Skip to main content

ITF သင်္ဘောသားပြပွဲ- ၂၀၂၃ ခုနှစ် ဇွန်လ ၂၃-၂၅ ရက် - ပြပွဲဝင်ကြည့်ရန် ယခု စာရင်းပေးသွင်းနိုင်ပြီ

05 Jun 2023

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာတွင် ဤလ ကုန်ဆုံးပိုင်း၌ ကျင်းပမည်ဖြစ်သည့် ITF သင်္ဘောသားပြပွဲအတွက် စာရင်းပေးသွင်းခြင်းများကို ယနေ့ ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။

ဤပြပွဲသည် ကမ္ဘာ့သင်္ဘောသားများ ပြောရေးဆိုခွင့် အသံဖြစ်သည့် ITF ၏ ရှည်လျားသော သမိုင်းကြောင်းတွင် ကျင်းပနေသည့် အဓိကကျသော ပင်လယ်ရေကြောင်း ဒုတိယအကြိမ် ပြပွဲသာ  ဖြစ်ပါသည်။

ပြပွဲက သင်္ဘောသားများအား ၎င်းတို့၏ အခွင့်အရေးများ၊ ITF နှင့် ၎င်း၏ အဖွဲ့ဝင် သင်္ဘောသားသမဂ္ဂများ၏ ကမ္ဘာ့သင်္ဘောသားများအား ပံ့ပိုးပေးရာတွင် အရေးပါသော အခန်းကဏ္ဍ အကြောင်းတို့ကို အသိပေးရန် ရည်မှန်း ထားပါသည်။

ပြပွဲမှာ သင်္ဘောသားများနှင့် ၎င်းတို့၏ မိသားစုများအတွက် အခမဲ့၊ ပျော်ရွှင်စရာကောင်းပြီး သတင်းအချက်အလက် သိရှိရသည့် တစ်နေ့တာ လေဟာပြင် လေ့လာရေးခရီးဖြစ်သည်၊ သုံးရက်ကျင်းပမည့် ပြပွဲကွင်းတွင် အယောက် ငါးထောင် (၅,၀၀၀) ခန့်တက်ရောက်ပါလိမ့်မည်။

တက်ရောက်လာသူများမှာ ကစားပွဲဂိမ်းများ စော့ကစားနိုင်မည်၊ စေတနာ့ဖြစ် ပေးကမ်းသည်များကို ရပါမည်၊ ဆုကြေးများရပါမည်၊ အစာအစာများ ယူဆောင်လာပြီး ဝေမျှကြရန် ဖိတ်ခေါ်ပါသည်။

ဘားစကက်ဘော၊ သီးချင်းဆိုပြိုင်ပွဲ၊ နှင့် အခြားသော လှုပ်ရှားပွဲများဖြင့် ဖြေဖျော်ပေးမည်ဖြစ်ပြီး သင်္ဘောသားများအား ၎င်းတို့၏ အခွင့်အရေးများကို လေ့လာရန်နှင့် ကာကွယ်ရန် တိုက်တွန်းပေးပါမည်။

ပြပွဲမှာ မိသားစု-ယဥ်ပါးသည့်ပွဲဖြစ်သော်လည်း အလုပ်လုပ်နေသော သင်္ဘောသားများအား သတင်းပေးခြင်းနှင့် ပညာပေးခြင်းအပေါ် အတိအလင်း ဦးတည်ထားပါသည်။ တက်ရောက်ရန်အတွက် သက်တမ်းရှိသည့် သင်္ဘောသားများ စာအုပ်နံပါတ် (ဖိလစ်ပိုင် သင်္ဘောသားများအတွက် SIRB/ SRB) လိုအပ်ပါသည်။

ပြောင်းလဲနေသည့် ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍတွင် သင်္ဘောသားများအတွက် ပညာဆည်းပူးရေးနှင့် ဝင်ငွေရှာဖွေရေး အခွင့်အလမ်းများကို ပြပွဲက ပြသထားသည်၊ သင်္ဘောဝန်ထမ်းများ သင်္ဘောပေါ်တွင် ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ နေထိုင်ခြင်းနှင့်ပတ်သက်၍ ပညာပေးခြင်းအတွက် လမ်းညွှန်မှုနှင့် ဆွေးနွေးပွဲများကျင်းပပေးရန် အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူများရောက်ရှိနေပါသည်။

သင်္ဘောသားများအနေဖြင့် အခက်အခဲကြုံတွေ့နေချိန်၌ ၎င်းတို့အပြင် ၎င်းတို့၏မိသားစုများအား ကူညီပေးရန် ရရှိနိုင်သော ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ လူမှုဖူလုံရေး ပံ့ပိုးမှု အဖွဲ့အစည်းများအကြောင်းကိုလည်း သိရှိနိုင်မည် ဖြစ်ပါသည်။ ITF သင်္ဘောသားများ ယုံမှတ်အပ်နှံရေးအဖွဲ့သည် ပြပွဲသို့တက်ရောက်မည့် ကုသိုလ်ဖြစ်နှင့် လူမှုဖူလုံရေး အဖွဲ့အစည်းများအနက် တစ်ခုဖြစ်ပါသည်။

သုံးရက်တာ ကျင်းပမည့် ပြပွဲတွင် IMO ၏ တရားဝင် သင်္ဘောသားနေ့ ဖြစ်သည့် တနင်္ဂနွေနေ့ ဇွန်လ ၂၅ ရက်နေ့တွင် သင်္ဘောသားများ ပွဲတော်နေ့အဖြစ် ကျင်းပမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) က ပြပွဲကို ဒေသခံ အဖွဲ့ဝင်များဖြစ်ကြသော AMOSUP, APSU, and PWUP တို့၏ စေတနာသဒ္ဒါထက်သန်သော ပံ့ပိုးမှုဖြင့် ကြီးမှူးကျင်းပပေးမည်ဖြစ်သည်- လှိုက်လဲကြိုဆိုခံရသည့် ITF seafarers’ unions JSU (Japan) NSU (Norway)၊ နှင့် ver.di (Germany) တို့ နှင့်တကွ ဖြစ်ပါသည်။

ဖိလစ်ပိုင်နိုင်ငံနှင့်နိုင်ငံသကာမှ သင်္ဘောသားအားလုံးအား တက်ရောက်ရန် ဖိတ်ခေါ်ပါသည်။

တက်ရောက်ရန်အတွက် ယခု ဝက်ဘ်ဆိုက်တွင် စာရင်းသွင်းနိုင်သည်- www.itfseafarers.org/expo 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.