ္ဘာ့ ကုန်သွယ်ရေးအပေါ်  ကျရောက်မည့် အန္တရာယ်များကိုလည်း ထည့်သွင်းစဉ်းစားပါလိမ့်မည်၊ ၂၀၅၀ ခုနှစ်၌ သင်္ဘောလုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရရှိနိုင်မည့် ကျွမ်းကျင် သင်္ဘောသားများ လုံလောက်သည့်အရေအတွက်ကို သေချာစေရန် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ပြောင်းလဲချက်များကိုလည်း ထည့်သွင်းစဉ်းစားပါလိမ့်မည်။ 

အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း (International Chamber of Shipping (ICS)) ၏ အတွင်းရေးမှူးချုပ် ဖြစ်သူ Guy Platten က ပြောလိုက်သည်မှာ- 

“ကျနော်တို့ရဲ့ သင်္ဘောသား လုပ်သားအင်အားထုဟာ ဒီခေတ်သစ်လောကမှာ ဘယ်လောက် အရေးပါတယ်ဆိုတာကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ဘေးကြီးက မီးမောင်းထိုးပြခဲ့ပါတယ်။ သင်္ဘောသားတွေဟာ မယုံကြည်နိုင်လောက်အောင်ဘဲ တန်ဖိုးထိုက်တန်တဲ့ အရင်းအမြစ်တွေဖြစ်ကြပါတယ်၊ ကျနော်တို့အနေနဲ့ ဒါကို အမြင့်ဆုံးအဆင့်အထိ အသိအမှတ်ပြုဖို့ လိုပါတယ်။ ဒီ သင်္ဘောသား ၂၀၅၀ (Seafarer 2050) ညီလာခံဟာ သင်္ဘောလုပ်ငန်း ကဏ္ဍကို စုစည်းပေးဖို့အတွက် ကျနော်တို့ရဲ့ အခွင့်အလမ်းပါဘဲ၊ ပြီးတော့ သင်္ဘောသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဘယ်လိုဆက်လက် ပုံဖော်နိုင်မယ်ဆိုတဲ့အကြောင်းနဲ့ ဒီလေထုညစ်ညမ်းမှု ကင်းရှင်းတဲ့ လောင်စာသုံးစွဲဖို့ ကူးပြောင်းရေးမှာ ဘယ်သူမှ နောက်ကျကျန်ရစ်မနေအောင် ဆုံးဖြတ်ဖို့ အတွက် အခွင့်အလမ်းဖြစ်ပါတယ်။ 

အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်သမားများ ကောင်စီ (International Maritime Employers’ Council (IMEC)) ဥက္ကဌဖြစ်သူ Belal Ahmed က ဝေဖန်ပြောဆိုလိုက်သည်မှာ- 

“ရာသီဥတု ပြောင်းလဲမှုနဲ့ အလျင်အမြန် ပေါ်ပေါက်လာနေတဲ့ နည်းပညာသစ်တွေကြောင့် ကျနော်တို့ရဲ့ လုပ်ငန်းကဏ္ဍဟာ မကြုံဗူးတဲ့ အခက်အခဲစိန်ခေါ်မှုတွေ ကြုံတွေ့နေရပါတယ်။ သင်္ဘောလုပ်ငန်းဟာ ကမ္ဘာ့ကုန်သွယ်ရေးအပေါ် အခရာကျပါတယ်၊ ကျနော်တို့ရဲ့ သင်္ဘောသားတွေဟာ ဒီလုပ်ငန်းကဏ္ဍရဲ့ အလေးထားရာဖြစ်ပါတယ်။ အတူတကွ ပူးပေါင်းလုပ်ကိုင်မှသာ ကျနော်တို့အနေနဲ့ ဒီအခက်အခဲစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မှာဖြစ်ပြီးတော့ ကျနော်တို့ရဲ့ သင်္ဘောသားတွေကို လေ့ကျင့်ပေးပြီး တည်တဲ့ခိုင်မြဲနေမယ့် သင်္ဘောလုပ်ငန်း လောကကို စောင့်ရှောက်ပေးနိုင်ပြီး လုပ်ကိုင်ပေးနိုင်မှာဖြစ်ပါတယ်လို့  IMEC, ITF နှင့် ICS တို့က အသိအမှတ်ပြုကြပါတယ်။ သင်္ဘောသား ၂၀၅၀ ညီလာခံဟာ ကျနော်တို့ အတူလုပ်ကိုင်ရမယ့် ပြဿနာတွေအပေါ် အလေးထားရမှာသာမကဘဲ ကျနော်တို့ရဲ့ သင်္ဘောသားတွေကို ပံ့ပိုးပေးဖို့ ကမ္ဘာ့ သဘောတူညီမှုအတွက်လည်း လိုအပ်မှာ ဖြစ်ပါတယ်။”

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation) အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton က ဖြည့်စွက်ပြောကြားလိုက်သည်မှာ- 

ကမ္ဘာ့ကပ်ဘေးကြီးနဲ့ဆက်နွှယ်နေတဲ့ သင်္ဘောဝန်ထမ်း အပြောင်းအလဲ အကျပ်အတည်းအတွင်းမှာ ကျနော်တို့ မြင်တွေ့ခဲ့ရတဲ့ ပူးပေါင်းလုပ်ဆောင်မှုဟာ အလုပ်ရှင်တွေနဲ့ သင်္ဘောသားတွေရဲ့ သမဂ္ဂတွေအနေနဲ့ ကျနော်တို့ရဲ့ ဘုံပြဿနာတွေအတွက် အသံတစ်သံတည်း ရှင်းရှင်းလင်းလင်း ကျနော်တို့ အားလုံးပြောတဲ့အခါမှာ ကျနော်တို့ရဲ့ အားသန်ချက်ကို အသိအမှတ် ပြုရာရောက်ခဲ့ပါတယ်။”

“ဖိလစ်ပိုင်နိုင်ငံလို ပင်လယ်ရေကြောင်း ဦးဆောင် နိုင်ငံများမှ အစိုးရများပါဝင်ရေးနဲ့အတူ နောက်ထပ်အဆင့်တစ်ဆင့်အထိ ကမ္ဘာ့ပူးပေါင်းဖက်စပ်ရေးကိုလုပ်ဖို့ ကျနော်တို့အနေနဲ့ ကြိုဆိုပါတယ်။ ဒီအခင်းအကျင်းဟာ ၂၀၅၀ နှစ်ကို မျှော်မှန်းဖို့၊ မျှတတဲ့ ကူးပြောင်းရေးနဲ့ အနာဂတ်ကြံ့ခိုင်မယ့် လုပ်သားအင်အားထုအတွက် လိုအပ်တဲ့ လက်တွေ့ကျကျ အစီအစဉ်တွေကို သတ်မှတ် ပေးဖို့ဖြစ်ပါတယ်။ 
 

အနာဂတ် သင်္ဘောလုပ်ငန်းကို ပုံဖော်ခြင်းသင်္ဘောသား ၂၀၅၀ ညီလာခံ (Seafarer 2050 Summit) အကြောင်း ပိုမိုသိရှိရရန် ဤနေရာ တွင် ကြည့်ပါ

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.